Subscribe to our RSS Feed

ဒေသခံများကို ကာကွယ်ရန် ဆောလော်တွင် ပြည်သူ့စစ်များအား လက်နက်များ ပေးအပ်

From : http://www.kachindailynews.com/2013/01/blog-post_1705.html

ပန်ဝါမြို့ ဆော့လော်ရွာတွင် ယမန်နေ့ ညနေ(၂)နာရီခွဲခန့်တွင် ကချင်လူမျိုးများကို ကာကွယ်နိုင်ရန် အတွက် ဒေသခံပြည်သူ့စစ်များအား လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။ KIA အဖွဲ့မှ ဒေသခံ များအား လူသစ်စုဆောင်းခြင်း၊ အခွန်ငွေများ မကြာခဏကောက်ခံခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို ကာကွယ်ပေး နိုင်ရန် ပြည်သူ့စစ်အဖွဲ့များအား လေ့ကျင့်ပေးကာ လက်နက်များ တပ်ဆင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

          ပြည်သူ့စစ်များသို့ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ကျည်ကာအင်္ကျီ များ၊ ဦးထုတ်များကိုပါ ပေးအပ် ခဲ့ပါသည်။ ပန်ဝါဒေသတွင် ကချင်မျိုးနွယ်စုများဖြစ်သည့် လချိတ်နှင့် ရ၀မ်များ အများစုနေထိုင်ပြီး အခြား တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ KIA မှ ဂျိမ်းဖောလူမျိုးဝါဒကို ကျင့်သုံးပြီး ကချင်တိုင်းရင်းသား အချင်းချင်း အခြားကချင်များကို နှိပ်စက်သူတွေကြောင့် ကာကွယ်ရန် လက်နက်များကို တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း ပန်ဝါဒေသခံများ ပြောဆိုချက်အရ သိရှိရသည်။
 
 www.MyanmarExpress.net
 

ကိုယ်ပိုင်မီဒီယာကို ကိုယ်ကျိုးစီးပွားအတွက်အသုံးချနေသော 11 MEDIA GROUP

From :People Development for Knowledge 

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအဖြစ် လက်ရှိအစိုးရလက်ထက်တွင် သတင်းမီဒီယာများကို အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာရေးသားထုတ်ဝေမှုများ ခွင့်ပြုခဲ့သော်လည်း အချို့မီဒီယာများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် ကိုယ်ပိုင်သတင်းဌာနများကို အသုံးချနေကြောင်း လေ့လာသူများက ဝေဖန်လိုက်သည်။ သတင်းစာနယ်ဇင်းကျင့်ဝတ်တွင် သတင်းဌာနများ ဂျာနယ်များအနေဖြင့် အများပြည်သူ အကျိုးစီးပွား ဗဟုသုတရရှိစေရန် ပွင့်လင်းလွတ်လပ်စွာ ဝေဖန်အကြံပေးရေးသားနိုင်ခွင့်ရှိသော်လည်း အချို့မီဒီယာများအနေဖြင့် မိမိတို့၏ ညီနောင်စီးပွားရေးလုပ်ငန်းများအတွက် မီဒီယာလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်းအသုံးချလျက်ရှိကြောင်း၊ စတုတ္ထမဏ္ဍိုင်အဖြစ်ရပ်တည်နေသည့် သတင်းမီဒီယာများအနေဖြင့် ထိုသို့သောရေးသားဖော်ပြမှုများကြောင့် ပြည်သူလူထု၏ ရေရှည်ယုံကြည်ကိုးစားမှုများ လျော့ပါးလာနိုင်ကြောင်း မီဒီယာလောကတွင် တီးတိုးပြောကြားလျက်ရှိသည်။ ယခင်ရက်ပိုင်းအတွင်းက အစိုးရဌာနတစ်ခု၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် 11 Media မှ ပြုမူခဲ့သော အပြုအမူအနေဖြင့် မေးခွန်းထုတ်စရာများရှိနေကြောင်း၊ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ 11 Media အနေဖြင့် တက်ရောက်ခဲ့ခြင်းလော သို့မဟုတ် ၄င်းမီဒီယာ၏ ကိုယ်ပွားလုပ်ငန်းတစ်ခု ဖြစ်သည့် 11 Trading Company ကို ကိုယ်စားပြုတက်ရောက်ခဲ့ခြင်းလောဆိုသည်မှာ မသဲကွဲနေကြောင်း ယခုကဲ့သို့ပြုမူလုပ်ဆောင်ခြင်းဖြင့် အခြားသတင်းမီဒီယာများကို လည်း စာဖတ်သူများအနေဖြင့် အထင်အမြင်လွဲမှားလာနိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၄င်းမီဒီယာမှ အယ်ဒီတာချုပ်တစ်ဦးမှ ၄င်းတို့ညီနောင်စီးပွားရေးလုပ်ငန်းများတွင် ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ထိုဌာနကို ပြင်းပြင်းထန်ထန်ပုတ်ခတ် ပြောဆိုမေးမြန်းမှုများပြုလုပ်ခဲ့ပြီး 11 Trading Company ၏ တိုင်ကြားစာကို ပြသကာ ခြိမ်းခြောက်မှုအသွင်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် တိုင်ကြားစာကို ၄င်းတို့၏ကိုယ်ပိုင်မီဒီယာအသုံးပြုပြီး စာဖတ်သူများ၏ အလေးထားမှုရရှိလာအောင် လှုံ့ဆော်မှုအဖြစ် ၄င်းတို့ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။ လက်ရှိအစိုးရလက်ထက်တွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို အများအပြားပြောင်းလဲမှုများပြုလုပ်ခဲ့သော်လည်း အုပ်ချုပ်ရေးစနစ်နှင့် ၀န်ထမ်းများ အံဝင်ခွင်ကျမဖြစ်သေးမှု၊ စီးပွားရေးသမားများ၏ ကိုယ်ကျိုးစီးပွားမျှော်လင့်မှုလွန်ကဲခြင်းများကြောင့် အချို့ကိစ္စရပ်များတွင် ပြည်သူလူထုနှင့် သဟဇာတမဖြစ်မှုများ၊ မကျေလည်မှုများဖြစ်ပွားနေသော်လည်း အချို့မီဒီယာများမှ အဆိုပါကိစ္စများကို ပွင့်လင်းစွာဝေဖန်အကြံပေးသည့်အသွင်မျိုးသာ ရေးသားခဲ့ကြသည်။ သို့သော် 11 Media အနေဖြင့်မူ ၄င်းတို့၏အခြားစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး မကျေလည်မှုများဖြစ်ပွားပါက အဆိုပါဌာနများအား ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားလေ့ရှိသည့် မီဒီယာတစ်ခုဖြစ်သည်။ အဆိုပါမီဒီယာ၏ CEO ဖြစ်သူမှာလည်း ၄င်းမိသားစုလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ နှင့်ပတ်သက်ပြီး အလေးပေးသတင်းရေးသားတတ်မှုကြောင့် အင်တာနက်စာမျက်နှာများတွင် အများပြည်သူ၏ မြို့မေတ္တာခံယူခဲ့ရသူဖြစ်ကြောင်း သိရှိရပါသည်။

  www.MyanmarExpress.net
 

KIA နဲ့ ပူးပေါင်းထားတဲ့ ABSDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ

From : http://www.kachindailynews.com/2013/01/kia-abfdf.html

လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABFDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။




       ဖားကန့်ဒေသရှိ KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့်

လက်နက် အမျိုး အစားတွေ ကို ကြိုသိထားသလိုပဲဗျာ၊ သူတို့ ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ စစ်ဗျူဟာ ကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ လူတွေ မရှိတဲ့ ဘက်ကနေ ၀င် ၀င် တိုက်တာ တွေ့ရတယ်၊ အဲဒီ စခန်းတွေကို ABSDF က ကောင်တွေ ၀င်လိုက် ထွက်လိုက် လုပ်နေတာလေ" ဟု ကချင် ဘာသာ စကားဖြင့် ရှင်းပြသည်။

'"ကျွန်တော် ကတော့သတင်းထောက်တိုင်းကို မယုံဘူးဗျ၊ အစိုးရ သတင်းပေးတွေ ဖြစ်နိုငတယ်လေ။ သူတို့က ရန်ကုန်မှာေ နလာကြတာလေ။ကျွန်တော် တို့ ခေါင်းဆောင်တွေ ကတော့ ဘယ်လို စိတ်ကူးနေလဲ မသိပါဘူ" ဟု တရုတ်ခေါက်ဆွဲခြောက်စားရင်း
 ထပ်မံ ရှင်းပြသည်။

ပြည်ထောင်စု စစ်တပ် နှင့် KIA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဖြစ်ပွားခါစ ယခင်တုန်းက KIA တပ်ဖွဲ့ဝင်များက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကြိုပြီး သိနေလို့ အောင်မြင်မှု့ များ ရှိခဲ့ကြောင်းနှင့် ယခု အခါ KIA ရဲ့ လှုပ်ရှားမှုတွေ နဲ့ ရည်မှန်းချက်တွေကို ABSDF နဲ့ မီဒီယာ သတင်းထောက် အယောင်ဆောင် သတင်းပေးတွေ အကူအညီ နဲ့ စစ်တပ်ကကြိုသိနေတယ်လို့ ယူဆနေပါတယ်

သူလျှို တစ်ယောက်ဟာ စစ်သည်ပေါင်း တစ်ထောင် အင်အားနဲ့ ညီမျှတယ်လို့ ဘီစီ ၅ ရာစုခန့်က စစ်ပညာရှင် ဆွန်ဇုက ပြောဖူးပါတယ်။
 
 www.MyanmarExpress.net
 

သမ္မတကြီးဦးသိန်းစိန်၏ အကျင့်ပျက်ချစားမှု ပပျောက်ရေး စီမံချက်အရ အကောက်ခွန် ဝန်ထမ်း ၃၅ ဦး အား အရေးယူ

