ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
လက်ပံတောင်းတောင်ကြေးနီစီမံကိန်
စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်
ဆောင်ရွက်မည့်ကော်မတီ
သတင်းထုတ်ပြန်ချက်အမှတ် (၁/၂ဝ၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆုတ် ၈ ရက်
(၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်)
၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြုခဲ့သည့် ''ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာ ရရှိစေရန် အစီအမံများချမှတ်ပြီးစီမံကိန်းက
၂။ ကော်မတီအနေဖြင့် လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ (၃-၄-၂ဝ၁၃) ရက်နေ့အထိ ဆောင်ရွက် ပြီးစီးမှုများကို ထုတ်ပြန်ကြေညာအပ်ပါသည်။
၃။ စီမံကိန်းအတွက် သိမ်းဆည်းထားသော မြေပမာဏသည် လိုအပ်သည်ထက်ပိုမိုသိမ်းဆည်းခြင
(က) မူလသိမ်းဆည်းခဲ့သော မြေဧရိယာ ၇၈၆၇ ဒသမ ၇၈ ဧက
(ခ) တိုင်းတာတွက်ချက်ပြီး အနည်းဆုံးဆောင်ရွက်နိုင်မည့် စီမံကိန်းလုပ်ငန်းဧရိယာ ၆၉၆၅ ဒသမ ၅၄ဧက
(ဂ) စီမံကိန်းမှပြန်လည်ထုတ်နုတ်ပေးန
၎။ ကြေးနီစီမံကိန်းတွင် မြေသိမ်းဆည်းခံထားရသော ဒေသခံလူထုအတွက် မြေလျော်ကြေး ထပ်မံပေး အပ်ရာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်အတိုင်း လယ်မြေ/ ယာမြေ အလိုက် စိစစ်ပေးအပ်လျက်ရှိရာ တောင်သူ ၅၇ဝ ဦးအား မြေ ၁၇၅၃ ဒသမ ၇၁ ဧကအတွက် တန်ဖိုးငွေကျပ် ၁၇၈၅၆ ဒသမ ၇၅ သိန်း ပေးအပ်ခဲ့ပြီးဖြစ်သည့်အပြင် ဆက်လက်၍လည်း ပေးအပ် သွားမည် ဖြစ်ပါသည်။
၅။ မြေယာ လျော်ကြေးငွေများ ပေးအပ်ရာတွင် ဒေသခံတောင်သူများ အချင်းချင်းအမွေဆိုင်ကိစ္စများနှ
၆။ကော်မတီသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြောင်းရွှေ့လာသော ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ် အကိုင်ရရှိရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကို ဒေသခံ ပြည်သူများ အကျိုးစီးပွားအတွက် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အခါ အား လျော်စွာ သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်
စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်
. www.MyanmarExpress.net
2 comments:
ကောင်းလေစွ ၊ ဒီအတိုင်းဘဲဖြစ်ရပေမပေါ့ဗျာ
very good.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်