Subscribe to our RSS Feed

အာရပ်လှိုင်း အာဏာရှင် ဆန့်ကျင်ရေးက ဗြိတိန်ကိုပျံ့နှံ့တာလား...? ၊ ဗြိတိန်နိုင်ငံသားတွေကိုက ရမ်းကားတတ်၊ ဆိုးသွမ်းတတ်ပြီး နိုင်ငံကြီးသား မပြီသတတ်တာလား..?

အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ အာရပ်တခွင်ကနေပြီး အာရှပဲပျံ့မလိုလိုနဲ့ ဥရောပကို ပျံ့လာခဲ့ပါတယ်။ အီဂျစ်၊ တူနီးရှား၊ ဘာရိမ်း၊ လစ်ဗျား တို့မှတဆင့် ခုဆိုရင် လန်ဒန်မြို့သာမက နယ်မြို့များထိ ပျံ့ကာ ထိန်းမနိုင်သိမ်းမရဖြစ်နေပါပြီ။ ပြဿန အစ ကတော့ လက်နက် အားကိုးဖြင့် ဗြိတိန်ရဲမှ လန်ဒန်မြို့မြောက်ပိုင်း၌ သြဂုတ် ၆ ရက် ညပိုင်းက လူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံမှုအပေါ် မကျေနပ်၍ လူတစ်စုကရဲကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ရဲအနေနဲ့ နိုင်ငံသားချင်း လက်နက်ကိုင် ပစ်ခတ်သတ်ဖြတ်ခြင်းမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ဒါမျိုးကိစ္စကို အထူးသဖြင့် မြန်မာအတိုက်အခံတွေက လုံးဝလက်မခံတတ်ပါဘူး။ ကုလသမ္မဂ္ဂနဲ့ အမေရိကန်ကလည်း လက်မခံတတ်ပါဘူး။ ဒါပေမယ့် ခုတော့ အကြမ်းဖက်မှု လုံးဝ မလိုလားတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဘယ်မြန်မာအတိုက်အခံ အဖွဲ့အစည်း တစ်ခုမှ သဘောထား ထုတ်ပြခြင်း မပြုသေးသလို ကုလသမဂ္ဂနဲ့ အမေရိကန်ကလည်း ၄ ရက်ကြာပြီး အတော်လေး ပြာကျတဲ့အပြင် လူ ၅၀၀ ခန့် အဖမ်းခံထားရတာကိုပဲ မစိုးရိမ်နိုင်ကြသေးပါဘူး။

ပြဿတာ ဖြစ်စဉ်မှာလန်ဒန်မြို့မြောက်ဘက် တော့တင်တမ်ရဲစခန်းအပြင်ဘက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် မက်ဒတ်ဂန်အမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ လူထု အုံကြွမှု တွေ ဟာ ဒီနေ့ တတိယမြောက် ည အဖြစ် ဆက်အားကောင်းလာ ခဲ့ ပြီး ရဲတပ်ဖွဲ့  ၀င်တွေ ကလည်း လူ ၁၀၀ ကျော် ကို ဆက် လက် ဖမ်းဆီး ထား ကာ မြောက်ပိုင်း နဲ့  အနောက် ပိုင်း လန်ဒန် တွေ မှာ လူထု အုံကြွမှု တွေ ဆက်လက် အားကောင်း နေပါတယ်။ ဒီနေ့ မနက် ဖြစ်ပွား တဲ့ လူထု အုံကြွမှု တွေ မှာ ရပ်တပ် ဖွဲ့  ၀င် နှစ်ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိ ပြီး လှုပ်ရှား သူ ငါးဦး ထက် မနည်း လည်း ဒဏ်ရာ ရရှိ သွား ပါတယ်။ တစ်ချို့  သတင်း တွေ မှာ တော့ အဓိကရုဏ်း နှိမ်နှင်း တဲ့ ရဲ တွေ ဟာ သတင်းထောက် နဲ့  ဗီဒီယို၊ ဓာတ်ပုံ ရိုက် ကူးသူ တွေ ကို ပါ နှိပ် ကွပ် တယ် လို့  ဆိုပါတယ်။ သတင်းလွတ်လပ်ခွင့်တွေ လူသားခြင်းညှာတာမှုတွေ လည်း ပျောက်ကုန်ပါပြီ။ ဒါပေမယ့် ကမ္ဘာ့သတင်းအလွတ်လပ်ဆုံးနဲ့ သတင်းသမား အခွင့်အရေး အရရှိဆုံး ထိပ်ဆုံးစာရင်းမှာ ရပ်တည်ဆဲပါပဲ။

