From :
..မြဝတီ
.. www.MyanmarExpress.net
နေပြည်တော် ဧပြီ ၆
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊
ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး
အောင်သန်းထွဋ်နှင့် တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် ဗထူး တပ်နယ်မှူးတို့ဖြင့်
တပ်နယ် ရိပ်သာခန်းမ၌ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား ဆောင်ရွက်ရာ
အဖွဲ့ဝင် အဖြစ် လိုက်ပါလာကြသော အရာရှိကြီးများ၏ ခရီးစဉ် အတွင်း စစ်ဆေး
တွေ့ရှိချက်၊ အကြံပြုချက်၊ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်
ဖြည့်ဆည်း ပေးခဲ့သည်။ ၄င်းနောက် ဗထူးတပ်မြို့မှ ထွက်ခွာခဲ့၍ အင်းလေး
ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားအား ဖူးမြော် ကြည်ညို ကြသည်။
ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်
မြတ်စွာဘုရား တို့အား ပန်း၊ ရေချမ်း၊ ဆွမ်း၊ ခဲဖွယ်တို့ဖြင့် ဆက်ကပ်
လှူဒါန်း ကြပြီး နဝကမ္မ စုပေါင်း အလှူငွေများ ပေးအပ် လှူဒါန်းကြရာ ဂေါပက
အဖွဲ့ဝင်များက လက်ခံ ရယူပြီးနောက် ဓမ္မလက်ဆောင် ပြန်လည် ပေးအပ်သည်။
ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော် မြတ်စွာ
ဘုရားတို့အား ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ကာ ဧည့်သည်တော် မှတ်တမ်း
စာအုပ်တွင် လက်မှတ် ရေးထိုးပြီး အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော် မြတ်စွာ
ဘုရားအား လက်ယာရစ် တစ်ပတ် လှည့်လည် ဖူးမြော် ကြည်ညိုကာ ဘုရားဖူးလာ
ပြည်သူတို့ကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ပျော်ဘွယ်မြို့သို့ ဆက်လက် ထွက်ခွာပြီး
ပျော်ဘွယ်မြို့ နယ်မြေခံ တပ်များအား သွားရောက် စစ်ဆေးရာ တပ်ဌာနချုပ်
အစည်းအဝေး ခန်းမ၌ တာဝန် ရှိသူများက တပ်တည်ဆောက်ရေး လုပ်ငန်းကြီး
(၄)ရပ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြပြီး ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ် သည် များအား အသေးစိတ် မှာကြားသည်။
ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်းနှင့် အဖွဲ့ဝင်များသည် လက်ပံရိုး ဆည်ရေမှ ရေပေးဝေမှု၊ ဆည်ရေ
အခြေအနေအား စစ်ဆေး၍ အိမ်ထောင်သည် လိုင်းများ အတွင်း မိသားစုဝင် များအား
ရင်းရင်းနှီးနှီး တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေး၊ စားဝတ် နေရေးနှင့်
သွားလာရေး တို့ကို မေးမြန်းပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက
မိသားစုဝင်များ အတွက် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များ ပေးအပ်၍
အိမ်ထောင်သည် လိုင်းအတွင်း လက်ယက်ရေတွင်း တူးဖော်ထားမှု အခြေအနေကို ကြည့်ရှု
စစ်ဆေးသည်။
ယင်းနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ပျော်ဘွယ် မြို့မှ ဆက်လက် ထွက်ခွာပြီး
ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိ ခဲ့ကြောင်း သတင်း
ရရှိသည်။
.. www.MyanmarExpress.net


3 comments:
အနာဂမ်စိုးဝင်းကို ဂုဏ်ယူပါတယ်
စိတ်ကြီးဝင်နေတဲ့လူ
Worship with formal dress.Buddha so annoys this suit.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်