Subscribe to our RSS Feed

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အင်တာနက်အမြန်နှုန်းကို စောင့်ကြည့်စစ်ဆေးသွားမည်


From : ခေတ်လူငယ်

အင်တာနက်အမြန်နှုန်း ကျဆင်းရခြင်းသည် monitoring များ၏ အရည်အချင်းနှင့်လည်း သက်ဆိုင်မှုရှိသည်ဟု သိရပြီး လာမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အင်တာနက်အမြန်နှုန်းကို ကျွမ်းကျင်သော စောင့်ကြည့် စစ်ဆေးသူများနှင့် အကောင်းဆုံးဖြစ်အောင် ဝန်ဆောင်မှု ပြုလုပ်ပေးသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြောဆိုလိုက်သည်။ မြန်မာတစ်နိုင်ငံလုံး၏ အင်တာနက် အသုံးပြုနိုင်သော Bandwidth ပမာဏသည် ကုန်လွန်ခဲ့သော နှစ်များ၌ 3.3 G ဝန်းကျင်၌သာရှိခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း၌ အင်တာနက် အသုံးပြုနိုင်သော Bandwidth ပမာဏသည် 14G အထိ ရှိလာခဲ့သည့်အတွက် အသုံးပြုမှု မြန်ဆန်ခြင်းသည် ယခင်ထက် ပိုမိုကောင်းမွန်လာရမည် ဖြစ်သော်လည်း အသုံးပြုသူများ၏ အဆိုအရ အင်တာနက် အမြန်နှုန်းသည် သိသိသာသာ ပြောင်းလဲကောင်းမွန်လာခဲ့ခြင်း မရှိဟု သိရသည်။ “ဆီးဂိမ်းမှာ Monitoring ပြုလုပ်ပြီးတော့ အင်တာနက်အမြန်နှုန်းကို ထိန်းညှိသွားဖို့ အစီအစဉ်ရှိတယ်။ ဘယ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ကိုင်သွားမယ်ဆိုတာ မသိသေးဘူး။ ဆိုလိုတာကတော့ အင်တာနက်ကို ဘယ်နေရာတွေမှာ အသုံးများနေလဲဆိုတာ စောင့်ကြည့်ကြမယ်။ လိုတဲ့နေရာတွေတိုးပြီး ပိုတဲ့နေရာတွေကို စနစ်တကျ ထိန်းညှိပေးသွားဖို့ပဲ” ဟု ၄င်းကဆိုသည်။ မြန်မာနိုင်ငံ၌ Broadband အင်တာနက် အသုံးပြုသူ အရေအတွက် ၆ သိန်းကျော် ရှိသည်ဟု သိရပြီး အင်တာနက် အသုံးပြုသူ အရေအတွက် ၂ သိန်းခွဲခန့် ရှိသည်ဟု သိရသည်။ ထို့အပြင် အင်တာနက် ပိုမိုအသုံးပြုနိုင်စေရေးအတွက် ADSL အင်တာနက် သုံးစွဲခများကို လျှော့ချပေးနိုင်ရန် အသေးစိတ် တွက်ချက်နေသည်ဟု သိရပြီး ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း အင်တာနက် လျှောက်ထား အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းလိုင်း ၁၄ သန်းခန့်ကိုလည်း ချထားပေးသွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်