Subscribe to our RSS Feed

မြန်မာသံရုံး အကူအညီဖြင့် ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိ

From : ..dvb

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အထည်ချုပ်စက်ရုံတခုမှာ အလုပ်ရှင်က စက်ရုံပိတ်မယ့်အကြောင်း အချိန်နီးမှ ကပ်ပြောတဲ့အတွက် အလုပ်သမားတွေ အခက်ကြုံနေရပြီး သူတို့နစ်နာကြေးတွေအတွက် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သွားရောက်ဖြေရှင်းပေးခဲ့ပါတယ် ။

ဘန်ကောက်မြို့ ဖရလာမ်းဆောင် ဆမဲဒမ်လမ်းသွယ် အမှတ် ၅ မှာရှိတဲ့ မာစတာပိစ် အားကစားဝတ်စုံချုပ်စက်ရုံကို ဧပြီလ ၁၀ ရက်နေ့မှာ စပိတ်တော့မယ်လို့ အလုပ်ရှင်က ဧပြီလ ၃ ရက်နေ့မှာမှ အကြောင်းကြားတဲ့အတွက် အဲဒီစက်ရုံက အလုပ်သမားပေါင်း တစ်ထောင်ကျော် မကျေမနပ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်က ဆန္ဒပြမှု အနည်းငယ် ဖြစ်ပွါးခဲ့တယ်လို့ မြန်မာအလုပ်သမားတဦးက ပြောပါတယ် ။

သူတို့အနေနဲ့ အလုပ်သစ် ထပ်ရှာဖို့ အတွက် ၇ ရက်ဆိုတဲ့ အချိန်ဟာ နည်းလွန်းပြီး အလုပ်သစ်မရခင် နေရေးထိုင်ရေး အခက်အခဲရှိနေတယ် ၊ မြန်မာအလုပ်သမားတွေဟာ သူတို့နစ်နာကြေးတွေကို အလုပ်ရှင်နဲ့ တိုက်ရိုက်တောင်းဆိုရင် ဥပဒေအတိုင်း မဖြစ်မှာ စိုးလို့ မြန်မာသံရုံးကို ဆက်သွယ် အကုအညီ တောင်းခဲ့တယ်လို့ အလုပ်သမားက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံတမန်အရာရှိ ဦးကျော်ကျော်လွင်ကို မေးမြန်းကြည့်ရာမှာ ဧပြီလ ၁၀ ရက် ( မနေ့ က ) စက်ရုံ မန်နေဂျာနဲ့ သွားရောက်ညှိနှိုင်းခဲ့တယ်လို့ ပြောပြပါတယ် ။

အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က နဂိုက ဧပြီလ ၁၀ ရက်နေ့ထိဘဲ လုပ်အားခပေးမယ်လို့ ပြောထားပေမယ့် မနေ့ကတော့ တစ်လစာ ဘတ် ၉၀၀၀ ပေးမယ်လို့ ပြောခဲ့တယ် ၊ မြန်မာအလုပ်သမားအများစုက ကျေနပ်ကြတယ် ၊ နှစ်ရှည်လများ အလုပ်လုပ်ခဲ့သူနဲ့ ထိုင်း အလုပ် သမား အနည်းစုကတော့ မကျေနပ်လို့ ( ဆ၀ါဒီးကန် ) လို့ခေါ်တဲ့ ထိုင်းအလုပ်သမားကာကွယ်ရေးဌာနနဲ့ ပေါင်းပြီး ဆက်ပြီးအရေးဆိုသွားမယ်လို့ ဆိုပါတယ်။


မာစတာပိစ် စက်ရုံမှာ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကလာတဲ့ နေ့စား ၊ လစား အလုပ်သမားပေါင်း ၈၀၀ လောက်ရှိတယ်လို့ ပဲခူးတိုင်းကလာတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ် ။

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေကနေ သူ့တို့ ပြဿနာနဲ့ ပတ်သက်ပြီး ဆက်သွယ်တိုင်ကြားလာတာ တနေ့ကို အနည်းဆုံး ဆယ်မှုလောက် ရှိကြောင်း ၊ ပြဿနာအများစုက လစာမရတာ ၊ အလုပ်သမားအခွင့်အရေးမရတာ ၊ ထိုင်းရဲက ဖမ်းတာ စတာတွေဖြစ်ပြီး အလုပ်ရှင်ကော အလုပ်သမားပါ အလုပ်သမားဥပဒေကို နားလည်ပြီး လေးစားလိုက်နာမှုရှိမှ ပြဿနာတွေ လျော့ပါးသွားမယ်လို့ ဦးကျော်ကျော်လွင်က ပြောပါတယ် ။


 .. www.MyanmarExpress.net
 

2 comments:

Myanmar 969 will vote to U thein Sein.
U Thein Sein is Buddhism 969.
Myanmar is Buddhism 969.
Myanmar will never vote to Far Su Kyi again.
Kalars like Far Su Kyi.
Far Su Kyi likes Kalars 786.
Far Su Kyi is 786. Fuck out from Myanmar.

Where are these peoples
1. Far Su Kyi and NLD
2. 88 Fuckers & Lee Suckers
3. Thi Da Gu ( Anyhow talking )?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်