Subscribe to our RSS Feed

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် လိုအပ်နေဆဲ ဖြစ်တဲ့ ၁၂ ယောက်မြောက် ကစား သမား၊ ဒီလူတွေ၊ ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ရဲ့လား??

မြန်မာအလံသစ်ကို အားပါးတရ လွှင့်ထူအားပေးကြ

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်း တွင် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၄ခုနှစ်၊ ဘရာဇီးလ် နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ခြေစစ်ပွဲ ဒုတိယ အဆင့် ဒုတိယ အကျော့ ပွဲစဉ်ကို အိုမန်လက် ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပထမ အကျော့အိုမန် အိမ်ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့စဉ်က နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သောကြောင့် မျှော်လင့်ချက် သိပ်မရှိတော့ သော်လည်း ကိုယ် မြေကိုယ်ရေတွင် ကစားမည့်ပွဲစဉ်တွင် မြန်မာ အသင်းအတွက် ၁၂ ယောက် ကစားသမားဟုဆို ရသည့် ပရိသတ် အင်အားဖြင့် အံတုမည်၊ နောက် တစ်ဆင့် မတက်သည့်တိုင်အောင် အနိုင် ဆိုသည့် ရလဒ် ကို စွမ်းဆောင် နိုင်လိမ့် မည်ဟု အများက မျှော်လင့်ခဲ့ကြသည်။


ယင်း အတွက် ကြောင့်ပင် ပွဲမတိုင်မီ က တည်းက လက်မှတ် အတုများ ထွက်ပေါ်လာခဲ့ သလို၊ ထိုပွဲတွင် လာရောက် ကြည့်ရှုမည့် ပရိသတ်များ ကလည်း ဟိုတစ်စု၊ ဒီတစ်စုနှင့် သွား မည့်အချိန်ကိုတိုင်ပင်၊ ဟို လူလိုက် မလား၊ ဒီလူ လိုက် မလားနှင့် စုဝေး နေကြသည်။ အားရစရာ၊ အားတက်စရာ ဟုထင်မြင်မိသည်။ ပထမ အဆင့် ခြေစစ်ပွဲတွင် လည်း မြန်မာ့လက်ရွေးစင် အသင်း ဟာ အဝေးကွင်း မှာ မွန်ဂိုလီးယား အသင်းကို တစ်ဂိုးဂိုး မရှိဖြင့်ရှုံးနိမ့် ခဲ့သော်လည်း အိမ်ကွင်း တွင် ၁၂ယောက်မြောက် ကစားသမား တို့၏ မိနစ် ၉၀ လုံးလုံး မနားတမ်း၊ မမောတမ်း အားပေးခဲ့ခြင်း ကြောင့် လိုအပ်နေသည့် အနိုင်ဂိုးများ ရရှိခဲ့ပြီး တက်ရောက်နိုင်ခဲ့ခြင်းကြောင့်လည်း ယခုပွဲစဉ် အတွက် ၁၂ ယောက်မြောက် ကစားသမားကို အားကိုး ကြသည်။ ယင်း အတွက် ကြောင့်လည်း မြန်မာ ဘောလုံးအဖွဲ့ချုပ် သည် ပွဲစလျှင် အထူး တန်းကလွဲလို့ ရိုးရိုးတန်း အားလုံးကို အခမဲ့ကြည့် ရှုခွင့်ပေးခဲ့တာကြောင့် တကယ်ပွဲစချိန်မှာလည်း သုဝဏ္ဏ ဘောလုံးကွင်း တစ်ခုလုံး ပြည့်လျှံနေတာ ကိုတွေ့ရသည်။ မြန်မာ့ အသံမှ တိုက်ရိုက်ထုတ် လွှင့်သည့် ဒီပွဲကို ကွင်းလုံးပြည့် အားပေး တာမြင်ရ တော့ အားရစရာ ကောင်းလှသည်။


၁၂ ယောက် မြောက် ကစားသမားတွေ အင် အားတောင့်တင်း နေ၍ အနိုင်ရလဒ် ကိုတော့ မျှော်လင့်မိ နေကြသည်မှာ မြန်မာတစ်မျိုးသား လုံးဖြစ်နေလိမ့်မည် ဟုဆိုလျှင်မှားမည် မထင်။ တရားဝင် ထုတ်ပြန် ကြေညာ ချက်များအရ ကွင်း အတွင်း ပရိသတ်ဦးရေ သုံးသောင်းခွဲ ကျော်ရှိ သည်ဟုလည်း မြန်မာ့အသံမှ ပွဲ သုံးသပ် ကြေညာ သူ၏ပြောစကား အရသိရသည်။ ပြိုင်ပွဲစတင် ကစားချိန် တွင်လည်း မြန်မာ အသင်းမှ ၀ါရင့် ကစားသမား များဖြစ်ကြသည့် ရန်ပိုင်၊ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူတဲ့ ခင်မောင်လွင် တို့ အပါအ၀င် လူစုံတက်စုံ ပါဝင်ကြသလို၊ အိုမန် လက်ရွေးစင် အသင်းမှလည်း မြန်မာပရိသတ်များ နှင့်မစိမ်း သည့် ပရီးမီးယားလိဂ်မှ ၀ီဂန် အသင်း၏ နံပါတ် ၁ ဂိုးသမားဖြစ်သူ အယ်လ်ဟာစီ လည်း ပါဝင်လာသည်။ ထိုကစားသမား သည် ကမ္ဘာ့ အဆင့်တိုက်စစ်မှူးများ နှင့် ရင်ပေါင်တန်း ကစား နေရသူလည်းဖြစ်သဖြင့် ထိုကဲ့သို့သော ဂိုးသမား များကို မြန်မာ ကစားသမားများက ဂိုးသွင်းယူ လိုက်သည် ကိုမြင်တွေ့လိုသည်။ ထိုကဲ့သို့ ဂိုးသွင်း ယူလိုက်နိုင်လျှင် ပင် မြန်မာအသင်းအတွက် ဂုဏ်ယူ စရာပင်ဖြစ်သည်။ ယင်းပွဲစဉ်မတိုင် မီက လည်း မြန်မာ့ဝါရင့်အားကစား ကလောင် ရှင်ဖြစ်သည့် အဘဦးခင်မောင်ထွေး (ပျဉ်းမနား) ကလည်း အိုမန်ကို အနိုင်ရပြီး ဖြတ်ကျော်နိုင် သည်ဟု ထင်မြင်ချက် ပေးထားသည်ကလည်း အားတက် စရာ ပင်ဖြစ် သည်။


ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ဘောလုံးမနိုင်ရင်လူချမယ်ဆိုတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့ မြန်မာတွေရဲ့ စိတ်ဓာတ်


ပြိုင်ပွဲ စသည်နှင့် မြန်မာ အသင်း သည် ကွင်း လုံးပြည့်အားပေးနေသည့်ပရိသတ်များ၏ ကမ္ဘာ မကြေ သီချင်းသံ၊ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်ဆိုသောတေးသီချင်းများကို သံပြိုင် သီဆိုရင်း ကြားရသူ အပေါင်းမျိုးချစ်စိတ်ဓာတ် ကိုလှုံ့နှိုးစရာ မလိုအောင်ပင် ကြက်သီးဖြန်းဖြန်း ထသွားစေနိုင်သည်။ ပြိုင်ပွဲ စသည်နှင့် မြန်မာ ဘောလုံး အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာ စီးရယူဖို့ကြိုးစားပြီး ချေပဂိုး၊ အနိုင်ဂိုးများ ကိုသွင်း ယူဖို့ကြိုးစား ကစားနေသည်။ သို့သော် ဂိုးသွင်းရန် အခွင့်အရေးက အိုမန်အသင်း ကပိုရသည်။ ပထမ ပိုင်းမိနစ် ၂၀ တွင် အိုမန် အသင်းက အဖွင့်ဂိုး စတင်ရရှိ သွားသည်။ ထိုက်ထိုက် တန်တော့ မဟုတ်။ စည်းကြပ်ဒိုင် လူကြီး၏ အားနည်းချက် ကြောင့်ဆိုလျှင် မမှားပေ။ အထူးတန်း ပွဲကြည့်စင် က လူတိုင်းမြင်တွေ့ ခဲ့ကြသည်။ တစ်ဘက် အသင်းကစား သမား သိသိသာ လူကျွံနေသော် လည်း စည်းကြပ်ဒိုင်မှာ နောက်ကျ နေသဖြင့် မမြင်တွေ့လိုက် သဖြင့် ဂိုးအဖြစ် ခွင့်ပြုခဲ့ရသည်။



နိုင်ငံတကာမှာ အရှက်ရစေတဲ့ ယဉ်ကျေးမှုမရှိတဲ့ မြန်မာလူထုရဲ့ လုပ်ဆောင်မှု

ထိုအချိန်မှစ၍မဟုတ်လျှင် မခံတတ် သော မြန်မာပရိသတ် က ဒေါသူပုန်ထကြတော့သည်။ ထိုနောက်ပွဲ ကိုဆက်ကစားရာ ပွဲချိန် ၃၈ မိနစ် တွင် အိုမန်အသင်း ၏ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဥရောပ ကလပ်အသင်း တစ်သင်း ဖြစ်သည့် ဘယ်လ်ဂျီယံ ကလပ် ချာလီရိုင်းတွင် ကစားနေသည့် အယ်လ်ဟော စနီအား မြန်မာ နောက်ခံလူများ ဖျက်ထုတ်ပုံ အနည်းငယ်ကြမ်း တမ်းခဲ့ခြင်း ကြောင့် ဂျပန်လူမျိုး ကွင်းလယ်ဒိုင် ဖြစ်သူမှ ပင်နယ်တီ အဖြစ်သတ်မှတ် ပေးလိုက်ချိန် တွင် ပထမဂိုးပေးလိုက် ရစဉ်ကတည်းက ဒေါသူ ပုန်ထ နေသည့်ပရိသတ် များမှာ ထိန်းမနိုင်သိမ်း မရဖြစ်ကုန်တော့သည်။


ဆူညံ လာပြီး ကွင်းလယ်ဒိုင်ဖြစ်သူအား မေတ္တာ ၀ိုင်းပို့ကြကုန်သည်။ ယင်းပင် နယ်တီကို အိုမန်ကွင်း လယ်ကစားသမားဖြစ်သူ အယ်လ်ဂျ မီက ဂိုး အဖြစ်ပြောင်းလဲ လိုက်ချိန်တွင် မြန်မာ အသင်း၏ ၁၂ ယောက် မြောက် ကစားသမားတို့ ဥပဒေ ပြင်ပ ကကစား လာကြသည်။ ကွင်းအတွင်း သို့ ထီး၊ ဖိနပ်၊ ခဲ၊ ရေသန့်ဘူး၊ ထမင်းထုပ်၊ ရေထုပ်၊ ကွမ်းတံတွေးဘူး၊ ကွမ်းတံတွေး ထုပ်များ အပြင် အချို့လည်း ကျင်ငယ် ရေထည့် ထားသောဘူးများ ဖြင့်ပါ ပစ်ပေါက် လာကြသည်။ ထိုအခြေအနေ ကြောင့်ကွင်း လယ်ဒိုင်ဖြစ်သူက ပွဲကို ရပ်နားထား ပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းကြသည်။ ၁၀ မိနစ်ခန့် ရပ်နားပြီး နောက်ပွဲကို ပြန်လည် စတင် သော်လည်း ဆိုးသွမ်း သည့်ပရိသတ်များ ကကွင်း အတွင်း လေးဖက် လေးတန်မှ အရာ ၀တ္ထုများ အဆက်အပြတ် ထပ်မံ ပစ်ပေါက်ခဲ့သ ဖြင့် ပွဲကို ရပ်နားထားရပြန်သည်။


