From :
..mrtv4
..
www.MyanmarExpress.net
မြောက်ကိုရီးယား
နိုင်ငံမှ နျူကလီးယား လက်နက်ဖြင့် စစ်ရေးအရ ခြိမ်းခြောက်မှုများ ၊
နှစ်နိုင်ငံ နယ်စပ်ရှိ စက်မှုဇုံ ရပ်ဆိုင်းထားမှုစသည့် အပြန်အလှန်
တင်းမာမှုများမြင့်တက်နေချိန်တွင် တောင်ကိုရီးယား နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံလုပ် ကိုယ်ပျောက် တိုက်လေယာဉ်များ ၀ယ်ယူလိုက်ပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံ အနေဖြင့်လည်း မြောက်ကိုးရီးယားနှင့် ဆက်ဆံရေး တင်းမာပြီး မဟာမိတ် တောင်ကိုးရီးယား နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ၊ တိုက်လေယာဉ်များဖြင့် ပျံသန်း စောင့်ရှောက်ပေးခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအခါ တောင်ကိုးရီးယား နိုင်ငံ၏ တိုက်လေယာဉ် ၀ယ်ယူရေး ကမ်းလှမ်းချက် ရောင်းချသွားရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက သဘောတူ လက်မှတ် ရေးထိုးပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ တောင်ကိုးရီးယား နိုင်ငံမှ ၀ယ်ယူမည့် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်းများတွင် Lockheed Martin Corp F-35 ကိုယ်ပျောက် တိုက်လေယာဉ်နှင့် Boeing Co's F-15 Silent Eagle တိုက်လေယာဉ် နှစ်မျိုးအပြင် ရေဒါ အသစ်များ ၊ အီလက်ထရွန်နစ် စစ်ဆင်ရေး စနစ်များနှင့် အခြားကိရိယာ ပစ္စည်းများလည်း ပါဝင်သည်။

1 comments:
လက်နက်ရောင်းကောင်းအောင်လုပ်နေကြပါတယ်ခင်ဗျာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်