Subscribe to our RSS Feed

အင်တာနက်ပေါ်တွင်ပျံနှံ့နေသည့်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သတင်းမှာလုပ်ကြံဖန်တီးရေးသားခြင်းဖြစ်


 ဗိုလ်မူးဟောင်း ဦးဝင်းမောင်မောင်

ယခုလ အတောအတွင်း အင်တာနက်ပေါ်နှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာ ဂျာနယ်များတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်က လွန်ခဲ့သည့် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်  လူသတ်မူကြီး တွင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်ထုတ်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ထိုသို့ထွက်ပေါ်နေရခြင်းမှာ Bangkok Post သတင်းစာမှ စတင်ဖြန်.ချီပြီးမဟုတ်မမှန်လျှောက်ပြောကာ သတင်းမှားကို လိုက်လံဖြန့်ဖြူးနေကြောင်း သိရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ သတင်းမီဒီယာ ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည့် ဗိုလ်မူးဟောင်း ၀င်းမောင်မောင်က ပြည်တွင်းရှိ သတင်းမီဒီယာ သမားများအား ရှင်းလင်းပြောကြားခဲ့သည် -" နယ်ခရီးကပြန်ရောက်လို့ အဲဒီ သတင်းတွေကို အင်တာနက်မှာ တွေ့ရတော့ ကျွန်တော်က အဘ ဦးခင်ညွန့်ကို မေးမြန်းကြည့်တော့ ငါ ဘယ်နိုင်ငံခြားသတင်းထောက်နဲ့မှ မတွေ့ဘူးလို့ မင်းကို ပြောထားပြီးသားပဲ လို့သူကပြန်ပြောပါတယ်။ နိုင်ငံခြား သတင်းထောက်ဆိုတာ အထူးသဖြင့် နိုင်ငံခြားသားသတင်းထောက်တွေကိုပြောတာပါ။ ဒါပေမယ့် ကနေဒါကိုရောက်နေတဲ့ မြန်မာတစ်ယောက်ဖြစ်တဲ့ ဦးမြင့်ရွှေနဲ့တော့ သူမြန်မာနိုင်ငံကိုရောက်လာတုန်းမှာ စာနယ်ဇင်းသမားတစ်ယောက်က ဆုံးပေးတာကြောင့် တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့ဖူးပါတယ်။ ဒါတွေကို လောလောဆယ်အားဖြင့် မရေးဖို့လဲ သူနဲ့ သဘောတူညီထားပါတယ်။ ရေးချင်တယ်ဆိုတောင်မှ လူကြီးကိုပြန်ပြပြီးခွင့်ပြူချက်လေးယူဖို့၊ ခိုင်ခိုင်မာမာလေး သဘောတူညီချက်ယူပါတယ်။ ခုတော့ Bangkok Post သတင်းစာမှာ သူကရေးထားတွေ တွေ့ရပါတယ်။ ဘာခွင့်ပြုချက်မှလဲ မတောင်းပါဘူး။ အဲဒီရေးသားချက်တွေထဲမှာ အဘမပြောခဲ့တာတွေ ပါနေတာကို တွေ့ရပါတယ်။ အဲဒီ ဦးမြင့်ရွှေကို အီးမေလ်းကနေ ဆက်သွယ်မေးမြန်းတော့လဲ အကြောင်းမပြန်ပါဘူး" ဟုဦးဝင်းမောင်မောင်ကပြောကြားခဲ့သည်။ 

သတင်းဖန်တီးမူ တစ်ခုဖြင့် လုပ်ဆောင်ထားသော Bangkok Post သတင်းစာမျက်နှာ

Bangkok Post သတင်းတိုက်အနေဖြင့်  ပြည်သူနဲ့နိုင်ငံတော်အစိုးရကြား အဆင်မပြေမူများရှိစေရန်သော်လည်းကောင်း၊နိုင်ငံတွင်း အဆိုပါဒီပဲယင်းကိစ္စနှင့် ပတ်သတ်၍ ဆူပူအုံကြွမူများ ထပ်မံဖြစ်ပေါ်စေရန် အတွက်လည်းကောင်း  ရည်ရွယ်၍ရေးသားလိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

Myanmar Express 

2 comments:

ဟူးးးးးးးးးးး စိတ် ပြည် ပ မီ ဒီ ယာ တွေ လဲ စိတ် အ ရမ်း ပျက် ဖို့ ကောင်း တယ် အခု ထိ သ တင်း ကို လုပ် ကြံ ပြီး ရေး နေ ကြ တုန်း ပါ လား

ဟဟဟဟ .. ဇာတ်လမ်းကတော့ ကြည့်ကောင်းလြာ့ပီ
နောက်ဒါထက်ပို ပြီးဇာတ်လမ်းတွေပေါ်လာအုန်းမှာ
ကျောင်းသားအချင်းချင်းရက်ရက်စက်စက်သတ်တာတွေလဲပေါ်လာပြီ
မြန်မာနိုင်ငံရေးကတော့ ဇာတ်ရှိန်မြင့်လာပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်