မြန်မာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော် ကိုယ်တိုင် မိုက်ခရို ဖုန်းဖြစ်လည်း ကောင်း၊ လူကိုယ်တိုင် ကွင်းဘေးသို့သွားရောက် ၍ ပရိသတ်များကို တောင်းပန်ခဲ့ သော်လည်း မည်သို့မျှ ထူးခြားမလာခဲ့ဘဲ အိုမန် အသင်း၏ တာဝန်ရှိသူ တစ်ဦးမှာ မြန်မာဘောလုံး ပရိသတ် ၏ပစ်ပေါက်လိုက်သော အရာဝတ္ထု ထိမှန်၍ ဦး ခေါင်းတွင် ဒဏ်ရရှိခဲ့သည်။ သို့အတွက် ကြောင့် ဒိုင်လူကြီးများ၊ ကစားသမား များနှင့် တာဝန်ရှိ သူများ အားလုံး ကွင်းအတွင်းမှ ထွက်ခွာ သွားကြ ပြီး နားနေဆောင် သို့ထွက်ခွာသွားခဲ့သည်။


ဦးဇော်ဇော်မှ ပြောကြား ရာတွင် ပွဲရပ်နား ချိန် ၂ နာရီကျော်လွန် သွားပြီဖြစ်၍ ကမ္ဘာ့ဘော လုံးအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများ အရ ဘောလုံးပွဲဆက်ကစားရန် မဖြစ်နိုင်တော့ကြောင်း၊ ဖြစ်စဉ် အားလုံးအတွက် မိမိတွင် သာတာဝန်ရှိ ကြောင်း၊ ပွဲပြီး သတင်းစာရှင်းလင်းပွဲ လည်း ကျင်းပမည် မဟုတ်တော့ကြောင်းနှင့် ဒီနေ့ ၆ နာရီ တွင် မလေးရှား နိုင်ငံတွင်အာရှဘောလုံးအဖွဲ့ချုပ် ၏ အစည်းအဝေး တက်ရောက်ဖို့ရှိပေမယ့် ယခု မသွားဖြစ်တော့ ဘဲပျက်သွားပြီ ဖြစ်သည် ဟုဆို သည်။ မြန်မာဘောလုံး အသင်းဘက်သို့ ပင်နယ် တီပြစ်ဒဏ် ပေးခဲ့ခြင်းအပေါ် ၀ါရင့်အားကစား ကလောင်ရှင် တစ်ဦးဖြစ်သည့် ဦးချစ်ဝင်းမောင် က “ဒီပင်နယ်တီ ကပေးလည်းရတယ်။ မပေး လည်းရတယ်ဆိုတဲ့ အနေအထားမျိုးပါ။ ဒါပေ မယ့် ကွင်းလယ်ဒိုင် ရဲ့ဆုံးဖြတ်ချက်ကို တော့လိုက် နာရမှာပါ”ဟု သူ့၏အမြင်ကို သုံးသပ်ပြသည်။


ယင်းအပြင် အားကစားကလောင်ရှင်တစ် ဦးဖြစ်သူ တာကာဟရှိ ကလည်း” ဒီပင်နယ်တီက မြန်မာ နေရှင်နယ်လိဂ် မှာဆိုရင် အသင်းပိုင်ရှင် တွေကြောင့် ကွင်းလယ် ဒိုင်တွေက ပင်နယ်တီမ ပေးကြပါဘူး။ ဒါကြောင့် မြန်မာ ကစားသမား တွေအကျင့် ပါသွားတာ ဖြစ်မယ်”လို့ သူ၏အမြင် ကို ပွင့်လင်းစွာ လှစ်ဟပြသည်။ ယင်းမြန်မာ ဘော လုံးအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကျော် က “ဘောလုံးပွဲ တစ်ပွဲမှာ ဒိုင်ဖြစ်သူရဲ့ဆုံးဖြတ် ချက်က အဓိက ကျတယ်။ ကွင်းအတွင်းမှာ ရေခဲ မုန့် တစ်ခုပြုတ်ကျ နေလို့အန္တရာယ် ရှိတယ် ဆက် မကစားဘူး ဆိုရင်ပွဲကို ရပ်ရမှာပါ။ အခုဆိုအဖွဲ့ ချုပ်ကို ဖီဖာက အရေးယူမှု ခံရနိုင်တဲ့အနေအထား မှာရှိနေ ပါတယ်။ ဒါပေမယ့် အကောင်းဆုံးရင် ဆိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ ပရိသတ် တွေ အများကြီး လာအားပေးတဲ့အတွက် ကျေးဇူးပါ တယ်။ တစ်ချို့သော ပရိသတ်တွေရဲ့လုပ်ရပ် ကြောင့် အခုလိုဖြစ်ရတာပါ”ဟု ပရိသတ်များကို ကွင်းအပြင်သို့ လိုက်လံပို့ဆောင်ရင်း ပြောကြား ခဲ့သည်။


