Subscribe to our RSS Feed

လုံခြုံရေး တာဝန်မယူနိုင်ဟု သတိပေးထားသော်လည်း မြောက်ကိုးရီးယားမှ ထွက်ခွာရန် အစီအစဉ် မရှိကြသေးသည့် မြောက်ကိုးရီးယားမှ သံတမန်များ

From : ..mrtv4

လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း အမေရိကန်နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံတို့ နှစ်နိုင်ငံ စစ်ရေးပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် စစ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်းရှိ သံတမန်များအား ဧပြီ ၁ဝ ရက် နောက်ပိုင်းတွင် ၎င်းတို့၏ လုံခြုံရေးအား အာမခံချက် မပေးနိုင်တော့သောကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် ဗြိတိန် ၊ ရုရှားနှင့် အခြား ဥရောပ နိုင်ငံများမှ သံအမတ်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအား နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ဧပြီ ၅ ရက်က အကြောင်းကြားခဲ့သည်။

ထိုသို့ သတိပေး ပြောကြားခဲ့သော်လည်း ဗြိတိန် သံတမန်နှင့် ရုရှား သံတမန်များ အနေဖြင့် မြောက်ကိုးရီးယား နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အစီအစဉ် မရှိကြောင်း ပြောကြားခဲ့သည်။  မြောက်ကိုးရီးယား စစ်တပ်မှ နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ခဲ့သည့် တာလတ်ပစ် ပဲ့ထိန်း ဒုံးနှစ်စင်းသည် တစ်ကြိမ်တစ်ခါမျှ စမ်းသပ် ပစ်ခတ်ခဲ့ခြင်း မရှိသေးသော်လည်း ကီလိုမီတာ ၃ဝဝဝ (၁၈၆ဝ မိုင်) အကွာအဝေးထိ ပစ်ခတ်နိုင်သည့်အတွက် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ မည်သည့် ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်းနှင့် ပစိဖိတ်ဒေသ ဂူအမ်ကျွန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများသို့ ရောက်ရှိနိုင်ဖွယ် ရှိကြောင်း သိရှိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်