Subscribe to our RSS Feed

၁၈ လအတွင်း ကားအစီးရေ ၁၅၃၀၀၀ ကျော် တင်သွင်းထားပြီး အကောက်ခွန်နှင့် ကုန်သွယ်ခွန် ကျပ် ၅၀၀ ဘီလျံနီးပါးရရှိ

From : ..eleven


w1-11-4-6
ကားတင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့အထိ ၁၈ လအတွင်း ကားအစီးရေ ၁၅၃၀၀၀ ကျော်အား တင်သွင်းထားပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။
တင်သွင်းထားသည့် အစီးရေ ၁၅၃၀၀၀ ကျော်အပေါ်တွင် အခွန်ကောက်ခံရာ၌ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စုစုပေါင်း ကျပ် ၅၀၀ ဘီလျံနီးပါး ရရှိခဲ့သည်ဟု သိရသည်။ အကောက်ခွန်ကျပ် ၂၃၉ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၄၆ ဘီလျံကျော် ရရှိခဲ့သည်ဟု သိရှိရသည်။
  
၁၈ လအတွင်း လူစီးယာဉ် ၁၃၅၄၀၃ စီး၊ ဘတ်စ်ကား ၂၃၄၃ စီး၊ ကုန်တင်ယာဉ် ၁၅၇၅၂ စီး စုစုပေါင်း ၁၅၃၄၉၈ စီး တင်သွင်းခဲ့ကြောင်း သိရသည်။ အများစုမှာ အိမ်စီးကားများကိုသာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်းခဲ့သည့် ပမာဏစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ အိမ်စီးကားများ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
  
အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် ဘတ်စ်ကားနှင့် ကုန်ကားတင်သွင်းမှုမှာ များစွာနည်းပါးကြောင်း သိရသည်။ ဘတ်စ်ကားတင်သွင်းမှုမှာ စုစုပေါင်းပမာဏ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ကုန်ကားတင်သွင်းမှုမှာ စုစုပေါင်း ပမာဏ၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာရှိသည်။
  
ကညနမှ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံရရှိမှုမှာလည်း စတင် တင်သွင်းသည်မှ ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့အထိ တင်သွင်းခဲ့သည့် အစီးရေ ၂၇၉၇၁ စီးအပေါ် ကောက်ခံမှုမှ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅ သန်း ရရှိခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
  
အစီးရေ ၂၇၉၇၁ စီးအပေါ် ကောက်ခံမှုပင် ယင်းပမာဏ ရရှိသည်ဆိုသော် ယခုတင်သွင်းပြီးဖြစ်သည့် အစီးရေ ၁၅၃၀၀၀ ကျော်ဆိုပါက အမေရိကန်ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀ ကြားပမာဏပင် ရရှိနိုင်သည်ဟု တွက်ချက်ထားကြသည်။
  
ထို့အတွက် မော်တော်ယာဉ် စီမံချက်ချမှတ်ပြီးနောက် တင်သွင်းသည့် ယာဉ်အစီးရေ ၁၅၃၀၀၀ ကျော်မှ အခွန်အရပ်ရပ် ရရှိမှုမှာ ကျပ် ငွေဖြင့် တွက်ချက်ပါက ကျပ်ဘီလျံ  ၈၅၀ နှင့်အထက် ပမာဏအထိ ရှိမည်ဖြစ်ကြောင်း ကားအရောင်းပြခန်း လုပ်ငန်းရှင်များက ခန့်မှန်းတွက်ချက် ထားသည်။
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအနေဖြင့် ရရှိသည့် ယာဉ်မှတ်ပုံတင်ကြေးအား ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ တည်ဆောက်ရာတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

.. www.MyanmarExpress.net
 

2 comments:

အော် စက် ရုံ ထဲ က ထွက် လာ တဲ့ အ သစ် စက် စက် ကား တွေ လား ဟင် အော် ဒုက္ခ ဒုက္ဂ

မြန် မာ နိုင် ငံ က တော့ နိုင် ငံ ရေး က လဲ အ နိပ် စား စီး ပွား ရေး က လဲ အောက် က စစ် ရေး က တော့ ခေတ် မှီ တဲ့ လက် နက် ဘာ မျှ မ ရှိ ဘာ သာ ရေး က လဲ သီး ခံ မူ အ ခြေခံ ထား ပြိး မ ကောင်း မူ ကို မ လုပ် တဲ့ ဘာ သာ ဆို တော့ အ ခြား ဘာ သာ တွေက နိပ် ကွက် သ မျှ ခေါင်း ငုတ် ခံ ရ တဲ့ ဘာ သာ ဆို တော့ ပျောက် သွား မှာ တောင် စိုး ရ ပါ တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်