ထို့အပြင်၎င်းက ဆက်လက်၍ “ဘောလုံး အားကစားမှမဟုတ်ဘူး။ အားကစားနည်းတိုင်း အတွက်ရော ဇာတ်ပွဲ၊ စတိတ်ရှိုး၊ ရုပ်ရှင် ကုန် ကုန်ပြော ရရင် မျက်လှည့်ပွဲ မှာပါ ပရိသတ်မရှိရင် မဖြစ်ပါဘူး။ နိုင်ငံ တစ်နိုင်ငံရဲ့ ဘောလုံးတိုးတက် ဖွံ့ဖြိုးဖို့ အတွက်လည်းပရိသတ်ရဲ့ တစ်ခဲနက်အား ပေးမှုက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် လည်း ကျွန်တော်တို့ အသင်းအတွက် အရမ်း အရေးကြီးတဲ့ ဒီကမ္ဘာ့ ဖလားခြေစစ်ပွဲ မှာ မြန်မာ အသင်းသား တွေစိတ်ဓာတ်တက်ကြွပြီး ခြေစွမ်းပြ ကစားနိုင်အောင် ပရိသတ် တွေ ကွင်းပြည့်ကွင်း လျှံလာရောက် အားပေး နိုင်ဖို့နဲ့ ကုန်ကျစရိတ် သက် သ က် သာသာ နဲ့ လွတ်လွတ် လပ်လပ် အားပေးနိုင်ဖို့ ရိုးရိုးတန်းဝင် ပေါက်တွေ အားလုံးကို ပရိသတ် အတွက် အခမဲ့ဝင်ရောက် ကြည့် ရှုခွင့် ပေးခဲ့တာပါ”ဟုရှင်းပြသည်။


အားကစား ကလောင်ရှင် တာကာဟရှိက “ဒီပွဲအပ်ါပြော ရရင် တစ်အချက် သိက္ခာကျတာ ပေါ့ဗျာ။ အိုမန်လိုအသင်းနဲ့ ကန်ရ တာရှုံးရင်လည်း ဘာမှ မဖြစ်တဲ့ပွဲ နိုင်ရင်လည်း ဘာမှာ မဖြစ်တဲ့ပွဲ ပရိသတ် တွေပေါ့နော်။ ပရိသတ် တွေလိုပြောရင် အကုန်လုံး ပါ သွားလိမ့်မယ်။ ရမ်းကားတဲ့ ပရိသတ်တွေ ဆိုးသွမ်း ပရိသတ် တွေပေါ့။ တိုင်းပြည်လည်း သိက္ခာ ကျတယ်။ နိုင်ငံလည်း သိက္ခာကျ တယ်။ မြန်မာနိုင်ငံက အဆင့် အတန်းရှိ တဲ့နိုင်ငံရယ်လို ဖြစ် မလာဘဲနဲ့ နိုင်ငံတကာ ပွဲတိုင်း ဒီ လိုဖြစ်နေတာ ကတော့ သုံးသပ် ဖို့လို နေပြီပေါ့။ ပြင်ဆင်ဖို့လဲ လို နေပြီပေါ့။ ဒီနေ့လိုဖြစ်နေတာ မျိုးက ၂၀၁၃ မှာ ဖြစ်များဖြစ် လိုက်ရင် တွေးတောင် မတွေးရဲ စရာပဲ။ ဒီနေ့ပွဲ သည် ၂၀၁၄ ကမ္ဘာဖလားပွဲ လို့ဆိုပေမယ့် တကယ်တော့ ဘာမှ မဟုတ် သေးတဲ့ ခရီး အဝေးကြီး လိုသေး တဲ့ပွဲ ဆီးဂိမ်းစ် လိုဟာမျိုးက ၂၀၁၃လည်း ဖြစ်တယ်။ ကိုယ်လဲ နှစ်ပေါင်း ၅၀ ကျော်မှ တစ်ခါ ပြန်ပြီးတော့ ကိုယ့်အိမ်ရှင်လည်း လုပ်ရမယ့်ပွဲမျိုးမှာ ဒီလိုသာဖြစ် လိုက်လို့ ကတော့ တွေးတောင် မတွေးရဲ စရာပဲ မဖြစ်အောင်လဲ ဘယ်လိုလုပ်ရ မလဲဆိုတာမျိုးကို ကြိုတင် ပြင်ဆင်သင့် တယ်လို့ တိုက်တွန်းချင်တယ်။


ဘောလုံး အဖွဲ့ချူပ်တွေနဲ့ ပတ်သက်ပြီး တာဝန် အရှိဆုံးက ဖီဖာပေါ့။ ဖီဖာက ဘယ်လိုသုံး သပ်မလဲ။ နောင် မဖြစ်အောင် ဒီဘက် က ဘယ်လိုတာဝန်ခံနိုင် မလဲဒီအပေါ်မှာ မူတည်တာပေါ့။ ဖီဖာကသုံး သပ် တယ်ဆို ရင် ရင် နှီးတယ်၊ မရင်းနှီးဘူးဆိုတာကို ကြည့်မှာ မဟုတ်ဘူး။ ဘောလုံး နှစ်သင်း ကန်တာ တစ်သင်းသင်း က နစ်နာရင် နစ်နာတဲ့ ဘက်က မနစ်နာရ အောင် ကာကွယ်ပေး ရမယ့်တာဝန်ရှိတယ်။ ဒီတစ်ပွဲ တည်း မဟုတ်ဘူး။ ဟိုအရင် မျိုး မင်းထွန်းတို့ ကန်တုန်းက ယူ ၁၇ ချန်ပီယံ မလေးရှားနဲ့ ကန်တုန်းက လည်း ဖြစ်တာပဲ။ ၂၀၀၄ မှာ လည်းမြန်မာပရိသတ် က စင်ကာ ပူမှာ ဖြစ်တာပဲ။ ဒီတော့ ဒါတွေ ကမဖြစ်သင့် တော့ဘူး။ ဖျောက် ပစ်ရတော့ မှာပေါ့။ စီစီတီဗီ ထား တော့လည်း လုပ်မယ့် ပရိသတ် ကလုပ်မှာပဲ။ ဖြစ်ပြီးတော့ မှ ဖမ်း ရမှာ ဆိုတော့ ဘာထူးမှာလဲ။ စီစီ တီဗီ ကလည်း ဘယ်လောက် ထောင့်စေ့ အောင်ရိုက်နိုင်မလဲ။ စီစီတီဗီထဲ ပါတော့ရော ကိုယ့်က ဘယ်လို မိအောင်ဖမ်းမလဲ။ မရှိ တာ ထက်ရှိ တာကောင်းပေမယ့် ရှိတာ ကလည်းအရာ မရောက်ရင် ဘာလုပ် လို့ရမှာလဲ။ (ပရိသတ် ကို အလကား ၀င်ခွင့်ပေးတာ) အများကြီးဆက် နွယ်တာ ပေါ့လေ။ အလကား ၀င်လို့ရတယ်ဆို တာ ပရိသတ်ကို ကြည့်စေ ချင်တယ် ဆိုတာကြောင့် ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ပွဲတစ်ပွဲ ကို အလကား ပေးဝင် လိုက်ြပီဆိုတာနဲ့ အလကား လူတွေပါလာ လိမ့်မယ် နောင်ကို အလကားပေး ၀င်တဲ့ကိစ္စကိုပါ စီစစ်ဖို့ပါပဲ။ ဒါကြောင့်မို့ နောင်ကို မဖြစ်အောင် ဘယ်လို လုပ်ကြမယ်ဆိုတာ အင်မတန် အရေးကြီး ပါတယ်။


