From :
..သမ္မတရုံး



နေပြည်တော် ဧပြီ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ North Petro -
Chem Corp.,Ltd. ဥက္ကဋ္ဌ Mr. Li Li အား ယနေ့ မွန်းလွဲ (၂)နာရီခွဲတွင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့ရှိ ခေတ္တတည်းခိုသည့် MGM Grand ဟိုတယ်
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံရာ၌ ယခင်နှစ်ဘက်သဘောတူညီပြီးဖြစ်သည့်
ချင်းပြည်နယ်တွင် နီကယ်သတ္တု တူးဖော်ရေးလုပ်ငန်းများကို အမြန်ဆုံး
စတင်ဆောင်ရွက်ရေး၊ ယင်းဒေသမှ ထွက်ရှိသည့် ကျောက်မီးသွေးဖြင့်
စီမံကိန်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပြီး
အနီးဝန်းကျင်ရှိ ဖလမ်း၊ တီးတိန်နှင့် ကလေးမြို့နယ်များသို့လည်း
ဓာတ်အားဖြန့်ဖြူးပေးရေး၊ ဒေသခံပြည်သူများ၏ ထောက်ခံမှုရရှိစေရေးအတွက်
ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်
အခွင့်အလမ်းများ ရရှိရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားလာရေး တို့အတွက်
စီမံကိန်း အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ
ကိစ္စရပ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးရေး၊ ဒေသတွင်း လျှပ်စစ်ဓာတ်အား
ထုတ်လုပ် နိုင်သည့် ယင်းဒေသရှိ မဏိပူရ် ရေအားလျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် ထိုဒေသတွင် ထွက်ရှိသည့်
ထုံးကျောက်မှ ဘိလပ်မြေ ထုတ်လုပ်နိုင် ရေးတို့အတွက် လိုအပ်သည့်
ကွင်းဆင်းလေ့လာ ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့သည်။
ထို့နောက်နိုင်ငံတော်သမ္မတသည်
ညနေ(၃)နာရီ(၂၅)မိနစ်တွင် တရုတ်နိုင်ငံ CNPC Co., Ltd. အကြီးအကဲ Mr. Zhou
Jiping အား MGM Grand ဟိုတယ် ဧည့်ခန်းမ၌ ဆက်လက် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် Mr. Zhou Jiping က
အရှည်မိုင်ပေါင်း(၁၅၄ဝ) ရှိ ရခိုင်ပြည်နယ် ပဒဲကျွန်းမှ ယူနန်ပြည်နယ်သို့
ပိုက်လိုင်းသွယ်တန်းမှုမှာ ၉၂ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေမှု၊
တည်ဆောက်ရေးလုပ်ငန်းတွင် မြန်မာလုပ်သား (၆ဝဝဝ)ကျော်နှင့် မြန်မာ
ကုမ္ပဏီပေါင်း(၂၂၆)ခု တို့က ပါဝင်ဆောင်ရွက်ခဲ့မှု၊ ပိုက်လိုင်းတစ်လျှောက်ရှိ
ဒေသခံပြည်သူ များ၏ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့မှု၊ တည်ဆောက်ပြီး
ပိုက်လိုင်းလုံခြုံမှုနှင့် ပိုက်လိုင်းတစ်လျှောက် ဆက်သွယ်ရေးစနစ်
လွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံ အနေဖြင့်
ပူးပေါင်းဆောင်ရွက်ပေးစေလိုမှု၊ ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး
ဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့မှုတို့ကို ရှင်းလင်း
တင်ပြသည်။
ထို့နောက်နိုင်ငံတော်သမ္မတက စီမံကိန်းဆောင်ရွက်ရာတွင်
လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက်
အသိအမှတ်ပြု ပါကြောင်း၊ စီမံကိန်းနှင့် ဆက်လက်လုပ်ဆောင်
သွားမည့်လုပ်ငန်းများတွင် မရှိမဖြစ် လိုအပ်သည့် ကျွမ်းကျင် ပညာရှင်များမှအပ
အခြားကျွမ်းကျင် ပညာရှင်များနှင့် လုပ်သားများကို ဒေသခံပြည်သူများ ထဲကသာ
ခန့်ထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပိုက်လိုင်းလုံခြုံရေး အတွက် နေရာ အလိုက်
ဒေသခံများ ပါဝင်သည့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်
လိုအပ်သဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏
ပူးပေါင်းပါဝင် ဆောင်ရွက်မှု ရရှိမှသာ လုပ်ငန်းပိုမိုအောင်မြင်နိုင်မည်
ဖြစ်ကြောင်း၊ ပိုက်လိုင်းတစ်လျှောက် ဆက်သွယ်ရေး လုပ်ငန်းများ
အဆင်ပြေချောမွေ့စေရေး အတွက်လည်း ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ရမည်များ
ရှိသကဲ့သို့ မိမိတို့ဘက်မှလည်း အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေး မည်
ဖြစ်ကြောင်း၊ ကမ်းလွန်ရေနံ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း
အောင်မြင်ရရှိနေသည်ဟု ကြားသိရသဖြင့် လိုအပ်သည်များကို
ဆက်လက်ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး
မှာကြားခဲ့သည်။





0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်