Subscribe to our RSS Feed

အမျိုးသမီးများ အရက်သောက်သုံးမှု ပိုများလာတဲ့၂၀၁၃ သင်္ကြန်

From : ..Myit Makha Mediagroup on 19 Apr, 2013



၂၀၁၃ခုနှစ်၊အတာသင်္ကြန်ပွဲတော်တွင် အမျိုးသမီးများ ဘီယာ၊ အရက်သောက်သုံးမှုမှာ ယခင်နှစ်ကထက်ပိုမို များပြားလာကြောင်းသိရသည်။
သင်္ကြန်ရေကစားခြင်းနှင့် လည်ပတ်ခြင်းကို အကြောင်းပြုပြီး အရက်သေစာသောက်သုံးလာကြသော အမျိုးသမီးများ ရှိလာသလို၊  သင်္ကြန် စတိုင်လုပ်ပြီးအရက်၊ဘီယာသောက်သုံးသူ၊အပျော်သဘောဖြင့် အရက်သောက်သုံးသူများ နှင့် ကိုရီးယားဇာတ်ကားများမှ အရက်သောက်သည့် အမျိုးသမီးများကို အားကျသည့် သဘောဖြင့် သောက်သုံးသူ များလာခြင်းဖြစ်ကြောင်း အရက်သောက်သုံးသူ အမျိုးသမီးတစ်ဦးက ပြောသည်။
`ယောင်္ကျားတွေတင် အရက်သောက်နိုင်တာမဟုတ်ဘူး ဆိုတာကို ပြချင်တာလည်း ပါတာပေါ့၊ ခေတ်နဲ့ အမီလိုက်ပြချင်တဲ့ သဘောလည်း ပါပါတယ်။ ပျော်ချင်တဲ့ စိတ်နဲ့ ပေါ့ပေါ့ပါးပါးလည်း ဖြစ်အောင် သောက်ကြ တာပါ`ဟု ရန်ကုန်သင်္ကြန်တွင် လည်ပတ်ခဲ့သော အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
မန္တလေးသင်္ကြန်တွင်လည်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးများမှာ ဘီယာသောက်သုံးမှု များလာကြောင်း မန္တလေး သမီးတော်ဈေးမှ ကုန်သည်တစ်ဦးက ပြောသည်။
မိန်းကလေးတွေကပျော်ချင်ချင်လို့ အရက်သောက်ပြီးကကြခုန်ကြတယ်။ ပြောင်းလာတဲ့ခေတ်စနစ်အပေါ်မှာ အလွဲသုံးစားလုပ်တယ်လို့မြင်တယ် နိုင်င်ငံခြားဇာတ်ကားတွေကို အတုယူတယ်။ သူတို့နိုင်ငံမှာက အေးလွန်းတဲ့အတွက် မိန်းကလေးတွေကိုအရက်သောက်ခွင့်ပြုထားတယ်။ မြန်မာနိုင်ငံက ဘာသာတရားနဲ့နေတဲ့နိုင်ငံဖြစ်တယ် ။ဗုဒ္ဓဘာသာမှာလည်းအရက်သောက်ခွင့်ကိုတားမြစ်ထားတယ်။ မူးပြီးတော့ကနေတဲ့မြန်မာမိန်းကလေးတစ်ယောက်ကို အပြင်ကနေကြည့်ရင်လုံးဝ ကြည့်ရဆိုးတယ်။ဟု ၎င်းက အမြင်ကိုပြောသည်။
