Subscribe to our RSS Feed

KIA အဖွဲ့ မိုင်းထောင်ရာမှ ကိုယ့်မိုင်းနှင့်ကိုယ် မိုင်းပေါက်ကွဲ၍သေဆုံး

From : http://kachindailynews.blogspot.com/2012/08/kia_7556.html

သြဂုတ် (၃၁)


ပြီးခဲ့တဲ့ သြဂုတ်လ(၃၀)ရက်နေ့က KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၅)မှ KIA တပ်ဖွဲ့ဝင် များသည် မိုးညှင်းမြို့အရှေ့ဘက် လခြမ်းတောင်ရွာအနီးတွင် မိုင်းထောင်ခြင်းများ ပြုလုပ်ရာမှ အခန့်မသင့်၍ မတော် တဆ မိုင်းပေါက်ကွဲကာ KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မြန်မာအစိုးရစစ်တပ်တွေ မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေကြောင်းနဲ့ ရွာတွေမှာ KIA အမာခံ အဖွဲ့ဝင်များရှိ/မရှိ ၀င်ရောက်စစ်ဆေးနေမှုအား သတင်းရရှိ၍ လာရောက်မိုင်းထောင်တာဖြစ်တယ် လို့ လခြမ်း တောင်ရွာခံတစ်ဦးထံမှ သိရှိရပါတယ်။
KIA တပ်ဖွဲ့တွေအနေနဲ့ နည်းလမ်းမျိုးစုံအသုံးပြုကာ လူသစ်စုဆောင်းလျက်ရှိပြီး စုဆောင်း ရရှိတဲ့ ဒေသ ခံတွေ ကို အခြေခံစစ်သင်တန်းနှင့် မိုင်းသင်တန်းတွေ သင်ကြားပေးတယ်ဆိုပေမဲ့ တကယ့်လက်တွေ့ မှာတော့ သေနတ်ပစ်တတ်ရုံနဲ့ မိုင်းတွေ့ဘူးရုံလောက်သာ သင်ကြားပေးခဲ့တာကြောင့် ယခုလို ဖြစ်စဉ် များနှင့် ကြုံတွေ့ နေရတာဘဲ ဖြစ်ပါတယ်။

အလားတူ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ(၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ် ထိုးပူနှင့် ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ အကြားရှိ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲစဉ် KIA တပ်ဖွဲ့ဝင်နှစ်ဦး မိုင်းပေါက်ကွဲကာ သေဆုံးခဲ့ရပါတယ်။ KIA အဖွဲ့မှ မြန်မာအစိုးရ စစ်တပ် ဘက်မှ ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှား များထုတ်လွှင့်ကာ ပြောဆိုခဲ့သော်လည်း ရထားလမ်းဘေး တွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သား နှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ် များဖြစ်ကြောင်း ဒေသခံကချင်လူမျိုးများ မြင်တွေ့နိုင်စေရန် ထာဝရဘုရား သခင်မှ ဒဏ်ခတ် ခဲ့ခြင်းဖြစ်ပါသည်။

Express

ရှင်းစရာရှိတာတွေကို အရင်မရှင်းဘဲ လက်ဝါးချင်းရိုက်ပြီးပြန်လာတာလို့ပဲမြင်ပါတယ် ( ABSDF တောင်ပိုင်းစခန်းတွင် တပ်မတော်ထောက်လှမ်းရေးမှဟုစွပ်စွဲကာ ဖမ်းဆီးနှ

From : Eleven


ksl1

ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်

၁၉၈၈ ခုနှစ်ပြည်သူ့အရေတော်ပုံကြီးအပြီးတွင် မြန်မာနိုင်ငံနယ်စပ်စခန်းများရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ရှိရာသို့ ကျောင်းသားလူငယ်များ ၎င်းတို့၏နိုင်ငံရေးယုံကြည်ချက်ကိုအကောင်အထည်ဖော်ရန် သွားရောက်ခဲ့မှု များရှိခဲ့ပါသည်။ ABSDF ဆိုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာများဒီမိုကရက်တစ်တပ်ဦးကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒီမိုကရေစီ ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ ထိုကဲ့သို့ကြိုးပမ်းနေစဉ် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသ၌ ကျောင်းသားအချင်း ချင်း တပ်မတော်ထောက်လှမ်းရေးမှဟုစွပ်စွဲကာညှင်းပန်းသတ်ဖြတ်ခဲ့မှုဖြစ်စဉ်များပေါ်ပေါက်ခဲ့ပါသည်။ အဆိုပါစွပ်စွဲ သတ် ဖြတ်မှုမှာ မြောက်ပိုင်းဒေသဟုခေါ်တွင်နေသည့် ပါဂျောင် ဒေသမှသည် တောင်ပိုင်းဟုခေါ်သည့် မာနယ်ပလောဒေသသို့ပါ ကူးစက်သွားခဲ့သည်။ မြောက်ပိုင်းဒေသမှ နှိပ်စက်သတ်ဖြတ်မှုများနှင့် ပတ် သက်ပြီး နှစ်ပေါင်း ၂၀ ကာလကျော်လွန်ခဲ့ပြီး နောက် ရှုထောင့် အသီးသီးမှ ပြောဆိုမှုများပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် မြောက်ပိုင်းဒေသမှ ဗဟိုညီလာခံတက်ရောက် ရန် တောင်ပိုင်းဒေသသို့သွားရောက်ရင်း ထောက်လှမ်းရေးဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရကာ စစ်ဆေး နှိပ်စက်ခံရပြီး ABSDF စစ်ကော်မတီ၏ ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးခြင်းခံခဲ့ရသူ ကိုစိုးလင်းနှင့်တွေ့ဆုံပြီး ထိုစဉ်ကကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကိုမေးမြန်းခဲ့သည်များအား ပြန်လည်တင်ပြအပ်ပါသည်။

မေး - ၈၈ အရေးအခင်းအပြီးမှာ နယ်စပ်ကိုဘယ်လိုရောက်သွားခဲ့တာလဲဆိုတာက စပြီးရှင်းပြပေးပါလား။

ဖြေ - ၈၈ ကာလမှာတုန်းကတော့ မန္တလေးသပိတ်တပ်ပေါင်းစုမှာပါခဲ့တာပေါ့။ အဲဒီမှာ သပိတ်တပ်ပေါင်းစုရဲ့ လုံခြုံရေးကို စက်မှုကျောင်းသားတွေကတာဝန်ယူရတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ လူကြီးတွေက အမျိုးသားနိုင်ငံရေးတပ်ပေါင်း စုပါတီ၊ သံဃာတွေက သံဂ္ဂသမ္မဂီဆိုပြီးပြောင်းသွားကြတယ်။ ကျွန်တော်တို့ ကျောင်းသားတွေကတော့ မန္တလေးမှာရှိတဲ့ တစ်ခြားကျောင်းသားတွေနဲ့ပေါင်းပြီး အမျိုးသားနိုင်ငံကျောင်းသားလူငယ်ဆိုပြီး အဖွဲ့ ဖွဲ့လိုက်တယ်။ အဲဒီလိုဖွဲ့ပြီးတဲ့အချိန်မှာ အဲဒီခေတ်ကခေတ်စားတဲ့အတွေးအခေါ်အတိုင်းပဲ လက်နက်ကိုင်အစိုးရကို လက်နက်ကိုင်ပြီးတိုက်မှရမယ်ဆိုတဲ့အတွေးအ ခေါ်နဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက် သွယ်တယ်။ မြောက်ပိုင်းမှာရှိတဲ့ ကချင်နဲ့ဆက်သွယ်တာပေါ့။ လုပ်ရင်း လုပ်ရင်းနဲ့ မြို့ပေါ်မှာဘယ်လိုမှနေလို့မရတော့တဲ့အတွက် မြောက်ပိုင်းကိုရောက်သွားတယ်။

မေး - အစ်ကိုတို့မြောက်ပိုင်းကိုရောက်သွားတဲ့အချိန်က အဲဒီမှာအခြေအနေ ဘယ်လိုရှိသလဲ။

ဖြေ - မြောက်ပိုင်းကိုရောက်သွားတဲ့အချိန်မှာ ကချင်ကော်မတီနဲ့ ကျောင်းသားတွေကြားမှာ အဖုအထစ်လေး တွေရှိနေတယ်။ ကျောင်းသားအင်အားက ၂၀၀ လောက်ရောက်နေပြီ။ ကျွန်တော်က အပတ်စဉ်(၅)။ အပတ်စဉ် ၁ နဲ့ ၂ ကို KIA က သင်တန်း ပေးတယ်။ အပတ်စဉ် ၃ ကနေစပြီး ကျောင်းသားတွေက သင်တန်းပေးတယ်။ ကျွန်တော် တို့ရောက်တဲ့အချိန်မှာ သံချောင်း တို့ မျိုးဝင်းတို့ ရောက်နေပြီ။ ကိုထွန်းအောင်ကျော်နဲ့ အောင်နိုင်က ကျွန်တော့် ထက်တစ်လ လောက်စောတယ်။ မျိုးဝင်တို့ပါ တဲ့ ကချင်ကော်မတီကို အပတ်စဉ် ၅ က ကျောင်းသား ငါးယောက် ကဦးဆောင်ပြီး အတိုက်အခံပြုရာကစပြီး ပြဿနာဖြစ် တယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ တပ်တွင်းဒီမိုက ရေစီမရှိလို့။ အာဏာရှင်ဆန်ဆန်အုပ်ချုပ်တာကို ကျောင်းသားတွေက မကြိုက်ဘူး။ အဲဒီတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ကော်မတီဖွဲ့တယ်။ မျိုးဝင်းဆိုတာ စက်မှုကျောင်းသား။ စတုတ္ထနှစ် Mining ။ မိုးညှင်းမြို့နယ် နမားက။ ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့သူတွေနဲ့ ကော်မတီဖွဲ့မယ်ဆိုပြီး တပ်ရင်းအသီးသီး ကိုလှည့်ပြီး ဆန္ဒမဲကောက်တယ်။ မဲအများဆုံးရတာကတော့ သံချောင်းနဲ့လဆိုင်းပဲ။ မဲအများဆုံးရတဲ့ သူတွေကို စဉ်လိုက်တဲ့ အခါမှာ မျိုးဝင်းပါမလာဘူး။ ပြဿနာက ဘာလဲဆိုတော့ နောက်ရောက်တဲ့လူတွေရဲ့ သဘောထားကြီးမှုပေါ့။ တစ်ချိန် ချိန်ကြရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်မယ့်အလုပ် လုပ်မိခဲ့ကြတယ်။ ဘာလုပ်မိလဲဆိုတော့ အရင် ကော်မတီမှာ တကယ်အလုပ် လုပ်ခဲ့တာက မျိုးဝင်းပဲ။ အဲဒါကြောင့် နောက်ဖွဲ့တဲ့ အဖွဲ့မှာ မျိုးဝင်ကို ပါစေချင်ကြတယ်။ မဲပိုရတဲ့ ဘဂျမ်းဆိုတဲ့ သူက ကျွန်တော်က ကော်မတီ မလုပ်ချင်ဘူး။ စစ်ပဲတိုက်ချင်တာဆိုတော့ မျိုးဝင်းကို ဆွဲတင်လိုက်တာပေါ့။ ဥက္ကဋ္ဌက ကိုထွန်း အောင်ကျော်၊ ဒု- ဥက္ကဋ္ဌ(၁)က သံချောင်း၊ ဒု-ဥက္ကဋ္ဌ(၂)က အရင် ဥက္ကဋ္ဌဟောင်း ကျော်ကျော်၊ ဒုဥက္ကဋ္ဌ (၃) ကတပ်ရင်း ၄၀၁ က ကို သံလွင်ကို ထားလိုက်တယ်။ အထွေထွေအတွင်းရေးမှူးက ကိုအောင်နိုင်ကိုခန့်လိုက်တယ်။ တွဲဖက်အတွင်းရေးမှူး (၁) က ကိုလဆိုင်းကိုထားတယ် တွဲဖက်အတွင်းရေးမှူး(၂)ကို ကိုမျိုးဝင်း။ နောက်ရောက်လာတဲ့သူတွေက နယ်တွေဘာ တွေ ဆင်းပြီး စည်းရုံးရေးကောင်းတဲ့အခါကျတော့ အဖွဲ့အစည်းက အင်အားကြီးလာတယ်။ အဲဒီမှာ မျိုးဝင်းက ဒီလူလေးနဲ့ တောင် သူပြုတ်ကျခဲ့တာ ဒီ့ထက်အင်အားကြီးလာရင် သူ့နေရာပျောက်သွားမှာ ကို ကြောက်တယ်။ ဘယ်လို လူတွေကိုရှင်း ရမလဲဆိုတာ စပြီးစဉ်းစားလာတယ်။ သူ့ရဲ့အကျင့်က အဲဒီအတိုင်းပဲ။ ကချင်ကော်မတီမှာတုန်းကလဲ ကိုလှဋ္ဌေး(ဦးစီး)နဲ့ ကို ကျော်ကျော်(ကချင် AB ဥက္ကဋ္ဌ)ကို ဗဟိုကို ခရီးထွက် ခိုင်းပြီး လိုင်စင်မှာ မရှိအောင် လုပ်ခဲ့ဖူးတယ်။ အခုလည်း ဒီအဖွဲ့မှာ ကိုထွန်းအောင်ကျော်ကို ဖြိုမှရမယ် ဆိုတာ သူသိတယ်။ ကျောင်းသားတပ်မတော်မှာ အဖွဲ့ဝင်ဖြစ်ရင် အားလုံးစစ်သင်တန်း တက်ရတယ်။ အဲဒီမှာ အပတ် စဉ်(၆)တက်နေရင်း တစ်ညနေ ကျွန်တော်နဲ့အောင်နိုင် ချောင်းဘေးမှာလမ်းလျှောက်နေခိုက် ထွန်းအောင်ကျော် က ထောက်လှမ်းရေးဆိုပြီး ရဲဘော်တစ်ယောက်ပြောသံကြားလိုက်ရတယ်။ အဲဒီရဲဘော်က ရဲဘော် အောင်ဗိုလ်။ အဲဒီစကားကို ကျွန်တော်တို့နှစ်ယောက်အပြင် ဇော်ဇော်မင်းဆိုတဲ့ တစ်ယောက်လည်း ကြားတယ်။ သူက မျိုးဝင်းရဲ့ လူ။ စောစောကပြောတဲ့ရဲဘော်က ဘယ်သူလဲ၊ ဘယ်ကလဲမေးတော့ သင်တန်းဌာန စားဖိုဆောင်ကတဲ့။ အဲဒီမှာ ကျွန်တော်က အောင်နိုင် ဒီအတိုင်း နေလို့တော့မဖြစ်ဘူး။ အစ်ကိုကြီး(ကိုထွန်းအောင်ကျော်) ကိုတော့ တိုက်ခိုက်နေပြီ။ မဖြစ်တော့ဘူး။ သွားပြောမှ ရမယ်ဆိုပြီး သင်တန်းမှူးကိုသွားပြောတယ်။ အခုလို စကားသံတွေထွက်လာတာဟာ အဖွဲ့အ စည်းအတွက် မကောင်းဘူး။ ကိုယ့်လူကိုယ်ထိန်းပါလို့ပြောခဲ့တယ်။ တစ်ဆက်ထဲပဲ မျိုးဝင်းကို ဆင်းလာခဲ့ ပြောစရာရှိလို့ဆိုပြီး ရဲမေ ဂျူးဂျူးကနေတဆင့် လှမ်းမှာတယ်။ အဲဒီအချိန်မှာ မျိုးဝင်းကလိုင်စင် ဗဟိုမှာ ရှိနေတယ်။ ကျွန်တော်က မျိုးဝင်း ဒီစကား သံတော့ ထွက်လာတယ်။ မင်းလည်းထိန်းပါ။ အဖွဲ့အနာဂတ်အတွက် မကောင်းဘူးလို့တောင် ပြောမိပါသေးတယ်။ ဒါပေမယ့် သူက အဲဒီအချိန်ကတည်းက ကြံနေပြီ။ စခန်းမှာရှိတဲ့လူတွေကို လူစုခွဲနေပြီ။ ဖြစ်ချင်တော့ ABSDF ဗဟိုက တတိယအကြိမ် ညီလာခံခေါ်မယ်။ ကိုယ်စားလှယ်တစ်ယောက်ရှာပါဆိုပြီး ကြေးနန်းဝင်လာတယ်။ အဲဒီမှာ မျိုးဝင်းနဲ့ သံချောင်းက ကိုစိုးလင်း သွားသင့်ပါတယ်ဆိုပြီး ထောက်ခံကြတယ်။ သူတို့က ဒီလိုပြောတဲ့အခါမှာ ကျန်တဲ့ ကော်မတီဝင်တွေကလည်း ကိုစိုးလင်းဆို ရင် သင့်တော်ပါတယ်ဆိုပြီး ၀ိုင်းထောက်ခံကြတယ်။ သံချောင်းနဲ့ မျိုးဝင်းက တကယ်တော့ လက်ဝါးချင်းရိုက်ပြီးသား။ သံချောင်းကလည်း ကျွန်တော့်ကို အမြင်သိပ်မရှင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူ့ ရဲ့တပ်မှူးတွေနဲ့ရင်းနှီးလို့။ အပတ်စဉ်(၆-ခ)က စပြီး ကျွန်တော်က သင်တန်းသားတွေကို နိုင်ငံရေးလက်ချာပေးရတယ်။ ရှေ့အပတ်စဉ်တွေက မသင် ပေးလိုက်ရတဲ့အတွက် ကျွန်တော်က တပ်မှူးတွေရောက်လာရင် ရင်းရင်းနှီးနှီးနေတယ်။ အထူးသဖြင့် ကိုအောင်ဆွေဦး၊ ကိုသာဓုတို့နဲ့ ပိုတွဲဖြစ်တယ်။ ကျွန်တော့်အယူအဆက နိုင်ငံရေးအယူအဆကို တပ်မှူးတွေဆီပို့နိုင်ရင် သူ့လက်အောက်က တပ်သားတွေဆီပျံ့မှာပဲဆိုပြီး တပ်မှူး တွေနဲ့စကားပြောတာ။ သံချောင်းက အဲဒါကိုမကျေနပ်ဘူး။ နိုင်ငံရေးမှူးက တပ်ကို ဘာလို့စည်းရုံးနေတာလဲဆိုပြီး အမြင်ရှိတယ်။ မျိုးဝင်းက ဗဟိုကော်မတီကိုဖြိုမယ်ဆိုရင် စိုးလင်း မရှိမှဖြစ်မှာဆိုပြီး သူတို့ နှစ်ယောက်တိုင်ပင်ပြီး ဗဟိုကိုပို့တာ။ အဲဒါကို ပြီးခဲ့တဲ့ ဇန်န၀ါရီမှထောင်က လွတ်လာတဲ့ စောသက်ထွန်းဆီက သိရတာ။ သူက သာယာဝတီထောင်မှာ သံချောင်းနဲ့ ၆ နှစ်လောက်နေလာခဲ့တာ။ မျိုးဝင်းက တစ်ခုခုရှင်းချင်ရင် ဗဟိုမှာရုံခါပြီးတော့ ရှင်းတဲ့အကျင့်ရှိတယ်။

