Subscribe to our RSS Feed

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန် သမ္မတ ဟောင်း Mr. Jimmy Carter အား လက်ခံတွေ့ဆုံ

From : ..မြဝတီ

နေပြည်တော် ဧပြီ ၎
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ် ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး ဧည့်သည်တော် အမေရိကန် သမ္မတဟောင်း နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အတူ  အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့  တွေ့ဆုံရာတွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ကိစ္စရပ်များ၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေ အနေများ၊ လွှတ်တော် အသီးသီးတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက် နေမှုများနှင့် တပ်မတော်၏ အခန်း ကဏ္ဍများ၊ မြန်မာ နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ၏ ဆက်ဆံရေး အခြေ အနေများ၊ မြန်မာ- အမေရိကန် တပ်မတော် နှစ်ရပ်ကြား ဆက်ဆံ ဆောင်ရွက်မှု အခြေအနေ များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန် သမ္မတဟောင်း Mr. Jimmy Carter အား အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်သည်။

ထို့နောက် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမေရိကန် သမ္မတဟောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရင်းနှီး ခင်မင်စွာ နှုတ်ဆက် ခဲ့ကြောင်း သတင်း ရရှိသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်