ကစားသမားက နိုင်ငံတကာ ဒိုင်နဲ့ ကန်ရင် ကြမ်းရင်ကြမ်းသလို အ၀ါ၊ အနီ ပြတာ ခံရမယ်။ ကစား သမားကြမ်းလို့ အ၀ါအနီ ထိပြီဆိုရင် ကိုယ့် အသင်းပဲ ထိခိုက်တာပဲ။ တစ်ဘက် ကစားသမား နာတယ် ဆိုပေမယ့် တကယ်တန်း နစ်နာတာက ကိုယ့်အသင်း ပဲ တခြားမကြည့်နဲ့ ၂၀၀၄ မှာပဲ ကြည့် စင်ကာပူ နဲ့ပွဲမှာ ခြေအသာ နဲ့ကစားနေတာ ကနေ အကျိုးမရှိဘဲဖြစ်သွား တာကိုပဲကြည့်။ နောက်ဆုံး ကိုယ့်ကသိက္ခာ လဲရှုံးပွဲလည်းရှုံး။ တကယ် ကတော့ဒီပွဲက အတွေ့အကြုံယူတဲ့ပွဲပဲ ဖြစ်သင့်တာပါ။ အနိုင်အရှုံးကို အဓိကထားစရာ မလိုပါဘူး။ ၂၀၁၃ ဆီးဂိမ်း ၀င်မယ့် လူငယ်ကစား သမားတွေကို ကမ္ဘာ့ ဖလားဆိုတဲ့ ခေါင်းစဉ် အရှိန်အ၀ါနဲ့ အတွေ့အကြုံ ယူရမယ့် ပွဲမျိုးလုပ် ပေးနိုင်ရင် ပိုကောင်းတာပေါ့”ဟု ရှင်းပြသည်။


ယင်းအပြင် ဘောလုံး ၀ါသနာရှင် တစ်ဦး ကလည်း “လက်မှတ်ခ တိုးတာကတော့ အနည်း အကျဉ်းတော့ သက်ရောက် ပါလိမ့်မယ်။ ဒါပေ မယ့် ဆိုးသွမ်း ပရိသတ်ကိုတော့ မတားနိုင်ပါဘူး။ တကယ်လုပ် ရမှာက ဘောလုံးကွင်း နားမှာ ဘီယာ၊ အရက် ရောင်းချခွင့်ပိတ် ပေးရမှာဖြစ်ပါ တယ်။ နောက်ပြီး အရက်သောက် ထားတဲ့သူ တွေကိုလည်းဝင်ခွင့် မပေးသင့်ဘူး။ ဒါမှသက် ရောက်မှုရှိ နိုင်မယ်ထင်တယ်”ဟု သူ၏ထင်မြင် ချက်ကို ပြောပြသည်။