မေး - ပါဂျောင်စခန်းမှာ အချင်းချင်းရက်ရက်စက်စက်သတ်ဖြတ်မှုတွေဖြစ်တဲ့အချိန်က အဲဒီစခန်းမှာ ကိုစိုးလင်း ရှိနေသလား။

ဖြေ - အဲဒီအချိန်က ပါဂျောင်မှာ ကျွန်တော်မရှိဘူး။ ABSDF ဗဟိုက ညီလာခံလုပ်ဖို့ မြောက်ပိုင်းက ကိုယ်စားလှယ်တွေ ခေါ်လို့ ၁၉၉၀ နှစ်ကုန်လောက်မှာ မာနယ်ပလောကိုသွားရတယ်။ ၉၁ ဧပြီလောက်မှာ မာနယ်ပလော ကိုရောက်တယ်။ ညီလာခံက ဇွန်မှာကျင်းပမယ်လို့ပြောပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့်မကျင်း ပနိုင်သေးဘူး။ သြဂုတ် လောက်မှာ ကျင်းပနိုင်လောက်တယ်ပြောလို့ အားနေတဲ့အချိန်မှာ တောင်ပိုင်းကစခန်းတွေရဲ့အခြေအနေကို လေ့လာဖြစ် တယ်။ မြောက်ပိုင်းကိုပြန်ရောက်ရင် ဒီစခန်းတွေရဲ့အားသားချက်ကိုပြန်ပြီ အသုံးချရအောင်လို့ စခန်းတွေအားလုံးကို လှည့်တယ်။ ညီလာခံက သြဂုတ် ၁၁ လားမသိဘူး စဖြစ်တယ်။ နှစ်ပတ်လည်ပြီးတဲ့နောက်မှာပေါ့။ အဲဒီအချိန်က မြောက်ပိုင်း မှာ ဖမ်းတော့ဖမ်းနေပြီ။ ဗဟိုက မသိရသေးဘူး။

မေး - မာနယ်ပလောမှာ ညီလာခံတက်ရင်း ထောက်လှမ်းရေးဆိုပြီး ဘယ်လိုအဖမ်းခံလိုက်ရတာလဲ။

ဖြေ - ညီလာခံ တက်ရင်းတက်ရင်းနဲ့ ကျွန်တော်တို့ကို အုပ်စုနှစ်စုကအပြိုင်စည်းရုံးကြတာ။ ကိုမိုးသီးရဲ့အုပ်စုနဲ့ ကိုနိုင်အောင် အုပ်စုပေါ့။ ကိုမိုးသီးဇွန်အုပ်စုမှာ အမာခံဘယ်သူရှိလဲဆိုတော့ အောင်သူငြိမ်း( အခု ဗဟုအဖွဲ့)၊ နောက် ၀င်နိုင်ဦး(ဘီဘီစီ ကိုရင်မောင်)၊ ကိုဌေးအောင်( အခုကယန်းပြည်သစ်ပါတီမှာ ဗိုလ်မှူးစောလွင်ဆို ပြီးဖြစ်နေတဲ့သူ)။ သူတို့က မိုးသီးရဲ့ အမာခံ တွေ။ သူတို့ကလည်း ကျွန်တော်တို့နဲ့ မင်းသမီးစခန်းကလူတွေကို စည်းရုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစခန်းနှစ်ခုက အင်အားကောင်းတော့ မဲများလို့စည်းရုံးတယ်။ ကိုနိုင်အောင်ဖက်မှာ အမာခံဘယ်သူရှိလဲဆိုတော့ အခု DVB တာဝန်ခံဖြစ်တဲ့ ခင်မောင်ဝင်း၊ ဒေါက်တာ သောင်းထွန်း၊ ဒေါက်တာကျော်သက်ဦး။ သူတို့အုပ်စုကလည်း ကျွန်တော်တို့ကိုစည်းရုံးတယ်။ အဲဒီတော့ ညီလာခံသာတက်နေရတယ် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ မသိရဘူး။ ကိုမိုးသီးကလည်း အပြိုင် တင်တယ်။ နိုင်အောင်ဘာတွေလုပ်တယ်။ နိုင်အောင်က ပျော့ညံ့တဲ့ကောင်၊ တော်လှန်ရေးမှာ မရှိသင့် ဘူး။ ဘာညာနဲ့ပေါ့။ နိုင်အောင်ကလည်း ကိုမိုးသီးဇွန် မလုပ်သင့်တဲ့အလုပ်ကိုလုပ်တယ်။ တော်လှန်ကော်မတီကို ဥက္ကဋ္ဌအနေနဲ့နောက်ကပါတယ် ဆိုပြီး အပြန်အလှန်စွပ်စွဲကြတာ။ အပြိုင်တိုက်ကြတာပေါ့။

ကိုနိုင်အောင်ဖက်က တိုက်တာရှိသေးတယ်။ ကိုမိုးသီးဇွန်တို့က ကွန်မြူနစ်တွေ။ ကျောင်းသာတွေထဲမှာ ကွန်မြူနစ်တွေကို လက်မခံနိုင်ဘူးဆိုပြီးပေါ့။ မင်းသမီးစခန်းကလူတွေရော ကျွန်တော်တို့ရောက ကြားနေတွေ။ အဲဒီလို တိုက်နေရင်းနဲ့ မြောက်ပိုင်းကြေးနန်းက မာနယ်ပလောက KIA ရုံးကိုဝင်တယ်။ KIA ကလည်း လက်ရှိ ဥက္ကဋ္ဌက ကိုမိုးသီးဇွန်ဆိုတော့ သူ့ဆီသွားပေးလိုက်တယ်။ အမှန်က ညီလာခံလုပ်တဲ့အချိန်မှာ ကော်မတီဟောင်းက မရှိတော့ဘူး။ ညီလာခံကျင်းပတဲ့နေ့မှာတာဝန်ကျတဲ့ သဘာပတိကအမြင့်ဆုံးပဲ။ ဒါပေမယ့်လည်း သူတို့က ကိုမိုးသီးဇွန်ကိုပဲသွားပေးတယ်။ အဲဒီမှာ ကိုမိုးသီးဇွန်က ကြေးနန်းကိုကိုင်ထားလိုက်တယ်။ ဖြစ်ချင်တော့ အဲဒီ အချိန်က ကိုမိုးသီးနဲ့နိုင်အောင်တို့ အားပြိုင်မှုမှာ နိုင်အောင်ဖက်က နည်းနည်းအားသာနေတယ်။ သာတယ်ဆိုတာ တော် လှန်ကော်မတီကိစ္စပေါ့။ အဲဒီကော်မတီအကြောင်းတော့ ကျွန်တော်လည်းအသေးစိတ်မသိဘူး။ အဲဒီ တော့ ကိုမိုးသီးဇွန်က ထွက်ပေါက်ရှာနေပြီ။ ရိုးရိုးသားသားထွက်ပေါက်မရှာဘဲနဲ့ မြောက်ပိုင်းကြေးနန်းကို ကိုင်ပြီးထွက်ပေါက်ရှာတယ်။ မြောက်ပိုင်း မှာ ထောက်လှမ်းရေးတွေ လူတစ်ရာကျော်ဖမ်းမိနေပြီ။ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေရောက်နေသလို ဒီညီလာခံထဲ မှာလည်း ထောက်လှမ်းရေးတွေ ဘယ်နှစ်ယောက် ရောက် နေသလဲ ကျွန်တော်မသိဘူး။ ဒီထောက်လှမ်းရေးတွေက

ကျွန် တော့်ကို တိုက်နေကြတာလို့ပြောတယ်။ အဲဒီ အချိန်မှာ ကျွန်တော်ကထပြီး ကိုမိုးသီး စကားကိုအရမ်းမပြောနဲ့။ ကျွန်တော် မြောက်ပိုင်းကလာတဲ့ရဲဘော်။ မြောက်ပိုင်းအကြောင်းကို ကျွန်တော်ခင်ဗျားထက် ပိုသိတယ်။ မြောက်ပိုင်းကိစ္စ တစ်ခုခုမှား နေပြီ။ ဒါမျိုးမဖောက်ခွဲပါနဲ့။ ခင်ဗျားကို ပုဂ္ဂိုလ်ရေးလေးစားတယ်။ ဒါမျိုးနိုင်ငံရေးဖောက်ခွဲတာကိုတော့ မကြိုက်ဘူး။ အဲဒီမှာ မြောက်ပိုင်း ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ကိုလှဋ္ဌေးက ကျွန်တော့်ကိုဆွဲထိုင်ခိုင်းတယ်။ သူက မြောက်ပိုင်းကိစ္စကို ဒီညီလာခံမှာ မရှင်းပါနဲ့။ ခင်ဗျားတို့နှစ်ယောက်ရဲ့ပြဿနာကိုပဲအရင်ရှင်းပါလို့ပြောတယ်။ မိုးသီး-နိုင်အောင် အုပ်စုနှစ်စုက ပြိုင်ရင်းကွဲတော့ မလိုဖြစ်လာတယ်။ အဲဒီမှာ မဟာမိတ်ဖြစ်တဲ့ KNU က မင်းတို့ စစ်ရေးလည်း အခြေအနေမကောင်းဘူး။ ပေါင်းခိုင်းလို့ရမယ်ထင်ပြီး မာနယ်ပလောမှာလာပြီးလုပ်လှဲ့ဆိုပြီး ခေါ်လိုက်တယ်။ အမှန်ကတော့ KNU က အဖွဲ့မကွဲ စေချင် လို့ခေါ်လိုက်တာ။ ဗိုလ်ချုပ်မြကိုယ်တိုင်လာပြီး မကွဲကြဖို့ပြောတယ်။ ကျောင်းသားတွေမကွဲကြပါနဲ့။ ရအောင်ညှိကြပါ။ သမိုင်းမှာကျောင်းသားကွဲတယ်ဆိုရင် ငါတို့လည်းမကောင်းဘူး ရအောင်ညှိဆိုပြီးပြန်သွား တယ်။ ညှိကြတယ်။ ညှိရင်း ညှိရင်း မရတော့ဘူး။ နောက်ဆုံး KNU က ရာဇသံပေး တယ်။ ကွဲမယ်ဆိုရင် သူတို့ စခန်းမှာအကွဲမခံနိုင်ဘူး ပြန်ကြတော့ဆိုပြီးပြောတယ်။

မာနယ်ပလောကိုလာတုန်း က တစ်စုတစ်စည်းထဲ။ အခုပြန်ရွှေ့တဲ့အခါမှာ နှစ်စုကွဲသွားတယ်။ မိုးသီးဇွန်ဦးဆောင်တဲ့ အဖွဲ့က အောင်သူငြိမ်း တို့တပ်ရင်း ၂၁၂ မှာ နေလိုက်တယ်။ ပြီးတော့ တတိယညီလာခံကို ဆက်လုပ်တယ်။ ညီလာခံက ကော်မတီတစ် ခု ဖွဲ့လိုက်တယ်။ အဲဒီ ကော်မတီမှာ မိုးသီးဇွန်က ဥက္ကဋ္ဌ။ အောင်သူငြိမ်းက ဒုဥက္ကဋ္ဌလား အထွေထွေအတွင်း ရေး မှူးလား မမှတ်မိတော့ဘူး။ ကော်မတီဝင်တွေက အရင် AB ပထမစဖွဲ့တော့ အထွေထွေအတွင်းရေးမှူးလုပ်တဲ့ သန်းဝင်း တို့ ဌေးနိုင် တို့ပါသွားတယ်။ မြောက်ပိုင်းရော မင်းသမီးစခန်းကလူတွေရော ကိုနိုင်အောင်တို့နဲ့ သံလွင်စခန်းကို လိုက်ပြီး တော့ ညီလာခံတစ်ခုလုပ်တယ်။ လူများတာကတော့ ကိုနိုင်အောင်တို့ဖက်ကများတယ်။ အဲဒီကနေ ဗဟိုကော်မတီတစ်ခုဖွဲ့ လိုက်တယ်။ ဥက္ကဋ္ဌက ကိုနိုင်အောင်၊ ဒုဥက္ကဋ္ဌက ကျော်ကျော်(ကျော်ကျော်ဆိုတာ ဆယ်ပြား ကျော်ကျော်)၊ အထွေထွေ အတွင်းရေးမှူးက မင်းသမီးစခန်းက မျိုးဝင်း။ နှစ်ခြမ်းကွဲပြီးသွားတဲ့ အချိန်မှာတော့ မြောက်ပိုင်းသည် ကိုနိုင်အောင်ရဲ့ လက် အောက်ကိုရောက်သွားပြီ။ ကျွန်တော်ကပြန်ဖို့ရက်ကို စောင့်နေတာ။ ဒါပေမယ့်အဲဒီအချိန်မှာ ကိုလှဌေးဆီကို မြောက်ပိုင်းက ကြေးနန်းရောက်နေပြီ။ ကျွန်တော်က မသိသေးဘူး။ ညီလာခံပြီးလို့ ငါးရက်မြောက်နေ့မှာ သိရတာ။ သံလွင်စခန်းမှာက သူငယ်ချင်းများတယ်။ ဥက္ကဋ္ဌ က စိုင်းမင်းသူ လည်း RIT က သူငယ်ချင်းပဲ။

