Subscribe to our RSS Feed

အစိုးရသစ် ပထမဆုံး ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ စံချိန်တင်

From : ခေတ်လူငယ်


အစိုးရသစ်လက်ထပ် ပထမဆုံးဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၅ ဘီလီယံ ရရှိခဲ့ကာ အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က ပြောသည်။ ထိုကုန်သွယ်မှုတွင် ပို့ကုန်မှ ၉ ဒသမ ၀၉ ဘီလီယံနှင့် သွင်းကုန်မျ ၉ ဒသမ ၀၅၃ ဘီလီယံရရှိခဲ့ပြီး ပို့ကုန်တွင် လယ်ယာထွက်ကုန်နှင့် ရေထွက်ပစ္စည်းတို့ သိသိသာသာ တိုးလာခဲ့ကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။ ယမန်နှစ်ကထက် လယ်ယာထွက်ကုန်မှ အမေရိကန်ဒေါ်လာ ၅၇၅ သန်း၊ သဘာဝဓါတ်ငွေ့မှ တစ်ဘီလီယံခန့် ပိုမိုရရှိခဲ့ပြီး ကျောက်မျက်ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ကျဆင်းခဲ့သည်။ သစ်တောထွက်မှ ရရှိသော ဝင်ငွေမှာ ယခင်နှစ်နီးပါး ရရှိခဲ့သည်။ “ယေဘုယျအနေနဲ့ပြောရင် ဒီနှစ်ဆန်ဈေးက နိုင်ငံတကာ ဈေးကွက်မှာ ၁၀ ကနေ ၂၀ ရာခိုင်နှုန်ထိ ဈေးတက်သွားတယ်။ တစ်တန်ကို ကန်ဒေါ်လာ ၃၅၀-၃၆၀ လောက် ရောင်းရတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က သုံးသပ်သည်။ ထိုကဲ့သို့ ကုန်သွယ်မှုပမာဏ တိုးလာသော်လည်း တင်ပို့သည့် ကုန်ပစ္စည်း အရေအတွက် တိုးမလာသဖြင့် တင်ပို့သော ပစ္စည်းအရေအတွက် တိုးလာရန် ဆောင်ရွက်သင့်ကြောင်း သမ္မတစီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ စုစုပေါင်း ကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်