Subscribe to our RSS Feed

ရှေ့တန်း တပ်မ (၉၉) မှ ဦးစီး၍ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ဖားကေ ကျေးရွာရှိ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက် ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့

From : မြဝတီ

နေပြည်တော် မတ် ၁၀
ရှေ့တန်း တပ်မ (၉၉) မှ ဦးစီး၍ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ဖားကေ ကျေးရွာရှိ ဒေသခံ ပြည်သူ များအား မတ်လ ၈ ရက်နေ့တွင် ကျန်းမာရေး စောင့်ရှောက် မှုများ ပြုလုပ် ပေးခဲ့ပါသည်။
ရှေ့တန်း ဆေးကုသရေး အဖွဲ့များသည် ဒေသခံ ပြည်သူများအား ယာယီနယ်လှည့် ဆေးကုသရေး ဆေးခန်းတွင် ဖျားနာရောဂါ၊ အရေပြားရောဂါ၊ ထိခိုက်ရှနာ ဒဏ်ရာများ၊ သွေးတိုး ရောဂါ၊ ကလေး အထွေထွေ ရောဂါများ၊ သက်ကြီးရွယ်အို အထွေထွေ ရောဂါများ စသည့်တို့ကို ကုသပေးလျက်ရှိပါသည်။ ဆေးကုသရာသို့ ဒေသခံရွာများ ဖြစ်ကြသည့် ဖားကေ ကျေးရွာမှ ၇၆ ဦး၊ မန်ဝိုင်ကျေးရွာမှ ၅ ဦး၊ ပန်းမွန် ကျေးရွာမှ ၁၁ ဦး၊ ပန်ကောင်းမူ ကျေးရွာမှ ၄၂ ဦး စသည်တို့ လာရောက် ဆေးကုသ ကြပါသည်။
ဒေသခံ ပြည်သူများ အနေဖြင့် တပ်မတော် ရှေ့တန်းတပ်ရင်း တပ်ဖွဲ့များမှ လာရောက် ဆေးကုသ ပေးသည်ကို ပျော်ရွှင် ၀မ်းသာ ကျေးဇူးတင်လျက် ရှိကြောင်းနှင့် ထပ်မံ လာရောက် ဆေးကုသမှုများ ပြုလုပ် ပေးပါရန် ဒေသခံ များမှ တောင်းဆိုလျက် ရှိကြောင်း သတင်း ရရှိပါသည်။


. www.MyanmarExpress.net
 

1 comments:

ကောင်းတယ်ဗျာတပ်မတော် လေးစားပါတယ် ပြည်သူအတွက် တပ်မတော် ဆိုတဲ့စကားဟာအမှန်ပါပဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်