Subscribe to our RSS Feed

ရုရှားအစိုးရ၏ အင်တာနက် ပိတ်ဆို့မှုကို Google က လက်မခံ

From : ..eleven


ရုရှားအစိုးရသည် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ရေးဆွဲခဲ့သည့် ဥပဒေသစ် တစ်ရပ်ကို စတင်ကျင့်သုံး လိုက်ပြီဖြစ်ကြောင်း ဧပြီလ ၁ ရက် သတင်းများအရ သိရသည်။ ယင်းမှာ ကလေးများအတွက် အန္တရာယ်ရှိသော အရာများနှင့် တရားမ၀င်သော အရာများကို အင်တာနက်၌ ပိတ်ဆို့ထားရန်ဖြစ်သည်။ ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး အာဏာပိုင်များက ယင်းအရာများကို ဖယ်ရှားရန် ဆုံးဖြတ်မှုကို Facebook၊ Twitter နှင့် You Tube တို့မှ ကန့်ကွက်နိုင်သော်လည်း Google ကုမ္ပဏီက ပိုင်ဆိုင်သော You Tube ကသာ ကန့်ကွက်ခဲ့သည်။
ဗီဒီယိုဖိုင်များကို ဖြန့်ဝေပေးသည့် ၀က်ဘ်ဆိုက်ဖြစ်သော You Tube သည် ရုရှားအေဂျင်စီက ကိုယ့်ကိုကိုယ် သတ်သေရန် အားပေးသည်ဟုဆိုကာ ပိတ်ဆို့ပေးရန် အမိန့်ပေးခဲ့သော ဗီဒီယိုတစ်ခုနှင့် ပတ်သက်၍ ပြန်လည်ကန့်ကွက်ခဲ့ပြီး ဖေဖော်ဝါရီလက ရုရှားတရားရုံးတွင် ဥပဒေအရ တရားစွဲဆိုခဲ့သည်။ You Tube က ယင်းဗီဒီယိုတွင် ဒဏ်ရာအတုကို မိတ်ကပ်အတုများဖြင့် ပြုလုပ်ပြီး ဘရိတ်ဓားအတုဖြင့် ရိုက်ကူးထားခြင်းသာ ဖြစ်ပြီး ဖျော်ဖြေရေး သက်သက်သာ ဖြစ်သောကြောင့် ပိတ်ပင်ရန် မသင့်ဟု တရားရုံး၌ လျှောက်ထားခဲ့သည်။
ရုရှား၏ အင်တာနက်ဥပဒေကို ထောက်ခံသူတို့က ကလေး ညစ်ညမ်းပုံများနှင့် မူးယစ်ဆေးသုံးစွဲမှုနှင့် ကိုယ်ကိုကိုယ် သတ်သေမှုကို အားပေးခြင်းများကိုသာ ထိန်းချုပ်ထားခြင်းဖြစ်၍ ဥပဒေ၏ သတ်မှတ်ချက် အ၀န်းအ၀ိုင်းမှာ ကျဉ်းမြောင်းနေသေးသည်ဟုပင် ဆိုကြသည်။
သို့သော် ရုရှားအတိုက်အခံ ခေါင်းဆောင်များက ယခုဥပဒေမှာ ပိုမိုကျယ်ပြန့်သော အင်တာနက်ဆင်ဆာ ပြုလုပ်ရန်အတွက် လမ်းခင်းခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ သူတို့က သမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ စီစဉ်ရန် လူမှုကွန်ရက်များ အသုံးပြုမှုကို ပိတ်ပင်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

.. www.MyanmarExpress.net
 

1 comments:

SAUK KYEE SAUK KYAE BO SOKE DWE....
LET MA KHAN YIN, LAE THAY LIKE PAR LARR.....
BO SOKE DWE KO A MYAE TA THI HTARR SET SAN KYA PAR...TAGABAR LONE LIKE A NAING KYINT NAY DET A KAUNG DWE.....
YOURK KYAR CHIN TAUNG MARRY LOKE KHWINT PAY NAY DET NAING NGAN....KHAUNG PARR LIKE DET NAING NGAN...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်