Sunday, April 07, 2013
ME
From :
..planet
အာဆင်နယ် ကစားသမားများသည် ရော်ဘာကျည်ဆန် ထည့်ထားသည့်
ပြောင်းတိုသေနတ်များ ကိုင်ဆောင်ထားသော ဘရာဇီးလ် ရဲများကို ဝင်ရောက်
တိုက်ခိုက်ရာ ရဲများက တုတ်များကို ဝှေ့ယမ်းပြီး ဒိုင်းများဖြင့်
ကာကွယ်ခဲ့ရသည်။

အတောင်အမေရိကတွင် ပြုလုပ်သည့်
ဘောလုံးပွဲစဉ် တစ်ခု၌ ကစားသမားများ၏ တိုက်ခိုက်မှုကြောင့် ရဲများက ခုခံ
ကာကွယ်ခဲ့ရကြောင်း သိရှိရသည်။ တောင်အမေရိက တိုက်တစ်ခုလုံးဆိုင်ရာ
ကလပ်အသင်းများ၏ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့်
ကိုပါလီဘာတေးဒိုးစ် ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်ကလပ် အက်သလက်တီကို
မီနဲလ်ရိုးနှင့် အာဂျင်တီးနားကလပ် အာဆင်နယ်တို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ပွဲအပြီးတွင် အိမ်ရှင် မီနဲလ်ရိုးက ဂန္ထဝင် ကြယ်ပွင့်ဟောင်း
ရော်နယ်လ်ဒင်ဟို၏ (၂)ဂိုး အပါအဝင် (၅-၂)ဖြင့် အနိုင်ခဲ့သည်။
ထို့နောက်တွင်မူ အာဆင်နယ် ကစားသမားများက ဒိုင်ကို မကျေမနပ် စောဒကတက်
ပြဿနာရှာရာမှ ရဲများ ကွင်းထဲဝင်လာပြီးနောက် အခြေအနေ ရှုပ်ထွေးသွားခဲ့သည်။
အာဆင်နယ် ကစားသမားများသည် ရော်ဘာကျည်ဆန် ထည့်ထားသည့် ပြောင်းတိုသေနတ်များ
ကိုင်ဆောင်ထားသော ဘရာဇီးလ် ရဲများကို ဝင်ရောက် တိုက်ခိုက်ရာ ရဲများက
တုတ်များကို ဝှေ့ယမ်းပြီး ဒိုင်းများဖြင့် ကာကွယ်ခဲ့ရသည်။
ဖြစ်စဉ်အားလုံး ရှင်းလင်းသွားချိန်တွင်မူ အာဆင်နယ် အသင်းမှ ကစားသမား
(၄)ဦးထက် မနည်းကို ဘရာဇီးလ် ရဲများက ဖမ်းဆီး စစ်ဆေးမှုများ
ပြုလုပ်နေကြောင်း သိရှိရသည်။ ဘရာဇီးလ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ
အမျိုးသမီး ကလော်ဒီယာ ရိုမယ်လ်ဒိုက "ရဲအရာရှိတွေက ကွင်းထဲ ဝင်လာတယ် ဆိုတာ
ဧည့်သည် ပရိသတ်ကို ကာကွယ်ပေးဖို့ပါ။ သူတို့ရဲ့ တုံ့ပြန်ပုံက
လက်မခံချင်စရာပါပဲ။ ဒါဟာ အားကစားစိတ်ဓာတ် မပီသတဲ့ လုပ်ရပ်ပါ"ဟု
ဝေဖန်ပြောဆိုသွားသည်။
..
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်