မြန်မာ ဘောလုံးကို အစဉ်တစိုက် အားပေး ခဲ့သူပရိသတ် တစ်ဦးကလည်း “စည်းကမ်းပိုင်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့တွေ ကိုယ်စီအားနည်း ချက်ရှိနေတာ အမှန်ပါ။ အခုဖြစ်ရပ်မှာ မူးယစ်ပြီး သောင်းကျန်းခဲ့ တဲ့ပရိသတ်တွေ လည်းပါခဲ့တယ်။ နိုင်ငံတကာ ပွဲဆိုတော့ အရှက်ရ စရာပါပဲ။ ဒါပေ မယ့်မြန်မာ တွေရဲ့စိတ်ရင်း အမှန်က အခုလောက် မရိုင်းပါဘူး။ ချုပ်တီး ထားရတာ တွေများလို့ ဆိုး ဆိုးရွားရွား ဖြစ်ခဲ့တယ်လို့ယူဆ ပါတယ်။ တကယ် တော့ မြန်မာတွေ ဘောလုံးပွဲငတ်နေပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း မြန်မာ့မြေပေါ်မှာ လက် ရွေးစင်အဆင့် နိုင်ငံတကာပွဲ ဘယ်နှစ်ပွဲကန်ခဲ့ သလဲ ဆိုတာမျိုးစဉ်းစား စေချင်တယ်။ အခု ထိုင်း၊ မလေးရှားလက်ရွေးစင်အသင်းတွေ ပရီးမီယား ကလပ် အသင်းတွေနဲ့ ချစ်ကြည်ရေးပွဲ၊ ဖလားလု ပွဲတွေကစားနေကြတယ်။ မြန်မာ- အိုမန်ပွဲဆိုတာ သာမန် ခြေစစ်ပွဲ တစ်ခုပါ။ တောရက်စ် မပါသလို၊ ဒရော့ဘာလည်း မပါဘူး။ ပြောစရာဆိုလို့ ၀ီဂန်ရဲ့ နံပါတ်တစ် ဂိုးသမားအယ်လ်ဟာစီတော့ ပါတယ်။ ဒါပေမယ့် မြန်မာအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင် ရမယ်လို့ မျှော်လင့်ချက် မျိုးလည်းမထား ခဲ့ပါဘူး။ ဘောလုံး ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ လာခဲ့ ကြတာပါ။ ကွင်းထဲမှာ ရှိတဲ့ပရိတ်သတ်ကို မဆို ထားနဲ့။ ကွင်းပြင်မှာ ကျန်ခဲ့တဲ့ ပရိတ်သတ်တွေ ရော။ ခင်ဗျားတို့၊ ကျွန်တော် တို့မြင်တဲ့အတိုင်း ပဲ။ မြန်မာဘောလုံး ပရိသတ်တွေ တစ်ဖက်က စည်းကမ်းမဲ့လို့ အရှက်ရခဲ့တယ်ဆိုရင် တစ်ဖက်က လည်း သူတို့တွေကိုယ့် နိုင်ငံအသင်းရဲ့ ကစားပွဲ တစ်ပွဲအပေါ် ဘယ်လောက် အရူးအမူးဖြစ်နေလဲ၊ နိုင်ပွဲတစ်ပွဲ အတွက် ဘယ်လောက် ဆာလောင် တောင့်တနေ လည်းဆိုတာတွေကို ထည့် သွင်းစဉ်း စားစေ ချင်တယ်” ဟု သူ့အမြင်ကိုပြောသည်။


နောက်ဆုံး ရရှိသည့် သတင်းများအရ မြန်မာ -အိုမန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်တွင် ဖြစ် ပျက်ခဲ့သမျှ ဖြစ်ရပ်များ အား ဖီဖာက စုံစမ်းမှုများ စတင်ပြုလုပ် နေပြီဖြစ်ကြောင်းနှင့် ထိုနေ့က ဖြစ် ပျက်ခဲ့သမျှ ကိစ္စများနှင့် ပတ်သက်၍ ပွဲကြီးကြပ် သူ၏ အစီရင်ခံစာနှင့်အတူ မှတ်တမ်း ဓာတ်ပုံများ၊ ဗွီဒီယိုများအား ဖီဖာ၏ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက စတင် စစ်ဆေးမှု ပြုလုပ် လျက်ရှိပြီး ပွဲရလဒ်ကိုမူ ၂-၀ ဖြင့်ပင် အတည်ပြု သတ်မှတ် ခဲ့ကြောင်း သိရသည်။ ထို့ပြင်ပြည်တွင်း ၌ ဆိုးသွမ်း သောင်းကြန်း ခဲ့ကြသည့် ပရိသတ် အချို့အား တာဝန်ရှိသူများက ဖမ်းဆီး ထိန်းသိမ်းထားကာ အခြား ဆိုးသွမ်း ပရိသတ်များကိုလည်း ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းများဖြင့် ရှာဖွေ ဖော်ထုတ်လျက် ရှိနေကြောင်းသိရသည်။


ပထမပိုင်း မိနစ် ၄၀ တွင် ပွဲရပ်နားခဲ့ရ သည့် ထိုပွဲစဉ်၌ ဆိုးသွမ်း ပရိသတ်များကကွင်း အတွင်း သို့ အရာဝတ္ထု ပေါင်းများစွာတို့ဖြင့် ပစ် ပေါက် မှုများဖြစ်ပွားခဲ့ကာ ထိုအထဲတွင် လေးခွလို အစရှိသည့် လက်နက်များ ပင်ပါဝင်ခဲ့သည်ဟု ယူဆပြီး အိုမန်အသင်း ၏ နည်းပြအဖွဲ့ဝင်တစ်ဦး မှာလည်း ပရိသတ်များ ၏ပစ်ပေါက်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင် ပွဲကြီးကြပ်သူမှ လည်း ကွင်းအတွင်း ကျရောက် လာခဲ့သည့် ခဲများအား မှတ်တမ်း တင်ဓာတ်ပုံများ ရိုက်ကူး သွားခဲ့သည်။ ထိုကဲ့သို့ ဆိုးသွမ်းသည့်အပြု အမူများအား ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ သူများ အား CCTV ဗွီဒီယို မှတ်တမ်းများ၊ ဓာတ်ပုံမှတ် တမ်းများ ပြန်လည်ကြည့်ရှုကာ ရှာဖွေ ဖော်ထုတ် နိုင်ရန်ကြိုးပမ်း လျက်ရှိနေပြီး လုံခြုံရေး တာဝန်ရှိ သူများကစစ်ဆေးမှု များပြုလုပ်လျက်ရှိနေသည် ဟု သိရသည်။