အောက်တိုဘာလကုန်ပိုင်းမှာ ဘုရားကန်တော့ပြီး အခန်းကို အပြန်မှာ သေနတ်တွေနဲ့ဝိုင်းလာပြီး ကိုစိုးလင်း ခင်ဗျားကိုကျွန်တော်တို့ဖမ်းတယ်ဆိုပြီးဖမ်းလိုက်တယ်။ ဘယ်လို ဖြစ်တာ လဲဆိုပြီး ကျွန်တော်ကမေးတဲ့ အခါ ကျော်ကျော်(အပု)က ကျွန်တော့်လက်မောင်းက AB တံဆပ်ကိုဆွဲခွာပြီး မင်းနဲ့ ဒီတံဆိပ်နဲ့မတန်ဘူးလို့ပြောတယ်။ ချုပ်မယ့်နေရာကို လက်ထိပ်ခတ် ဇွတ်ဆွဲလာရင်း နောက်ကနေ ကိုနိုင်အောင်ရောက်လာ တယ်။ ကျွန်တော်က ကိုနိုင်အောင် အစ်ကိုကြီး ဘယ်လိုဖြစ်တာလဲ။ကျွန်တော့်ကို ဖမ်း ပြီလို့ မေးတော့ သူက လက်ထဲက ကြေးနန်းစာရွက်ကိုထုတ်ပြပြီး မင်းဖတ်ကြည့်လို့ပြောတယ်။ ကြေးနန်းထဲမှာ စစ်ဆေးတွေရှိချက်များအရ ကိုစိုးလင်းမှာ န၀တသူလျှိုဖြစ်ပါသဖြင့် လိုအပ်သလိုဆက်လက်အရေးယူဆောင် ရွက်ပါရန် အောက်က အောင်နိုင်ဆိုပြီးပါတယ်။ အဲဒီမှာ ကျွန်တော်က ဥက္ကဋ္ဌ ကျွန်တော်တို့အဖွဲ့မှားတော့မယ်။ ခင်ဗျားမှာတာဝန်အရှိဆုံးလို့ ကျွန်တော်ကပြောတယ်။ ဥက္ကဋ္ဌ ခင်ဗျား အသေအချာဖြေရှင်းပါ။ သမိုင်းမှာလည်း သင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်လို့ပြောတော့ သူက စိတ်ချညီလေး မင်းကိစ္စအမှန်အတိုင်း ဖြစ်စေ ရမယ်။ ကိုယ် မြောက်ပိုင်းကို သွားမယ်။ မင်းကိစ္စကို တရာမျှတအောင်ရှင်းပေးမယ်။ အဲဒီလို ပြောပြီး နောက် သူ့ ကိုမတွေ့ရတော့တာ။ အဲဒီနောက်မှာ ကျွန်တော့်ကို အကျယ်ချုပ်နဲ့ထားတယ်။ မာနယ်ပလောကျတဲ့ အချိန်မှာတောင် ထိုင်းဖက်ကမ်းမှာ အကျယ်ချုပ်နဲ့ထားတယ်။ အကျယ်ချုပ်နဲ့နေရချိန်မှာ ကျွန်တော့်ကိုထားတဲ့ အခန်း အောက်မှာ ABSDF ဗဟိုရုံးရှိတယ်။ တစ်ရက်က ဗဟိုရုံးကဖွင့်ထားတဲ့ ရေဒီယိုမှာ ဘီဘီစီနဲ့ ABSDF အတွင်း ရေးမှူး ကိုအောင်ထူးတို့ အင်တာဗျူးလာနေတယ်။ ဘီဘီစီက မြောက်ပိုင်းမှာ သတ်တာဖြတ်တာတွေကို ဗဟိုက ဘယ်လို သဘောထားလဲမေးတော့ သူကတာဝန်ယူတယ်လို့ပြောတာကြားလိုက်ရတော့ မြောက်ပိုင်းမှာတော့ သတ်ကြဖြတ်ကြပြီ လို့သိလိုက်ရတယ်။ ကိုထွန်းအောင်ကျော် ပါ မပါတော့ မသိဘူး ၁၅ ယောက် အသတ်ခံ ရတယ်ဆိုတာလောက်တော့ သိလိုက်ရပြီ။ သင်္ကြန်အပြီးမှာ ထိုင်းဖက်ကမ်းကနေ ညဖက်ကြီးလှေနဲ့ အမှတ် ၂၁၀ တပ်ရင်း အပေါ်ကုန်းမှာရှိတဲ့ ကျောင်း သားစစ်ကြောရေးစခန်း ကိုပြောင်း တယ်။ လှေပေါ်မှာ မင်း လိမ်ဖို့ မကြိုးစားနဲ့။ ဥက္ကဋ္ဌလည်းမြောက်ပိုင်းကပြန်ရောက်နေပြီ။ ငါတို့အကုန်သိ ပြီးသားဆိုပြီး ခြိမ်းခြောက်တဲ့စကား စပြောတယ်။ စစ်ကြောရေးစခန်းမှာ ခွေးအိမ်လေးနဲ့ထားတယ်။ ခွေးအိမ် ဆိုတာ အိမ်ရင် ခြေထောက်ကို ဆန့်ပြီး အိပ်လို့မရဘူး။ ထောင်ပြီးအိပ်မှရတယ်။ အဲဒီနောက် စစ်ကြောရေးစတော့တာပဲ။ စစ်ကြောရေးကို တာဝန် ယူတာက ကိုလှဋ္ဌေး။ ပထမ နှစ်ရက် သုံးရက်လောက်ကတော့ ရိုးရိုးမေးနေတာ။

ကျွန်တော်က မဟုတ်ဘူးလို့ အေးအေးဆေးဆေးရှင်းပြပါတယ်။ အဲဒီကနေသူတို့က မင်းတို့ထောက်လှမ်းရေးတွေက အသားမနာရင်မရဘူး ဆိုပြီး စလာတယ်။ မရိုက်ပါနဲ့။ ကျွန်တော်က အနာမခံနိုင်ဘူး။ အသားနာလာရင် လိမ်ပြောမိလိမ့်မယ်။ ငိုယိုပြီး တောင်းပန် တာကို မရဘူး။ ရိုက်တာပဲ။ ရိုက်ရင်း ရိုက်ရင်းနဲ့ မင်းက well train ပဲ။ မင်းလိုပေါက်စမပြောနဲ့ ထွန်းအောင်ကျော်လို ဆင်ကြီး ကိုတောင် ဖြိုလာတာဆိုတဲ့ အသံတွေလည်း ကြားလာရတယ်။ ရိုက်ပြီးရင် ခွေးအိမ်လေးထဲကိုပြန်ထည့်။ ထမင်းကလည်း ကျွေးတစ်ရက်မကျွေးတစ်ရက်နဲ့ စိတ်ဓာတ် စစ်ဆင်ရေးလုပ် တယ်။ ထုတ်ပြီးပြန်ရိုက်နဲ့ ရက်တွေဆက်လာတဲ့အခါကျတော့ စဉ်းစားမိတယ်။ ဟိုလူတွေလည်း အသတ်ခံလိုက် ရပြီ။ ငါလည်း ဒီအတိုင်းအသတ်ခံရမလား။ ၀န်ခံလိုက်ရင် လောလော ဆယ် သက်သာမယ်။ လွတ်လမ်းမြင်ရင် မြင်လာနိုင်တယ်ဆိုပြီး စဉ်းစားမိတယ်။ အဲဒီလိုနဲ့သူတို့ဆီကို ခွင့်တောင်းတယ်။ နှစ်ရက် လောက်အချိန်ပေးပါ။ စဉ်းစားပါဦးမယ်လို့ပြောပြီး ဘယ်လိုပြောရင်ရမလဲဆိုပြီး စဉ်းစားတယ်။ ရိုးရိုး ထောက်လှမ်း ရေးပါလို့ပြောရင် သူတို့ကလက်တံရှည်လို့ လိမ်တာနေမှာစိုးလို့ အထူးထောက်လှမ်းရေးဆိုပြီးပြောရ တယ်။ သူတို့က အဲဒါကို လက်ခံတယ်။ ဒါပေမယ့် ဘာသွားဖြစ်လဲဆိုတော့ မြောက်ပိုင်းနဲ့ဆက်စပ်တာကို ဘာမှ မပြောနိုင်ဘူး။ ရိုက်လေ မပြောနိုင် လေ။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ မြောက်ပိုင်းက ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ နန်းအောင်ထွေးကြည်တို့ ၀န်ခံတာကို ရိုက်ထားတဲ့ ဗွီဒီယိုကို ၂၀၁ တပ်ရင်းဖက်မှာ အသံအကျယ်ကြီးနဲ့ဖွင့်ပြတယ်။ တမင်ဖွင့်ပြတာလားတိုက်ဆိုင် တာလားတော့ မသိဘူး။ အဲဒါတွေကိုကြားပြီး ကျွန်တော်လည်း သူတို့ပြောတဲ့ အတိုင်းပဲလိုက်ပြောတာပေါ့။ သူတို့က နောက်တစ်ခုထပ်ပြော ခိုင်းပြန်တယ်။ မင်းဒီကိုလာတာ ဘယ်သူ့ အချိတ်အဆက်နဲ့လာတာလဲ လုပ်ပြန်တယ်။ အပြင်လူတွေ လျှောက်ပြောတာ လက်မခံဘဲ အတွင်းကလူကို ဖော်ခိုင်းတယ်။ အဲဒီမှာ ဆရာနေ၀င်းအောင် ဖမ်းထားပြီးပြီ လား မဖမ်းရသေးဘူးလားမသိဘူး။ ကျွန်တော် လည်း မခံနိုင်တဲ့အဆုံး ဆရာ့နာမည်ကိုပြောလိုက်ရတယ်။ တစ်ရက်တော့ ဆရာ့ကို ရိုက်နှက်ပြီးစစ်နေတာကို ကျွန်တော့်ခွေးအိမ်လေးထဲက မြင်လိုက်ရတယ်။ နောက်ဆုံး ဆရာရော ကျွန်တော်ရော ၀န်ခံတဲ့အခံကျတော့လည်း သူတို့က တစ်ဆင့်တက်ပြီး မိုးသီးဇွန်ကထောက်လှမ်းရေးလား လုပ်ပြန်တယ်။ နှစ်ယောက်စလုံးက မဟုတ်ဘူးလို့ဆိုတဲ့အခါ မိုးသီးဇွန် ထဲမှာ မင်းတို့လူဘယ်သူရှိလဲလို့ မေးတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ကပဲ ကိုဌေးနိုင်ကိုသွားထွက်မိတယ်။ အဲဒီမှာ ကျွန် တော်စဉ်းမိတာ ဆရာနေ၀င်းအောင်ကိုပြောတော့ ဆရာ့ကို ဖမ်းတယ်၊ ကိုဌေးနိုင်ကိုပြောတော့ ကိုဌေးနိုင်ကိုဖမ်းတယ်။ ဒီအ တိုင်းဆို လူတွေအများကြီး ဒုက္ခရောက် ရတော့မှာပဲ။ မင်းတို့ဖမ်းချင်ရင်ဖမ်းကွာဆိုပြီး ဗဟိုကော်မတီ ဒုဥက္ကဋ္ဌကစပြီး သံလွင် စခန်းမှာတွေ့တဲ့လူတွေ အကုန်လုံးရဲ့ နာမည်တွေလျှောက်ပြောလိုက်တယ် ။ အဲဒီနည်းကမှန်လား မမှန်လားတော့ မသိဘူး။ လူတွေတော့ မဖမ်းတော့ဘူး။

မေး - ဒီလိုမျိုး သံလွင်စခန်းမှာ ရိုက်နှက်စစ်ဆေးတာတွေလုပ်ဖို့ ဘယ်သူက စီစဉ်တာလဲ။

ဖြေ - ဒီလိုမျိုးစစ်ကြောရေးစခန်းဖွင့်ပြီး ကျောင်းသားအချင်းချင်းရိုက်နှက်စစ်ဆေးဖို့ ကိုနိုင်အောင် အမိန့်ပေး တာ။ သူအမိန့် ပေးလို့ ဒီလိုလုပ်ရဲတာ။ စစ်ကော်မတီဥက္ကဋ္ဌကလည်း သူပဲ။ သူအမိန့်ပေးတာ။ ကျွန်တော် နိုင်ငံခြားသူတစ်ယောက်ရှေ့မှာ “ကျွန်တော်ထောက်လှမ်းရေးမဟုတ်ဘူး” တစ်ခွန်းထွက်မိလို့ တစ်ညလုံး အရိုက်ခံရတာ သူ့ရှေ့မှာပဲ။ သူ လက်ဖျောက်တီး ခေါ်ပြီး အရိုက်ခိုင်းတာ။ ညှင်းဆဲမှုတွေအကုန်လုံး ကိုနိုင်အောင်ရဲ့ အမိန့်နဲ့ လာတာ ဆိုတာ သေချာတယ်။ မြောက်ပိုင်းကိစ္စ မှာ ကိုနိုင်အောင်ပတ်သက်မှုရှိလား မရှိလားဆိုတာက တော့ အဲဒီအချိန်က မြောက်ပိုင်းမှာ ရှိမနေတဲ့အတွက် မပြောနိုင်ဘူး။ မြောက်ပိုင်း ကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော် မတီက မတ်လ ၁ ရက်နေ့မှာ စာထုတ်တယ်။ မြောက်ပိုင်းက အစီရင်ခံစာကို အခြေတယ်ပြီးရေးထားတာ။ သာမန်တာဝန်ခံတာ မဟုတ်ဘူး။ နှစ်နှစ်ကာကာကို တာဝန်ခံပြီးထုတ်ထားတာ။ ဗဟိုကော်မတီ တစ်ခုလုံး တာဝန်ခံပြီးထုတ်ထားတာ။ အတွင်းရေးမှူး(၁)အောင်ထူး(အခု ရှေ့နေများကောင်စီ)ဆိုပြီး လက်မှတ်ထိုးထုတ် ထားတာ။ နောက်တစ်ခါ မေလ ၃၁ ၇က်နေ့မှာ ကိုနိုင်အောင်ကိုယ်တိုင် စာတစ်စောင်ထုတ်တယ်။ အဲဒီမှာလည်း မြောက်ပိုင်း ကိစ္စတွေကို ဥက္ကဋ္ဌတစ်ယောက်အနေနဲ့လက်ခံတယ်ဆိုတဲ့သဘောမျိုးနဲ့ စာထုတ်တာ။ စာတွေဖတ် ကြည့် ရင်ပေါ်ပါတယ်။ ပြောမယ်ဆိုရင် မြောက်ပိုင်းကနေ မာနယ်ပလောကိုလာတာ လေးလကြတယ်။ လမ်းလျှောက်လာရတယ်။ စက်နဲ့ဆက်သွယ် တာကလည်း KIA ကတစ်ဆင့်ဆက်သွယ်ရတာဖြစ်လို့ အရမ်းခက်ခဲတယ်။ ကျွန်တော့်ကိုဖမ်းထာက အောက်တိုဘာလကုန် ၉၁ ခုနှစ်။ မြောက်ပိုင်းမှာ ခေါင်းဖြတ်သတ်တာ ၉၂ ဖေဖေါ်ဝါရီ။ အဲဒီကြားထဲမှာသုံးလလောက်ကွာတယ်။ ၉၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ ခေါင်းဖြတ် သတ်တယ်။ ၉၂ က ရက်ထပ်နှစ်ဆိုတော့ ဖေဖေါ်ဝါရီလက ၂၉ ရက်ရှိတယ်။ သူတို့စာထုတ်တာက မတ် လ ၁ ရက်။ ပြောချင်တာက ၁၇ ရက်လောက်အတွင်းမှာ စာထုတ်တယ်။ ၁၇ ရက်အတွင်းမှာ သေသေချာချာမလေ့လာဘဲ မြောက်ပိုင်းကိစ္စကို ဗဟိုကစာထုတ်တာဟာ မင်းသမီးစခန်းလိုပဲ အားကြီးတဲ့မြောက်ပိုင်းရဲ့ အင်အားကိုလိုချင်လို့ လုပ်တဲ့သ ဘောပဲ။ ဒေါက်တာ သောင်းထွန်းကလွဲပြီး လက်မှတ်ထိုးခဲ့တဲ့သူတွေအားလုံးမှာ တာဝန်ရှိတယ်။ မြောက်ပိုင်းကိစ္စမှာ ထောက် လှမ်းရေးကိုဖော် ထုတ်နိုင်တယ်ဆိုတဲ့အတွက် နိုင်အောင်ဟာ ပြင်ပမှာနိုင်ငံရေးတော်တော်တက်သွားတယ်။ မိုးသီးဇွန်ကလုံးဝ မြောင်းထဲကိုပြုတ်ကျသွားတယ်။ အဲဒီအရှိန်နဲ့ပဲ လက်ရှိမှာ သူလုပ်နေတဲ့ ပြည်တွင်းမှာထောက်ပံ့ရေး အဆက်အသွယ်တွေ ဆိုတာ အဲဒီအရှိန်နဲ့ရခဲ့တဲ့ နိုင်ငံရေး figure နဲ့ ရသွားတဲ့ အနေအထား။