From : the voice

အကောက်ခွန် ဝန်ထမ်းများ တာဝန် ပျက်ကွက်ခြင်း၊ မမှန်မကန် လုပ်ခြင်းကို စီးပွားရေး လုပ်ငန်းရှင် များက သက်သေ အထောက် အထားနှင့် တိုင်ကြားသည့် အတွက် ၂၀၁၂ ခုနှစ် အတွင်း အကောက်ခွန် အဆင့်မြင့် အရာရှိ နှစ်ဦး အပါအဝင် ဝန်ထမ်း ၃၅ ဦးကို ယင်း ဦးစီး ဌာနက အရေး ယူပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က ဇန်နဝါရီ ၃၀ ရက်နေ့ တွင် The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

အရေးယူ ခံရသည့် အကောက်ခွန် ဝန်ထမ်း များတွင် ညွှန်ကြားရေးမှူး နှစ်ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ အခြား အဆင့် ဝန်ထမ်း ၃၃ ဦး ကို ရာထူး တစ်ဆင့်လျှော့ အပြစ် ပေးခြင်း၊ ဌာန ပြောင်းခြင်း ပြုလုပ်ကာ အရေးယူ ဆောင်ရွက်ပြီး ဖြစ်ကြောင်း ယင်း ဦးစီးဌာန ၏ အဆင့်မြင့် အရာရှိကြီး တစ်ဦးက The Voice Weekly ၏ မေးမြန်းချက် ကို ဖြေကြားသည်။
"အရင် နှစ်တွေ ထက် ၂၀၁၂ ခုနှစ်မှာ အရေးယူ ခံရတာ အများ ဆုံးပဲ" ဟု ၄င်းက ပြောပြသည်။

အရေးယူ ခံရသည့် အဆိုပါ ဝန်ထမ်း များကို အထူး စုံစမ်း စစ်ဆေးရေး ဦးစီး ဌာနက ခေါ်ယူ စစ်ဆေးကာ ထိုမှ တစ်ဆင့် သမ္မတရုံး သို့ တင်ပြခြင်း ဖြစ်ပြီး သမ္မတရုံး ထံမှ အရေးယူ ဆောင်ရွက်ရေး ညွှန်ကြားချက် အတိုင်း အကောက်ခွန် ဦးစီး ဌာနက အရေးယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
"ဒါက တင်သွင်းသူ စီးပွားရေး သမား အချင်းချင်း မတည့်လို့ တိုင်ကြ တာလည်း ပါတယ်။ တခြား ကဏ္ဍ တွေမှာတော့ ဘယ်လို ရှိမယ် မသိဘူး။ ကား တင်သွင်းတဲ့ ဘက်မှာတော့ မမှန် မကန် လုပ်တာထက် လုပ်ထုံး လုပ်နည်း အခက် အခဲတွေ ရှိတာပါ" ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူ နှင့် ကုန်သည် လုပ်ငန်း ရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပြသည်။

မမှန်မကန် လုပ်ခြင်း၊ လာဘ်ယူခြင်း များကို အကောက်ခွန် ဦးစီး ဌာနသို့ ခိုင်လုံသည့် သက်သေ အထောက် အထား များနှင့် တိုင်ကြားရန် လိုအပ်ကြောင်း၊ ယင်းသို့ တိုင်ကြား လာပါက ဌာနတွင်း အစည်းအဝေး လုပ်ကာ စုံစမ်းရေး ခုံရုံးဖွဲ့၍ စစ်ဆေး မေးမြန်း ပြီးနောက် ဌာန ဆိုင်ရာ အစည်း အဝေး ပြုလုပ်ပြီး၊ မမှန်မကန် လုပ်ကြောင်း ထင်ရှားပါက နိုင်ငံ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများ အတိုင်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယင်း ဦးစီးဌာန ထံမှ စုံစမ်း သိရှိ ရသည်။

 
www.MyanmarExpress.net

 

ဗန်းမော်-လွယ်ဂျယ်ကားလမ်း သွားလာမှုရပ်ဆိုင်း၊ ဗန်းမော်မြို့တွင်ကုန်ဈေးနှုန်းကြီးမြင့်

From : http://www.kachindailynews.com/2013/02/blog-post.html

ဗန်းမော်မြို့မှ လွယ်ဂျယ်သို့သွားလာနေသော လမ်းကြောင်းတွင် KIA တပ်များကမိုင်းထောင် ဖျက်ဆီး ထားသည့်အတွက် ယခုအခါ မော်တော်ယာဉ်များသွားလာမှုရပ်တန့်လျက်ရှိသည်။ ဗန်းမော်မြို့   ဒေသခံ များ အနေဖြင့် ဗန်းမော်မြို့မှ ထွက်ရှိသောကုန်ပစ္စည်းများအား တရုတ်နိုင်ငံဘက်သို့ သွားရောက်ရောင်းချပြီး တရုတ် ကုန်ပစ္စည်းများပြန်လည်တင်သွင်းခြင်းဖြင့် ဗန်းမော်မြို့၏စီးပွားရေးမှာ လည်ပတ်လျက်ရှိပါသည်။ယခုအခါ ကေအိုင်အေတပ်ဖွဲ့များ၏လက်သံပြောင်မှုကြောင့် မြစ်ကူးချောင်းကူး တံတားများမှာ ပျက်စီးနေပြီး ကားလမ်းမှာ သွား၍မရအောင်ဖြစ်နေပါသည်။ 
 

ကချင်ပြည်နယ်အတွင်း တရုတ်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ ၀င်ရောက်မှု ရပ်တန့်နေသည့်အပြင် ဒေသအတွင်းထွက်ကုန်ပစ္စည်းများမှာလည်း ဒေသအတွင်း၌သာ ရောင်းချနေရသည့် အတွက် ဒေသထွက် ကုန်ပစ္စည်းများဈေးကျကာ တရုတ်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်ဈေးနှုန်း မှာ မြင့်မားသထက် မြင့်မားလျက် ရှိနေပါသည်။ တရုတ်နိုင်ငံဘက်သို့ ခြေလျင်ခရီးဖြင့် သွားရောက်နေသူ များရှိသော်လည်း ၄င်းတို့မှာ သက်စွန့် ဆံဖျားလုပ်ကိုင်နေရခြင်းဖြစ်သည်။ KIAတပ်ဖွဲ့နှင့်တွေ့ ပါက ငွေကြေးအများကြီးပေးနေရသော်လည်း စိတ်ချရ သည်မဟုတ်ဘဲ လူသစ်စုဆောင်းခြင်းခံ ရသည့်အတွက် ခြေလျင်သွားလာသူများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုနည်းပါးလာလျက်ရှိကြောင်း သိရှိရပါသည်။

မင်းဘူးတွင် အိမ် ၂၂ လုံး မီးလောင်၊ လူတစ်ရာကျော် အိုးမဲ့ အိမ်မဲ့ဖြစ်

From : the voice

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္ထရာ မြို့နယ် အပေါ ကျေးရွာ အုပ်စု၊ မင်းဒင်ကျေးရွာ တွင် မီးဖို၏ မီးကြွင်း မီးကျန် မှ တစ်ဆင့် နေအိမ် ၂၂လုံး မီးလောင်ကျွမ်းမှု တစ်ခု ဇန်နဝါရီလ ၂၈ ရက် ရက် နံနက် ၉နာရီ နာရီ ၁၅မိနစ် တွင် ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရှိ ရသည်။

အဆိုပါ မီးသည် ဦးခင်မောင်သန်း ၏ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ ရှိ ထရံကာ ဝါးကြမ်းခင်း အိမ်တွင် စတင် ဖြစ်ပွားခဲ့ပြီး ကျေးရွာ အတွင်းရှိ အိမ်ပေါင်း ၂၂လုံး မီးလောင်ကျွမ်း ခဲ့ကာ လူဦးရေ ၁၁၆ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း ယင်းဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။

အိမ် ၂၂လုံး ကို ၁၅ မိနစ် အချိန်မျှသာ မီးလောင်ကျွမ်း ခဲ့ပြီး၊ ကျေးရွာ နေထိုင်သူ များက ဝိုင်းဝန်း ငြိမ်းသတ် ခဲ့ကြောင်း မကွေး တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးခင်မောင်သန်း ကို စေတုတ္ထရာ မြို့နယ် ရဲစခန်း က (ပ)၃ /၁၃ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ထားကြောင်း ယင်း ရဲစခန်း ထံမှ သိရသည်။


  www.MyanmarExpress.net
 

ဧရာဝတီနှင့် ကေအိုင်အေတို့ ပေါင်း၍ ဖန်တီးမှုတွင် သေဆုံးခဲ့သည့် သားအမိ(၂)ဦး

From : http://www.oppositeyes.info/2013/01/blog-post_8814.html

ဇန်န၀ါရီလ ၂၉ ရက် ညနေ ၇ နာရီ ၂၀ ခန့်တွင် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ အနီး မြန်မာ့တပ်မေ တ်ာနှင့် ကေအိုင်အေ တို့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ကေအိုင်အေများမှ လူနေအိမ်ကို အကာအကွယ်ပြု တိုက်ခိုက်သဖြင့် ပြန်လည် ပစ်ခတ် ရာ လက် နက်ကြီး ထိမှန်မှုကြောင့် နေ အိမ် ပေါ်ရှိ အသက် ၂၅ နှစ်အရွယ် မိခင်နှင့် အသက် ၈ နှစ် အရွယ် ကေ လး တို့ သေဆုံးခဲ့ကြောင်း သိရသည်။ ကေအိုင်အေများ လူနေအိမ်ကို အသုံးပြု တိုက်ခိုက်သဖြင့် ပြန်လ ည် ပစ်ခတ်ရာ လက်နက်ကြီး ထိမှန်မှုကြောင့် နေ အိမ် ပေါ်ရှိ အသက် ၂၅ နှစ်အရွယ် မိခင်နှင့် အ သက် ၈ နှစ် အရွယ် ကလေးတို့ သေဆုံးခဲ့သည့် ဓာတ်ပုံ ဖြစ်သည်။
 အပြစ်မဲ့ သေဆုံးရသည့် မိခင်နှင့် ကလေးငယ်

