Subscribe to our RSS Feed

နိုင်ငံရေးပါတီ ၅ ပါတီ တရုတ်နိုင်ငံသွားရောက်


ယနေ့ မွန်းလွဲ ၂ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုပြည်ပ ဆက်သွယ်ရေး ဌာန၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီ (၅)ပါတီမှ ကိုယ်စားလှယ်များသည် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာ ရေးခရီး ထွက်ခွာသွားကြသည်။
အဆိုပါ လေ့လာရေး ကိုယ်စားလှယ်များမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ မှ ဦးဟန်ရွှေ၊ ဦးသိန်းထွန်း၊ ဦးဖေလိန်းမောင်၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဒေါက်တာအေးမောင်၊ ဦးဇော်အေးမောင်၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီမှ နိုင်ခင်မောင်ဆင့်၊ မင်းချမ်းနွန်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစော သန်းမြင့်၊ ဦးတင်ဆန်း တို့ဖြစ်ပြီး ဧပြီ ၂၉ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းမြို့၊ ကူမင်းမြို့နှင့် အခြားမြို့များသို့ သွားရောက် လေ့လာကြမည် ဖြစ်သည်။

 


မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၅ ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်မယ်လို့ ပြောပါတယ်။ 


အဲဒီ ခရီးစဉ်မှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့က ရခိုင်ပြည်နယ်ကနေ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေကို ဖြတ်သန်းတည်ဆောက်နေတဲ့ CNPC ကုမ္မဏီရဲ့ တရုတ်ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ RNDP ပါတီရဲ့ဥက္ကဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။
ဒါ့အပြင်  ပိုက်လိုင်း ဖောက်လုပ်ရာ လမ်းကြောင်း တလျှောက်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးဖို့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ခရီးစဉ်မှာပါဝင်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ(SNDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)နဲ့အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့ ဖြစ်ပါတယ်။

.. www.MyanmarExpress.net

6 comments:

SSPP SSA သူ ပုန် တွေ ပြည် သူ ပိုင် ပစ္စည်း ခိုး ရောင်း စား တဲ့ ကောင် တွေ နှမ ပေး စိုင်း ဇင် ထွန်း တ ရုတ် နဲ့ ပေါင်း ပြိး ဘိန်း ချက် စား တဲ့ ကောင် သတ္ထူ ခိုး တူး စား တဲ့ ကောင် ပြည် သူ တွေ မ သိ ဘူး မှတ် နေ လား က လိမ် က ကျစ် စ ကား လာ မျပြာ နဲ့ မ အေ လိုး ရဲ့ တောထဲ က သွား သွား လမ်း က သွား သွား လိး ဖြစ် လား အဲ ဒီ တ ရုတ် ကျွန် တွေ အ ကုန် သတ် ပစ် လက် နက် ကိုင်ုပိး ဘိုလ် ကျ နေ တဲ့ ကောင် တွေ အ ကုန် သတ် ပစ်


SSPP SSA O သူ ပုန် အား လုးံ တ ရုတ် အ စေ အ ပါး တွေ ကျွန် တွေ ပါ သူ ခိုး တွေ

A hee.ait hte htelt lite p.

ရှင်း ရှင်း ရေး ကွာ

တယ်ဟုတ်ပါလားဟ။ဘကြီးလဲပါတီထောင်အုံးမှ။နိုင်ငံခြားသွားချင်လို့။

NLD က ကောင်တွေဘယ်သွားသေနေသလဲ.
.

FIRM POLITICAL VISION AND FOREIGN POLICY

1-WE ONLY WANT ALL OUR POLITICAL PARTIES AND ALL POLITICIANS FAITHFUL AND TRUSTWORTHY TO OUR COUNTRY AND OUR PEOPLE.
2-WE NEED FRIENDS BUT WE DO NOT NEED MASTERS.
3-NEVER ACCEPT AND COMMIT YOURSELF AND YOU POLITICAL PARTY BECOME AS A SERVANT,SLAVE AND
PUPPET.
4-PLEASE WAKE UP AND STAND FIRM IN POLITICAL VISION AND FOREIGN POLICY.
5-BUT PLEASE MAKE SURE TO GET FRIENDS FOR FUTURE RELATIONSHIP AND COMMUNICATION.
6-PLEASE TRY TO GET NEWS,INFORMATION,AND OBSERVE HOW THEY ARE IMPROVING THEIR COUNTRY AND TRY TO FIND OUT WHY THEY INVITE YOU AND YOUR PARTY.WHAT THEY ARE EXPECTING FROM YOU AND YOUR PARTY.
7-ALSO FIND OUT HOW AND WHAT THEY CAN GIVE TO OUR COUNTRY IF WE NEED HELP.
GOOD HEALTH AND GOOD LUCK TO ALL...

WITH MYITTA...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်