မေး - စစ်ကြောရေးစခန်းက ဘယ်အချိန်မှာ လွတ်မြောက်ခဲ့သလဲ။

ဖြေ - ဖမ်းဆီးစစ်ဆေးပြီး ကျွန်တော်ကိုထောင် ဆယ်နှစ်ချလိုက်တယ်။သူရဲ့စာတွေမှာ လူ့အခွင့်အရေးတွေ ဘာတွေပြော ထားပေမယ့် ဘာလူ့အခွင်အရေးမှ မပေးဘူး။ ဆရာနေ၀င်းအောင်ကတော့ သူ့အမျိုးသမီးနဲ့ နှစ်လတစ်ခါလောက် တွေ့ခွင့် ရတယ်။ အဲဒီမှာလည်း ပေးတဲ့ပစ္စည်းတွေကို ဖြတ်စားလာဘ်စားလည်း လုပ်သေးတယ်။ ကျွန်တော်တို့ကြားဖူးတဲ့ ထောင်တွေ ထက် တောင်ဆိုးသေးတယ်။ မာနယ်ပလောကျပြီးသွား တော့ ဒေါင်းဂွင်ကိုပြောင်းရတယ်။ ဒေါင်းဂွင်ကမှတစ်ဆင့် ကရင်နီကို ပြောင်းရတယ်။ ကရင်နီကိုပြောင်းတဲ့အခါမှာ ဖြစ်ချင်တော့ အချုပ်ခန်းကို ကိုယ်တိုင်ဆောက်ရတယ်။ အဲဒီအချိန်မှာကျွန်တော် တို့အဖွဲ့က လေးယောက် ဖြစ်သွားပြီ။ ဆရာနေ၀င်းအောင်၊ မြင့်ဦး၊ ကိုထင်ကျော်နဲ့ ကျွန်တော်။ သူတို့သုံးယောက်က ဘယ်လို တွေးလဲဆို တော့ စစ်ရေးအခြေအနေအရ နောက်ထပ် စခန်းတစ်ခုပြောင်းရင်ခေါ်မသွားဘူး။ သတ်ပြီးထားခဲ့နိုင်တယ်ဆိုတာ ကိုသိတော့ ပြေးဖို့လုပ်နေကြတာ။ ကျွန်တော့ကို ကြိုပြီးအသိမပေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အဖွဲ့အစည်းအပေါ် မှာစိတ်မနာနိုင်သေးလို့ဆိုပြီး သူတို့က အသိမပေးဘူး။ ပြေးမယ့်အချိန်မှ အသိပေး တယ်။ အဲဒီအချိန်မှာ ကိုယ်ထင်ကျော်က အစောင့်တွေကိုသတ်ပြီးမှသွားမယ်ဆိုလို့ ကျွန်တော်တို့ကတားခဲ့ရ သေးတယ်။ မြန်မာပြည်ဖက်ပြန်ရင် ကရင်နီနဲ့အစိုးရတပ် တွေတိုက်ပွဲဖြစ်နေလို့ ထိုင်းဖက်ကိုထွက်ပြေးရတယ်။ ထိုင်းမှာပြေးရင်းလွှားရင်း နောက်ဆုံး လူဝင်မှုကြီးကြပ်ရေးကအဖမ်းခံ ရပြီး မြန်မာ ပြည်ပြန်ရောက်လာခဲ့တယ်။

မေး - ဘာဖြစ်လို့ မြောက်ပိုင်းကိစ္စတွေက နှစ် ၂၀ ကျော်လာမှ အစပေါ်လာတာလဲ။

ဖြေ - ပြည်တွင်းကိုပြန်ရောက်လာတဲ့အခါမှာ ကိုယ့်ဘ၀ကိုယ် အတော်ပြန်တည်ဆောက်ယူရတယ်။ ဖြစ်ပျက်ခဲ့တဲ့အဖြစ်တွေ ကြောင့် အဖွဲ့အစည်းဂုဏ်သိက္ခာထိခိုက်မှာလည်းစိုးတယ်။ ဒီကိစ္စတွေအခုလိုပြန်ပေါ်လာတာကတော့ ကိုထိန်လင်းကြောင့် ဖြစ်ပါတယ်။ ကိုထိန်လင်းရဲ့ သန်းကြီးမတို့ လူကက်ဆက်လို့ထွက်လာပြီး အောင်မိုးဝင်းရဲ့ မြောက်ပိုင်းဒေသမှအရိုးတွန်သံ များထွက်လာတယ်။ ပြည်တွင်းမှာတော့ ဒီလိုပေါ်ပေါ်ထင်ထင် ဖြစ်လာတာကတော့ ကိုညီညီကျော်ကစတာပါ။ ပြောရရင် တော့ Social Media တွေ အားကောင်းတဲ့အချိန်လည်းဖြစ် လို့ပါ။ ပြည်ပမှာရောက်နေတဲ့ကလေးတွေ ဒီကိစ္စကိုအစဖော်ဖို့ ကြိုးစားတိုင်း နှုတ်ပိတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံရတာတွေလည်းရှိတယ်။ ဒါကြောင့်ပါ။

မေး - ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ ကိုနိုင်အောင်က မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်ရှင်းခဲ့တယ်။ အဲဒီရှင်းလင်းချက်ကို ဘယ်လိုသဘောပေါက်ပါသလဲ။

ဖြေ - အဲဒီစာထဲမှာ ကိုစိုးလင်းနဲ့ ကိုနေ၀င်းအောင်တို့က တပ်ဖွဲ့ဝင်တွေ ဒုက္ခရောက်အောင်လျှောက်ပြောတယ်လို့ရေးထား တယ်။ သူတို့ပြောတဲ့လူတွေထဲမှာ လက်ရှိနိုင်ငံရေးနယ်ပယ်ထဲမှာ တက်ကြွစွာ ဦးဆောင်လှုပ်ရှားတဲ့ သူတွေပါနေတယ်တဲ့။ အဲဒီအတွက်ကြောင့် ထုတ်ဖော်ရန်မသင့်ဆိုပြီး သူရေးတယ်။ အဲဒီစာနဲ့ပတ်သက်ပြီး ၂၆ ရက်မှာ ကျွန်တော့် facebook မှာ ပြန်ရေးတယ်။ ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင်ဆိုပြီး။ အဲဒီစာမှာ ကျွန်တော်တို့က တပ်ဖွဲ့ဝင်တွေဒုက္ခရောက်အောင်လုပ် တယ်၊ တစ်ခြားနာမည်တွေထည့်လို့မကောင်းဘူးလို့သာပြောထား ပြီး ကျွန်တော်တို့ကို ရိုက်နှက်စစ်ဆေးတာ တစ်လုံးမှထည့် မထားဘူး။ ကျွန်တော်တို့ ရိုက်နှက်စစ်ဆေးလို့သာ ထွက်ရတာ။ ကနေ့အထိ သူ့စာကိုတောင်းပန်စာလို့မယူဆဘူး။ သူ့ရဲ့ အနာဂတ်နိုင်ငံရေးမှာ သူ့ရဲ့ပုံရိပ်ကို မထိခိုက်အောင် တခြားလူတွေကိုဆက်နင်းသွားတယ်လို့ပဲယူဆတယ်။

မေး - ဘာဖြစ်လို့ ဒီလိုယူဆနိုင်တာလဲ။

ဖြေ - ကျွန်တော်ယူဆတဲ့ ယူဆချက်မှန် မမှန် ဒီနေ့အခြေအနေတွေက သက်သေပြနေတာပဲလေ။ ကိုနိုင်အောင် ပြန်လာ တော့မယ်ဆိုတဲ့ သတင်းတွေ လွန်ခဲ့တဲ့တစ်ပတ်လောက်ကစပြီးကြားလာရတယ်။ ကြားခါစက လုံးဝမယုံဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကိုနိုင်အောင်ဟာ သူဖြေရှင်းစရာကိစ္စတွေကို လုံးဝမဖြေရှင်းရသေးဘူး။ ရှောင်နေ သေးတယ်။ ယောက်ျားပီသပါ ဆိုပြီး ကျွန်တော်ရေးခဲ့တယ်။ ဒီနေ့အချိန်ထိ ဘာမှမလုပ်သေးဘူး။ ကျွန်တော်က ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတော့ ဒါတွေမဖြေရှင်း သေးဘဲ မလာလောက်သေးဘူးတွက်ထားတာ။ နောက်တစ်ခုက ABSDF ကနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမှန်တရားဖော် ထုတ်ရေးကော်မတီဆိုပြီးဖွဲ့တယ်။ အဲဒီကော်မတီရဲ့စာထဲမှာလည်း ၂၀၁၃ ခုနှစ် မေလမှ အစီရင်ခံစာထွက်မှာ။ အဲဒီအစီရင် ခံစာမထွက်သေးခင်တော့ လာမှာမဟုတ်ဘူးလို့ယုံထားတာ။ အခု အဲဒီလိုမဟုတ်ဘူး။ နောက်ဆုံးပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ဆိုရင် ကိုနိုင်အောင် ဒီနေ့ပဲ မဲဆောက်ကနေ ဘန်ကောက်ကိုတက်သွားပြီ။ ကိုနိုင်အောင်တို့ မဲဆောက်ကရုံးကို နိုင်ငံခြားက အထောက်အပံ့မပေးတော့ဘူး။ ပြည်တွင်းကိုပဲဝင်ဖို့ နိုင်ငံခြားကဖိအားပေးနေပြီ။ အထောက်အပံ့ကို Indirect မပေးတော့ ဘူး။ Direct ပဲပေးတော့မယ်။ ပြည်တွင်းကိုသာရအောင်ပြောင်းလို့ ပြောသံတွေကြားရတယ်။ တစ်ချို့လည်း ပြန်ဖို့ပြင်ကြပြီ။ သူ့အိမ်မှာလည်း ပြန်ဖို့ ငါးယောက်လောက် ရောက်နေပြီ။ သူလည်း တစ်ချို့ပိုင်ဆိုင်မှုတွေ ပြည်တွင်းကို ပြောင်းနေပြီ။ ဒါမျိုး တွေကြားနေရတယ်။ အဲဒီလိုကြား နေရတဲ့အချိန်မှာ ကိုနိုင်အောင် သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၅၅ မိနစ်မှာ TG ဘယ်လောက်နဲ့ ရောက်မယ်ဆိုတာကြားတော့ လုံးဝမယုံလို့ မရတော့ဘူး။ လက်ခံလိုက်ရတယ်။ အဲဒီတော့ ဒီလူဟာ သူနဲ့ ပတ် သက်တာတွေ ရှင်းစရာရှိတာတွေ မရှင်းဘဲ ပြန်လာရင် မြောက်ပိုင်းကျောင်းသားအများစုနဲ့ ထိပ်တိုက်တွေ့မှာ။ နောက် မြောက်ပိုင်းကိစ္စကို စာနာ နားလည် တဲ့ ပြည်သူတွေနဲ့တွေ့မှာ။ ဒါကနောက်တစ်ချက်။ ဒါတွေကို သူဂရုမ စိုက်ဘူးလား။ နောက်သူနဲ့ ညှိနှိုင်းခဲ့တဲ့ အစိုးရ၀န်ကြီးတွေ။ အစိုးရ၀န်ကြီးတွေကလည်း ဒီမြောက်ပိုင်းကိစ္စတွေ ကိုသိတယ်။ သိရက်သားနဲ့ နိုင်အောင် တောင်းပန်ဝန်ချမှုမလုပ်ဘဲနဲ့ လက်ခံပြီဆိုရင် ဘာလုပ်ကြမလဲ။ သေချာတယ် ကိုနိုင်အောင်မှာ အကြံအစည် တစ်ခုခုတော့ ရှိနေပြီ။ လက်ဝါးချင်းရိုက်ထားကြပြီးပြီ။ သေချာတယ် မရိုးသားတော့ဘူး။ သူပြန်လာချင်ရင်ပြန်လာပါ ကျွန် တော် စောစောကအခမ်းအနားမှာပြောခဲ့သလိုပါပဲ။ မဟာဂန္ဒာရုံ ဆရာတော်ဘုရားကြီး စာသင် သားတွေကို ဆုံးမသလိုပဲ စိတ်ကောင်းလေးထားပြီးပြန်လာပါလို့ပဲ ပြောချင်ပါ တယ်။ အရှုပ်အရှင်းတွေ မရှင်းနိုင် သေးခင် စိတ်ကောင်းလေးတော့ ထားစေချင်ပါတယ်။

မေး - ဘာကြောင့် ဒီလိုအခြေအနေမျိုးမှာ ကိုနိုင်အောင် မြန်မာပြည်ကိုပြန်လာသလဲဆိုတာ ဘယ်လို သုံးသပ် မိပါသလဲ။

ဖြေ - ကိုနိုင်အောင်က မြန်မာပြည်ပြန်မလာခင်ကတည်းက သူ့ရဲ့ နိုင်ငံရေးရပ်တည်မှုအတွက် ကြိုတင်ပြင် ဆင်ပြီးသား။ ဗဟု အဖွဲ့လို အဖွဲ့ကို မြန်မာပြည်ထဲမှာ အခြေကျအောင် ကြိုတင်ပြင်ဆင်ခိုင်းထားတယ်။ အောင်သူငြိမ်းတို့ အောင်နိုင်ဦးတို့က သူ့ လူတွေချည်းပဲ။ နောက်တခြားအဖွဲ့အစည်းတွေကိုလည်း နောက်ကွယ်ကနေသူ ထောက်ပံ့နေတာရှိတယ်။ ပြီးရင် သူ့ကြွေး ကြော်သံရှိတယ်။ ပြည်တွင်းကိုဝင်မယ်။ သူ့နိုင်ငံရေးရှင်သန်ဖို့အတွက် ပြည်တွင်းမီဒီယာကိုလည်း ငွေအားနဲ့ဝင်ဖို့အကြံအ စည်ရှိတယ်။

မေး - အခု ကိုနိုင်အောင် မြန်မာပြည်ပြန်လာတဲ့အပေါ် ထပ်ပြောဖို့ရှိပါသေးလား။

ဖြေ - ကိုနိုင်အောင်က တစ်လျောက်လုံး မြန်မာနိုင်ငံရေးအတွက် လုပ်လာခဲ့တာ။ ဒါပေမယ့် အခုသူတော်တော် ချမ်းသာ နေပြီ။ မဲဆောက်မှာ တိုက်နှစ်လုံးရှိတယ်။ ဘန်ကောက်မှာ တိုက်ခန်းရှိတယ်။ အခုနောက်ဆုံးသိရတာဆိုရင် သူ့လုံခြုံရေး အတွက်ဆိုပြီး ကျည်ကာကားတောင်ဝယ်စီးနေတယ်လို့သိရတယ်။ ပြောရမယ်ဆိုရင်တော့ သူပြန်လာပုံကို မကြိုက်ဘူး။ မြောက်ပိုင်းကိစ္စလိုဟာမျိုး ဗဟိုမှာဖြစ်တဲ့ကိစ္စလိုဟာမျိုးတွေကို တာဝန်ယူဖြေရှင်းပြီးမှ ပြန်လာသင့်တယ်။ ပကတိအခြေ အနေ ကိုမရောက်သေးခင်မှာ လူကြီးတွေနဲ့လက်ဝါးချင်းရိုက် ပြီးဝင်တာက တော့သူ့အနာဂတ်အတွက်လုပ်တာလို့ပဲ မြင် ပါတယ်။

Myanmar Express

ဒေါ်စုစီးလာတဲ့ ကားနံပါတ် ၉ဂ/7474 ဗိုလ်မြတ်ထွန်းတံတားအကျော်မှာ ကားမှောက်လို့တဲ့


From : ဒီမို ပါပါကြီး

NLD ပါတီဥက္ကဌ ဒေါ်စုကြည် ပုသိမ်ကို ယနေ့မနက်မှာရောက်ပါတယ်. နေ့လည် 2 နာရီ 30 အချိန်လောက်မှာပြန်သွားပါတယ်.. ဒေါ်စုပြန်တဲ့အချိန်မှာ ပုသိမ်မြို့မှာ မိုးသဲထန်စွာ ရွာသွန်းနေပါတယ်.. မိုးသဲတာမှ တော်တော်သဲတာပါ.. ရှေ့မြင်ကွင်းတောင်ကောင်းကောင်းမမြင်ရပါဘူး.. နောက်ဆုံး ဖုန်းဆက်လို့ရတာကတော့ ညနေ 4 နာရီ 40 လောက်မှာ ပန်းတနော် မြို့ကို ကျော်သွားပြီလို့ သူငယ်ချင်းက ဖုန်းဆက်ပါတယ်.. အခု 5 နာရီလောက်မှာ ပဲ သူငယ်ချင်းဖုန်းထက်ဆက်ပါတယ်.. ဗိုလ်မြတ်ထွန်းတံတားအကျော်မှာ ဒေါ်စုစီးလာတဲ့ ကားမိုးထဲမှာ အရှိန်မထိန်းနိုင်လို့ ကားမှောက်တယ်တဲ့. တံတားက တာဝန်ရှိတဲ့သူတွေလဲလိုက်သွားပါတယ်တဲ့ ပါပါကြီးသူငယ်ချင်းလဲ ကားနဲ့ အခုထွက်လိုက်နေပါပြီ.. သတင်းကို ဆက်တင်ပေးပါ့မယ့်..

