From :
..mrtv4
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ လက်ရှိမှာ ဆောက်လုပ် လျက်ရှိတဲ့ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် တည်ဆောက်မှုဟာ ပြီးစီးမှု အနေနဲ့ လက်ရှိမှာ ၇၅ ရာခိုင်နှုန်းခန့် ဆောက်လုပ် ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်ကို တည်ဆောက် ရာမှာလည်း ဗဟိုမဏ္ဍပ်ကြီးနဲ့ ရေကစား မဏ္ဍပ် ဆောက်လုပ်တာ ဖြစ်ပါတယ်။
ဗဟိုမဏ္ဍပ်ကြီး မှာတော့ ၉၄ ပေ၊ ၄၄ ပေရှိတာ ဖြစ်ပြီး ရေကစား မဏ္ဍပ် မှာတော့ ပေ ၁၂၀ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုနှစ် မှာတော့ ယခင်နှစ်များလို အဆို၊ အကများအပြင် ပလေးဘွိုင်း သန်းနိုင်၊ စိုးပိုင်၊ ခိုင်ထူး၊ ဘန်နီဖြိုး၊ အေသင်ချိုဆွေ၊ နီနီခင်ဇော်၊ ဘေဘီဝါ တို့ရဲ့ သီဆိုဖျော်ဖြေမှုများ၊ ရွှေဖလားရာဇာ အငြိမ့်အဖွဲ့ရဲ့ ကပြဖျော်ဖြေမှု များလည်း ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ် ကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က စတင် ဆောက်လုပ် ခဲ့တာဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့မှာ အပြီးသတ် ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
.. www.MyanmarExpress.net

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်