Subscribe to our RSS Feed

ဘာသာရေး လိုက်စားသည့် သမ္မတကြီး ဦးသိန်းစိန် သင်္ကြန်ရက်မြတ်မတိုင်ခင် တစ်ရက်အလို ရှေးဟောင်းစေတီတော် များ ရွှေထီးတော်တင်

From : ..သမ္မတရုံး

နေပြည်တော် ဧပြီ ၁၂

နေပြည်တော်ကောင်စီနယ်မြေပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ ပြုပြင်မွမ်းမံ ပြီးစီးသောရှေးဟောင်းစေတီတော်များ ​ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်များ၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို၍ ရွှေထီးတော်တင်လှူပူဇော်သည်။
       
အဆိုပါအခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယနေပြည်တော်ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ​ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
       
ရှေးဦးစွာနိုင်ငံတော်သမ္မတနှင့် ဇနီးတို့ကရှေးဟောင်းစေတီတော်များအားဆွမ်း၊ သစ်သီး၊ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်သည်၊
       
မင်္ဂလာအချိန် နံနက် (၉) နာရီတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ကရှေးဟောင်းစေတီတော်အမှတ် (၁၉)၏ ရွှေထီးတော်ဘုံဆင့်များနှင့် ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့ကိုရတနာရွှေကြိုးဆွဲ၍ တင်လှူကြပြီးပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။
       
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဘုရားဒါယကာများက ကျန်ရှေးဟောင်းစေတီတော်များအား ​ရွှေထီးတော်ဘုံဆင့်များနှင့် ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့ကိုရတနာရွှေကြိုးဆွဲ၍ တစ်ပြိုင်တည်းတင်လှူကြပြီးပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။
       
ထို့နောက် ဆရာတော်၊ သံဃာတော်များကရှေးဟောင်းစေတီတော်များအားဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြသည်။

ရွှေထီးတော်တင်လှူအပြီးတွင် မင်္ဂလာမဏ္ဍပ်အတွင်း၌ နိုင်ငံတော်သြဝါဒစရိယနေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိသာရထံမှ နိုင်ငံတော်သမ္မတဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီးဆရာတော်၊ သံဃာတော်များရွတ်ပွားသရဇ္ဇျယ်တော်မူသောပရိတ်တရားတော်များကိုနာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ရှေးဟောင်းစေတီတော်များအား သာဟတ္တိကဒါနမြောက်အောင် ကတ္တီပါယပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ကိုဈေးကုန်းကျောင်းတိုက် ဆရာတော်ထံဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဘုရားဒါယကာ၊ ဒါယိကာမများကဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ကိုဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတအမှူးပြုသော ဧည့်ပရိသတ်များကဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်တို့ကဆရာတော်၊ သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်ကြသည်။

ယနေ့ ရွှေထီးတော်တင်လှူပူဇော်သည့် ရှေးဟောင်းစေတီတော် (၄၂) ဆူကိုတူးဖော်ခဲ့ရာ၌ စေတီတော် (၁၃) ဆူမှ ဌာပနာများတွေ့ရှိခဲ့ရပြီး ယင်းဌာပနာများကိုမူလစေတီတော်များ၌ပင် ၂၀၁၃ ခုနှစ် ဧပြီ (၃) ရက်တွင် ရှေးမူမပျက် ပြန်လည်၍ ဌာပနာသွင်းပူဇော်ခဲ့သည်။