အထက်ပါ ၁၅ မိနစ် တိုက်ပွဲအား ကေအိုင်အေတို့ ရွာတွင်းမှ ပစ်ခတ်မှုကို မဖော်ပြ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည် ဆိုသည့် အထောက်အထားဖြင့် ၁ နာရီကျော် အမြောက်ကြီးများဖြင့် ပစ်ကြောင်း ဧရာဝတီမှ ဖော်ပြခဲ့သည်။
ဧရာဝတီသတင်းဌာနနှင့် ကေအိုင်အေသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လိုင်ဇာအနီး ကျေးရွာသို့ လက် နက် ကြီးဖြင့် ပြန်ပစ်ကာ တပ်မတော်မှ ပစ်သယောင် ဓာတ်ပုံများ ထုတ်လွှင့်ခဲ့သော်လည်း လိမ်ညာ လှည့် စား သည့် အနေအထားများ ပေါ်ခဲ့ရဖူးသည်။ ယခုလည်း အပြစ်မဲ့ အ ရပ်သားများအား ပစ်ခတ်ပါ သည် ဆိုသော ဓာတ်ပုံတစ်ခုအတွက် လူနေအိမ်များကို အသုံးပြု တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
ဒီတိုက်ပွဲပြီးတဲ့အခါ ကစားစရာ ဘောလုံးလေးနဲ့ ဆော့ကစားမယ့် ကလေးငယ်…
ဒီတိုက်ပွဲပြီးတဲ့အခါ သားငယ်တွေအတွက် စားစရာ ချက်ပြုတ်ပေးမယ့် မိခင်..
မင်းတို့တွေ ၀င်လာပြီး လက်နက်တွေ အိမ်ဘေးချ.. မလုပ်ကြပါနဲ့လို့ သူတို့ ဘယ်လိုပြောမလဲ…

ဝါဒဖြန့် ဓာတ်ပုံတစ်ခုရဖို့အတွက် … ကိုယ့်ပြည်သူကို အကာအကွယ်လုပ် ..
တပ်မတော်ကို ဟန်လုပ်တိုက်တဲ့ မင်းတို့ရဲ့ ၁၅ မိနစ်တိုက်ပွဲ စစ်ဗျူဟာက ရက်စက်လွန်းပါတယ်..

သေသွားတဲ့ သူတို့ ပုံရိပ်တွေကို ကြည့်…
မင်းတို့ပြောတဲ့ ဖယ်ဒရယ် …သူတို့ဘ၀တွေကို ကယ်နိုင်ရဲ့လား..
မင်းတို့တွေ ပြောတဲ့ မီဒီယာ ..သူတို့ရဲ့ဘ၀တွေကို စာနာနိုင်ရဲ့လား..
ဖုန်မရှုနိုင်တဲ့ နှာခေါင်းနဲ့ စစ်တိုက်တဲ့ မင်းတို့မှာ ကောင်းတာ ဘာတစ်ခုမှ မရှိဘူကွ..

 www.MyanmarExpress.net
 

ပြည်သူချစ်သော ဗိုလ်ချုပ်ဟောင်း ဆန်းဆင့်အား သာသနာရေး ဝန်ကြီး ခန့်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

From : the voice

ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ယနေ့ ကျင်း ပသော ပြည်ထောင်စု လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် အား လုံးက သဘောတူသဖြင့် အတည် ပြုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက
ဦးခင်အောင်မြင့် ကပြောကြားသည်။

ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီး ခန့်အပ်ရန် ကာယကံ ရှင်၏ ဆန္ဒ သဘောထားကို အရင်ဆုံးမေးမြန်း ပြီးမှ ဆုံးဖြတ်သင့်ကြောင်း ပန်းတနော်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင် ဉာဏ် က လွှတ်တော် သို့ အကြံပြု ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်က ခန့်အပ်ခြင်း မခန့်အပ်ခြင်းမှာ နိုင်ငံတော်သမ္မတ နှင့်ဆိုင်ပြီး မိမိတို့ တာဝန်မှာ သဘောတူ ခြင်း မတူခြင်း ဆုံးဖြတ်ပေးရန်သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

နိုင်ငံတော်သမ္မတက ဦးဆန်းဆင့် ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ် ရန် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် သို့ သဝဏ်လွာပေးပို့ခဲ့သည်။


  www.MyanmarExpress.net
 

နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာမီဒီယာတို့ သိက္ခာရှိဖို့သာ လိုပါသည်

From : .http://www.oppositeyes.info/2013/01/blog-post_4306.html

ပြည်တွင်း မီဒီယာများအနေဖြင့် ကေအိုင်အေနှင့် တိုက်ပွဲများ စတင်သည့်အခါ တပ်မတော်ထံမှ သတင်း မ ရရှိ ဟု အကြောင်းပြကာ ကေအိုင်အေတို့နှင့် ဆက်သွယ်၍ သတင်းများ ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြသည်။ တိုက် ပွဲများ ဖြစ်ပွားစဉ်အတွင်း ကေအိုင်အေတို့၏ ခံစစ်စခန်းများ အပေါ်သို့ အထိ သွားရောက်ကာ သ တင်း ယူ ခဲ့ကြသည်။ ထိုသို့ သတင်းယူခဲ့စဉ်တစ်လျှောက် မြန်မာ့တပ်မတော်၏ အပင်ပန်းခံ စွန့်လွှတ်ပေး ဆပ်မှု များကိုမူ ဖော်ပြရန် ပျက်ကွက်ခဲ့ကြသည်။
လိုင်ဇာမှ နေ၍ ၀ါဒဖြန့်ဖို့ ကြိုးစားနေကြသော ကေအိုင်အေ အရာရှိများ
လက်ရှိ အစိုးရ တပ်မတော်နှင့် အပြိုင် လက်နက်တပ်ဆင်၍ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် ကေ အိုင်အေအား သောင်းကျန်းသူအဖြစ် မဖော်ပြခဲ့။ သောင်းကျန်းသူတို့၏အကြမ်းဖက်မှုများ၊ လူသစ်စု ဆောင်း မှုများ၊ စိတ်ကြွဆေးများ အသုံးပြ၍ တိုက်ခိုက်ရန် စေခိုင်းမှုများကို မသိကျိုးကျွန် ပြုခဲ့ကြသည်။ အစိုး ရနှင့် တပ်မတော်ကို အထင်အမြင် လွဲမှားစေမည့် အသုံးအနှုံးများကို အသုံးပြုခဲ့ကြလေသည်။
စစ်ပွဲသတင်း ဖော်ပြချင်သည့် ဧရာဝတီကြောင့် အဆိုပါ လက်နက်နေရာအား တပ်မတော်မှ အတိအကျ သိခဲ့ရသည်
တိုက်ပွဲ အစ မတိုင်ခင်တင် ကိုးတန်းကျောင်းသူလေး မဂျာဆိုင်းအိန် တိုက်ပွဲအတွင်း သေဆုံးရမှုကို အ သားပေး ၍ လူမျိုးစု တိုက်ပွဲအသွင် ရေးသားမှုများကြောင့် မီဒီယာများကို တပ်မတော် အနေဖြင့် ယုံကြည်မှု မ ရှိ။ သိပ်မကြာခင် အိမ်ပေါ်တက်၍ သေနတ်ဖြင့် ပစ်သတ်သွားသည့် ကေအိုင်အေတို့၏ လုပ်ရပ်ကိုမူ သတင်း အစ အန တစ်ခုပင် ထည့်သွင်းရေးသားခဲ့ခြင်းလည်း မရှိခဲ့ပေ။ ထိုနောက်ပိုင်း အကြမ်းဖက် သောင်း ကျန်းသူတို့၏ ရဲစခန်း ၀င်စီးခြင်း၊ အရပ်ဘက် ပစ်မှတ်များကို ဖျက်ဆီးခြင်း တို့အား လုံးဝ ဖော်ပြခြင်း မရှိသည့်အခါတွင်တော့ မြန်မာ မီဒီယာတို့၏ စတုတ္တမဏ္ဍိုင် ပီသမှုသည်ကား မေးခွန်းထုတ်စရာ ဖြစ် လာ ခဲ့သည်။ အင်တာနက် သုံးသူများ အကြား Eleven၊ The Voice မီဒီယာတို့အပေါ် စိတ်ဆိုး ဒေါသ ထွက်မှုများ၊ မကျေနပ်မှုများ မြင့်တက် လာခဲ့သည်။ ရိုးရိုးသားသား ဝေဖန်ထောက်ပြသည့် မှတ်ချက် စကား များကို ဖျက်ပစ်ခြင်း၊ ထိုဝေဖန်သူများကို Block လုပ်ခြင်းများဖြင့် ပြည်တွင်း မီဒီယာတို့၏ အဝေဖန် မခံနိုင်မှု ကို ပေါ်လွင်စေခဲ့သည်။
တိုက်ပွဲအတွင်း ရှေ့တန်းမှ Skype သုံး၍ ၀ါဒဖြန့်ရန် ကြိုးစားခဲ့ကြသော ABSDF နှင့် ကေအိုင်အေများ
မြန်မာ့တပ်မတော် အနေဖြင့် တိုက်ပွဲ သတင်း အနေဖြင့် အောင်ပွဲ ရရှိမှုမှ လွဲ၍ သီးခြား သတင်း ထုတ်ပြန် ရန် မလိုအပ်ပေ။ စစ်ပွဲ တစ်ခု၏ သဘောသဘာဝ အရ တိုက်နည်းဗျူဟာ၊ မိမိတို့၏ အင်အား၊ ငယ်သား များ၏ စိတ်ဓာတ်၊ တိုက်ပွဲဝင်မှု အခြေအနေတို့ကို မီဒီယာများအား အသိပေးခြင်းဖြင့် ကောင်းကျိုးထက် ဆိုး ကျိုး ပိုများ သည်ကို ကေအိုင်အေတို့ ခံစစ်ကုန်းများ ကျဆုံးခြင်းက သက်သေပြခဲ့သည်။
အသုံးမကျသည့် လက်နက်ကြီး ပစ်ခတ်မှုကို ဖော်ပြပေးခဲ့သော မီဒီယာ
မီဒီယာများ၏ ဖော်ပြချက်များအရ ကေအိုင်အေတို့ အသုံးပြုသည့် လက်နက်များ၊ အခိုင်အမာ ဘန်ကာ နေရာ များ၊ စခန်းကုန်း တစ်ခုချင်းစီ၏ လက်နက် တည်နေရာများ ကို သိခွင့်ရခဲ့သည်။ သို့သော် မြန်မာ့ တပ်မတော်မှ အဆိုပါ စခန်းများကို သိမ်းပိုက်နိုင်ခြင်းမှာ အလွယ်တကူ သိမ်းပိုက်နိုင် ခဲ့ခြင်း တော့ မ ဟုတ်။ ကေအိုင်ေ အနှင့် ပြည်တွင်း မီဒီယာများ၏ သတင်းထုတ်ပြန်မှုများတွင် မပါဝင်သည့် ယာဘ မူးယစ်ဆေး၊ စိတ် ကြွဆေးများ ကျွေး ထားသဖြင့် နာမှန်း၊ သေမှန်း မသိသော စတေးခံ ကေအိုင်အေများကို တိုက်ခဲ့ ရ သည်။ မျက်နှာပြင် တစ်ဖက်တည်းမှ စခန်းကို သိမ်းနိုင်ရန်အတွက် အသက်ပေါင်း များစွာ ပေးဆပ်ခဲ့ ရ သည်။ ထိုသို့ ပေးဆပ်မှုများ အဆုံးတွင်မှ အောင်ပွဲများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ကိုယ့်ပတ်ဝန်းကျင် ကိုယ်ပစ်၍ ဓာတ်ပုံရိုက် ၀ါဒဖြန့်ခဲ့ကြသော မီဒီယာ
ထို့ကြောင့် တိုက်ပွဲ အရှုံး အနိုင်နှင့် လက်တွေ့ အခြေအနေ များကို နိုင်ငံပိုင် သတင်းစာနှင့် ရုပ်သံ များမှ ဖော်ပြ ထုတ်လွှင့်ခြင်း သည် လုံလောက်နေပြီသာ ဖြစ်သည်။ အဓိက လိုအပ်သည်မှာကား မြန်မာမီဒီယာ တို့ ၏ တိုင်းပြည်နှင့် တပ်မတော် အပေါ် သစ္စာ စောင့်သိမှုသာ ဖြစ်သည်။ အစိုးရမှ သည်းခံ လိုက်လျော၍ အခွင့်အရေး များ ရရှိလာ သည်နှင့် အတူ နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာ မီဒီယာတို့ ဂုဏ်သိက္ခာ ရှိစေချင် ပါသည်။
 