Myanmar Express

နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရမည်


From : မီးပြတိုက် ( http://www.mee-pya-tite.com/ )


ရောမရောက်လျှင် ရောမလို ကျင့်ရသည်။
ဥပဒေကို မသိနားမလည်ဟု ဆိုကာမျှဖြင့် ဥပဒေက သင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်။

ဥပဒေဟူသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ အခွင့်အရေးများနှင့် တာဝန်များကို သတ်မှတ်ပေးသည့် စည်းကမ်းနည်းဥပဒေစုပင်ဖြစ်သည်။ ယင်းတို့၏ တာဝန်နှင့် အခွင့်အရေးတို့ကို နိုင်ငံနှင့် ဆက်သွယ်သောအခါဖြစ်စေ၊ နိုင်ငံသားအချင်းချင်း ဆက်သွယ်သောအခါဖြစ်စေ အခွင့်အရေးနှင့် တာဝန်ကို ဖော်ပြထားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်မှာ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူလူထုအကြား ချုပ်ဆိုထားသည့် ပဋိဉာဉ်စာချုပ်ဖြစ်သည်။

ကျွန်တော့်တွင် ပြောစရာအကြောင်းများ ရှိနေပါသည်။ ထို့ကြောင့်လည်း သက်ဆိုင်သည့် အဆိုအမိန့်အချို့ကို ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါသည်။ မြန်မာ့နွေဦးသည် မဝေးတော့သော အချိန်တစ်ခုတွင် ၂ နှစ်တာကာလ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ လက်ရှိအချိန်အထိ ၁ နှစ်ခွဲကျော်ကာလကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ သွားနေသည့် အရှိန်နှုန်းသည် မည်သို့ရှိသည်ကို တစ်ခါတစ်ရံ မှန်းဆရခက်ပါသည်။ အရှိန်မြန်လွန်းလျှင် ရပ်နေသကဲ့သို့ ခံစားရတတ်သည်ကို အားလုံးအသိ ဖြစ်ပါလိမ့်မည်။ မြန်မာတို့၏ ဒီမိုကရေစီရောင်နီဦးသည် မပီဝိုးတ၀ါးမှ မလင်းတလင်းသို့ ရောက်ရှိလာသည်ကတော့ မငြင်းနိုင်သည့်အချက် ဖြစ်ပါသည်။ သို့သော် အပြည့်အ၀ စိတ်ချရသည်တော့ မဟုတ်သေးချေ။ လင်းသထက်လင်းလာပြီး အလျှံတငြီးငြီး ထွန်းလင်းတောက်ပမည်လား၊ သို့တည်းမဟုတ် တိမ်တိုက်တိမ်စိုင်တို့ကြောင့် ခပ်မှိန်မှိန်သာ မြင်ရမည်လား၊ သို့တည်းမဟုတ် မိုးသားတိမ်လိပ်တို့ကြောင့် အမှောင်ထုကို အရှုံးပေးရမည်လား၊ သေသေချာချာ မသိနိုင်သေးသည့် အခြေအနေ ဖြစ်ပါသည်။ ရုပ်မြင်သံကြားမှာ မိုးလေ၀သသတင်း ကြေညာသလို "ကျန်းမာတော် မူကြပါစခင်ဗျာ... မြန်မာ့ဒီမိုကရေစီရေးအတွက် မနက်ဖြန်အထိ ခန့်မှန်းချက်ကတော့ နေသာပါ့မယ်" ဟု မည်သူကမျှ ကြေညာပြောဆိုနိုင်ခြင်း မရှိချေ။

စကားများ ဘေးချော်သွားပါသည်။ လိုရင်းကို ပြန်ဆက်ရပါလျှင် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းကာစ ယခုကဲ့သို့ အချိန်မျိုးတွင် ကျွန်တော်မကြားချင်ဆုံးသော၊ ကြားရလျှင် နားခါးသော စကားတစ်ခွန်း ရှိပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ ထိတွေ့ပေါင်းသင်း ဆက်ဆံနေရသူများ၊ အွန်လိုင်းပေါ်မှ သိကျွမ်းခင်မင် ရင်းနှီးရသည့် မိတ်ဆွေများ၊ နီးစပ်ရာအပေါင်းအသင်းများ စသည်စသည်တို့၏ ပါးစပ်များမှ ထိုကဲ့သို့သော အဓိပ္ပါယ်သက်ရောက်သည့် စကားများကို ပြောဆိုကြသည့်အချိန်တိုင်း ကျွန်တော်ကိုဉာဏ် သက်ပြင်းချမိပါသည်။ ထို့အတူ များစွာလည်း ရင်လေးမိပါသည်။ အခြားမဟုတ်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာ ဖြစ်ပါသည်။ လူအမျိုးမျိုးမို့ သူတို့ပြောသော စကားများကလည်း အမျိုးမျိုး ဖြစ်ကြပါသည်။ သူတို့ပြောတတ်သည့် စကားများကို အောက်တွင်လေ့လာကြည့်ပါမည် -

ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခါမှကို မဖတ်ဖူးဘူး။ တမင်ကို မဖတ်တာ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အရင်စစ်အစိုးရက သူတို့ရေးချင်သလို ရေးခဲ့တာပဲ၊ အချိန်ကုန်ခံပြီး ဖတ်မနေနိုင်ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။ (ကျွန်တော်က ဘာတွေပြင်မှာလဲဟု ပြန်မေးတတ်ပါသည်။ ထိုအခါ အင်း၊ အဲ သာ လုပ်နေတတ်ပါသည်။ ဘာပြောရမှန်း မသိကြပါ။)

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေပဲ ရေးထား၊ ရေးထား အစိုးရက သူတို့လုပ်ချင်ရာ လုပ်တာပဲမလား။ ကျွန်တော်တို့အတွက် ဘာများအရေးပါလို့လဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် အချိန်မရသေးလို့ မဖတ်ဖြစ်သေးတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေကို NLD က ပြင်မယ်လို့ပြောတယ်လေ။ အဲဒါ လုပ်ကို လုပ်သင့်တဲ့ အလုပ်ပဲ။ ကျွန်တော်ထောက်ခံတယ်။ (ကျွန်တော်က သူတို့တွေက ဘာတွေပြင်မယ်လို့ပြောသလဲဟု ပြန်မေးလျှင် သူတို့ပြန်ဖြေတတ်တာက တပ်ကိုယ်စားလှယ်တွေကို ဖြုတ်ပစ်မယ်ဟု ဖြေတတ်ကြပါသည်။ အခြားအချက်တွေကိုရောဟု မေးလျှင်တော့ ယောင်ဝါးဝါးများသာ ဖြစ်ကုန်ကြပါသည်။ NLD ပဲ ပြင်လို့ရတာလား၊ အခြားလူတွေရောဟု မေးလျှင်တော့ ဘုကြည့် ပြန်ကြည့်တတ်ကြပါသည်။)

အထက်ပါစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော်နှင့် ထိတွေ့ဆက်ဆံသူများက ပြောတတ်ကြသည့် စကားများထဲမှ အချို့ ဖြစ်ပါသည်။ အကုန်အစင် မဟုတ်သေးပါ။ လူတစ်ချို့ဆိုလျှင် အင်မတန်မှ ပြင်းပြင်းထန်ထန်ကို ပြောတတ်ကြပါသည်။ ကြမ်းတမ်းသော စကားလုံးများပင် သုံးတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်တစ်ဦးတည်း၏ အတွေ့အကြုံ၊ အတွေးအမြင်အရ ကောက်ချက်ချရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ ဖတ်ရှုလေ့လာဖူးသူဟူ၍ ကျွန်တော်တို့နိုင်ငံသားများ၏ ၁၀% ပင် မပြည့်ပါချေ။ သဘောကတော့ လူတစ်ရာတွင် ဆယ်ယောက်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ရှုလေ့လာသည့်သဘော ဖြစ်ပါသည်။ ထိုပမာဏသည် အကောင်းမြင်စိတ် လွန်လွန်ကဲကဲဖြင့် ကောက်ချက်ချထားခြင်း ဖြစ်ပါသည်။ တကယ်တမ်းတွင် ဒီထက်အများကြီး လျော့နည်းနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာမှန်းမသိသည့် လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကိုပင် မမြင်ဖူးသည့် လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာတွေပါမှန်းပင် မသိသော လူများ၊ ဒေသများ ကျွန်တော်တို့နိုင်ငံတွင် များစွာရှိနေပါသေးသည်။ ထိုအချက်သည် ၀မ်းသာရမည့် အချက်မဟုတ်ပါ။ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာမှန်းမသိသည့် နိုင်ငံသားများဖြင့် တည်ဆောက်ပုံဖော်နေသော နိုင်ငံတစ်ခုသည် မည်ကဲ့သို့သော နိုင်ငံဖြစ်မလဲဆိုတာ စာဖတ်သူများ စဉ်းစားကြည့်စေလိုပါသည်။

စာဖတ်သူများကို ကျွန်တော်ကိုဉာဏ် မေးခွန်းတစ်ခုလောက် မေးခွင့်ပြုစေလိုပါသည်။ စတင်ရေးဆွဲကာ အတည်ပြု ပြဋ္ဌာန်းပြီးကတည်းက နောက်ထပ်ပြုပြင်ရန်၊ ဖြည့်စွက်ရန်၊ ပြင်ဆင်ရန်၊ နုတ်ပယ်ရန် မလိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မည်သည့်နိုင်ငံတွင် ရှိသည်ကို ဖြေကြားစေလိုပါသည်။ ကျွန်တော်၏ မဖြစ်စလောက် ဗဟုသုတဖြင့် ယနေ့အချိန်အထိ မကြားမိသေး၊ မတွေ့ရှိသေးသောကြောင့် ဖြစ်ပါသည်။ အချို့ကလည်း ကျွန်တော့်မေးခွန်းကို အငေါ်တူးကာ ပြန်ဖြေနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ရပ်တည်နေတဲ့ နိုင်ငံတွေလည်း ရှိနေတာပဲဟု။ ဟုတ်ကဲ့၊ ကျွန်တော်မငြင်းလိုပါ၊ လက်ခံပါသည်၊ သို့သော်လည်း သူတို့တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသာ မရှိတာဖြစ်ပါသည်၊ အစိုးရက ဘာလုပ်ရမည်၊ ပြည်သူတွေက ဘာတွေကို လိုက်နာရမည် စသည့် ဥပဒေများတော့ ရှိပါသည်။ ထိုဥပဒေများသည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတွေဟု ကျွန်တော်က ယူဆချင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ တိုင်းပြည်ကို တည်ဆောက်သည်နှင့် ဖွဲ့စည်းပုံအခြေခံရေးဆွဲပြဋ္ဌာန်းပြီး တိုင်းပြည်ကို တည်ဆောက်သည်တို့တွင် မည်သည့်အချက်က ပိုကောင်းသနည်းဟူသည့် မေးခွန်းကို စာဖတ်သူတိုင်း မှန်ကန်စွာ ဖြေကြားနိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက မကောင်းဘူးထင်လျှင် ကောင်းအောင်လုပ်ကြရပါမည်၊ လိုအပ်နေသေးသည်ဟုထင်လျှင် ပြင်ဆင်ရပါမည်၊ ဖြည့်စွက်ရပါမည်၊ ဒါတွေသည်ပင် ကျွန်တော်တို့၏ တာဝန်များ မဟုတ်ပါလော။ သူများရေးထားတာ ငါတို့အတွက် အဆင်မပြေဘူးဆိုလျှင် အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ စဉ်းစားရမည်၊ အဖြေရှာရမည်၊ ဆောင်ရွက်ရပေမည်၊ သို့သော် ဥပဒေဘောင်အတွင်းက ဖြစ်ရမည်၊ အများအတွက်လည်း အဆင်ပြေတာ ဖြစ်ရမည်။ အားလုံးအတွက် အဆင်ပြေပြီး ငါတစ်ယောက်တည်းအတွက် အဆင်မပြေတာ ဆိုလျှင်တော့ဖြင့် အားလုံး၏ အမှားမဟုတ်တာ သေချာပါသည်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ပိုကောင်းပါသည်။

မိမိတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မိမိတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မိမိတို့ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် လက်ရှိတည်ဆဲဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည်၊ လိုက်နာရမည်မှာ နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ပါသည်။ အခြားမိတ်ဆွေတစ်ဦး၏ အိမ်သို့ သွားလည်လျှင်ပင် ထိုအိမ်၏ စည်းကမ်းများကို၊ ဓလေ့ထုံးစံများကို လိုက်နာရပါလျှင် ကိုယ့်နိုင်ငံ၏ တည်ဆဲဥပဒေတစ်ရပ်ကို မလိုက်နာနိုင်စရာ အကြောင်းမရှိပါချေ။ ထိုသို့ မဖြစ်မနေ လိုက်နာလေးစားရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နကန်းတစ်လုံးမျှ မသိနားမလည်ဟု ဆိုလျှင်တော့ ကိုယ်စီးနေတာ ဘာအကောင်မှန်းပင် မသိသကဲ့သို့ ဖြစ်နေပါလိမ့်မည်။ အထီးအမ ဆိုသည်က ဝေးလွန်းပါသေးသည်။

စာဖတ်သူမိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ် ပြောလိုသည်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မသိသူတွေ၊ မဖတ်ဖူးသူတွေ၊ စိတ်မ၀င်စားသူတွေ များပြားနေပါသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမျှ မဖတ်ဖူးသည့် လူတစ်ယောက်က နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို မည်သို့မည်ပုံ စဉ်းစားတွေးခေါ်ကာ ဆောင်ရွက်မည်နည်းဆိုသည်ကို စဉ်းစားစရာ ဖြစ်ပါသည်။ ဖွဲ့စည်းပုံမသိလို့ နိုင်ငံအကျိုး မသယ်ပိုးနိုင်ဘူးဟု ဆိုလိုနေခြင်း မဟုတ်ပါ။ သို့သော် မသိလျှင်တော့ နိုင်ငံသားတစ်ဦးအနေဖြင့် ရှက်စရာ ဖြစ်ပါသည်။ ထို့ပြင် သူများယောင်တိုင်း လိုက်ယောင်ရပါလိမ့်မည်။ သူများပြောသမျှ နားထောင်ရပါလိမ့်မည်။ မိမိတို့နိုင်ငံ၏ အနာဂတ်၊ နိုင်ငံသားများ၏ အနာဂတ်တွေ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာ ရှိနေသည်ဆိုသည်ကို လူတိုင်းလူတိုင်း နားလည်သဘောပေါက်ကြမှ ဖြစ်ပါလိမ့်မည်။