အမျိုးသမီးများ အရက်သောက်သုံးခြင်းကြောင့် ကာအိန္ဒြရေပျက်ပြားစေသလိုအပျော်ကြူးလျှင်လည်း လမ်းလွဲသို့ ရောက်သွားနိုင်သောကြောင့် မိန်းကလေးများအနေဖြင့် ဘီယာ  အရက် သောက်သုံးမှု မပြုသင့်ကြောင်း ရန်ကုန်မြို့မှ အငြိမ်းစား ကျောင်းအုပ်ဆရာမ ဒေါ်ခင်ခင်ဝင်းက ပြောသည်။
ထိုင်းလိုပေါ့ ဥရောပယဉ်ကျေးမှုတွေ အကုန်ရောယှက် လာတယ်။ ကောင်းတာတွေရော မကောင်းတာတွေရောပေါ့။ ဥရောပယဉ်ကျေးမှုတွေက အနောက်အာရှတွေမှာအားလုံးပြန့်နှံ့ကုန်ပြီ။ မြန့်မာယဉ်ကျေးမှုထုံးတမ်းစဉ်လာဓလေ့စရိုက် အရှေ့ယဉ်ကျေးမှုတွေက မြန်မာနိုင်ငံတစ်နိုင်ငံပဲ ကျန်တော့တယ်။ အဲဒါတွေကို မြန်မာအမျိုးသမီးတွေ အနေနဲ့ တတ်နိုင်သလောက် ထိန်းသိမ်းဖို့လိုတယ်။ ကျမတို့ကလည်းမြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို မပျောက်ကွယ်အောင် အတတ်နိုင်ဆုံးထိန်းသိမ်းပါတယ်။ ရုပ်သံတွေကနေဇာတ်လမ်းတွေအနေနဲ့ ပညာပေးတာတို့ပေါ့။ပြည်သူလူထုက မင်းသားမင်းသမီးတွေကိုပဲအတုခိုးမှာအနုပညာသည် တွေကလည်းမြန်မာယဉ်ကျေးမှုကိုမဖျက်ဆီးပဲရှေ့ကနေ ထိန်းသိမ်းဖို့လိုပါတယ်။ ဒီလိုမှမဟုတ်လို့ကာလကြာရှည်လာရင်တော့ထိုင်းနိုင်ငံလိုဖြစ်သွားလိမ့်မယ်။ဟု မန္တလေးရုပ်စုံသဘင်တည်ထောင်သူဆရာမ ဒေါ်မမနိုင်ကသုံးသပ်ခဲ့သည်။
အမျိုးသမီးများအရက်သောက်သုံးခြင်းကြောင့်အပျော်လွန်လျှင မလိုလားအပ်သောပြဿနာများနှင့်ရင်ဆိုင် နိုင်ကြောင်းအပျော်သဘောမှအစပြုကာတစ်စတစ်စအရက်စွဲပြီး ဘ၀ပျက်သွားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
အမျိုးသမီးတွေ အရက်၊ ဘီယာသောက်တာနဲ့ ပတ်သက်လို့ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုအရ မသင့်လျော်ပါဘူး ။ သောက်ပြီးအေးအေးဆေးဆေးနေ ရင်တော့တစ်မျိုးပေါ့ ပျော်စေပျက်စေသဘောနဲ့ သောက်တာဆို ရင်တော့ မြန်မာ့ယဉ်ကျေးမှုသင်္ကြန်ကိုအကျည်းတန်စေပါတယ်။အမျိုးသမီးတွေအရက်သောက် တာနဲ့ပတ်သက်လို့မန္တလေးမြို့ခံတစ်ဦးအနေနဲ့ ရှုံ့ချပါတယ်။ဟုမန္တလေးမြို့က ကျောင်းဆရာမ တစ်ဦးကပြောသည်။