 
 www.MyanmarExpress.net
 

ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရန် လွှတ်တော်အသီးသီးကို သူရရွှေမန်း တိုက်တွန်း

From : .dvb


အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက လွှတ်တော်အသီးသီးကို တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ လွှတ်တော်သက်တမ်း ၂ နှစ်ပြည့် အခမ်းအနားမှာ တိုက်တွန်းသွားတာပါ။

သူရဦးရွှေမန်းက လွှတ်တော်တွေအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်ထောင်စုအတွင်း ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောသွားတာပါ။

ခေတ်ပြောင်း၊ စနစ်ပြောင်းကာလမှာ အတိတ်ကဖြစ်ခဲ့တဲ့အခြေအနေတွေကို သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲသင့်တာတွေကို ရဲရဲဝံ့ဝံ့နဲ့ သတ္တိရှိရှိ ဆောင်ရွက်ဖို့လည်း လွှတ်တော်အမတ်တွေကို သူရဦးရွှေမန်းက ပြောကြားသွားပါတယ်။

. www.MyanmarExpress.net
 

၈၈မျိုးဆက်ကျောင်းသားတပ်မတော်သို့ ပေးခဲ့သော ကေအိုင်အိုအဖွဲ့၏ လက်ဆောင်

From : http://www.oppositeyes.info/2013/01/blog-post_336.html


၂၀၁၂ခုနှစ် မတ်လအတွင်း ၀ိုင်းမော်မြို့နယ်အောင်မြေ၁တွင် နေ့စား မုန့်ညှင်းရိပ်လုပ်ကိုင်သူ မပြည့်ပြည့် ၀င်း (အသက်၁၉နှစ်)နှင့်အိမ်ရှင်သမီးဖြစ်သူတို့အား ကေအိုင်အိုအဖွဲ့မှ ဖမ်းဆီးခေါ်ေ ဆာင်ခြင်း ခံခဲ့ရပါ သည်။ မပြည့်ပြည့်ဝင်း၏ အဖိုးဖြစ်သူနှင့် သူ၏မိတ်ဆွေများက ကေအိုင်အို တပ်တည်ရှိရာ လိုင်ဇာ အနီးစုံ စမ်း ရာ စုလှိုင်နှင်းဆိုသူနှင့်အတူ မပြည့်ပြည့်ဝင်းမှာ ၈၈မျိုးဆက်ကျောင်း သားတပ် မတော်အတွင်း ရောက် ရှိနေေ ကြာင်းခိုင်လုံစွာသိရှိခဲ့ရပါသည်။
ထိုသို့ရောက်ရှိနေခြင်းမှာ ဖမ်းဆီးခေါ်ဆောင်ခဲ့သူများမှ မပြည့်ပြည့်ဝင်းနှင့် မစုလှိုင်နှင်း တို့နှစ်ဦးအား ၈၈မျိုး ဆက်ကျောင်းသားတပ်မတော်သို့ လက်ဆောင်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်။
သူတို့နှစ်ဦးမှာ ၈၈မျိုးဆက်ကျောင်းသား တပ်မတော်အတွင်း တစ်ရက်လျှင် (၁)နာရီခန့် ကင်းစောင့်ခြင်း အလုပ် ကို လုပ်ကိုင်နေကြ ရပါသည်။ ယခုအခါ ထိုအမျိုးသမီး (၂)ဦးမှာ မိဘများ ထံပြန်နေ လိုကြပြီး မိဘ များ မှာလည်း အထူး စိုးရိမ်ပူပန်လျှက် ရှိနေကြောင်း အဖိုးဖြစ်သူဦးတင်မှ ကျွန်တော်ထံ လာရောက်ပြော ကြား ခဲ့ပါသည်။
အသက်၆၄နှစ်အရွယ်ရှိ ဦးတင်သည် ဒီပဲယင်းမြို့နယ် ကံမြားရွာတွင်နေထိုင်သူဖြစ်ပြီး သူတို့မြေးအဖိုး ပြန် လှယ် အတူနေထိုင်ခွင့်ရရေးအတွက် လူသားချင်း ကြင်နာစိတ်များဖြင့် ကူညီပေးကြရန်လည်း ပြောကြား ခဲ့ပါ သည်။ ဦးတင်အား ဆက်သွယ်မေးမြန်းလိုသူများအနေဖြင့် ဖုန်း(၀၉-၄၀၀၄၆၆၁၁၀)သို့ ဆက်သွယ်နိုင် ပါကြောင်း သတင်းရရှိပါသည်။
(ဟာဂျူလီ-ကသာ)
===============================================
၈၈မျိုးဆက်ကျောင်းသားတပ်မတော်မှ ....သတင်းနောက်ဆက်တွဲ
မနေ့က တင်လိုက်တဲ့ သတင်းနဲ့ ပါတ်သက်ပြီး ကွန်မင့်တွေ ထဲမှာ ၈၈မျိုး ဆက်ကျောင်း သား တပ်မတော် ဆိုတဲ့ နာမည်ကို သိပ်ကြည်လင်ကြပုံ မရဘူး၊ ဒီတပ်မတော်ဟာ ကိုမင်းကိုနိုင်တို့ရဲ့ ၈၈မျိုး ဆက်ေ ကျာင်း သားေ တွ ဘာမှ မဆိုင်ပါဘူး၊ ကိုမင်းကိုနို င်တို့ကလည်း အစောကြီးကတည်းက အမေစုလိုပါပဲ၊ ငြိမ်းချမ်းေ သာ နည်းဖြင့် ဒီမိုကေ ရစီ ရရှိရေးကို ဦးတည်တဲ့သူတွေပါ။
ဒါကို နိုင်ငံရေးအမြင် မတိမ်သူ တိုင်း သိပြီးသားပါ၊သို့သော် အခုဖြစ်နေတာက ကေအိုင်အိုရဲ့ လိုင်ဇာ စခန်း နား မှာ လည်း ၈၈မျိုး ဆက်ကျောင်းသား တပ်မတော် ဆိုပြီး ဆိုင်းဘုတ်ထောင် လှုပ်ရှားနေ တဲ့ကျောင်း သားတပ် တစ်ခုလည်း ရှိနေပါတယ်၊ သူတို့ရဲ့ ၈၈မျိုး ဆက်ကျောင်းသား တပ်မတော်ဆိုတဲ့ ဆိုင်းဘုတ် ဟာ အောက်ခံ အစိမ်းရောင်ပေါ်မှာ အဖြူရောင် စာလုံးနဲ့ ရေးထားတာပါ။
ကျွန်တော်တို့ဟာ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဒုက္ခေ ရာက်နေတဲ့ လူတွေကို ကူညီေ နတာဖြစ်လို့ ဒီသတင်း ကို ၈၈မျိုး ဆက်ကျောင်းသား တပ်မတော် နာမည်ပါနေလို့ လစ်လှူရှု့ထားလို့ မရပါဘူး၊ဖြစ်ရပ် မှန် ကို တင်ပြရမှာပါ။
ဒီသတင်းအပေါ်မှ ဘယ်အသင်း အဖွဲ့၊ဘယ်တပ်ဖွဲ့ရဲ့ သြဇာ လွှမ်းမိုးမှု မပါပါဘူး၊ စစ်ကြောင့် ဒုက္ခရော က်နေ ရတဲ့ မြန်မာေ ကျးလက်နေ မိသားစုကို ကူညီလိုက် တာဖြစ်ပါတယ်၊အခု သတင်းရဲ့ ခိုင်မာမှုကို ပြချင် လို့ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတဲ့ မပြည့်ပြည့်ဝင်းရဲ့ ဓါတ်ပုံကို ဖေါ်ပြပေးလိုက်ပါတယ်။
သူရဲ့ မိဘတွေဟာ ဦးဇော်ဝင်းဒေါ်မြလေးဖြစ်ပြီး တန့်ဆည်ရွာ သိမ်မာအုပ်စု ကံမြားရွာ မှာနေထိုင်ကြ ပါတယ်။ ကျွန်တော့်ဆီကို သူအဖိုးဦးတင်မှ ၃၀.၁၀.၂၀၁၂ရက်နေ့မှာ လာရောက်ပြောဆို အကူအ ညီတောင်း ခဲ့တာဖြစ်ပါတယ်၊ကျွန်တော် သတင်းစုစောင်းပြီး ၂-၁၁-၂၀၁၂ရက်နေ့မှာ သတင်းတင် လိုက် တာပါ။
ကျွန်တော်ဟာ မသေခြာတဲ့ သတင်းတွေကို မတင်သလို မှားယွင်းမှု ရှိခဲ့ရင်လည်း ချက်ချင်းပြင် ဆင်တတ် သူဖြစ် ပါတယ်ခင်ဗျားးး