အသက်ရှင် ရပ်တည်မှုအတွက် အစားအစာကို စားကြရပါသည်။ ရေကို သောက်ကြရပါသည်။ ထို့အတူ နိုင်ငံသားတစ်ဦး ပီသစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရပါမည်။ သို့မှသာ မိမိတို့ကို အုပ်ချုပ်နေသူများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် အခြေခံဥပဒေနှင့် ညီမညီ သုံးသပ်နိုင်ကြပါလိမ့်မည်၊ ဆုံးဖြတ်နိုင်ကြပါလိမ့်မည်။ လွဲချော်နေလျှင် ထောက်ပြပေးနိုင်ပါလိမ့်မည်၊ တည့်မတ်ပေးနိုင်ပါလိမ့်မည်။ ထိုသို့ မဟုတ်ပါမူ သူများပြောသမျှကို ခေါင်းညိတ်ရုံသာ လိုက်ညိတ်နေရပါလိမ့်မည်။ လတ်တလော ဖြစ်ပွားနေသည့် ခုံရုံးပြဿနာနှင့် ပတ်သက်၍ အွန်လိုင်းပေါ်ရေးသားထားသည့် ကွန်းမန့်များတွင် ထိုအချက်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်ပင်မမြင်ဖူးပါဘဲ မိမိတို့ စိတ်ထဲထင်ရာ ရေးသားထားသည်များကို မြင်တွေ့ဖတ်ရှုရတိုင်း ရင်လေးမိပါသည်။

မိတ်ဆွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မနှေးအမြန် မဖြစ်မနေ ဖတ်ရှုပါလော့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Constitution of the Republic of the Union of Myanmar (2008)


Credit : ကိုဉာဏ် (ပန်းလောင်မြေ)




Myanmar Express

အိုအိုင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည်

From : narinjara

အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoglu နှင့် အဖွဲ့သည် နောက်အပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သတင်း ရရှိသည်။

ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့အား မြန်မာ အစိုးရနှင့် ဆွေးနွေးရန် စေလွှတ်မည်ဟု အိုအိုင်စီမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာ အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ အပေါ် ကိုယ်တိုင် ကိုယ်ကျ လေ့လာနိုင်ရန် အိုအိုင်စီအား ဖိတ်ခေါ်ထားသည်ဟု သိရသည်။

အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် အတွင်းသို့လည်း သွားရောက် လည်ပတ်ဖွယ် ရှိသည်ဟု ဆိုသည်။

အဆိုပါ အဖွဲ့သည် မြန်မာ အစိုးရ ထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံ စဉ် ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသော မွတ်ဆလင်များ အရေးကို အလေးပေး ဆွေးနွေးမည်ဟု သတင်းများက ဆိုသည်။

အဓိက အားဖြင့် မွတ်ဆလင် ဘာသာဝင်များ အပေါ် ခွဲခြား ဆက်ဆံမူများ အပေါ် ရပ်တန့်ရန် မြန်မာ အစိုးရကို ဖိအားပေး တောင်းဆိုမည်ဟု The Gulf News တွင် ဖေါ်ပြသည်။


Myanmar Express

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး လာမည်


From : ခေတ်လူငယ်

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး အက်ဒ်ဖတ်စ်ဟာ လာမယ့်စက်တင်ဘာလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ကနေဒါအခြေစိုက် သတင်းတွေအရ သိရပါတယ်။ ကနေဒါ ကုန်သွယ်ရေးဝန်ကြီးဟာ ဗီယက်နမ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဆီ တရားဝင် ခရီးသွားရောက်နေတာဖြစ်ပြီး သောကြာနေ့ကျရင် ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်မယ့် ကနေဒါနဲ့ အာဆီယံနိုင်ငံတွေက စီးပွားရေးဝန်ကြီးတွေရဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အင်တိုက်အားတိုက် တက်တက်ကြွကြွ အရှိဆုံးနဲ့ ကြီးထွားမှု အမြန်ဆုံး စီးပွားရေးနဲ့ ပိုနက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ကျွန်တော်တို့ ဆက်ဖော်ဆောင်နေပါတယ် လို့ ကနေဒါ ကုန်သွယ်ရေးဝန်ကြီးက ဆိုကြောင်း ချန်နယ်နယူးစ်အေးရှားက ဖော်ပြပါတယ်။ ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုကို ဧပြီလက ဆိုင်းငံ့ခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ကေအိုင်အေ သောင်းကျန်းသူအဖွဲ့ ဖားကန့်နယ်မြေအတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိခြင်းကြောင့် တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းလျက်ရှိ


From : ခေတ်လူငယ်

ဖားကန့်နယ်မြေအတွင်းတွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အတင်းအဓမ္မ ဆက်ကြေးကောက်ခံမှု ၃ ကြိမ် ပြုလုပ်ခဲ့သည့်အပြင် အဓမ္မ လူသစ်ဖမ်းဆီးခြင်း များကိုပါ ပြုလုပ်လျက်ရှိခြင်းကြောင့် ကုမ္ပဏီလုပ်ငန်းရှင်များမှာ လုပ်ငန်းလုပ်ဆောင်ခြင်း မပြုနိုင်တော့သဖြင့် ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ပြီး ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကို ရပ်နားထားခဲ့ရသည်။ ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့များသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းမှ စတင်ပြီး ဆက်ကြေးများ ထပ်မံတောင်းခံလာသည့်အပြင် ဆက်ကြေးမပေးပါက ယာဉ်/ယန္တရားများအား မီးရှို့ဖျက်ဆီးရန်နှင့် ကုမ္ပဏီစောင့် ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို ဖားကန့်အတွင်းပိုင်း ကျေးရွာများအထိ ဝင်ရောက် ခြိမ်းခြောက်မှုများ ပြုလုပ်လာသဖြင့် တပ်မတော် လှုပ်ရှားစစ်ကြောင်းမှ ပြည်သူများ၏ အသက်အန္တရာယ် ကာကွယ်နိုင်ရေး နယ်မြေရှင်းလင်းမှုအား သြဂုတ်လ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ နယ်မြေ ရှင်းလင်းသည့် တပ်မတော်စစ်ကြောင်းအား သြဂုတ်လ ၂၈၊ ၂၉ ရက်နေ့များတွင် ကေအိုင်အေအဖွဲ့များမှ ဖားကန့်အနောက်ဘက် ၅ ကီလိုမီတာအကွာ ဆိုင်ကြာဘွမ် အနီးတစ်ဝိုက်၌ ကြီးကြပ်မိုင်း စတင်ခွဲ၍ ပစ်ခတ်ရာ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားလျက်ရှိကြောင်းနှင့် နှစ်ဖက်ထိခိုက်ဒဏ်ရာ ရမှုများအား စုံစမ်းဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။ ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကေအိုင်အေအဖွဲ့မှ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ ဘက်ဟိုးယာဉ်၊ မြေသယ်ယာဉ်နှင့် ကုမ္ပဏီအဆောက်အအုံ အချို့အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ တပ်မတော် စစ်ကြောင်းများမှ ဆုတ်ခွာသွားသော ကေအိုင်အေအကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များအား ဆက်လက်ရှင်းလင်းလျက် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသည့် သတင်းစာဆရာအသင်း... သတင်းသမားကို ဆဲဆိုသည့် ဇာဂနာကို ဘာလုပ်မှာလဲ



ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသည့် သတင်းစာဆရာအသင်း... သတင်းသမားကို ဆဲဆိုသည့် ဇာဂနာကို ဘာလုပ်မှာလဲ..??? ဘာမှမလုပ်နိုင်ရင်တော့ ဒုတိယအကြိမ်ညီလာခံလုပ်ပြီး အသင်းကို ဖျက်လိုက်ပါ...။


မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းနှင့် မြန်မာနိုင်ငံပုံ နှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဟူ၍ အသင်းသုံးသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖြစ်မြောက်ရေး ကော်မတီတွင် ဦးဆောင် နာယကများအဖြစ် ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးကိုကိုလှိုင်(ကိုကိုလှိုင်)၊ ဦးဝင်းငြိမ်း (၀င်းငြိမ်း)၊ ဥက္ကဋ္ဌအဖြစ် ဖိုးသောကြာ (ခေတ်၊ မိုး)၊ အတွင်းရေးမှူးအဖြစ် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး ကော်မတီဝင် ၂၃ ဦးပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။





အဆိုပါအသင်း သုံးသင်းအနက် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း တို့ကို ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းကို စွယ်စုံမီဒီယာဂရုမှ ဒေါက်တာတင်ထွန်းဦး ဦးဆောင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေဖြန့်ချိသူများ အသင်းနှင့် ပူးပေါင်းဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတို့ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအသင်းသုံးသင်းစလုံးကို သုံးလအတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။




မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ ပထမဆုံးအကြိမ် ညီလာခံကြီးကို သြဂုတ်လ ၁၁ ရက်နေ့ (စနေနေ့) နံနက် ၉ နာရီတွင် စတင်၍ ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် ကျင်းပခဲ့ပြီး ပြည်နယ်နှင့် တိုင်း အသီးသီးမှ ကိုယ်စားလှယ် ၁၁၀ ဦးခန့် တက်ရောက် ခဲ့ကြကာ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် သေဆုံးသွားသူ ရခိုင်လူငယ် အသုဘ မလေးတွင် ကျင်းပ

From : Narijra

ခိုင်ဦးမောင် (မလေး)

မလေးရှားနှိုင်ငံတွင် မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံတင်ထားရာမှ သေဆုံးသွာသူ ရခိုင်လူငယ် တစ်ဦ၏ အသုဘကို သြဂတ်စ်၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

“ သူ့ကို ဂျိုးဟိုး ဆေးရုံးကြီးမှာ အတွင်းလူနာ အဖြစ် နှစ်လကျော် ဆေးရုံ တင်ထားရာကနေ သြဂတ်စ်လ ၂၄ ရက်နေ့မှာ ဆုံးသွားပါတယ်။ သြဂတ်စ်လ ၂၉ ရက်နေ့မှာတော့ ဒီဂျိုးဟိုး မှာဘဲ သဂြိုလ်လိုက်ပါတယ်” ဟု သူ၏ မိတ်ဆွေ တစ်ဦးဖြစ်သူ ကိုထွန်းဝင်းက ပြောသည်။

မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် သေဆုံးသွားသူမှာ ရခိုင်ပြည်နယ် သံတွဲမြို့ နယ် စပါးတန် ကျေးရွာမှ ဦးဖြူလှအောင်၏ သား အောင်ဇော်မိုး အသက်၂၄ ဖြစ်သည်။

“ ဖြစ်တာက ၆ လ ပိုင်း ၁၁ ရက် နေ့ မှာ ဖြစ်တာပါ။ ဂျိုဟိုပြည်နယ် ကိုတာသိမ်ဂိမ်က အိမ်မှာ နေနေတဲ့ အချိန်မှာ ပထမတော့ လူနှစ်ယောက် ကျနော်တို့  နေတဲ့ အိမ်ကို တံခါး လာခေါက်ပါတယ်။ မြန်မာ လူမျိုးပါဆိုပြီး ရခိုင်လို အေးအေးဆေးဆေးပြောပြီး အိမ်ထဲကို ၀င်လာ ပါတယ်။ အိမ်ထဲမှာ စကား ပြောချင်ပါတယ်- ၀င်ပါရစေနော်ဆိုပြီး ပြောပါတယ် ။ စကားတွေ ပြောရင်းနဲ့  တစ်ယောက် က အိမ်သာသွားချင်တယ်ဆိုပြီး အိမ်သာထဲ ၀င်သွားပါတယ်။ အိမ်သာထဲကနေ ဖုန်းခေါ်သံ ကြားရ ပါတယ်။ သိပ်မကြာပါဘူး။ လူအုပ်စု တစ်စု ရောက်ရှိလာပြီး. တုတ်တွေ ဓါးတွေနဲ့ ကျနော်တို့ကို စတင် တိုက်ခိုက်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေ အကုန်ဝင် ရိုက်ပါတယ်။ မင်းတို့  ရခိုင်တွေ ကို အကုန် အပြတ် ရှင်းမယ်ဆိုပြီး အကုန်ရိုက်သတ်ပါတယ်။ ကိုအောင်ဇော်မိုး အပါအ၀င် သုံးယောက်ကတော့ အပြင်းအထန် ဒဏ်ရာရှိသွားခဲ့ပါတယ်″ ဟု ကိုထွန်းဝင်းပြောသည်။

သူတို့အထဲမှကိုအောင်ဇော်မိုးနှင့် နောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဂျိုဟိုပြည်နယ် ဆေးရုံကို တင်ပို့ခဲ့ရာမှ ကိုအောက်ဇော်မိုးမှာ ဒဏ်ရာပြင်းထန်သဖြင့် နှစ်လကျော်အကြာ သြဂတ်စ်လ ၂၄ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။

Myanmar Express

မိုးသီး နာမည်ရယူခြင်း


From : ဌေးတင့်


နာမည်တလုံးကို မျက်နှာပြောင်တိုက်ပြီး ရယူခြင်း

၁၉၈၈ ရန်ကုန်တက်ကသိုလ်ထဲမှာ ကျောင်းသားတွေ
ကျောင်းသားသမိုင်းနဲ့  မဆလပါတီ စုတ်ချာတာကို တရားဟောတုံးက

ကျောင်းသားတွေထဲက စကားပြောကောင်းသူတွေကို

ဝိုင်းပြီးအားပေးကြတယ်။

တဦးပြီးတဦး မျက်နှာဖုံးတွေတပ်ထားရတယ်။

စစ်ထောက်လှန်းရေးလာပြီး ဓါတ်ပုံရိုက်မှာ ကိုကြောက်လို့ 

ကျောင်းသားတယောက်ကတော့ သူပြောဘယ်သူမှ နားမထောင်လို့ 

အကြီးအကျယ် ဒေါပွပြီး ငါ့နာမည်မှတ်ထား မိုးသီး

ဆိုပြီး မျက်နှာဖုံးကြီးဖြုတ်လိုက်လို့ လူမှတ်မိသွားတာတဲ့

တရားဟောပွဲကပြန်လာတဲ့ ညီမက ''ကိုကြီး၊ ကိုလေး''

အဲဒီလူ မိုးသီးက ထောက်လှန်းရေးကိုမကြောက်တဲ့ ငပေါကြီးတဲ့။

နောက်တောထဲရောက်တော့ ညညရီစရာပြောတဲ့အထဲမှာ

ဒီငပေါ အကြောင်းခဏခဏကြားရတယ်

၁၉၈၈က သေဆုံးတဲ့
ကိုဌေးနိုင်ရဲ့ ညီမ (မြန်မာစာနောက်ဆုံးနှစ်)ရှိခဲ့ရင်

ငါ့အကို သချာင်္ဗေဒ နောက်ဆုံးနှစ် ကျောင်းသား ဌေးနိုင်ကို
ထင်ပေါ်ကြော်ကြားချင်စိတ် များတဲ့ ငပေါ သတ်တာလို့ ပြောမှာ။

၁၉၈၈ တုံးက ကျောင်းသားလှုပ်ရှားမှု

ရန်ကုန်ကျောင်းဝင်း ထဲကလူတွေကိုမေးကြည့်ကြပါ။

အေဘီကိုနှစ်ခြမ်းခွဲသွားတဲ့ကောင်ရဲ့ 


အုပ်စုမေးထဲက တွေ့ လို့ သိမ်းထားပါတယ် ။
ကောင်းပါတယ် ကိုမိုးသီး ရ- ညီညွတ်တာကောင်းတာပေါ့။

ဒါပေမဲ့ မောင်ရင်လို ဖာသည်မ ပါးစပ် က နတ်စကားမပြောဖို့လိုတယ်။

မောင်ရင်က ဖို့ဒ်ဝင်းမှာ လာတော့ နိုင်အောင်မကောင်း၊ အောင်မိုးဇော်မကောင်း၊

နယ်စပ် ကျောင်းသားတွေပျက်စီးတယ်ပြော၊ ပိုက်ဆံလိမ်တောင်း၊

အချောင်နေနေတဲ့လူက က ကြီးကြီးကျယ်ကျယ်မပြောပါနဲ့ဟ ။ ၈၈ မျိုးဆက်သိက္ခာကျတယ်ဟ

ပြည်တွင်း ၈၈ မျိုးဆက်တွေစုရင်အစိုးရကကြောက်တယ်။

ပြည်ပ ၈၈ မျိုးဆက်တွေစုရင်အစိုးရကပျော်တယ်။

အရက်ဝိုင်းဖွဲ့သောက်တာများလေလေ အသေစောလေမို့လား ဟ

ဒါကြောင့်လည်း ဖဒိုမန်းရှာကပြောခဲ့တယ်။

အရက်ပုလင်းနဲ့ဆိုင်ကယ်သာပေးလိုက် အစိုးရလာသတ်စရာမလိုဘူးလို့

စကပ်ကိုစိတ်စွဲတဲ့သူဟာ စကပ်ကိုမြင်တယ်။ အရက်ကိုစိတ်စွဲတဲ့သူဟာ အရက်ကိုမြင်တယ်။ကြိုက်လိုက်တာဟ။