ထိုကဲ့သို့ဖြစ်ရပ် များကြောင့် ပွဲစဉ်အားဖျက် သိမ်း ခဲ့ရကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အ နေဖြင့်လည်း ဖီဖာ၊ အေအက်ဖ်စီ တို့၏ အရေး ယူခြင်းခံရဖွယ် ရှိနေကြောင်း သိရသည်။ ထိုဖြစ် ရပ်များ ဖြစ်ပေါ်ခဲ့ခြင်း အတွက် ငွေဒဏ်အားဖြင့် ဒေါ်လာငါးသောင်း အထိ အမြင့်ဆုံး ဒဏ်ရိုက်ခံ ရဖွယ်ရှိနေပြီး မြန်မာနိုင်ငံ အနေဖြင့်ဘောလုံး ပွဲစဉ်များအား အိမ်ရှင် အဖြစ်လက်ခံ ကျင်းပခွင့် နှစ်ကာလအပိုင်းအခြားတစ်ခုအထိ ပိတ်ပင်ခံရ ဖွယ်လည်း ရှိနေသည်။ ထို့ကြောင့် လာမည့် စက် တင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U – 19 ဘောလုံးပြိုင်ပွဲ လက်ခံ ကျင်းပခွင့် မှာလည်း မရေမရာ အနေအ ထားသို့ ရောက်လာခဲ့ပြီး အကယ်၍သာ လက်ရွေး စင်အသင်း၏ အိမ်ကွင်းပွဲစဉ် များ သာမက သက် တမ်းအလိုက် ပွဲစဉ်အားလုံး အားပိတ်ပင်ခြင်း ခံရ မည်ဆိုပါက မလေးရှား ကဲ့သို့နိုင်ငံက အိမ်ရှင် အဖြစ် အစားထိုး လက်ခံ ကျင်းပဖွယ် ရှိကြောင်း လည်း အတည်မပြု နိုင်သေးသည့်သတင်းများ အဆိုအရသိရသည်။


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် နေရှင် နယ်လိဂ်ပြိုင်ပွဲတွင်ဗိုလ်စွဲသည့် ကလပ်များအား AFC Cup ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိရန် ကြိုး ပမ်းလျှက်ရှိရာ အစစအရာရာ အခြေအနေ ကောင်းမွန်လျှက်ရှိနေပြီး နောက်ဆုံး အဆင့်အိမ် ကွင်းများအား စစ်ဆေးမည့် အဆင့်သို့ ရောက်ရှိ နေပြီဖြစ်သည်။ သို့သော် ထိုနေ့ ဘောလုံးပွဲဖြစ် ရပ်များက အဆိုပါ အခွင့်အရေးအတွက် သက် ရောက်မှုလည်း ရှိနိုင်ကြောင်းကို မြန်မာဘော လုံးသတင်း များကို အကျယ်တ၀င့် ဖော်ပြသော soccormyanmar ၀က်ဘ်ဆိုက်တွင်ဖော်ပြ ထားသည်။ ထို့အတူ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ် ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်လည်း ပိတ်ပင်ခြင်း ခံရနိုင်ကြောင်း သိရသည်။


ထိုကြောင့် မည်သို့ပင် ဆိုစေကာမူ၊ ကိစ္စ အားလုံးသည်ဖြစ်ပြီးခဲ့လေပြီ။ သို့သော် မြန်မာ ဘောလုံး လောကအတွက် ပြင်ဆင်ရန်၊ သင်ခန်း စားယူရန်များသည် တစ်မျိုးထက် တစ်မျိုး မရိုး နိုင်အောင် ဖြစ်ခဲ့ရသည်။ ယင်းအပြင် ပရိသတ် ဆိုး တစ်ချို့၏လုပ်ရပ် ကြောင့် မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ စိတ်ပျက်နေပြီး ရာထူးမှ နုတ် ထွက်တော့မည်ဆိုသော သတင်းများ တပြိုင်နက် တည်း လိုလို ထွက်ပေါ်ခဲ့ပေမယ့် ထိုသတင်းများ အပေါ် မီဒီယာ ဒါရိုက်တာမှ မြန်မာဘောလုံး အဖွဲ့ချုပ်၏ တရားဝင် ၀က်ဘ်ဆိုက်မှ တစ်ဆင့် ငြင်းဆို သွားခဲ့လေသည်။


နေရာတိုင်းတွင်၊ လူတိုင်းသည် သူ့နေရာနှင့် သူအသုံးဝင်ကြသည်။ ဘောလုံးပွဲ တစ်ပွဲတွင်မှ မဟုတ် အခြားမည်သည့် လုပ်ဆောင်ချက်တွင်မဆို ပရိသတ်ပါ မှရသည်။ လုထုပရိသတ်၏ စည်း ကမ်းရှိမှုမှာ နိုင်ငံတစ်နိုင်ငံ အတွက် လွန်စွာ အရေးကြီးလှသည်။ ပရိသတ်ဆို သည်မှာလည်း မတစ်ထောင် တွေဖြစ်တာမို့ စုစည်းညီညွှတ် အောင်စည်းရုံးစွမ်းဆောင်ဖို့ဆိုတာ အပြောလွယ် သလောက် အလုပ်ခက်သည်ဆိုသည်မှာ အထူး ပြောရန် လိုအပ်မည်မထင်။ လက်ရှိအခြေ အနေမှ အကောင်းဆုံး သာဓကပင်ဖြစ်မည်ဟုထင်မိသည်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသည် မြန်မာနိုင်ငံ ဘောလုံး လောကဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ အကောင်းဆုံးစွမ်း ဆောင်ခဲ့သည်မှာ ဘောလုံး ပရိသတ်များ အားလုံး သိကြသည်။ သို့သော် ပရိသတ်များကို သူတစ် ယောက်တည်း နဲ့မထိန်းသိမ်းနိုင်ခဲ့သည်မှာ ၀မ်းနည်းဖို့ ကောင်းလှသည်။


အဆင့်တန်းမရှိ ရိုင်းပြနေကြတာတွေ ရပ်တန်းကရပ်ဖို့ တောင်းပန်နေသည့် မြန်မာအသင်းခေါင်းဆောင်

မြန်မာ ဘောလုံးအသင်း၏ အောင်မြင်တိုး တက်ရေး အတွက် ၁၂ ယောက်မြောက် ကစား သမား၏ အရေးပါမှု၊ အခန်းကဏ္ဍကို လှစ်လှူရှု ၍မရတော့ပေ။ မြန်မာ ဘောလုံးအသင်း အဆင့် အတန်းမြင့် တင်ရန် လိုအပ်သလို မြန်မာဘောလုံး အသင်းရဲ့ ၁၂ယောက်မြောက် ကစားသမားဖြစ် တဲ့ ပရိသတ် ကိုလည်း အဆင့်မြင့်တင် ဖို့ ကြိုး စားရဦးမှာဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

http://www.themyanmarpost.com/?p=9137

6 comments:

အစိုးရစစ်တိုက်တတ်တာတော် သေးတယ်။ ခွေးသူတောင်းစားအတိုက်အခံတွေ စောက်ဆင်.မရှိဖင်ခံလီးစုပ်စောက်တင်းတုတ်ဖို့ ပဲတတ်လို့ ၂၃နှစ်လုံးလုံး စောက်ဖြစ်မရှိတာလူတိုင်းသိ တယ်

In particular, the social networking Facebook played a significant role in informing the Burmese public about what happened in Thuwwana, allowing people to express their feelings about the disgraceful occurrence.

“I think they [the Burmese fans] might not understand or be civilized enough to accept failure. It reflects the manner of the country’s leaders, who have practiced violence for decades,” one person posted online.

This remark shines a spotlight on the ignorance, impoliteness and aggressiveness that have been a fixture of Burmese life for decades, with the example being set by the ruthless military leaders who have controlled society through intimidation and terror, and their business cronies who have run corrupt operations without ethical principles.

In fact, the release of anger and aggression by fans may have been just what former junta leader Snr-Gen Than Shwe intended when he decided to pump up the sport of football in Burma. According to leaked US diplomatic notes from June 2009, Than Shwe ordered a group of cronies and businessmen to found—and fund— professional football teams, possibly to distract attention from the country’s political and economic problems.The cable revealed that in January 2009, selected Burmese business persons were told that Than Shwe had chosen them to be the owners of the new professional football teams. The informant, a top executive at one of the sponsor companies, said the owners were responsible for paying all costs, including team salaries, housing and transportation, uniform costs and advertising for the new league. In addition, the owners were required to build new stadiums in their respective regions by 2011, at an estimated cost of US $1 million per stadium.

ဆောက်ပေါကြီး
မင့်အမေ့ ဟိုဟာကို စွပ်လို့ မရတဲ့ ယောကျာ်း ဟိုဟာဆိုတာလဲ မရှိသလို
ဒီမိုကရေစီ၊ လူ့ အခွင်အရေးတို့ နဲ့ မတန်တဲ့လူဆိုတာလဲ မရှိဘူး။
ရှင်းလား

ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့လူ၊ ဒီမိုကရေစီနဲ့ မအပ်ဆက်တဲ့လူတန်းစားဆိုတာ တကယ်ရှိပါတယ်
လူထုစိန်ဝင်းလည်း ပြောဖူးပါတယ်
လေ့လာကြပါ
http://myanmarexpress.blogspot.com/2011/06/blog-post_8986.html

ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့လူ၊ ဒီမိုကရေစီနဲ့ မအပ်ဆက်တဲ့ လူတန်းစားဆိုတာ တွေ မြန်မာပြည်မှာ တိုးသထက်တိုး များသထက်များလာအောင် ၁၉၆၂ ခုနှစ်ကထဲက အနှစ်၅၀ တောက်လျှောက် ဒီမိုကရေစီကျင့်ထုံး လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းသွားပြီး အသိဥာဏ်မပါတဲ့ တိရစ်ဆန်တွေလို လေ့ကျင့်ပေးခံ ထားကြရတာလဲ ထည့်ပြောအုံးလေ။

ကျုပ်တို.ငယ်ငယ်က နိုင်ငံရေးသမားဆိုတာ ပြည်သူကခိုင်းတာကို ကျိုးကျိုးနွံနွံ လုပ်ပေးကြရတာ။ နိုင်ငံအုပ်ချုပ်သူတွေ မတရားတာလုပ်ရင် နောက်တနေ. သတင်းစါတွေ ထဲမှာ ခေါင်းစဉ်မဲကြီးနဲ. ပါလာ တတ်တာ အမှတ်ရပါရဲ.။ ၁၉၆၂ နောက်ပိုင်း စစ်အာဏာသိမ်းပြီးတဲ့ ဒီဘက်ခေါတ်ကျတော့ "ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ." ဆိုတဲ့ သက်ဦးဆံပိုင်ဆန်ဆန် အာဏာရှင် အုပ်ချုပ်သူတွေက အများပြည်သူကို အနိုင်ကျင့်လိုက်တာများ ဖိနပ်လို ပိပြားနေရော။

သာမန်ပြည်သူတွေ အမှန်အမှား စဉ်းစါးဝေဖန်ခွင့် မရ ဥပဒေရဲ.အကာအကွယ်ကိုမရ ပညာမျက်စေ့ကမ်းအောင် အသိဥာဏ် စါပေဗဟုသုတ နည်းသထက်နည်းအောင် တစ်ပြည်လုံး စါနယ်ဇင်းသတင်း လွတ်လတ်ခွင့်၊ လွတ်လတ်စွာ တွေးခေါ်ခွင့်တို.ကို အာဏာရာထူး လက်နက်ငွေကြေးနဲ. ပိတ်ပင်ဖိနှိပ် ထားတဲ့ အတွက် မြန်မာအများစုဟာ အရိုင်းအစိုင်း တိရစ်ဆန်တွေလို ကြမ်းတမ်းလာကြတယ်။

တခါ ဒီအချက်ကိုပဲ လက်ညှိုးထိုးပြီး ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူး ဆိုတာကတော့ တမင်သက်သက် အကြံအစည်ရှိရှိ နဲ. မပေးခြင်လို.ကို ရည်ရွယ်ပြီး လုပ်လာခဲ့တာလို. ပြောနိုင်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်