(ဟာဂျူလီ-ကသာ)
(1) https://www.facebook.com/photo.php?fbid=368420339913488&set=a.110157345739790.24725.100002365754291&type=1&relevant_count=1
(2) https://www.facebook.com/photo.php?fbid=368747296547459&set=a.110157345739790.24725.100002365754291&type=1&relevant_count=1
လက်ဆောင်ပေးတယ်ဆိုတဲ့အကြောင်း ....သတင်းနောက်ဆက်တွဲ
လက်ဆောင်ပေးတယ်ဆိုတဲ့ စကားကို သူ့အဖိုးဖြစ်သူကိုယ်တိုင်ပြောခဲ့တာပါ။ သူ့အဖိုးကိုယ်တိုင် အဲဒီကို (တပ်စခန်းရှေ့) ၃ခေါက် ရောက်ခဲ့ပါတယ်...
ကြောက်လို့သူမြေးနဲ့ မတွေ့ရဲဘဲ ပြန်ခဲ့တာပါ၊အနားယူထားတဲ့ ကေအိုင်အို အရာရှိအချို့နဲ့လည်း တွေ့ပြီး ခဲ့ပါပြီ။
ဘယ်လိုမှ လမ်းကြောင်းရှာ မရတဲ့အဆုံး ကသာမှာရှိတဲ့ ကျွန်တော်ဆီရောက်လာပြီး တတ်နိုင်တဲ့ ဘက်က အကူအ ညီပေးဖို့ လာပြောပါတယ်။
လက်ဆောင်ဆိုတဲ့စကားကိုတော့ ကာယကံရှင်တွေ မှ သိနိုင်ကြမှာပါ...
(ဟာဂျူလီ-ကသာ)
---------- --------- ---------
၈၈မျိုးဆက်ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ကေအိုင်အို တပ်တည်ရှိရာ လိုင်ဇာအနီး ....သတင်းနောက်ဆက်တွဲ
ကျွန်တော်သတင်းနဲ့ပါတ်သက်ပြီး သက်ဆိုင်သူမှ ပြန်ရှင်းတဲ့ဓါတ်ပုံပါ။
၃၀-၁-၂၀၁၂ ကျွန်တော်အိမ်ကို ဦးတင် (ပြည့်ပြည့်ဝင်း၏အဖိုး၊ ကံမြားရွာဖုန်း. ၀၉၄၀၀၄၆၆၁၁၀..၀၉၄၇၀၅၈၅၁၇) နဲ့ ဦးသိန်းလွင် (မာဂရီရွာ၊ဖုန်း ၀၉၄၀၀၄၄၂၁၄၂) တို့ရောက်လာပြီး သူတို့ ကလေးကိစ္စလာပြောပါတယ်။
ကျောင်းသား တပ်မတော်ရှေ့မှာ ၈၈ ပါကြောင်း အတိအကျ အရောင်တွေနဲ့ ပြောပါတယ်၊သေခြာအောင် ဦးသန်း လွင်တို့ ပြန်သွားပြီး ဖုန်းနောက် တစ်ကြိမ် ထပ်မေးပြီး အတည်ပြုချက် ရယူပါတယ်။
ဒီသတင်းနဲ့ ပါတ်သက်ပြီး သက်ဆိုင်သူများ ကံမြားရွာနဲ့ မာဂရီရွာတို့ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။ ကျွန်တော် အနေနဲ့ ဘာနဲ့မှ အချိန်ကိုက် သတင်းတင်စရာ မလိုပါဘူး၊သူတို့ထံ ဆက်သွယ်၍ ဘယ်နေ့ ကျွန်တော်ထံ လာ၍ ဘာတွေ ပြောသွားကြောင်း မေးမြန်းစုံစမ်းကြနိုင်ပါတယ်။
ဦးတင် ကတော့ ဒီကနေ့မှ ကသာကနေပြန်သွားတာဖြစ်လို့ ၄-၁၁-၂၁၁၂ရက်နေ့ ညနေပိုင်းမှ သာ ကံမြား ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပါတ်သက်ပြီး ဓါတ်ပုံနဲ့ အတိအကျ တင်ပြီး ဖြေရှင်းပေး ခဲ့တဲ့ ကိုမင်းဌေးကိုလည်း ကျေးဇူးတင်ပါတယ်၊တကယ်လို့ မပြည့်ပြည့်ဝင်း ရှိနေရင်လည်း ကူုညီ ပေးစေ လိုပါတယ်။ 
မရှိရင်လည်း ပြန်တင်ပေးစေချင်ပါတယ်။
ဘာကြောင့် ပဲဖြစ်ဖြစ် ဖြစ်ရပ်နဲ့သတင်းမှာမှန်ကန်သော်လည်း ၈၈မျိုးဆက်ကျောင်းသားတပ်မတော်လို့ သုံးစွဲမိတဲ့ အတွက် အားလုံးကို တောင်းပန်အပ်ပါတယ်... 
လေးစားလျှက် (ဟာဂျူလီ-ကသာ)
https://www.facebook.com/herjulekatha/posts/453444288026339
မနေ့တုန်းက ကျွန်တော်အိမ်လာစဉ် ရိုက်ထားတဲ့ ဦးတင်နဲ့ ဦးသိန်းလွင်တို့ရဲ့ ဓါတ်ပုံဖြစ်ပါတယ်...
ဒီသတင်းကို မတင်ချင်လို့ ကိုညီ(ဆမားညီညီ၊ABSDF(မြောက်ပိုင်း)ဟောင်း)နဲ့ ကိုရဲရင့်ကျော် (ဗကသ) တို့ထံ ဆီဖုန်းဆက် အကူ အညီတောင်းပါသေးတယ်၊(မေးကြည့်နိုင်ပါတယ်)
ဘယ်လိုမှ မပြည့်ပြည်ဝင်း ပြန်ရောက်နိုင်ရေး မလွယ်ကူ တာကြောင့် သတင်းတင်ရခြင်းဖြစ်ပါတယ်။
https://www.facebook.com/photo.php?fbid=368955516526637&set=a.110157345739790.24725.100002365754291&type=1
ပို့စ် ပြန်ဖျက်လိုက်ပါပြီ။ တတ်နိုင်သူတွေ ကလေးမလေး ပြန်ရောက်ရေးတော့ တတ်နိုင်သလောက် ကူညိေ ပးကြ ပါ။
သူတို့ ဘက်ကို တွေးကြည့်ရင် ပိုက်ဆံ မရှိလို့ နေ့စား သွားလုပ်တာ မိသားစုတစ်ခုလုံး ဒုက္ခရောက်ရ သလိုဖြစ်နေကြ ရရှာပါပြီ...
Credit : ဟာဂျူလီ ကသာ
မပြည့်ပြည့်ဝင်း အိမ်ပြန်နိုင်ရေး တတ်နိုင်သလောက် ကူညီပေးကြပါ။ သူ့အဖိုးနဲ့ တွေရလျှင် မပြည့်ပြည့်ဝင်း ရဲ့ ဆန္ဒအမှန်ကို သိရမှာပါ။ တတ်နိုင်သူတွေ ကူညီပေးကြပါ။
https://www.facebook.com/photo.php?v=240867539374351
This is just a click MOVIE :(
ဦးတင် (မပြည့်ပြည့်ဝင်း၏အဖိုး၊ ကံမြားရွာဖုန်း. ၀၉၄၀၀၄၆၆၁၁၀..၀၉၄၇၀၅၈၅၁၇) ၊ ဦးသိန်းလွင် (မာဂရီရွာ၊ဖုန်း ၀၉၄၀၀၄၄၂၁၄၂) 
 
 
 www.MyanmarExpress.net
 

လက်နက်ကိုင်သောင်းကျန်းသူအား အပြုတ်တိုက်ခြင်းသာ နည်းလမ်းမှန်ဖြစ်ကြောင်း ပြင်သစ် သက်သေပြ

From :voa



ပြင်သစ်တပ်တွေဟာ Kidal မြို့ လေဆိပ်ကို သိမ်းယူလိုက်ပါပြီ။ မနှစ်တုန်းကတည်းက မာလီ မြောက်ပိုင်းကို အစ္စလာမ်မစ်သူပုန်တွေ သိမ်းပိုက်ထားရာမှာ သူပုန်တွေဘက်က လက်လွှတ်လိုက်ရတဲ့ အဓိကကျတဲ့ နောက်ဆုံး နယ်မြေဖြစ်ပါတယ်။

သူတို့တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကို တညလုံး သိမ်းယူထားခဲ့တယ်လို့ ပြင်သစ်တပ်က ပြောပါ တယ်။ Kidal ဒေသ လွှတ်တော်ရဲ့ အကြီးအကဲ Haminy Maiga ကတော့ တပ်ဖွဲ့တွေဟာ လေ ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ရောက်ရှိလာပြီး သူတို့ရောက်ရှိလာချိန်မှာတော့ ဘာမှ အခုအခံ ရင်မဆိုင်ရဘူးလို့ ပြောပါတယ်။