ညောင်ပင်ကြီးစုကျေးရွာ၌ ယခုရှေးဟောင်းစေတီတော်များနေရာ၌ မြန်မာသက္ကရာဇ် ၁၂၂၀ ခုနှစ်ဝန်းကျင် လွန်ခဲ့သော နှစ်ပေါင်း (၁၅၀) ခန့် ဘိုးတော်ဘုရားခေါ် ပဒုံမင်းလက်ထက်ကတည်ထားကိုးကွယ်ခဲ့သောစေတီတော် (၄၂) ဆူနှင့် သာသနိကအဆောက်အအုံများကိုလည်းကောင်း၊ မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့သော (၇၅) နှစ်သက်တမ်း ကြာမြင့်နေသည့် သိမ်ကျောင်းတော် တို့ကိုလည်းကောင်း၊ သိမ်ကျောင်းတော်အတွင်းမှ ဘုရားရှင်ဟောကြားတော်မူခဲ့သောသုတ်၊ ဝိနည်း၊ အဘိဓမ္မာပိဋိကတ်သုံးပုံဆိုင်ရာပေစာထုပ်များကို လည်းကောင်းတွေ့ရှိခဲ့ ရကြောင်း၊ ပေစာထုပ်များမှာ မြန်မာသက္ကရာဇ် ၁၂၁၅ ခုနှစ် ဝန်းကျင်လွန်ခဲ့သော နှစ်ပေါင်း (၁၆၀) ခန့်က ပြုစုထားသောပေစာများ ဖြစ်သည်ကိုသိရှိရကြောင်း၊ ယင်းရှေးဟောင်းစေတီတော်များ၏ ဗိသုကာလက်ရာများ၊ သိမ်ကျောင်းဆောင်နှင့် ရုပ်ပွားဆင်းတုတော်များ၏ အင်္ဂတေပန်း လက်ရာများသည် ကုန်းဘောင်ခေတ်၊ အမရပူရခေတ် ပုံသဏ္ဌာန်များဖြစ်သည်ဟုပညာရှင်များ၏ လေ့လာစိစစ်ချက်နှင့် အကိုးအကား အထောက်အထား များအရသိရှိရကြောင်း၊ နိုင်ငံတော်သမ္မတကြီးသည် ယခုရှေးဟောင်းစေတီတော်များသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်းရောက်ရှိ ခဲ့ပြီးရှေးမူလက်ရာမပျက် ရေရှည်တည်တံ့ခိုင်မြဲအောင် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရန် မိန့်ကြားခဲ့သဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် လုပ်ငန်းများစတင်အကောင်အထည်ဖော်ခဲ့ရာယခုအခါ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ ပြီးစီးအောင်မြင်ခဲ့ပြီဖြစ် ၍ ရှေးဟောင်းစေတီတော် (၄၂) ဆူအားရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကျင်းပနိုင်ခြင်းဖြစ်ကြောင်းသိရှိရသည်။

.. www.MyanmarExpress.net
 

7 comments:

သမ္မတကြီးဦးသိန်းစိန် ကျမ်းမာပါစေ သက်တော်ရာကျော် ရှည်ပါစေ **

သိပ်ကောင်းတယ် သမတ္တကြီး နဲ့ပါရမီဖြည့်ဖက်အဖွားကြီးရော ဒါလုပ်သင့်
တာကိုလုပ်တာပဲ ဗုဒ္ဓကိုကြည်ညိုတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အုပ်
ချုပ်တဲ့တိုင်းပြည်ကို နတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်ပါလိမ့်မယ်
မကောင်းသောရန်တွေအကုန် အောင်းနမော ဒူဝေဒူဝေ သွား အဟုန်ဟုန်

သာ ဓု သာ ဓု သာ ဓု ။သ မ္မ တ ကြီး သက် တော် ရာ ကျော်

ရှည် ပြီး ဗုဒ္ဓ သာ သ နာ တော် အ ရှည် တည် တံ့ ပြန့် ပွား

ထွန်း ကား အောင် အ ထောက် အ ပံ့ ပေး သော ပုဂ္ဂိုလ် ထူး

ပုဂ္ဂိုလ် မြတ် ဖြစ် ပါ စေ ။ ကိုယ် စိတ် နှစ် ပါး ချမ်း သာ ပါ စေ။

2015 ‌မှာသမ္မတကြီးမရခဲ့ရင်‌‌​တောင်‌ ဒီလို စိတ်‌‌​ကောင်းနှလုံး‌​ကောင်းရှိတဲ့အထင်‌ကရပု ဂ္ဂိုလ်‌ ကြီးကို ရတဲ့လူက အမြင်‌ဆုံး‌​နေရာမှာထားမှာမလွဲ ‌​‌​အေကန်‌ပါ

Myanmar 969 will vote to U thein Sein.
U Thein Sein is Buddhism 969.
Myanmar is Buddhism 969.
Myanmar will never vote to Far Su Kyi again.
Kalars like Far Su Kyi.
Far Su Kyi likes Kalars 786.
Far Su Kyi is 786. Fuck out from Myanmar.

1-WE LOVE OUR COUNTRY AND OUR GREAT PRESIDENT
U THEIN SEIN AND OUR DEMOCRATIC GOVERNMENT
WORKING FOR US.
2-WE WISH HAPPY MYANMAR NEW YEAR TO OUR
PRESIDENT, OUR DEMOCRATIC GOVERNMENT,ALL
PYI THU LUTTAW AND JUDICIAL AFFAIRS.
3-WE ALSO THANK HAPPY NEW YEAR WISHES TO OUR
ARMED FORCES PERSONNEL DEFENDING/PROTECTING
OUR COUNTRY,AND OUR PEOPLE.

WITH MYITTA

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်