Subscribe to our RSS Feed

အာဆီယံ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ် ဆုကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဆွတ်ခူး

From : ..MFF


AFF Association of the Year ဆုနှင့်အတူတွေ့ရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်
၂၀၁၂-၁၃ ခုနှစ် ဘောလုံးရာသီ အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) ၏ အကောင်းဆုံး အဖွဲ့ချုပ်ဆု (AFF Association of the Year) ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)မှ ထိုင်းနှင့် ဗီယက်နမ် တို့အား ကျော်ဖြတ်ကာ ဆွတ်ခူး ရရှိခဲ့သည်။
မိနစ်ပိုင်း အတွင်းက ထုတ်ပြန် ကြေညာခဲ့သော အကောင်းဆုံး ဆုများတွင် မြန်မာနိုင်ငံမှ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု နှင့်အတူ အကောင်းဆုံး အမျိုးသမီး အသင်း နည်းပြဆု အဖြစ် မြန်မာ အမျိုးသမီး အသင်းနည်းပြ ကုမာဒါက ရရှိ သွားခဲ့သည်။ အလားတူ ရန်ကုန် ယူနိုက်တက် ကွင်းလယ်လူ ကြည်လင်းမှာလည်း အာဆီယံ အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ညာအစွန် ကွင်းလယ်လူ အဖြစ် ရွေးချယ်ခံ ရကြောင်းလည်း တွေ့ရှိရသည်။

အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ပထမဆုံး အကြိမ်အဖြစ် ရွေးချယ် ချီးမြှင့်သည့် အကောင်းဆုံး ဆုများ ပေးအပ်ပွဲတွင် မြန်မာ အမျိုးသမီး အသင်းမှ ကွင်းလယ်လူ စန်းစန်းမော်နှင့် ဖူဆယ်လ် လက်ရွေးစင် ပြည့်ဖြိုးမောင်တို့မှာ ဆန်ကာတင် စာရင်းတွင် ပါဝင်ခဲ့သော်လည်း အကောင်းဆုံး ဆုများကိုမူ လွဲချော် ခဲ့ရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း နိုင်ငံတကာ ပြိုင်ပွဲများအား အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ခြင်း၊ လူငယ် ဘောလုံး လောက ဖွံဖြိုး တိုးတက်ရေး အတွက် အားစိုက် ဆောင်ရွက်ခဲ့ခြင်း၊ မြန်မာ နေရှင်နယ် လိဂ်အား ပရော်ဖက်ရှင်နယ် စနစ်ပီသစွာ အကောင်ထည် ဖော်ဆောင်ရွက် နေခြင်းနှင့် တန်းဆင်း တန်းတက်စနစ် ကျင့်သုံးမည့် မြန်မာ နေရှင်နယ်လိဂ် (၂) ပြိုင်ပွဲအား ကျင်းပပေး နိုင်ခဲ့ခြင်း၊ အမျိုးသား ယူ-၂၂ လက်ရွေးစင် အသင်းနှင့် အမျိုးသမီး ယူ-၁၉ အသင်းများအား အာရှ ခြေစစ်ပွဲ အောင်မြင်စေရန် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း၊ အမျိုးသမီး လက်ရွေးစင် အသင်း အာဆီယံ ချန်ပီယံရှစ်တွင် ဒုတိယ ရရှိစေခြင်း၊ ဘောလုံးနှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ သင်တန်းများအား ဖွင့်လှစ်ပေးခြင်း၊ ပြည်ပသို့ စေလွှတ် သင်ယူစေခြင်း၊ ကစားကွင်းနှင့် အခြေခံ အဆောက်အဦများ အသစ် ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင် ပေးနေခြင်း စသည်တို့အပြင် လူမှုရေးဆိုင်ရာ ပရဟိတ လုပ်ငန်းများကိုလည်း အားတက်သရော ပါဝင် ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် အာဆီယံ ဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံ (၁၁)နိုင်ငံတွင် အကောင်းဆုံး အဖွဲ့ချုပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

အာဆီယံ ဘောလုံး အဖွဲ့ချုပ် ဆုပေးပွဲ အခမ်းအနားသို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အထွေအထွေ အတွင်းရေးမှူး ဦးတင်အောင်၊ အမျိုးသမီးအသင်း နည်းပြချုပ် ကုမာဒါတို့ တက်ရောက်ကာ ဆုများအား အသီးသီး လက်ခံ ရယူခဲ့ကြသည်။

2 comments:

ထူးဆန်းပါပေ့ဆရာတွတ်ရယ်ရေလောင်းလိုက်တယ်ထင်ပါ့

Good. ဒါမျိုးတွေ ဟာ ကောင်းသတင်း တွေထဲ ကတစ်ခုပါ။ စိတ်ပျက် စရာ သတင်းတွေ ကြားထဲ က နေ စိတ်ချမ်းသာ စရာ သတင်းတွေ ကို လူထုတွေ အ နေနဲ့ မီဒီယာ တွေ အ နေနဲ့ လုပ် ဆောင် ရှာဖွေ ကြံဆ ကြပါအုံးလို့။ နိုင်ငံ ရဲ့ နယ်ပယ် အသီးသီး ရဲ့ ကောင်းသတင်းတွေ ထပ်မံ ပြီး ပိုတွေကြုံ ကြားမြင် ခြင်ပပါသေးတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်