ဘာသာရေးကို အခြေခံမထားတဲ့ Tuareg သူပုန်အဖွဲ့ MNLA ကတော့ သူတို့အနေနဲ့ Kidal မြို့ကို အစ္စလာမ်မစ်သူပုန်တွေ  လက်ထဲက သိမ်းယူနိုင်ခဲ့ပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာထား ပါတယ်။ MNLA တပ်တွေဟာ မြို့ပတ်ပတ်လည်မှာရှိနေပြီး အစ္စလာမ်မစ်သူပုန်တွေကတော့ အနီးအနား ကျေးရွာတွေကို ရှောင်ပြေးနေတယ်လို့ Maiga က ပြောပါတယ်။

ဒီ အတောအတွင်းမှာပဲ Timbuktu မြို့မှာရှိတဲ့ ရှေးဟောင်း ပေပုရပိုဒ်တွေ အတော်များများ လုံလုံခြုံခြုံရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အစောပိုင်းတုန်းက အဲဒီမြို့ကို သူပုန်တွေ သိမ်းထားစဉ်က ပေပုရပိုဒ်အတော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။


 www.MyanmarExpress.net

တနိုင်းဒေသမှ ကေအိုင်အေနှင့် ABSDF တို့ ကြီးကြီးကျယ်ကျယ် ပြောသည့် ၃၀.၁.၂၀၁၃ တိုက်ပွဲ

From : http://www.oppositeyes.info/2013/01/absdf_31.html


သတင်းအစတွင်တော့ စခန်းများ ကျဆုံးသော်လည်း အောင်ပွဲတွေ ရသည်ဟု ကိုယ့်ကိုကိုယ် ချီးမွမ်းတတ် သည့် ကေအိုင်အေ တို့ ထုံးစံအတိုင်း တပ်မတော်က နောက်ဆုတ်ပေးခဲ့ရသည်ဟု ဖော်ပြထားသည်ကို တွေ့ ရပြီး သတင်း အဆုံးမှာတော့ ၀ တပ်ဖွဲ့နှင့် တပ်မတော် တို့အကြား တိုက်ပွဲများ ဖြစ်ပွားစေရန်၊ ကေအိုင်အေ တို့အား ၀ တပ်ဖွဲ့မှ ကူညီရန်အတွက်  သွေးထိုးလှုံ့ဆော်မှုကို တွေ့ရမှာ ဖြစ်ပါသည်။
==================
ယမန် နေ့ ညနေ (၅) နာရီ အချိန်တွင် အစိုးရ ၏ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အော က်ခံ တပ်ဖွဲ့နှင့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၆) တပ်ခွဲ အဖွဲ့နှင့် ဖါးကန့်မြို့နယ် ဂွေခါေ ကျး ရွာ အနီးတွင် မိနစ်(၃ဝ)ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ တပ်များ နောက် ဆုတ် ပေးခဲ့ရသည်ဟု KIA တပ် ရင်း (၆) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲ က ဆိုပါသည်။

“ အစိုးရတပ်က အမြဲတမ်း လိုက်တိုက်နေတာ့ ရှောင်လေ လာရှုပ်လေဖြစ်နေတဲ့ အတွက်ကြောင့် ကျနော် တို့ ဖက်က သီး မခံနိုင်တော့လို့ တပွဲခံ ချလိုက်တာပါ။ ဒီတော့ ဒီပွဲမှာ အထိနာ သွားပုံရပါ တယ်။ အဝေးဆုံး ကို နောက်ဆုတ်သွားလိုက်တာပါဘဲ။” ဟုဆိုပါသည်။

ဤတိုက်ပွဲသည် KIA တပ်ရင်း (၆) လက်အောက်ခံ ညောင်ထောက်စခန်းမှ တပ်ခွဲ (၅) တပ်ဖွဲ့နှင့် စစ်ကြော င်း (၃)ကြောင်း ဖြင့် အင်း (၄ဝဝ) ခန့်ရှိသော ကယားပြည်နယ် အခြေစိုက် အစိုးရ၏ အမှတ် (၇)စစ်ဆင်ရေး ကွပ်ကဲ မှုဌာနချုပ် (စကခ ၇) တပ်ဖွဲ့များ အနက်မှ အင်အား(၁ဝဝ) ခန့် ရှိသည့် စစ်ကြောင်းတို့ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။

KIA တပ်မဟာ (၂) တပ်ဖွဲ့သည် တနိုင်းလွင်ပြင်ကို အခြေစိုက်သော တပ်မဟာဖြစ်ပြီး အင်အား တေ ထာင်ေ ကျာ်ရှိ သည် ဟု အကဲခတ်များက ဆိုပါသည်။ ဤတပ်မဟာ နယ်မြေထဲသို့ အစိုးရ စကခ(၇) တပ်ဖွဲ့ များ အပါဝင် ကချင်ပြည်နယ်ဒေ သခံတပ်အင်အား (၂ဝဝဝ) ခန့်က ယခု လဆန်း ကတည်းက လိုက်လံပြီး စစ် ဆင်ေ နသည်ဟု KIA ဖက်မှဆိုပါသည်။

အလားတူ KIA တပ်မဟာ(၁) ဧရိယာဖက်သို့ ယနေ့ မနက် ၉ နာရီခန့်တွင် အစိုးရစစ်ကား အစီး ၅ဝ ခန့် သည် ရိက္ခာ များနှင့် ရဲဘော်များအပြည့်တင်ဆောင်ပြီး မြစ်ကြီးနားမြို့မှ မြစ်ဆုံဘက်သို့ တက်သွား ခဲ့သည် ဟု ဒေသခံများကဆိုပါ သည်။ ဤတပ်ဖွဲ့များသည် KIAတပ်မဟာ (၂) ကို စစ်ဆင် ရာတွင် စစ်ကူဖြည့် တင်းဖွယ်ရှိသည်ဟု KIA ဖက်မှတွက် ဆထားပါသည်။

ထို့အပြင် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာအနီးရှိ ခါယာတောင်၊ ဖွန်ပျဉ်ဘွမ်တောင်နှင့် ဘွမ်ရယ်တောင် ရှိ KIA တပ်မ ဟာ (၅) ဌာနချုပ်တို့ကို စစ်ဆင်ရန်ဒေါ့ဖုန်ယန်းမှ စစ်ကူ များ ပေး ပို့နေ သည်ဟု ၄င်းစစ် မျက်နှာ ဖက်ရှိ ABSDF တပ်ဖွဲ့ မှ ရှေ့တန်းစစ် ဆင်မှုကွပ်ကဲရေး တပ်မှူး တစ်ဦးက ဆိုပါသည်။

အစိုးရသည် KIA အားတပ်ရင်းပေါင်း(၁ဝဝ)နှင့် (၁၃ဝ)ကြားရှိသည့် အင်းအား (တသောင်းခွဲခန့်) သုံးပြီးစစ် ဆင်နေ သည် ဟု KIA ကဆိုပါသည်။ ဤအထဲ၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဖွဲ့များ၊ အရှေ့မြောက် တိုင်း၊ အနောက်မြောက်တိုင်း အပြင် တပ်မ ၁ဝ၁ ၊ တပ်မ ၉၉၊ တပ်မ ၈၈ ၊ တပ်မ ၆၆ ၊ တပ်မ ၃၃၊ စကခ ၂ ၊ စကခ ၃ ၊ စကခ(၇) နှင့် စကခ ၂၁ စသည့် တပ်များပါဝင်ပြီး အထူးတပ် များ လည်း အများအပြား ပါဝင်ခဲ့ သည်ဟု နယ်စပ်စစ်ရေး အကဲခတ် တစ်ဦးက ဆိုပါ သည်။

ထို့အပြင် မြေပြင်ပစ် အမြောက်တပ်ရင်းများအပါဝင် ရေတပ်ဖွဲ့ ဌာနချုပ်၊ အခြားတိုင်းတပ်များနှင့် စကခဌာ န ချုပ် များမှ လည်း စစ်ကူများ ထပ်မံ ပေးပို့လျက်ရှိသည်ဟု KIA ဖက်က ဆိုပါသည်။

KIAသည် အစိုးရနှင့်ဆွေးနွေးနိုင်ရန် ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ၏ ကြားဝင် ကမ ကထ လုပ်ပေး မှုကို လက်ခံခဲ့သည်ဟု သတင်းများက ဆိုပါသည်။ (UWSA)၌ လေယာဉ်ပစ်ဒုံးများ၊ သံချပ်ကာ ကားများ ရှိနေသဖြင့် KIA နှင့် နီးစပ်သွားမည်ကို အစိုးရဖက်မှ စိုးရိမ်ဖွယ်ရှိနေပါသည်။ ဤလုပ်ရပ် သည် လည်း အစိုးရအား စစ်ရေး အရ ခြိမ်းခြောက်ရာ မြောက်သည်ဟု ယူဆကြပါသည်။

ဤကဲ့သို့ စစ်ရေးဒဏ်ခံခဲ့ရသော KIA နှင့် (UWSA) တို့ နီးစပ်မှုကို အစိုးရမှလိုလားဖွယ်မရှိနိုင်ပေ။ သို့ေ သာ် လည်း နီး စပ်မှုဖြစ်လာရန် အခြေအနေက ဖြစ်လာနေပါသည်။ (UWSA)သည် ပါတီ ဖွဲ့ပြီး ရွေးကောက် ပွဲဖြင့် လွှတ်တော်ဝင် ရေး နှင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဆို သည့် ဖိအားကို နဂိုက တည်း က ခံထားရသည့် အဖွဲ့ဖြစ်ပါသည်။

ဤသို့ကြောင့် (UWSA)သည် ၄င်းတို့၏ ပန်းဆန်းဌာနချုပ်၌ နှစ်ဖက်ဆွေးနွေးကြရန် ပန်းကြားခြင်း ဖြင့် KIA နှင့် အစိုးရ တို့၏ စစ်ရေးကိစ္စ၌ ပါဝင်လာခြင်းဖြစ်ဖွယ်ရှိနေကြောင်း အကဲခတ်များက ဆို ပါသည်။
 
 
. www.MyanmarExpress.net
 

သေဆုံးသူ ကိုရီးယားခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည် ပန်းစည်းချ ဂါရဝပြု