မောင်ရင်ကရော ဘာစွဲလဲ။ ထမိန်စုတ်ကိုစွဲတာလား။

ရဲဘော်တွေဆီက အချောင်စားရတဲ့ ထမင်း ကို စွဲတာလား။

ခွေးအ လို အချောင်သမားက ခြင်္သေ့လိုလိုဟန်ဆောင်တော့ ရယ်ရတာပေါ့ဟာ ငါ့လူရ

ကိုဋ္ဌေးနိုင်ကိုသတ်ခဲ့တယ်။ သူ့အိမ်ကမေးတော့ ကာယကံရှင်တွေကို မတောင်းပန်ပဲ

၂၀၁၀ ကို ဆန့်ကျင်တဲ့ကြွေးကြော်သံတွေ သွေးရူးသွေးတန်းအော်မနေပါနဲ့။

လူတိုင်း စစ်အစိုးရ ကို ခါးခါးသီးသီးမုန်းတယ်။

ဖြစ်နိုင်ရင် သန်းရွှေ ကို အစိမ်းစားချင်တယ်။

မောင်ရင့် လို လူသတ်သမား ကို လည်း မုန်းတယ် ဟ့ကောင်ရ

အကြောင်းမသိတဲ့သူကို လိမ်ဟ၊

ကျောင်းသား ကို သတ်ခဲ့တဲ့ သွေးစွန်းနေတယ်ဆိုတာ မောင်ရင်သိပါ။



ညီညွတ်တာကို မြင်ချင်ပါတယ်။ ဝမ်းသာပါတယ်။

နယ်စပ်ကျောင်းသားတွေဆီက အတင်းအဖျင်းမကြားရပါဘူး။

နေရာမရတော့ ဟိုလူ့တိုက်ခိုက်၊ ဒီလူ့တိုက်ခိုက်လုပ်နေတာ ဘယ်သူလဲ။

ခင်ဗျားကောလဟာလတွေကိုမြှောက်ပေး

“သောင်းထွန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲဝင်ဖို့တွန်းအားပေးနေတယ်။

နိုင်အောင် က အစိုးရ နဲ့ ဆက်နေတယ်” ဆို

ကျနော်လိမ်ပြောခဲ့ရင် ကျနော်သွေးအန်သေပါစေ။

ခင်ဗျားလိမ်ပြောခဲ့ရင် ခင်ဗျားသွေးအန်သေပါစေ။

ခင်ဗျားတို့ မညီခဲ့လို့ အုပ်စုအားပြိုင်ကြတယ်။

ပြီးရင် ဟိုလူ့သတ် ဒီလူ့သတ် နဲ့။

မောင်ရင်က ဥက္ကဋ္ဌနေရာရမှ ကျေနပ်တဲ့ကောင်။

မဲပေးစံနစ်ကိုမယုံဘူးဆိုပြီး မဲ ကို ဆုတ်ဖြဲခွဲထွက်သွားတဲ့ကောင်။

အေဘီကိုနှစ်ခြမ်းခွဲသွားတဲ့ကောင်

ဟေ့ကောင်ရေ

အမေရိကားမှာထမိန်စုတ်ခိုပြီးတော့ တော်လှန်ရေးလုပ်မယ်မပြောပါနဲ့ဟာ

အရှက်မရှိတာကို ခြင်္သေ့လိုရဲရင့်တယ်လို့ထင်သလား။

မောင်ရင့်ပါးစပ်ကဖာသည်ပါးစပ်ပဲ

ရှေ့တမျိုးပြော။ ကွယ်ရာတမျိုးပြော။

ကောက်ကျစ်တဲ့ကောင်။ ဘယ်တော့မှမအောင်မြင်ဘူးဟ။မှတ်

Myanmar Express

ABSDF (မြောက်ပိုင်း) စခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုရန် စီစဉ်


From : 7day

ABSDF (မြောက်ပိုင်း)တွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သော ကိစ္စများနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းပြန်များက သြဂုတ်လ ၃၁ ရက် မနက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အမှုတည်ဆောက်နေပါ
တယ်”ဟု ကိုဆမားညီညီက ပြောသည်။ အချက်ခြောက်ချက်ပါ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူများ၏ မိသားစုဝင်ဟောင်းများက တရားဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းပါက လက်တွဲမည်ဟုပါရှိပြီး ကာယကံရှင်ကိုယ်တိုင် တရားဥပဒေကြောင်းအရ ဖြေရှင်းရန် ရှိ၊ မရှိ မေးမြန်းရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီဟာအားလုံးကို တစ်နေရာထဲမှာ တစ်စုတစ်ဝေးတည်း ဖြစ်ပြီးတော့မှ စွဲဆိုနိုင်အောင် ကြိုးစားနေပါတယ်”ဟု ၎င်းကဆိုသည်။ အမှုတည်ဆောက်ပြီးပါက တရားရေးနှင့် ပြည်ထဲရေးတို့ကို သီးခြားစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုသွားရန် အစီအစဉ်ရှိကြောင်း ၎င်းတို့ကပြောသည်။

မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ အဆိုအရ အဆိုပါ ABSDF (မြောက်ပိုင်း)စခန်းတွင် တပ်မတော်ထောက်လှမ်းရေးဟု စွပ်စွဲကာ လူ ၁၀၀ ကျော်အား ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့အထဲမှ ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက်တွင် တစ်ပြိုင်တည်း အသတ်ခံရသူ ၁၅ ဦး အပါအ၀င် လူ ၃၉ ဦးမှာ ၁၉၈၉ မှ ၁၉၉၂ ခုနှစ်အတွင်း အသတ်ခံခဲ့ရကြောင်း သတင်းထောက်များသို့ ပြောသည်။

ယင်းဖြစ်စဉ်တွင် ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒေါက်တာနိုင်အောင် အပါအ၀င် လူ ၁၃ ဦးသည် တာဝန်ရှိသူများဖြစ်ကြောင်း ၎င်းတို့က စွပ်စွဲလိုက်သည်။ ၎င်းတို့ထုတ်ပြန်သည့် တာဝန်ရှိသူ ၁၃ ဦးစာရင်းတွင် ရော်နယ်အောင်နိုင်၊ သံချောင်း(ခ) မြင့်စိုး (ခ) စ၀်ခွန်ကျော်၊ ကျော်ကျော်၊ မျိုးဝင်း၊ လှဆိုင်း၊ အောင်ကြီး၊ စိန်အေး၊ နေထွန်း၊ ထွန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ ကျော်တင်ဦး အစရှိသူများ ပါဝင်သည်။

Myanmar Express

KIA သောင်းကျန်းသူအဖွဲ့မှ အလင်းဝင်ရောက်လာသူများ


From : မြဝတီ

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ ၁၆၃၀ ချိန်ခန့်တွင် ပြည်သူ့စစ်အဖွဲ့များနှင့် ဆက်သွယ်၍ မုံးကိုးတပ်စခန်းသို့ KIA သောင်းကျန်းသူ တပ်ရင်း (၃၆) မှ တပ်ခွဲမှူးအဆင့်ရှိသူ လောက်လိုင်မိုင် ဦးစီးပြီး ဒုတိယတပ်ကြပ် မာလ၊ တပ်သား အိုက်ရွမ်း၊ တပ်သား လခေါင်၊ တပ်သား ရန်ကျားလျန် တို့ အဖွဲ့ဝင် (၅) ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

ထို့အပြင် ထပ်မံ အလင်းဝင် ရောက်မည့် အဖွဲ့ဝင်များလည်း ရှိကြောင်းနှင့် ၎င်းတို့အား နွေးထွေးစွာ ကြိုဆိုလျက် ရှိကြောင်း သတင်းရရှိပါသည်။








Myanmar Express

ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော်

From : သန်းထွဋ်အောင်

လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း(အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ) ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။

ဟုတ်တယ်လေ။ ထွန်းအောင်ကျော်၊ ကိုလတ်၊ ဇော်ရဲတို့က ညီအစ်ကိုတွေ၊ သူတို့က ကျွန်တော်တို့နဲ့ စီဗွီလိုင်း တစ်ရပ်ကွက်ထဲ၊ ကိုနိုင်အောင်နဲ့ ကျွန်တော်က တစ်လမ်းထဲ(အရေးအခင်းမှာ မော်လမြိုင်ကနေပါသွားတာ)။ အောင်နိုင်(စီလမ်းထဲမှာ နေတယ်)ရဲ့ အဖေက ခွဲစိပ်ဆရာဝန်ကြီး။ သူက Final Part I ၊ သူနဲ့ ဇော်မြင့်၊ ဇော်ရဲ၊ အောင်မြင့်ထွန်းတို့က အတွဲတွေ။ ကျွန်တော် ကိုဇာနည်အောင်(မနတ)၊ ထွန်းအောင်ကျော်(ဗကသ)၊ အောင်နိုင်၊ စိုးလင်း၊ မင်းလွင်(အနကလ) အားလုံး စားအတူ၊ သွားအတူ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ကျွန်တော်က အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့တူတယ်။ အဲဒီတုန်းက မန္တလေးဆိုတာက အကျယ်ကြီးလည်းမဟုတ်ဘူး။ ယုံကြည်ချက်တူတာ အများကြီးမဟုတ်ဘူး။ တစ်ယောက်အကြောင်း၊ တစ်ယောက် မသိစရာ မရှိဘူး။ ပေါင်းကြည့်လို့ကတော့ မိဘ၊ ဆွေစဉ်မျိုးဆက်ကအစက သိနိုင်တယ်။ ထောက်လှမ်းရေးဆိုပြီး အောင်နိုင်က ထွန်းအောင်ကျော်ကို ဘယ်လိုစွပ်စွဲတာလဲ။ အောင်နိုင်က ရမ်းရမ်းကားကား လူမိုက်မဟုတ်သလို၊ စိတ်ဓါတ်မနိမ့်ကျဘူး။ ထွန်းအောင်ကျော်က ခေါင်းမာပေမယ့်၊ ရန်လိုသူမဟုတ်ဘူး။ အေးဆေးတယ်။ လူချစ်လူခင်ပေါတယ်။ ကျွန်တော် စိုးလင်းကို ပြောမိတယ်။ အောင်နိုင် ရူးသွားတာပဲဖြစ်ရမယ်။ ကျွန်တော်စိုးလင်းပြောသမျှကို ယုံတယ်။ သူက အေးတယ်။ အားနာတတ်တယ်။ သူများကို ထိခိုက်အောင်မလုပ်တတ်ဘူး။ သူကပြောတယ် သံချောင်း၊ မျိုးဝင်း၊ အောင်နိုင်တို့က အဓိက တရားခံတဲ့။ ABSDF မှာ ဒေါက်တာနိုင်အောင်နဲ့ ကိုအောင်ထူး(ရှေ့နေကောင်စီ)က အဓိကပဲတဲ့။ ဒါဟာ အမှန်တကယ်ဆိုရင် ကျွန်တော်နားလည်တာက သူတို့အားလုံးရဲ့ နိုင်ငံရေးက ပြီးသွားပြီ။ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပေါ့။

အခု တရားစွဲကြမယ်ကြားတော့ ၁၉၊ ၉ ၊ ၁၉၈၈ နေ့ မနက်မှာ မြို့တော်ခန်းမနဲ့ ပြည်ထောင်စုဘဏ်ဘက် ပစ်ခတ်တာလေးကို ကိုယ်တိုင်ကြုံထားရတော့ အမြဲမှတ်မိနေတယ်။ မ၀င်းမော်ဦး၊ ၀င်းဇော်နဲ့ စောနိုင်တို့ရဲ့ နာမည်ကျော် ဓါတ်ပုံလေးရဲ့ ရာဇ၀င်ပေါ့။ အဲဒီတုန်းက ဆန္ဒပြသူတွေကို ပစ်တာကတော့ War Game တွေအတိုင်းပဲ။ ရက်ရက်စက်စက်ပဲ။ စက်သေနတ်နဲ့ ပစ်တယ်။ အကာအကွယ်ယူနေတဲ့သူကို လောင်ချာနဲ့ပါပစ်တယ်။ ဂျူတီကုတ်နဲ့ တက်ဆွဲသူကိုလည်း ပစ်တယ်။ လူနာတင်ကားတောင် မသွားရဲဘူး။ ပစ်တယ်။ သေလိုက်ကြတာ သောက်သောက်လဲပဲ။ လိုအပ်တာတွေထက် အင်အားကို သုံးတယ်။ အဲဒီတုန်းက အဲဒီမှာ နေရာယူတာက တပ်မ ၃၃(ကျွန်တော်မမေ့ဘူး။ အရမ်းနာကျည်းတယ်) တပ်မမှူး (မြို့တော်ခန်းမှာတာဝန်ကျတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူး)တွေ နာမည်လိုက်ရှာ မှတ်ထားမိတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစိတ်တွေ မရှိချင်တော့ဘူး။ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်ပြီ။

အခုလို ဒီကိစ္စနဲ့ယှဉ်ရင် ဒီ့ထက်ဆိုးခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲ။ ပြီးတာတွေ မပြီးတာလဲ နားလည်ပါတယ်။ တရားဥပဒေဆိုတာလည်း နားလည်ပါတယ်။ လုပ်နိုင်တဲ့သူကိုပဲ လုပ်မှာလား။ ဘယ်လောက်ဝေးဝေးသွားချင်တာလဲ… စဉ်းစားကြဖို့ပါပဲ။ ခံခဲရတာတွေ၊ နာကျည်းတာတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေနဲ့ အချိန်အခါကိုတော့ နားလည်ရပါမယ်။ ကိုယ်စခဲ့တဲ့ အလုပ်တွေ ကိုယ်အဆုံးသတ်ရဦးမယ်။ ကိုယ်တာဝန်မကျေခဲ့တာတွေ ကိုယ်တာဝန်ကျေအောင် လုပ်ရဦးမယ်။

သေချာတာကတော့ နှစ်ငါးဆယ် စနစ်ဆိုးရဲ့အောက်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့မှာ ပြသနာတွေက အများကြီး။ အနာဂတ်က ဘာမှ မသေချာသေးဘူး။

(ကိုစိုးလင်းအား ဒေါက်တာနိုင်အောင်၏ ABSDF (တောင်ပိုင်း) က ၁၉၉၁ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ ဦးအား လူမဆန်စွာ ညဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။ ကိုစိုးလင်းအား ABSDF ဒေါက်တာနိုင်အောင် အဖွဲမှ ညဉ်ပန်းနှိပ်စက်ပြီး ထောက်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သည်။ ၁၉၉၅ တွင် ထွက်ပြေးလွတ်မြောက်သည်အထိ ABSDF အကျဉ်းထောင်ထဲ၌ နေထိုင်ခဲ့ရသည်။)

ဒေါက်တာ(ကျော်မင်းဦး)၊ (ဒေါက်တာ)သန်းထွဋ်အောင်၊ ဒေါက်တာအောင်မြင့်ထွန်းနှင့် အောင်နိုင်(ကျောင်းမပြီး)တို့ကို ၁၂-၉-၁၉၈၈ နေ့က လမ်းမတော်ဆေးတက္ကသိုလ်(၁)တွင် ပြုလုပ်သည့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဖွဲ့စည်းသည့်နေ့တွင် တွေ့ရစဉ်


ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)

ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်

(၀ဲမှယာသို့) ဒေါက်တာကျော်ရင်လှိုင် (အတွင်းရေးမှုး၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)(နိုင်ငံတော်သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်)၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဦးသူရ (ဇာဂနာ)(အဖွဲ့ဝင်၊၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)၊ ဒေါက်တာသောင်းထွန်းနှင့် ဦးလှမောင်ရွှေ (နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီဝင်) တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းတွင် ဒေါက်တာနိုင်အောင်တို့အား ၀င်ရောက်ကြိုဆိုနေသည်ကို တွေ့ရစဉ် (Photo: Hla Maung Shwe Facebook)

