Subscribe to our RSS Feed

ပုဂ္ဂလိက သတင်းစာများ ဂျာနယ်ပုံပေါက်နေဟု စာဖတ်သူများ ဝေဖန်

From : ..http://www.oppositeyes.info/2013/04/blog-post_9026.html


ဧပြီလဆန်းပိုင်းမှ စတင်ထွက်ပေါ်လာသည့် ပုဂ္ဂလိကသတင်းစာများကိုဖတ်ရှုရသည်က သတင်းစာဖတ်ရသည့် အရသာမျိုးမပေးစွမ်းနိုင်သေးကြောင်း မန္တလေးမြို့နေ စာဖတ်သူအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုကြသည်။
 
ကျွန်တော် ၀ယ်ဖတ်ကြည့်တယ် ၊ ကြည့်တော့ သတင်းစာပုံစံ မပေးနိုင်သေးဘူး ၊ ကြည့်ရတာ သတင်းကို မနည်း   ပြည့်အောင်ဖြည့်နေတဲ့ ပုံရှိတယ် ၊ ဂျာနယ်ပုံစံပဲ ဖြစ်နေတယ် ”ဟု အောင်မြေသာစံမြို့နယ်အတွင်းရှိ အမျိုးသား စာဖတ်သူတစ်ဦးက ပြောသည်။
 
လက်ရှိထုတ်ဝေလျက်ရှိသည့် သတင်းစာများမှာ ခရီးသွား ဆောင်းပါးများ ပါဝင်သင့်ပြီး အခြားကဏ္ဍများနှင့် လည်း စာဖတ်သူ စိတ်ပါဝင်စားစေရန် တင်ဆက်သင့်သည်ဟု အကြံပြု ပြောဆိုလျက်ရှိသည်။

အမှန်အတိုင်းပြောရရင်တော့ မပေးနိုင်သေးဘူးပေါ့ ၊ ဂျာနယ်အကျင့်ကနေ ရုန်းထွက်နိုင်ဖို့ ခက်နေတဲ့ အနေအထားမှာပဲ ရှိနေသေးတယ် ” ဟု ရန်ကုန်အခြေစိုက် မြန်မာအင်ဒီပင်းဒန့်သတင်းဂျာနယ်မှ အယ်ဒီတာတစ်ဦးဖြစ်သူ မသီတာ(စမ်းချောင်း)က သုံးသပ်သည်။
 
ပုဂ္ဂလိကသတင်းစာများတွင် အစိုးရနှင့်ပတ်သက်သည့်သတင်းများ မတင်ဆက်နိုင်သေးကြောင်း အစိုးရသတင်းများကို အစိုးရပိုင်သတင်းစာများ၌သာ တွေ့မြင်ရဆဲဖြစ်ကြောင်းနှင့် ထုတ်ဝေနေသည့် ပုဂ္ဂလိက သတင်းစာအသစ်များအနေဖြင့်  ဂျာနယ်ရပ်တည်မှု လမ်းကြောင်းအတိုင်းသာ သွားနေသေးကြောင်းများကို ၄င်းက ဆက်ပြောသည်။
 
အားအနည်းဆုံးထဲမှာ Art of Editing ကိုဘယ်သူမှ တခုတ်တရ မပြောကြဘူးတဲ့အတွက် Rule of Editor နဲ့ Art of Editing က အားအနည်းဆုံးပဲ အဲ့ဒီဟာက ဖြည့်ကိုဖြည့်ရမယ့်ကိစ္စပဲ ၊ တစ်ချို့သတင်းတွေမှာ စကားပြေနဲ့ ရေးတာတွေ တွေ့ရသလို စကားပြောနဲ့ ရေးနေတာတွေလဲတွေ့တယ် ၊ နောက်ပြီး တိုက်တစ် တိုက်ရဲ့ House of Style ကိုလည်း မတွေ့ရတာတွေရှိတယ် ” ဟု ဆရာမ မသီတာ(စမ်းချောင်း)က ပြောသည်။
 
မန္တလေးမြို့ရှိစာဖတ်သူတစ်ဦးဖြစ်သည့် ဓါတ်ပုံဆရာဦးမောင်မောင်လတ်(ချစ်ညို)က ၎င်းတို့ကြုံတွေ့ခဲ့ ရသည့် သတင်းစာခေတ်နှင့် ယခုထွက်ရှိနေသည့်သတင်းစာများအား ယခုလိုနှိုင်းယှဉ်ပြောကြားခဲ့သည်။
 