From :rfa

တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဗိမာန်မှာ ပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။

Photo : NLD (LA) Korea Branch

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မနက်ပိုင်းက ဂွမ်ဂျူး လူ့အခွင့်အရေးလှုပ်ရှားသူဆုကို လက်ခံရယူစဉ်

၉၈၀ ခုနှစ် မေ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားတွေအပါအဝင် ပြည်သူလူထုကို စစ်အာဏာရှင် ချန်ဒူးဝမ် အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ တောင်ကိုရီးယား ကျောင်းသားနဲ့ ပြည်သူ ၂၀၀၀ လောက်အထိ ကျဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီသူရဲကောင်း ဂူဗိမာန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည် ကမ္ဗည်းထိုးထားတဲ့ သစ်ပင်တစ်ပင်ကိုလည်း အမှတ်တရ စိုက်ခဲ့ပါတယ်။

ဒီမိုကရေစီ သူရဲကောင်း ဂူဗိမာန်မှာ ဂါရဝပြုပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူနေအိမ်အကျယ်ချုပ်ကျစဉ်ကာလ ၂၀၀၄ ခုနှစ်က ဂွမ်ဂျူးမြို့က ပေးအပ်တဲ့ “ဂွမ်ဂျူး လူ့အခွင့်အရေးဆု” နဲ့ ဂွမ်ဂျူးမြို့တော်ဝန်ရဲ့  ဂွမ်ဂျူးမြို့သူဆုကိုလည်း လက်ခံယူခဲ့ပါတယ်။

ဂွမ်ဂျူးမြို့သူဆုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလိုတဲ့အတွက် သီးသန့်ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဆုရယူစဉ် မိန့်ခွန်းပြောရာမှာ သူနေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလအတွင်း ဂွမ်ဂျူးမြို့သူမြို့သားတွေနဲ့အတူ တောင်ကိုရီးယား ပြည်သူတွေကနေပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့ ကျေးဇူးကို မိမိအနေနဲ့ မမေ့ဘူးဆိုတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီ ဆုပေးပွဲအခမ်းအနားကို ဂွမ်ဂျူးမြို့သူ မြို့သားတွေ နဲ့ ဂွမ်ဂျူးရောက် မြန်မာကျောင်းသားတွေအပါအဝင် မြန်မာမိသားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူတာအပြင် ဂူဗိမာန်မှာ သွားရောက်ဂါရ၀ ပြုခဲ့တဲ့အခြေအနေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တောင်ကိုရီးယားဌာခွဲက ဦးရန်နိုင်ထွန်းကို RFA ၀ိုင်းတော်သား ဦးဘအောင် ဆက်သွယ်မေးမြန်းထားပါတယ်။

 www.MyanmarExpress.net
 

ဒီသတင်းဓာတ်ပုံကို ကြည့်လိုက်ပါ

From :http://www.oppositeyes.info/2013/01/blog-post_86.html


ဒီသတင်းဓာတ်ပုံကို ကြည့်လိုက်ပါ..
ဒီသတင်းဓာတ်ပုံ ခေါင်းစဉ်က  ခံကတုတ်ထဲက ကေအိုင်အေစစ်သား (ဓာတ်ပုံ- Steve Tickner/ ဧရာဝတီ)တဲ့..
ဒီ ဓာတ်ပုံရဲ့ အနောက်ကိုကြည့်လိုက်ရင် ကားလမ်းနဲ့ ဆက်သွယ်ရေး လမ်းတွေက သယ်ထုတ်သွားတဲ့ ရန်သူ့ အလောင်းတွေကိုလည်း တွေ့ရမယ်..
လက်နက် အသစ်တွေ၊ ခဲယမ်း၊ဗုံးသီး အသစ်တွေ အဆက်မပြတ် ကမ်းနေတဲ့ လက်တွေကိုလည်း တွေ့ရမယ်..

ဒီလိုမျိုး တိုက်ပွဲတွေမှာ သတင်းဓာတ်ပုံ လိုက်ရိုက်ခွင့်မရလို့ ခင်ဗျားတို့က တပ်မတော်ကို အပြစ်ဆိုကြတယ်..
ခင်ဗျားတို့ တပ်မတော် စစ်ကြောင်းနဲ့ လိုက်ပြီး ဒီဓာတ်ပုံကို ရှေ့က ရိုက်ကြည့်လိုက်စမ်းပါ…
ခံစစ် စခန်းမျက်နှာစာမှာ အပြောင်ရှင်းထားပြီး မြန်မာ့တပ်မတော်က စစ်သည်တွေ တလှုပ်လှုပ်နဲ့ တက်နေတဲ့ ဓာတ်ပုံ ခင်ဗျားတို့ ရမယ်…

လက်ပစ်ဗုံးဒဏ်ကြောင့် အတုံးအရုံး သေဆုံးနေတဲ့ စစ်သားတွေကို ခင်ဗျားတို့ မြင်ရမယ်..
ငယ်သားတွေရဲ့ ရှေ့က Follow Me ဆိုတဲ့ ခေါင်းဆောင်မှု အပြည့်နဲ့ ရှေ့ဆုံးက တက်နေတဲ့ အရာရှိတွေကို တွေ့ရမယ်..
သေတစ်ဝက် ရှင်တစ်ဝက်နဲ့ ရုပ်ပျက်ဆင်းပျက် မြင်ကွင်းတွေလဲ ရှိချင် ရှိလိမ့်မယ်..
ရန်သူ့ခြံစည်းရိုးရှေ့မှာ တစ်ပိုင်းပြတ်နေတဲ့ ခန္ဒာကိုယ်နဲ့ ကြိုးစားပြီး တောင်ကုန်းပေါ်တက်နေတဲ့ စစ်သည်တွေ ကိုလည်း တွေ့ချင်တွေ့ရမယ်..

အဲဒီမြင်ကွင်းတွေရဲ့ အောက်ကို နည်းနည်း ဆုတ်လိုက်ရင် ကိုယ့်စစ်သည်တွေအတွက် ကာပစ် ပစ်ပေးနေတဲ့ မျက်ရည်တွေ၊ ဒေါသတွေ အပြည့် မျက်နှာတွေကိုလည်း တွေ့ရမယ်..
ဒီတစ်သုတ်ပြီးရင် နောက်တစ်သုတ် တက်ဖို့ စီမံခန့်ခွဲနေတဲ့ တပ်မတော် အရာရှိတွေကိုလည်း တွေ့ရမယ်..

အဲဒီနောက်ကို နည်းနည်း ထပ်ဆုတ်ကြည့်ရင် ကိုယ့်စစ်သည်တွေ သေဆုံးတာကို မှန်ပြောင်းနဲ့ ကြည့်ပြီး ခံပြင်း ကြေကွဲနေတဲ့ အရာရှိကြီးတွေရဲ့ မျက်နှာတွေကို တွေ့ရမယ်..
ပစ်ခတ်မှု အခြေအနေတွေကို သတင်းပို့နေ၊ အကြောင်းကြားပေးနေတဲ့ ဆက်သွယ်ရေး စက်က အသံတွေကို လည်း ကြားရမယ်..
ဘေးပတ်ဝန်းကျင်ကို ကြည့်ရင် အေးခဲတဲ့ ဆောင်းနှင်းဒဏ်ကြောင့် ရောဂါရနေသူတွေ၊ တိုက်ပွဲမှာ ဒဏ်ရာ ရလို့ ညည်းတွားနေတဲ့ အော်ဟစ်သံတွေလဲ ကြားရမယ်..

ကဲ..ဒါဟာ တိုက်ပွဲတစ်ခုပဲလေ..ဒါကို ခင်ဗျားတို့ ရေးချင်တယ်ဆိုရင် ဒီတိုက်ပွဲကို ဆင်လို့ ပြည်ထောင်စု မပြိုကွဲ ဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲဖို့၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲဖို့ အောက်ပြည်အောက်ရွာ မှာ လစာ စားပြီး အေးဆေးနေလို့ ရတဲ့ စစ်သားတွေ အကြောင်းကို ရေးလို့ ရပါတယ်..
အီရတ်၊ အာဖဂန် ကမ္ဘာ့နိုင်ငံအနှံ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ဆင်နွှဲနေသူတွေနဲ့ နှိုင်းယှဉ်ပြီး ရေးပြလို့လဲ ရပါတယ်…
အကြမ်းဖက်မှုတွေကြောင့် လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ တပ်မတော်က အသက်တွေ အသေခံပြီး တိုင်းပြည်အတွက် ပေးဆပ်နေတယ် ဆိုပြီး အမွှမ်းတင်ချင်လည်း တင်လို့လည်း ရပါတယ်…
ဒါတွေ တစ်ခုမှ မလုပ်နိုင်ဘူး ဆိုရင်တော့ ချို့တဲ့နေတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံ(၁)ပုံ၊ သတင်း တစ်ပုဒ်ကို အစားသုံးမလား။ ဒို့တာဝန် အရေး(၃)ပါး ဆိုတဲ့ စာတစ်ပိုဒ်ကို အစားသုံး မလား။ ခင်ဗျားတို့ ကြိုက်တာသုံးလို့ ရပါတယ်..
သတင်းမရတာ တစ်ခုကြောင့် တိုင်းပြည်အတွက် ပေးဆပ်ရတဲ့ အသက်တွေကို တန်ဖိုးမဲ့ မဖော်ပြဘူးဆိုရင်ပဲ ခင်ဗျားတို့ကို ကျေးဇူးတင်နေမှာပါ။

