Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ပါဝင်ဆင်နွဲ

From : ..သမ္မတရုံး


နေပြည်တော် ဧပြီ ၁၄

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (အတာသင်္ကြန် အကျနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့်  ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင် ပွဲတော်၌ ပါဝင်ဆင်နွဲကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် နံနက် (၉) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်ရှိ သမ္မတအိမ်တော်ဝင်း မိသားစု  မဟာသင်္ကြန် ရေကစားမဏ္ဍပ်သို့ ရောက်ရှိလာကြရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတော် သမ္မတရုံး မိသားစုများက အောင်စံပယ်ပန်းကုံးများဖြင့် ဂါရဝပြု ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် တို့က တက်ရောက်လာကြသူများနှင့် အနုပညာရှင် များအား အတာရေ ဖြင့် ပက်ဖျန်းကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဒုတိယသမ္မတနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မိသားစုများနှင့်အတူ ခါသင်္ကြန်အဆိုအက များဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအား ပေးကြသည်။

အဆိုပါ ရေကစားမဏ္ဍပ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံခေတ်ပေါ် တေးဂီတ အဖွဲ့၊ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ ယိမ်းအဖွဲ့ဝင်များနှင့် တေးသံရှင်များ၊ ရုပ်ရှင် အနုပညာရှင်များနှင့် တေးသံရှင်များက ခါသင်္ကြန် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ခါသင်္ကြန်အဆိုအကများဖြင့် ဖျော်ဖြေကြသည့် ရုပ်ရှင်အမေများအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့သည် တက်ရောက်လာကြသူများနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်အား အတူတကွ ဆင်နွဲကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဒုတိယသမ္မတနှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ဇနီးတို့က သီဆိုကပြဖျော်ဖြေကြ သည့် ယိမ်းအဖွဲ့ဝင်များနှင့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။         

5 comments:

သမ္မတကြီးက ဒီလိုဆိုတော့လည်း ခန့်သားဘဲ

နို င်ငံ တော်သမ တကြီး မွတ်ဆလင် အန္တရာ ယ် ကင်း ဝေး ပြီး အေးချ မ်းသာ ယာသည့် ခေတ် မှီမှိ နိုင်ငံဇထူ ထောင် နိုင် ပါစေ

ခွေးမျိုး မဆိုင်တာမပြောနဲ့

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဦးသိန်းစိန်နဲ့ဒေါ်ခင်ခင်ဝင်းကိုပဲ သမတ္တနဲ့သမတ္တကတော်အဖြစ် မြင်ပါရစေ
ကျုပ်တပ်မတော်ကိုမျက်နှာလိုအားရလုပ်တာမဟုတ်ဘူး ဦးသိန်းစိန်အပြင်တစ်ခြားတပ်မတော်အရာရှိကြီး
တွေလဲမမြင်မိသေးဘူး ဦးသိန်းစိန်ကိုပဲသဘောကျမိတယ် ပြည်သူတွေသူ့ကိုစိတ်ရှည်ပေးရင် ခင်ဗျားတို့
အတွက်အရိပ်အရဆုံးသစ်ပင်ကြီးဖြစ်မှာပါ သာမန်လူသားတစ်ဦးဆိုတော့ ချက်ချင်းတော့အရာရာကိုဘယ်
ဖန်ဆင်းနိုင်ပါ့မလဲဗျာ အခုချက်ချင်းကောင်းရမယ် ဘာညာနဲ့ကြွေးကြော်လာရင်တော့ သတိထားပေတော့
အဲဒါလူလိမ်ပဲ သေချာပါတယ် ဦးသိန်စိန်ဟာတစ်ဖြည်းဖြည်းမြန်မာပြည်ကိုစွဲတင်သွားပါလိမ့်မယ် သူသာမလုပ်
တော့ဘူးဆိုရင် ဘယ်သူ့မှအားမပေးဘူး သူဟာနောက်တစ်ကြိမ်ရှိနေသင့်ပါသေးတယ် ဒါကိုဆက်ပြီးတာဝန်မယူ
ရဲရင် ဦးသိန်းစိန်လဲသူရဲဘောကြောင်တယ်လို့ယူဆရမှာပဲ ဒါကြောင့်ဆက်လုပ်ပါ အောင်မြင်မှာပါ ဆုတောင်းစရာ
တောင်မလိုပါဘူး သမတ္တကြီးဦးသိန်းစိန်နဲ့မိသားစုစိတ်၏ကျန်းမာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့ အမျိုးဘာသာ
သာသနာအကျိုးကို ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေဗျာ ဆက်လက်ချီတက်ပါလို့လဲ ထပ်မံပြီးတိုက်တွန်းပါတယ်ဗျာ
ဦးသိန်းစိန်ကိုပဲ သမတ္တကြီးအဖြစ်နဲ့ဆက်လက်မြင်တွေ့ရမယ်လို့ယုံကြည်ပါတယ် မကျေနပ်သူများစံဇာနည်ဘိုနဲ့အတူ
လဲသေနိုင်ပါပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်