From : 
..popular
.. www.MyanmarExpress.net
 
ကလေး-ကလေးဝ-တမူး ကားလမ်းများရှိ အချို့သက်တမ်းရင့်တံတားများကို 
ကွန်ကရစ်တံတားအဖြစ် ပြောင်းလဲလျှက်ရှိသည်။
ကလေး-ကလေးဝ-တမူး ကားလမ်းများပေါ်ရှိ တံတားအများစုမှာ အင်္ဂလိပ်
စစ်ကာလအတွင်းက တံတားများဖြစ်ပြီး ၄င်းတံတားများကိုသာ အသုံးပြုနေရသည်။
ကလေး-ကလေးဝ-တမူး ကားလမ်းပေါ်တွင် သက်တမ်းရင့်တံတားပေါင်း
အစင်း(၃၀) ကျော်ခန့် ကျန်ရှိနေသေးသည်။ ၄င်းတံတားများသည်
အိန္ဒိယ-မြန်မာ စီးပွားကူးသန်းရေးတွင်
အရေးပါနေသဖြင့် ၄င်း လမ်းပေါ်ရှိ တံတားများ အထူးခိုင်ခံ့ရန် လိုအပ်လျှက်
ရှိသည်။
တံတားများနှင့် ပတ်သက်ပြီး ယဉ်မောင်းသူတစ်ဦးကလည်း `` တံတားတွေက
ဟောင်းနေပြီဆိုတော့ တံတားတွေပေါ် ဖြတ်မောင်းတိုင်း ဘုရားတနေရတယ်။
လမ်းတံတား အသုံးပြုခပေးပြီး သွားရတယ်ဆိုပေမယ့် ကိုယ်ဖြတ်နေတုန်း ကျိုးတဲ့
တံတား ကိုယ်လျှော်ရမှာပဲလေ`` ဟု ပြောသည်။
ကလေး-ကလေးဝ-တမူး ကားလမ်းပေါ်ရှိ တံတားများတွင် မော်တော်ယဉ်များအတွက်
(၁၃)တန်သာ ဖြတ်သန်းခွင့် ပေးထားပြီး တံတားတိုင်းတွင် (၁၃) ထက် ကျော်သော
ယဉ်များ ဖြတ်သန်းရန် ကွင်းလမ်းများ လုံလောက်စွာ
ဖောက်လုပ်ထားခြင်းမရှိသေးပဲ အချို့တံတားများတွင်သာ ကွင်းလမ်းများရှိသည်။
တံတားကောက်ခံရေးဂိတ်မှ လမ်းကိုဖျက်တာ တန်ပို စသဖြင့်
ဆောင်ပုဒ်များရေးသားထားသော်လည်း တန်ပိုကြေး ကောက်ခံရုံသာရှိသည်။
ကလေး-ကလေးဝ-တမူး ကားလမ်း လမ်းတံတားများနဲ့ ပတ်သက်ပြီး အထက်ချင်းတွင်းဒေသ
လူငယ်များကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးကလည်း `` လမ်းတံတား အသုံးပြုခ
ကောက်ခံရေးစခန်းတွေက တန်ပိုကြေးသာ ကောက်ခံပြီး တန်ပိုနေတဲ့ ကားတွေကို
ဆက်မောင်းခိုင်းတယ်။ တန်ပို မလျော့ခိုင်းဘူး။ ဒီလိုဆိုတော့
တန်ပိုကြေးဆိုတာ ဒီလမ်းပေါ် တန်ပိုတင်မောင်းဖို့ ပေးရတဲ့ လာဘ်ထိုးခြင်းနဲ့
တူနေတယ်။ အနောက်နိုင်ငံတွေဆိုရင် တန်ပိုဖမ်းတယ် ဒဏ်ရိုက်တယ် ပိုနေတဲ့
ကုန်တန်တွေကို အစိုးရ ကားတွေနဲ့ ခွဲတင်ပြီး လိုက်ပို့တယ် `` ဟု
သူ့အမြင်ကို ပြောသည်။
ကလေး-ကလေးဝ-တမူး ကားလမ်းပေါ်ရှိ တံတားအများစုမှာ နှစ်သက်တန်း
ကြာနေပြီဖြစ်သည့်အတွက် ခိုင်ခံ့မှု မရှိတော့ပ၍ မကြာခဏ ကျိုးကြခြင်း၊
ပျက်စီးခြင်းများရှိနေပြီး အမြဲမပြတ် ပြင်ဆင်နေရခြင်းများနှင့်
ရင်ဆိုင်နေရသည်။
 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်