မြန်မာအစိုးရက SE-ME-WE-5 အတွက် ကန်သန်း ၄၀ ၀န်းကျင် အကုန်ခံမည်

From : မြန်မာ့သားကောင်း

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက်ဆက်ကြောင်းလိုင်းသစ် တစ်ခုဖြစ်သည့် SE-ME-WE-5 တည်ဆောက်မှုလုပ်ငန်းများအတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၃၅ သန်း ကနေ သန်း ၄၀ ကြား ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
“ဒီလိုတည်ဆောက်ရာမှာတော့ ကုန်းတွင်းပိုင်း ဖိုင်ဘာလိုင်းတွေကို အရင်ဆုံး ပြုလုပ်ရမှာ ဖြစ်ပြီး SE-ME-WE-5 ဆက်ကြောင်းကို မူဆယ်မှ ချောင်းသာအထိ သွယ်တန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။” မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်း ဖိုက်ဘာဆက်ကြောင်း အသစ်တည်ဆောက်ရန် စီစဉ်ရခြင်းမှာ လက်ရှိ အသုံးပြုနေသည် Se-ME-WE-3 သက်တမ်းမှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် အင်တာနက် လိုင်းဆွဲအားကောင်းမွန်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

အင်တာနက်မြန်နှုန်းတိုးတက်မြန်ဆန်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အင်တာနက်ဆက်ကြောင်း အသစ် Sea-Me-We 5 ပြီးပါက အင်တာနက်သုံးစွဲမှု ပိုကောင်းမွန်လာမည်ဖြစ်ကြောင်း အိုင်တီပညာရှင်များက ဆိုသည်။

လက်ရှိ သုံးစွဲနေသော Sea-Me-We 3 ဆက်ကြောင်းမှာ မြန်မာနိုင်ငံအတွင်းသို့ ဖျာပုံမြို့မှ ၁၁၄၃ ကီလိုမီတာ အကွာတွင် ချိတ်ဆက်ထားခြင်းဖြစ်ပြီး၊ Sea-Me-We 5 မှာ ငွေဆောင်ဘက်မှ ဝင်ရောက်မည် ဖြစ်သည်။

အဆိုပါ se me we 5 အင်တာနက်ဆက်ကြောင်းသစ်နှင့် ချိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကမကထ ပြုလုပ်သွား မည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်သည်။

လက်ရှိ se me we 3 အင်တာနက်ဆက်ကြောင်းဖြင့် နိုင်ငံပေါင်း ၃၄ နိုင်ငံ အသုံးပြုလျက်ရှိပြီး se me we 3 ၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀ ၀န်းကျင်ဖြစ်ပြီး၊ ယခုအခါလက်ရှိအသုံးပြုနေသည့်ကာလမှာ နှစ် ၂၀ ကျော်လာပြီဖြစ်၍ အင်တာနက်ဆက်ကြောင်းလိုင်း အသစ်ဖြင့် ချိတ်ဆက်ရန် စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ ဆက်ကြောင်း တည်ဆောက်ရန်အတွက် ပြည်ပ .ကုမ္ပဏီတစ်ခု ဖြစ်သည့် China Uniconနှင့် သဘောတူ စာချုပ်.အား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည်။


www.MyanmarExpress.net

ABSDF ဘာကြောင့် KIA နဲ့ပေါင်းသလဲ?

From :http://myanmarpyithar.org/absdf-%E1%80%98%E1%80%AC%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B7%E1%80%B9-kia-%E1%80%94%E1%80%B2%E1%82%94%E1%80%B1%E1%80%95%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%9C%E1%80%B2/

Photo: ABSDF ဘာကြောင့် KIA နဲ့ပေါင်းသလဲ?<br /><br /><br />
=======================</p><br /><br />
<p>၁။  တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့  နာမည်သေကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်းလူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှုကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။</p><br /><br />
<p>၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဖွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှိုဆိုပြီးစွပ်စွဲ၊ရက်ရက်စက်စက်လည်ပင်းကို ၀ါးကြောနဲ့လှီး၊ပေါင်းကိုခွဲ ဆားသိပ်၊ အမျိုးသမီးဆိုရင် မိန်မအင်္ဂါကို တံစို့ကိုမီးရဲရဲကင်ပြိးထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။</p><br /><br />
<p>၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်လဲလိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန်မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုကဘာတွေဘဲလုပ်ခဲ့လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ်ခဲ့တယ်။</p><br /><br />
<p>၄။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ကြိုးစားခဲ့တယ်။</p><br /><br />
<p>၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဖွန်မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များရမလားဆိုပြီး စမ်းကြည့်တယ်။ မီသီးဖွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီဆိုပြီ ဆန်အိတ်တွေဘာတွေတောင် ထမ်းပြလိုက်သေးတယ်။ ABSDF ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်းဌာနတွေနဲ့ လက်ဝါချင်းရိုက်လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် မြောက်ပိုင်း လူသတ်မှုတွေကြောင့်တရားစွဲခံရမှာလဲကြောက်၊သူ့ကိုယ်သူ  ပြည်သူ့အော့နှလုံးနာကြီးဆိုတာလဲသိတော့ ပြန်ပြေးရှာပါတော့တယ်။</p><br /><br />
<p>၆။ ဒါနဲ့တင်ရပ်သလားဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာ ပါပြီ၊ ပြောင်ပြောင်တင်းတင်းပါဘဲ၊ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ကြိုးစားပြန်ပါတယ်။ KIA ကတပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊KIA က အသာစီးရနိုင်တဲ့တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကိုကန့်လန့်တိုက်နေတဲ့ သတင်းဌာနတွေ၊ Social Network တွေပေါ်ကိုတင်ပြီး KIA ဘက်ကကူသယောင်နဲ့ ABSDF ကို နာမည်ရအောင်လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့နာမည်ကို ပါအောင်သုံးတယ်။</p><br /><br />
<p>၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ပါကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကိုခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်းပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို ပြည်သူတွေ ကလည်း ပြင်းပြင်းထန်ထန်ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံးကျပြိး ရှုံ့နိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကိုရောက်နေပါပြီ။</p><br /><br />
<p>၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်းအဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှလက်ခံမှာမဟုတ်ဘူးဆိုတာ သိသွားပါတယ်။ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ ( KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံးထွက်ပေါက်ရှာမဲ့နည်းလမ်းဖြစ်ပါတယ်။</p><br /><br />
<p>၉။ KIO/KIA တွေသိဖို့က ABSDF ဆိုတာ KIA ကိုချစ်လွန်းလို့ လာပူပေါင်းတောမဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေတစ်လုံးကို အသက်သွင်းချင်လို့ KIA ဆိုကိုရောက်နေတယ်ဆိုတာပါဘဲ။</p><br /><br />
<p>JingHpaw Land
၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေကျောင်းသား တပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ် မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှုကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။
၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဖွန်ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူ ၀ါဒ၊ ခေါင်းဆောင်မှုနဲ့ တယူ သန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေး သူလျှိုဆိုပြီးစွပ်စွဲ၊ရက်ရက် စက်စက် လည်ပင်းကို ၀ါးကြောနဲ့လှီး၊ပေါင်းကိုခွဲ ဆားသိပ်၊ အမျိုးသမီးဆိုရင် မိန်မအင်္ဂါကိုတံစို့ကို မီးရဲရဲ ကင်ပြိးထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှခဲ့လို့ ABSDF ကို အော့ နှ လုံးနာခဲ့ကြတယ်။
၃။ တပ်မတော်အစိုးရကနေ လက်ရှိဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်လဲ လိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန် မှာတော့ ပြည်ပ ကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုကဘာတွေဘဲ လုပ်ခဲ့လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ်ခဲ့ တယ်။
၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့အခြားတိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ကြိုးစားခဲ့တယ်။
၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဖွန်မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များရမလားဆိုပြီး စမ်းကြည့်တယ်။ မီသီးဖွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီဆိုပြီ ဆန်အိတ်တွေဘာတွေတောင် ထမ်းပြလိုက်သေး တယ်။ ABSDF ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာ တိုင်းရင်းသားဖြစ်အောင် နိုင်ငံခြား သတင်း ဌာနတွေနဲ့ လက်ဝါချင်းရိုက်လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် မြောက် ပိုင်း လူသတ်မှုတွေကြောင့်တရားစွဲ ခံရမှာလဲကြောက်၊သူ့ ကိုယ်သူပြည်သူ့အော့ နှလုံးနာကြီးဆိုတာလဲ သိတော့ ပြန်ပြေးရှာပါတော့တယ်။
၆။ ဒါနဲ့တင်ရပ်သလားဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာ ပါပြီ၊ ပြောင်ပြောင် တင်းတင်း ပါဘဲ၊ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ကြိုးစားပြန်ပါတယ်။ KIA က တပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊KIA က အသာစီးရနိုင်တဲ့တိုက်ပွဲတွေမှာ Movies ဖိုင်တွေ ဓာတ်ပုံတွေ ရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကိုကန့်လန့်တိုက်နေတဲ့ သတင်း ဌာနတွေ၊ Social Network တွေပေါ်ကိုတင်ပြီး KIA ဘက်ကကူသယောင်နဲ့ ABSDF ကို နာမည်ရအောင် လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့နာမည်ကို ပါအောင်သုံးတယ်။
၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ပါကြီးအုပ်၊ လိုင်ဇာကနေ တရုတ် ကိုခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်းပေါ်လာ၊ KIA ရဲ့ အကြမ်း ဖက်လုပ်ရပ်တွေ ကို ပြည်သူတွေ ကလည်း ပြင်းပြင်းထန်ထန်ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံးကျပြိး ရှုံ့နိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီဆိုတော့ ABSDF အတွက် ကျင်းထဲ ကြပ်ထဲကိုရောက်နေပါပြီ။
၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်းအဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လို နည်းနဲ့မှလက်ခံမှာမဟုတ်ဘူးဆိုတာ သိသွားပါတယ်။ ဒီတော့ တစ်ဘက်လှည့်နဲ့ဝင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ ( KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့နည်း လမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက် ဆုံး ထွက်ပေါက် ရှာမဲ့နည်းလမ်းဖြစ်ပါတယ်။
၉။ KIO/KIA တွေသိဖို့က ABSDF ဆိုတာ KIA ကိုချစ်လွန်းလို့ လာပူပေါင်းတောမဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေတစ်လုံးကို အသက်သွင်းချင်လို့ KIA ဆိုကိုရောက်နေတယ်ဆိုတာပါဘဲ။

 www.MyanmarExpress.net