10 comments:

အမျိုးသမီးများ ဘီယာ၊ အရက်သောက်သုံးမှု
မြန်မာတစ်ဦးအနေနဲ့ ရှုံ့ချပါတယ်

မိန်းမပျက်တွေသာသောက်တာာပါကွာ။

မူးနေပြီဆိုတော့ လုပ်ရကိုင်လွယ်သွားကြတာပေါ့။ လုးံဝ အတုမယူသင့်သော အရာပါညီမငယ်တို့။

ကို၇ီးယား၇ုပ်၇ှင်တွေ၇ဲ့အကျိုးဆက်တွေလေ။

မိန်းမပျက်တွေသာအ၇က်သောက်ကြဒါ။

1 cup of Red Wine in everyday is good for health and long life. Red wine lower Cholesterol and prevent high blood pressure and heart attack.

စောက်ရူး။ဝိုင်သောက်မှကျန်းမာေ၇းကောင်းတာမဟုတ်ပါဘူးကွာ။ကြက် သွန်ဖြူ၊မြင်းခွာ၇ွက်စားလဲကောင်းဒါပါဘဲ။

1-WE NEED A NEW LAW REGARDING CONSUMPTION OF ALCOHOLIC IN GENERAL PUBLIC.
2-ALCOHOLIC DRINKS SUCH AS BEER,WHISKY,RUM,GIN ETC SHOULD NOT ALLOW TO SELL THE MINORS UNDER TWENTY ONE YEAR OLD.
3-WE NEED TO STOP ALL MINORS AND CHILDREN ARE NOT ALLOW TO VISIT BAR WITH THEIR PARENTS.
4-WE NEED TO STOP ISSUING NEW LICENSE TO SELL ALCOHOLIC BEVERAGE.
5-WE ALSO NEED TO STOP RENEWING NEW LICENSE IF THEY ARE NOT FOLLOW THE LAID DOWN RULES.
6-WE NEED TO TEACH OUR YOUNG MEN AND WOMEN ABOUT THE BAD EFFECTS DUE TO DRINKING ALCOHOL,BEER ETC...BY USING MEDIA,NEWS PAPERS,JOURNALS,RADIO,TV ,INTERNET,BILL BOARDS,FORUM ETC..
7-WE NEED SURPRISE CHECK TO THE SELLERS.
8-WE FEEL REGRET TO SEE THE YOUNG MEN AND YOUNG WOMEN DRINKING ALCOHOLIC DRINKS AND BEHAVING VERY BAD DURING THIN GYAN/WATER FESTIVAL.
9-OUR GOVERNMENT,OUR PYI THU LUTTAW,JUDICIAL AFFAIRS AND GENERAL PUBLIC TO REVIEW ALL THE BAD BEHAVIORS, BAD EFFECTS TO OUR YOUNG MEN AND YOUNG WOMEN AND TRY TO FIND WAYS AND MEAN TO STOP ALL UNWANTED THINGS IN OUR SOCIETY.
10-MAY BE WE NEED TO CONSIDER TO STOP CELEBRATION WATER FESTIVAL AND ALL KIND OF ALCOHOLIC DRINKS IF IT IS BENEFICIAL TO OUR COUNTRY, OUR NATION,OUR SOCIETY AND OUR TRADITIONAL CULTURE.
11-NOW A DAY MANY COUNTRIES NOT ALLOW TO USE ALCOHOLIC DRINKS TO ALL GENERAL PUBLIC.
12-OUR BUDDHIST RELIGIOUS ADVISE DO NOT TAKE ALCOHOLIC DRINKS AND DANGEROUS DRUGS FOR THE BENEFIT OF INDIVIDUAL;IF YOU LIKE IT TAKE IT OR DISREGARD IT AND ALL OUTCOMES IS YOURS.
13-THIS COMMENT IS INTEND TO GET BENEFIT OF OUR YOUNG MEN AND YOUNG MEN AND OUR COUNTRY.
14-ALL PEOPLE NEED TO CHANGE BAD HABIT IF THEY FORESEE THE PRESENT AND FUTURE PROBLEMS IF WE NOT CORRECT IN TIME.

WITH MYITTA

အရက်သောက်ခြင်းကို အားလုံးကရှုတ်ချမယ် ဆိုရင် ထိုက်သင့်သလောက် လျော့နည်းမည်ဟုထင်ပါသည်

အ၇က်သောက်တဲ့မိန်းခလေးတွေကို ဖင်လှန်ပြီးကြိမ်နဲ့ ၇ိုက်စေချင်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်