Subscribe to our RSS Feed

တန်ဖိုးနည်းဖုန်း ရောင်းချရေး ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး

From : ..rfa


တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရောင်းချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ အစိုးရက ကြေညာထားတဲ့ ၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းကတ်တွေ ရောင်းချတဲ့အခါမှာ ကုမ္ပဏီတစ်ခုလက်ထဲ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လက်ထဲ အားလုံးလွှဲပေးလိုက်တာမျိုးမဖြစ်စေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ရောင်းချပေးဖို့ကို ဒေါက်တာ ညိုညိုသင်းက ဒီနေ့မှာတင်ပြခဲ့တာပါ။

ဒါပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဆင်းကတ်တွေ ဘယ်လိုရောင်းချရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က တိတိကျကျ ညွှန်ကြားချက် မရှိသေးတာကြောင့် အဲဒီလို အဆိုတင်သွင်း ဆွေးနွေးမှုဟာ မှတ်တမ်းတင်တဲ့အဆင့်ပဲ ရောက်ခဲ့ရတယ်လို့ ဒေါက်တာ ညိုညိုသင်းက အခုလို ပြောပါတယ်။

“ကုမ္ပဏီတစ်ခုကို ပုတ်ပြတ်ပေးလိုက်တာတို့၊ ဌာနတစ်ခုကို လုံးဝလွဲအပ်ပြီး ရောင်းချလိုက်တာတို့၊ ဝန်ကြီးဌာနတစ်ခုကိုပဲ ကိုင်တွယ်ခိုင်းတာတို့၊ အဲဒါမျိုးတွေ မဖြစ်သင့်ဘူးဆိုပြီး အရေးတကြီး အဆိုတင်တယ်၊ ဒီအဆိုကို မဲခွဲပြီးဆုံးဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဥက္ကဌကြီးက ဒါဟာဆိုလို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့က ဘယ်လိုလုပ်ပါဆိုတဲ့ ညွှန်ကြားချက် မရသေးတဲ့အတွက်ကြောင့်မို့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးဘူး၊ ဒါကြောင့်ဒီအဆိုကို မှတ်တမ်းပဲတင်ထားပေးပါဆိုပြီး ဒါဥက္ကဌကြီး ကိုယ်တိုင်က မှတ်တမ်းပဲတင်ထားလိုက်တာပေါ့၊”

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းကတ်အရေအတွက် လစဉ် ၃ သိန်းခွဲကို ပြည်နယ်နဲ့ တိုင်းအသီးသီးအတွက် ခွဲဝေပေးမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ရလာတဲ့ခွဲတမ်းအရေအတွက်ကို ဒေသခံတွေဆီ ပြန်လည်ရောင်းချပေးရမှာဖြစ်ပါတယ်။

အဲဒီလို ဆင်းကတ်အရေအတွက်ကို ကန့်သတ်ချက်နဲ့ ရောင်းချပေးမှာ ဖြစ်တာကြောင့် ပြည်သူတွေဝယ်ယူရာမှာ လုံလောက်မှုမရှိနိုင်ဘူးလို့လည်း ပြောဆိုနေကြပါတယ်။

.. www.MyanmarExpress.net
 

9 comments:

သေချာပြီဆိုရင်လည်းထပ်ပြောအုံး တို့တွေမျှော်နေမယ်

ိတယ်လီဖုန်းကို ဘယ်လိုက်ဝယ် ရမှာလဲ ဟင် ။ များတို့ က မီးထွန်းဖို့ တစ်လုံး ကက်ဆက်ဖွငိ့ တစ်လုံး အဲဟုတ်ဖူး မှားလို့ များအတွက် နဲ့ အစင် လေး အတွက် တစ်လုံး ၀ယ်ချင် လို့ နော် မရလို့ က တော့ များတို့ လမ်း ပေါ် တက် လမ်းလျှောက်လိုက်မယ် ဟင့် ဒီ လူကြီး တွေတော် တော် ဆိုး မီး နဲ့ နေကြ မလား ဟင်.,....?

အမှန်ကနားမလည်တဲ့ လူတွေကတောင်းဆိုနေတာပါ ဆိုက်ကားသမား ပဲပြုတ်သယ် ဖုန်းကိုင်ပြီး ဘာလုပ်မှာလဲ တလဘယ်လောက်ဖိုးပြောမှာလဲ နှိမ်ပြီးပြောတာမဟုတ်ဘူး တကယ်တောင်းဆိုရမှာက ၁မနစ် ၅၀ဆိုတာကို ၁၅ကျပ် ၂၀ကျပ် ထားဖို့တောင်းဆိုရမှာ ခုတော့ ငါးထောင်ထဲ့ တရက်မလောက် တသောင်းထဲ့ ၂ရက်မလောက် လူတွေ ဘာတောင်းရမယ်ဆိုတာ နားမလည်ကြဘူး သေချာစဉ်းစားကြပါအုံး

ဘယ်သူတွေ့ရောင်းချခွင့်ဝေစုရအောင် လုပ်မလို့လဲဟင်။ ပြည့်သူအတွက်လား စီးပွားရေးသမားတွေအတွက်လားဗျာ။

အမှန်အကန်ထောက်ခံပါတယ် ကျွန်တော်တို့ ဖုန်းဆင်းကဒ်ကို 45သိန်းကတည်းက ကိုင်လာတာ ကွန်တော်တို့ ကိုရောဘာလုပ်ပေးမှာလဲ အခုတန်ဖိုးနည်း ဖုန်းတွေကို တစ်မိနစ်၅၀ဆိုရင် ကျွန်တော်တို့ တန်ဖိုးမြင့် ဖုန်းတွေကို တမိနစ် ၁၅ကျပ်ထားပေးဖို့ ဝိုင်းဝန်းတောင်းဆိုကြ ပါစို့

အုပ် ချုပ် ရေး မှုး ဆို တာ တွေ နဲ့ သူ့ အ မျိုး တွေ အ တွက်

ဘာမဟုတ်တဲ့sim cardလေးတစ်ခါရောင်းဖို့သ
မ္မတလည်းမနေရလွှတ်တော်လည်းမနေရသြော်ငါတို့မြန်မာပြည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်