From :
..popular
အင်းလျားကန်ဘောင်အနီး လူသတ် ၍ ပြိုင်ကားမောင်းပြီး ထွက်ပြေးသွား သူဟု ရဲက သံသယရှိသူမှာ ၄င်းကိုယ် တိုင် လာရောက်အဖမ်းခံလိုက်ကြောင်း သတင်းရရှိသည်။
ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ၄င်းကိုယ်တိုင် လာရောက်အဖမ်းခံခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှူး က ပြောသည်။
မတ် ၁၇ရက် ည ၈နာရီ ၅ မိနစ် ခန့်တွင် အေဒီမီးပွိုင့်မှ လှည်းတန်းသို့ မောင်းလာသော ယာဉ်အမှတ်(၇ဂ/---) ငွေမင်ရောင်ပြိုင်ကားသည် အင်းလျား ကန်ဘေးရှိ အိအိုင်ဘီစီရှေ့အရောက်တွင် ရပ်ပြီး ကားပေါ်မှ ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသားတစ်ဦးဆင်းလာကာလဲကျသွား ၍ လုံခြုံရေးတာဝန်ကျက သွားရောက် ကြည့်ရှုစဉ် အဆိုပါပြိုင်ကားမှာ လာရာလမ်း အတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ သည်။ ရဲများက ဒဏ်ရာရရှိသူအား ရန်ကုန်ဆေးရုံကြီးသို့ပို့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သည်။
''သတ်ရတဲ့အကြောင်းအရင်းကတော့ သေဆုံးသူက ရင့်ရင့်သီးသီးပြောလို့ တစ်ယောက်တစ်ခွန်း စကားများရာကနေ အသင့်ပါလာတဲ့ဓားနဲ့ ထိုးလိုက်တယ်လို့ ထွက်ချက်ရထားတယ်''ဟု စခန်းမှူးက ပြောသည်။
ယင်းသို့ ကားမောင်းပြေးသွား ပြီးနောက် တာဝန်ရှိသူများက ပြိုင်ကားကို ဝိုင်းဝန်ရှာဖွေကြရာ ည ၁၁ နာရီအချိန်၌ တောင်ဒဂုံ မြို့နယ်အတွင်း တွေ့ရှိခဲ့သည်။ ထို့နောက် တရားခံဟု သံသယရှိ သူ ကိုခိုင်နေထိုင်သော ရွှေပြည်သာရှိ ၄င်း၏နေအိမ်သို့ သွားရောက်ရှာ ဖွေခဲ့ရာ ခရီးထွက်နေ သည်ဟု သိရှိ ရကြောင်း ၄င်းကပြောသည်။
ကိုကျော်မင်းခိုင်(ခ)ကိုခိုင်၏ မိသားစုများက အကူအညီပေးသဖြင့် ၄င်းမှာ တောင်ကြီးရောက်နေ ကြောင်း သိရှိရပြီး ရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များ ၏ တိုက်တွန်း စည်းရုံးမှုကြောင့် ၄င်းမှာ ရန်ကုန် သို့ပြန်လာကာ အဖမ်းခံ ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
''တိုင်းတပ်ဖွဲ့မှူးရုံးမှာ လ အဖမ်းခံတော့ တိုင်းရုံးကနေ ကျွန် တော်တို့ဆီ ပြန်လွှဲပေးလိုက်တာ။ ဒီနေ့တော့ သူ့ကို ရုံးထုတ်ပြီး ရမန်ယူထားတယ်''ဟု စခန်းမှူးက ပြောသည်။
ထိုအမှုနှင့်ပတ်သက်၍ လှိုင် ရဲစခန်းမှ (ပ) ၉၈/၁၃၊ ပုဒ်မ ၃ဝ၂ နှင့် မူးယစ် (ပ) ၁/၁၃၊ ပုဒ်မ ၁၉/(ဂ)၂ဝ(က) ဖြင့် အမှုဖွင့်ထား သည်။
.
. www.MyanmarExpress.net

10 comments:
သြော်-ဒေါ သ ဒေါ သ
တယ် လဲ ကြောက် စ ရာ ကောင်း ပါ လား နော် ။
လူစားထိုးပြီး လာအဖမ်းခံတာလဲဖြစ်နိုင်တာပဲ
သေဆုံးသူ နာမ်မည် ဘာလို့မဖော်ပြတာလဲ ....
မဖော်ပြရတဲ့ အကြောင်းက ဘာလဲ ....
ပြိုင်ကားတွေ စီးနေတာ ဘယ်လို လူတန်းစားလဲ ....
လာရောက်အဖမ်းခံတဲ့ သူက တရားခံ အစစ်အမှန်ရော ဟုတ်ပါ့မလား ...
ကား ကို ညတွင်း ချက်ချင်းမိပြီး .... တရားခံ ဘယ်သူ ဘယ်ဝါ ဆိုတာ ချက်ချင်း မဖော်ပြနိုင်ရတာလဲ ...
လူစားထိုးတာဖြစ်နိုင်တယ်
hey this is myanmar country understand all idiot people haaaaaa
your ways of thinking is very good.
your ways of thinking is very good.
Hey,, Why you post this photo.
Hey,,,pls delete above photo,why you posted this photo?
what the hack is that foto ,he is 1 of da most femous singer in US
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်