Subscribe to our RSS Feed

H7N9 ဗိုင်းရပ်စ်က လူအချင်းချင်း ကူးစက်နိုင်မှု မတွေ့ရဟု WHO ပြောကြား

From : ..planet

တရုတ်နိုင်ငံတွင် ဖော်ထုတ်တွေ့ရှိသည်ဆိုသော ကြက်ငှက်တုပ်ကွေး မျိုးကွဲသည် လူအချင်းချင်း ပျံ့နှံ့ ကူးစက်သည့် လက္ခဏာမျိုး မတွေ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြား
H7N9 ဗိုင်းရပ်စ်က လူအချင်းချင်း ကူးစက်နိုင်မှု မတွေ့ရဟု WHO ပြောကြား
တရုတ်နိုင်ငံတွင် ဖော်ထုတ်တွေ့ရှိသည်ဆိုသော ကြက်ငှက်တုပ်ကွေး မျိုးကွဲသည် လူအချင်းချင်း ပျံ့နှံ့ ကူးစက်သည့် လက္ခဏာမျိုး မတွေ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားလိုက်သည်။ ပြီးခဲ့သည့် တစ်ပတ်ကျော်က တရုတ်နိုင်ငံ ကျန်းမာရေး ပညာရှင်များက ရှန်ဟိုင်းတွင် မိသားစုတစ်ခုမှ လူအချို့သည် ဆိုးရွားသော တုပ်ကွေးမျိုးကွဲဖြစ်သည့် H7N9 ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် နိုင်ငံအတွင်း H7N9မျိုးနွယ်ဝင် ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူမှာ (၂၁)ဦးထိ ရှိလာသလို အသေအပျောက် ပမာဏသည်လည်း (၆)ဦးထိ မြင့်တက်လာကြောင်း ပြောကြားခဲ့သေးသည်။ WHOကမူ ယင်းတုပ်ကွေးသည် လူအချင်းချင်း ကူးစက်နိုင်သည်ဟု ယူဆရသော အထောက်အထား မရှိဟု ငြင်းဆန်ခဲ့သည်။

"ကျွန်မတို့ အနေနဲ့ တုပ်ကွေးစတင် ကူးစက်တဲ့ ရင်းမြစ်ကို သေသေချာချာ မသိရသေးဘူး။ ပြီးတော့ အဲဒီတုပ်ကွေးဟာ လူအချင်းချင်း ကူးစက်နိုင်ပါတယ်ဆိုတဲ့ သက်သေ အထောက်အထားလည်း မရှိသေးဘူး"ဟု WHO၏ တရုတ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ်ချလီ အိုလယ်ရီက ပြောကြားခဲ့သည်။ ရှန်ဟိုင်းတွင် H7N9 တုပ်ကွေး ကူးစက်ပျံ့နှံ့နေကြောင်း သတင်းများကြောင့် မြို့နေလူထု စိုးရိမ်သောက ရောက်နေချိန်တွင် WHOက ယခုတွေ့ရှိမှု အသစ်ကို အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အဆိုအရမူ နိုင်ငံ၏ စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် (၄)ဦး၊ အနီးရှိ ရှီဂျီအန်းဒေသတွင် (၂)ဦးတို့မှာ ယင်းတုပ်ကွေးကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်