From : bbc
မြန်မာ နိုင်ငံ မှာ GSM ဂျီအက်စ်အမ် မိုဘိုင်း တယ်လီဖုန်း တွေ အသုံးပြု နိုင်အောင် ဆက်သွယ် ပေးနိုင်တဲ့ စခန်း တွေ မလုံ လောက်တဲ့ အတွက် လောလောဆယ် ရောင်းချ ပေးနိုင်ခြင်း မရှိ သေးဘူးလို့ မြန်မာ့ မိုဘိုင်း ဆက်သွယ်ရေး အင်ဂျင် နီယာချုပ်က ပြောပါတယ်။
မြန်မာ နိုင်ငံ တဝန်းမှာ ၈၀ ရာခိုင်နှုန်း လောက် လွှမ်းခြုံမိ ပြီး GSM မိုဘိုင်း ဖုန်းတွေ သုံးနိုင်ဖို့ အတွက် စခန်း ပေါင်း တစ်သောင်းခွဲ လိုအပ်ကြောင်းနဲ့ လောလောဆယ် စခန်းပေါင်း တစ်ထောင့် ငါးရာပဲ ရှိသေးတယ်လို့ မိုဘိုင်း အင်ဂျင် နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။
မိုဘိုင်း ဆင်းကဒ် Sim Card တွေကို ဈေးပေါပေါနဲ့ ရောင်းချ ပေးမယ့် အတွက် လူအများ ကြိုဆိုကြပေမဲ့ အဲဒီ ကဒ်တွေက CDMA စီဒီအမ်အေ ဆင်းကတ် တွေ ဖြစ်တာကြောင့် ဘယ်လို လက်ကိုင် ဖုန်းမှာ မဆို သုံးနိုင်တဲ့ GSM မိုဘိုင်း ဖုန်းတွေကို လူအများ စောင့်မျှော် နေကြပါတယ်။
အခု လောလောဆယ် မှာ CDMA စီဒီအမ်အေ ဆင်းကတ် တွေကို လစဉ် တစ်သိန်းခွဲစီ ရောင်းချ သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ဂျီအက်စ်အမ် မိုဘိုင်း ဆင်းကဒ် တွေကို ဆက်လက် တိုးချဲ့ ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ လည်း ဦးဌေးဝင်းက ပြောပါတယ်။
အခုလ ဧပြီ ၂၄ ရက် နေ့က စတင်ပြီး ဆင်းကဒ် တစ်ခု ကို ကျပ်ငွေ ၁၅၀၀ နဲ့ တစ်နိုင်ငံ လုံး ရောင်းပေးမှာ ဖြစ်လို့ ဆင်ကဒ် တွေ ဈေးပေါ လာမှာ ဖြစ်ပါတယ်။
အရင် ငါးသိန်း နဲ့ ရောင်းခဲ့တဲ့ စီဒီအမ်အေ ဆင်းကဒ်က အခု ကျပ်ငွေ နှစ်သောင်း အထိ ဈေးကျ သွားပါတယ်။
.. www.MyanmarExpress.net

3 comments:
အားလုံးမှတ်မိကြအုံးမယ်ထင်ပါတယ်၂သိန်းတန်GSMဖုန်းတွေမချပေးခင်အချိန်ရက်အနည်းငယ်အလိုမှာကုမ္ပဏီတစ်ခုကsim cardတစ်ခု၅၀၀၀ကျပ်နဲ့ရောင်းပေးနိုင်အောင်သူတို့လုပ်နိုင်ပါတယ်လို့ပြောခဲ့တုန်းကအစိုးရဝန်ကြီးဌာနဖြစ်တဲ့ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်လူကြီးမင်းများမှ၅၀၀၀ကျပ်နှင့်ရောင်းချနိုင်သည်ဆိုသည်မှာလုံးဝ(လုံးဝ)မဖြစ်နိုင်ပါကြောင်းငြင်းဆို၍ပြည်သူလူထုအားလိမ်လည်လှည့်ဖြားကာကျပ်ငွေနှစ်သိန်းကျပ်ဖြင့်မတရားလုပ်ရောင်းချခဲ့ပါသည်ယခုအချိန်တွင်၁၅၀၀ကျပ်ဖြင့်အဘယ်ကြောင့်ရောင်းချနိုင်ပါသနည်းကလိန်ကကျစ်တာဝန်ရှိသူများအားအလုပ်ဖြုတ်၍ထောင်ချသင့်ပါသည်
တော်ပြီမယုံတော့ဘူး လူလိမ်တွေ
မင်း တို့  လုပ် သမျှ ခံ နေ မည့် သူ တွေ ပါ ဝဋ် ရှိ သ ရွှေ့ ပေါ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်