ပြည်ထောင်စုနေ့စဉ်သတင်းစာဆိုဒ်ကတော့ အရင်တုန်းကထွက်ခဲ့တဲ့ အရွယ်အစားတိုင်းပဲ ၊ ဒါပေမဲ့ အရင်တုန်းက သတင်းစာဆိုတာ မနက်မိုးလင်းတာနဲ့ အိမ်ရောက်နေပြီ ၊ (၁၀)နာရီလောက် ဆိုရင်ကိုအဲ့ဒီသတင်းက ဟောင်းသွားပြီ ၊ အခု အစိုးရထုတ်သတင်းစာတွေက နေ့လည်ပိုင်းမှ အိမ်ကိုရောက်တယ် ” ဟု ဓာတ်ပုံဆရာ ဦးမောင်မောင်လတ်(ချစ်ညို)က ပြောသည်။
 
နှစ်(၄၀)ကြာပျောက်ကွယ်ခဲ့သော ပုဂ္ဂလိကပိုင်သတင်းစာများကို ၂၀၁၃ ဧပြီလဆန်းပိုင်းတွင် ပြန်လည် ထုတ်ဝေခွင့်ရရှိခဲ့ကြသည်။
 
ကျန်တာတွေ များတယ် ၊ အားလုံး အကုန်မရောင်းရသေးဘူး ၊ လူတိုင်း မဖတ်ကြသေးတာပေါ့ ” ဟု ဂျာနယ်လက်ပွေ့ သမားတစ်ဦးက ပြောသည်။
 
ထုတ်ဝေခွင့်ရှိသည့်သတင်းစာများအနက် The Voice Daily ၊ ပြည်ထောင်စုနေ့စဉ် ၊ စံတော်ချိန် နှင့် ရွှေနိုင်ငံသစ် သတင်းစာများထုတ်ဝေခဲ့ကြပြီး လတ်တစ်လော အချိန်တွင် စောင်ရေအများအပြား မရောင်းချရ သေးကြောင်း မန္တလေးမြို့ရှိ ဂျာနယ်လက်ပွေ့ အရောင်းသမားများထံက သိရသည်။
 
 

5 comments:

အလကား တွေပါ ပိတ်ထားတာမှန်သမျ လုပ်ချင် တဲ့သူတွေများတယ်။ မစားနဲ့ ဆိုရင် စားချင်တယ် မလုပ်နဲ့ ဆိုရင် လုပ်ချင် တယ် မသွားနဲ့ ဆိုရင် သွားချင် တယ် အလကား ကန့်လန့်တိုက်တွေ အစားမ တော် တစ်လုပ် အသွားမ တော်တစ်လှမ်း တဲ့ မယုံရင်ကြည့်နေ ဒေဝါလီ ခကြ တော့မာ ။ အစိုးရ ကသူတို့ ကိုချီးစားစေ ချင် ရင် ချီးမစားရ ပုံ/ ဘာညာပေါ့ အဲ့လိုဆိုရင်တောင် ကန့်လန့် တိုက်ပြီး ချီးစား ကြမဲ့ သူတွေလည်းရှိတယ်။ အ ကောင်းအဆိုးကို ဘာမ မစဉ်းစားကြ တော့ဘူး ကန့်လန့်တိုက်တာ အောင်မြင် သမျ ပျော်နေကြတယ်။ ဒီသတင်းစာတွေ လည်း ဆက်မွဲ ဦးမှာပဲ။

ပညာ ရေး က တိုး တတ် အုးံ မှာ မ ကြာ ခင် တောင် တွေ ကို ဟ ဂျ လောင်း လို့ လုပ် လိုက် ရင် ပျောက် သွား အုးံ မှာ

မြန် မာ တွေ ကို ဟ ချ လောင်း လို့ လုပ် လိုက် ရင် ကု လား မိုး တွေ ဖြစ် သွား အုးံ မှာ

အလကားရရင် ကောင်းမှာပဲ။

ဟုတ်တယ် တစ်ပတ်စာကို တစ်ရက်ခြင်းပါတာ ဘာမှမထူးဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်