Myanmar Express

အာရှဖွံ့ဖြိုးရေးဘဏ်က ထိုင်းအစိုးရကို ထားဝယ်သို့ ချိတ်ဆက်မည့် ရထားလမ်း (သို့) ကားလမ်းမတစ်ခု တည်ထောင်ရန်တိုက်တွန်း


From : Bangkok Post

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)သည် မြန်မာနိုင်ငံရှိ အခြေခံအဆောက် အအုံနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသွားရန် ထိုင်းအစိုးရအား တိုက်တွန်း လိုက်ပြီး ထိုသို့ လုပ်ခြင်းဖြင့် ထား ၀ယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီး ၌ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ နှင့် ဘဏ္ဍာ
ရေးသမားများ ပိုမို လွယ်ကူစွာ ပါဝင်နိုင်မည်ဖြစ် ကြောင်းပြောကြားလိုက်သည်။

ADB ၏ ထိုင်းနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ခရိတ်စတက်ဖင် ဆန်က ထိုင်းနိုင်ငံ နွန်သာဘူရီ ပြည်နယ်၏ ဘန်ရိုင်ခရိုင်နှင့် ကန် ချနဘူရီပြည်နယ်တို့အကြား ဖောက်လုပ်ရန် စီစဉ်ထားသည့် ကားလမ်းအပြင် ထိုင်းအစိုးရသည် ထားဝယ်သို့ နယ်စပ်ဖြတ်ကာ
ဆက်သွယ်ချိတ်ဆက်နိုင်မည့် ရထားလမ်း (သို့မဟုတ်) ကား လမ်းမတစ်ခုကို တည်ထောင်ရေး ကို စီစဉ်သင့်ကြောင်း ယမန်နေ့က အကြံပြုခဲ့သည်။

၎င်းက “ဒီကိစ္စက ရင်းနှီးမြှုပ် နှံမှုအကြီးကြီး မလိုအပ်ပါဘူး။ ထားဝယ်စီမံကိန်းကြီးကို မြေပေါ် ပေါ်ထွက်လာအောင် လုပ်နိုင်မယ့် အစပျိုးပမာဏလေးလောက်ပါပဲ”ဟု ရက်ချာဒမ်မရီလမ်းမရှိ Four Seasons ဟိုတယ်၌ ပြုလုပ်သော Thailand Focus 2012 ဖိုရမ်
တွင်ပြောသည်။

ADB သည် ထိုင်းနိုင်ငံတွင် ဘန်ရိုင်-ကန်ချနဘူရီလမ်း ဖောက် လုပ်ရေးအတွက် နည်းပညာအကူ အညီပေးအပ်နေပြီး၊ ထိုင်းအဝေး ပြေးလမ်းဌာနသည်လည်း ဘန်ရိုင်မှ ကန်ချနဘူရီသို့ ၉၈ ကီလိုမီ တာအရှည်လမ်း (တန်ဖိုး ဘတ် ၄၅ ဒသမ ၉ ဘီလီယံ)ကို ဖောက်
လုပ်နေသည်။ ဖူနမ်မရွန် နယ်စပ် စစ်ဆေးရေးဂိတ်သို့ သွားသော လမ်းပိုင်းကိုလည်း လေ့လာမှုများ စတင်ပြုလုပ်နေပြီး၊ ဖူနမ်မရွန်မှ ထားဝယ်သို့ ၁၆၀ ကီလိုမီတာ အရှည်လမ်းကို ဒီဇိုင်းအပြီးသတ် ထုတ်ပြီးဖြစ်သည်။

ADB သည် ထားဝယ်စီမံ ကိန်း၏ ဆောက်လုပ်ရေးကို တာ ၀န်ယူလုပ်ကိုင်နေသော အီတာ လျံ-ထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီနှင့်ဆွေး နွေးမှုများရှိနေပြီး၊ ယင်းကုမ္ပဏီ ဘက်ကမူ ADB သို့ ချေးငွေရယူ ရန် တရားဝင်တောင်းဆိုမှုမရှိသေး ကြောင်းသိရသည်။

ထားဝယ်စီမံကိန်းအတွက် ပထမအဆင့် တည်ဆောက်ရေး နှင့်ဖွံ့ဖြိုးရေးတွင် ကန်ဒေါ်လာ ရှစ်ဘီလီယံ လိုအပ်မည်ဖြစ်ကာ စီမံကိန်းကြီးတစ်ခုလုံးအတွက် စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀ ဘီလီယံရှိမည်ဖြစ်သည်။ သို့သော် ယင်းရန်ပုံငွေများကို အသေအချာ
မတွက်ချက်ရသေးကြောင်း မစ္စ တာစတက်ဖင်ဆန်ကပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အလုပ်နေရာပေါင်း ၅,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟုသိရသည်။

Myanmar Express

အိုစမာဘင်လာဒင်အကြောင်း ဝတ္ထုရေးသူကို တရားစွဲရန် ပင်တဂွန်စဉ်းစား

From : .planet

အမေရိကန် ပြည်ထောင်စု၏ ပင်တဂွန် စစ်ဌာနချုပ်သည် အိုစမာဘင်လာဒင်အကြောင်း ဝတ္ထုရေးသူကို တရားစွဲရန် စဉ်းစားနေကြောင်း သိရှိရသည်။

အိုစမာဘင်လာဒင်အကြောင်း ဝတ္ထုရေးသူကို တရားစွဲရန် ပင်တဂွန်စဉ်းစား

အမေရိကန် ပြည်ထောင်စု၏ ပင်တဂွန် စစ်ဌာနချုပ်သည် အိုစမာဘင်လာဒင်အကြောင်း ဝတ္ထုရေးသူကို တရားစွဲရန် စဉ်းစားနေကြောင်း သိရှိရသည်။ မေလ(၁၁)ရက်နေ့က ကမ္ဘာကျော် အကြမ်းဖက် ခေါင်းဆောင်ကြီး ဘင်လာဒင်ကို အမေရိကန် စစ်တပ်က စီးနင်းသတ်ဖြတ်ခဲ့သည့် စစ်ဆင်ရေးအကြောင်း ပါဝင်သည့် အဆိုပါ ဝတ္ထုကို အမေရိကန် အထူးတပ်ဖွဲ့ဝင် တစ်ဦးက ရေးသားခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ရပ်သည် စစ်ဘက်ရေးရာ လျှို့ဝှက်ချက်များကို ဖောက်ဖျက်ခြင်းဟု ပင်တဂွန်က ယူဆထားသည်။ ယခုအခါ စစ်ဘက်မှ ရှေ့နေများသည် ရေတပ်အထူးတပ်ဖွဲ့ Navy Sealဟောင်း ဖြစ်သူအား စစ်မှုရေးရာ ပေါက်ကြားစေမှုအတွက် သတိပေးမှု ပြုလုပ်ထားပြီ ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ ဝတ္ထုရေးသူသည် (၂၀၀၇)ခုနှစ်က ရေတပ်တွင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းလျှို့ဝှက်ချက်များကို စောင့်ထိန်းရန် ပုံစံစာရွက် (၂)ခုကို ခံဝန်လက်မှတ် ရေးထိုးထားကြောင်း ပြောကြားခဲ့သည်။

ယခုကိစ္စကို CIAနှင့် အိမ်ဖြူတော်တို့က တစ်စုံတစ်ရာ မှတ်ချက် မပေးသေးသော်လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ထိုစစ်မှုထမ်းဟောင်းအား ရာဇဝတ်မှုကြောင်းအရ တရားစွဲဆိုမှု ပြုလုပ်ရန် စဉ်းစားနေကြောင်း ခြိမ်းခြောက် ပြောကြားလာခြင်း ဖြစ်သည်။ ပင်တဂွန်သည် ထိုသူထံသို့ တရားဝင် သတိပေးစာတစ်စောင် ပေးပို့ထားပြီး ကာကွယ်ရေး ဝန်ကြီးဌာန၏ စည်းမျဉ်းများအရ ၎င်းအနေဖြင့် ကတိကဝတ် ချိုးဖောက်ပြီး စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များကို ပေါက်ကြားအောင် လုပ်ဆောင်နေခြင်းအားောထက်ပြထားကြောင်း သိရှိရသည်။

Myanmar Express


လာမည့် ဘဏ္ဍာနှစ် အတွင်း ဖုန်းသိပ်သည်းဆ ၂၇ ရာခိုင်နှုန်းအထိ ဆောင်ရွက် ပေးသွားရန်ရှိ

From : .MRTV4

လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ပြည်တွင်းမှာ ဖုန်းသိပ်သည်းဆကို ၂၇ ရာခိုင်နှုန်းထိ ရရှိစေဖို့ စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေး၊

စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ဖို့ အတွက် ကိုတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ Myanmar Telecom ကုမ္ပဏီ၊ ရတနာပုံ Telecom ကုမ္ပဏီ အပါအ၀င် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်မယ့် Separate Operator ကုမ္ပဏီ အစရှိတဲ့ ကုမ္ပဏီတွေ မှတဆင့် လာမယ့် ဘ့ဏ္ဍာနှစ်မှာ ဖုန်းလိုင်း ၁၀ သန်း ချထားပေးမှာ ဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်တွင်း မှာတော့ တယ်လီဖုန်း သိပ်သည်းဆဟာ ၁၀ ရာခိုင်နှုန်း သာရှိပြီး လာမယ့် ဘဏ္ဍာနှစ် မှာတော့ ၁ ဆကျော် တိုးတက် ရရှိဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မှာတော့ ၅၀ ရာခိုင်နှုန်းနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မှာတော့ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ ရရှိစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့ အတွက် ကိုတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဖုန်းလိုင်း ၁၄ သန်းနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖုန်းလိုင်း ၁၅.၅ သန်းထိ ချထားပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ချထားပေးရာမှာ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှုကို ပြည်သူများ စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ရေး တို့ကိုပါ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် များဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ Reform Plan ရဲ့ ကာလတို ရည်မှန်းချက် ဖြစ်တယ်လို့ သိရပါတယ်။ Reform Plan ရဲ့ ကာလရှည် ရည်မှန်းချက် အနေနဲ့ ကတော့ ကျေးလက်မြို့ပြ အပါအ၀င် တစ်နိုင်ငံလုံးမှာ အရည်အသွေး ပြည့်ဝပြီး ဈေးနှုန်း ချိုသာတဲ့ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှုများကို လုံခြုံ လျင်မြန်စွာနဲ့ စိတ်ကြိုက် ရွေးချယ် သုံးစွဲခွင့် ရရှိစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



Myanmar Express

အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်


From : ဦးဇော်ယံခင်

ရှေးဟောင်း သမိုင်း အမွေအနှစ် တစ်ခုဖြစ်သည့်ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးအတွက်အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်သောကြောင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်း သုတေသန ဦးစီး၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဓမ္မစေတီ ခေါင်းလောင်းကြီးနှင့် ပတ်သက်သော သမိုင်းကြောင်း၊ ယခင် ဆယ်ယူ တူးဖော်ခဲ့သော အတွေ့အကြုံများ၊ မြစ်ကြောင်းဆိုင်ရာ အချက်အလက်များကို အခြေခံ ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရှိရသည်။

ဓမ္မစေတီ ခေါင်းလောင်းကို ၁၉၈၇ ခုနှစ်မှ ၁၉၉၇ ခုနှစ် ကာလအတွင်း ၄ ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး သမိုင်း
ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကိုစိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် ‘အပိန္နသော်’ သို့မဟုတ် ‘ဓမ္မစေတီ’ ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် ‘အဝိန္ဒဆောက်’ဟု ခေါ်ပါသည်။ ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီးတစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း ဖြစ်သင့်ပေသည်။
ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဆိုပါက မွန်အမျိုးသားတို့၏ ယဉ်ကျေးမူအမွေအနှစ် ခေါင်းလောင်းကြီးနှင့်ပက်သက်သည့် အသေးစိတ် အချက်အလက်တို့ကို ပြည်သူများသို့ အသေအချာတင်ပြနိုင်မည် ဖြစ်ပါသည်။ ၄င်းအပြင် တရုပ်တို့၏ ကြေးသွန်အတတ်ပညာထက် နှစ်ပေါင်း(၁၅၀၀)ခန့် စောသည့် မွန်တို့၏ ယိုးဒယားနိုင်ငံ ဘန်းချိုင်းဒေသ ကြေးသွန်အတတ်ပညာအတွက်ကြီးမားသော သက်သေ အထောက်အထားတစ်ခု ဖြစ်လာမည်။

Myanmar Express


ပြည်သူ့လွှတ်တော်နှင့် ခုံရုံးကြား အငြင်းပွားမှုကို ပြေလည်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော် သမ္မတ ပြောကြား


ပြည်သူ့လွှတ်တော်နှင့် ခုံရုံးကြား အငြင်းပွားမှုကို ပြေလည်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် နိုင်ငံတော် သမ္မတက ပြောကြားလိုက်သည်။ နိုင်ငံတော် သမ္မတက ပြည်သူလွှတ်တော် ဥက္ကဋ္ဌထံ သြဂုတ် ၂၀ ရက်တွင် ပြန်လည်ပေးပို့သော သဝဏ်လွှာ၌ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေဥပဒေအခန်း (၁၂) တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို သုံးမည်ဆိုပါက မည်သူ့ကိုမျှ ထိခိုက်မှုမရှိစေဘဲ သင့်လျော် ကောင်းမွန်မည်ဟု ယူဆသည်ဟု ဖော်ပြထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းဖြစ်ပြီး ပြင်ဆင်လိုသည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။ ယင်းလွှတ်တော်မှ ကိုယ်စားလှယ်ရာခိုင်နှုန်း ၂၀ က တင်ပြပါက လက်ခံဆွေးနွေးမည်ဖြစ်ပြီး ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍သာ ပြင်ဆင်နိုင်မည်ဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ လွှတ်တော်အသီးသီး၌ ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကြား အငြင်းပွားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Myanmar Express

မြေပုံမြို့တွင် ညဥ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ပွား

From : .narinjara

ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား အထိတ်တလန့် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

“ ညဥ့် ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာတော့ လူတွေက အထူး စိုးရိမ်သွားကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက် ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။

သေနတ်သံမှာ မြေပုံမြို့ မွတ်ဆလင် ဗလီ အနားမှ ဆင့်ကာ ဆင့်ကာ ထွက်လာသဖြင့် လူများမှာ ကြောက်လန့်ပြီး ပြေးသူပြေး၊ ပုန်းသူ ပုန်းဖြင့် ရှုတ်ယှတ်ခတ်သွားခဲ့သည်ဟု ဆိုသည်။

“ ခုလို သေနတ်သံကို မကြားဖူးတော့ လမ်းမှာရှိတဲ့ သူတွေက ထွက်ပြေး၊ ဆိုင်တွေကို ပိတ်၊ မီးတွေ မှိတ်နဲ့ တမြို့လုံး ရှုပ်ယှတ်ခတ်သွားခဲ့ပါတယ်။ တညဥ့်လုံး လူတွေက ဘာဖြစ်သလဲဆိုတာကို အတိအကျ မသိတော့ အိပ်တောင် မပျော်ခဲ့ပါဘူး” ဟု ပြောသည်။

မနက်လင်းမှ စစ်သား တစ်ဦး အရက်မူးရာမှ သေနတ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်ဟု သူက ဆိုသည်။ သို့သော် တစ်စုံ တစ်ဦးမျှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း၊ စစ်သားများမှာ မြေပုံမြို့ထဲရှိ ဈေးထဲ ဓမ္မာရုံနှင့် မြေပုံမြို့ ဗလီနားတွင် လုံခြုံရေး ယူထားကြောင်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ လူအများ စိုးရိမ်စိတ်များ ၀င်နေချိန်တွင် မြို့ထဲတွင် စစ်တပ်မှ အချိန် မတော် သေနတ်ပစ်ခတ်သဖြင့် ပြည်သူများကို အထူး အထိတ်တလန့် ဖြစ်စေခဲ့ကြောင်း သတင်းများ ရရှိသည်။

Express