လန်ဒန် လူထု အုံကြွမှု ဖေ့ဘွတ်၊ တွစ်တာ တို့ ထက် Blackberry Messenger က လူတွေ အများ ကြီး စုရုံးအောင် လုပ် ဆောင် နိုင် တယ်လို့  အင်ဒီပင့်ဒက် သတင်းစာ မှာ ဖော်ပြထား ပါတယ်။ လန်ဒန် လူထု အုံကြွမှု ဟာ ဘာမင်ဂမ်၊ ဆိုင်ရိုဒမ် နဲ့  လီဗာပူး မြို့  တွေ ထိ ကူးဆက်သွား ပြီး ပစ္စည်းလူယက် မှု တွေ ၊ အဆင့် မြင့် ကုန်တိုက် တွေ နဲ့ လျှပ်စစ် ပစ္စည်း ဆိုင် တွေ ကို ဖောက် ထွင်း မှု တွေ ထိ ပါ ဖြစ်လာခဲ့ ပါတယ်။

စနေ့ နေ့  ညက မီးရှို့ ဖျက်ဆီးမှု တွေ စကတည်း က စပြီး ရဲတပ်ဖွဲ့ က လူပေါင်း ၂၅၀ နီးပါး လောက် ကိုဖမ်းဆီးထား ပြီး ဒီအထဲ မှာ ဆယ်ကျော်သက်တွေ နဲ့  တက္ကသိုလ်ကျောင်းသား တွေ ပါဝင်ပါတယ်။ တက္ကသိုလ်ကျောင်းသားဆိုတာ အမှန်တရားအတွက် ရပ်တည်နေသူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ၈၈ ကျောင်းသားတွေ ဦးစီးခဲ့တဲ့ အရေးအခင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ ဒီမိုကရေစီ ဘက်တော်သားတွေက မှန်ကန်တဲ့ လုပ်ရပ်လို့ ယုံကြည်ကြပါတယ်။ ဗြိတိလျှ အောက်လွှတ်တော် အမတ်တစ်ဦးကတောင် သဝဏ်လွှာတွေ ဘာတွေ ပေးခဲ့ပြီးမှ ခု တော့ သူတို့ကိုယ်တိုင် ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီး နေကြပြန်ပါပြီ။ အခြေအနေအရပ်ရပ်ကို ကြည့်ကာ ဗြိတိန်ရောက် မြန်မာတွေလည်း ကျီးလန့်စာစားနေရပါတယ်။

ခုလောက်ဆိုရင်တော့ ဗြိတိန်အပါအဝင် အမေရိကန်ကစလို့ ကုလသမဂ္ဂလည်းပဲ ကျောင်းသားတွေ ဆန္ဒပြရင် ဖမ်းစီး နိမ်နှင်းသင့်ကြောင်း လက်ခံသဘောက်ပေါက်ကာ နားလည်လောက်ပြီ ထင်ပါတယ်။





လန်ဒန် မြောက်ပိုင်း တော့တင်ဟမ် အရပ် တွင် သောကြာနေ့ က စပြီး မငြိမ် မသက် မှု များ ဖြစ်ပွားလျှက် ရှိ ရာ စနေ နေ့ ည တွင် ဒေသ ခံ တို့  ရဲကား နှစ်စီး ၊ ခရီးသည် တင် ဘတ်(စ)ကား နှင့် ဆိုင်များ ကို မီးတင် ရှို့ လိုက်ကြ သည်ဟု ဂါးဒီးယန် သတင်း စာ အင်တာ နက် စာ မျက် နှာ တွင် ဖော် ပြထား သည်။

စနေ နေ့ က ဒေသခံ များ က High Road ရှိ ရဲတပ် ဖွဲ့  စခန်း ကို ၀ိုင်းထား ကြပြီး သေဆုံးမှု နှင့် ပတ်သက် ၍ စုံစမ်း စစ်ဆေးပေးရန် တောင်း ဆို ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ သူများ က “ ငါတို့  အဖြေ လိုချင် တယ်။ ဘယ်သူ့ လမ်းလဲ ။ ငါတို့ လမ်း ပဲ ကြွေးကျော် ကြသည်။ "ရရင်ရ မရရင်ချ" ဆိုပါတော့။ အဲ့လိုစိတ်ဓာတ်နဲ့ အဲ့လိုလုပ်ရင်တော့ ဘယ်နိုင်ငံက အုပ်ချုပ်သူမှ ညင်ညင်သာသာ မကိုင်တွယ်ဘူးဆိုတာကို ၈၈ ကျောင်းသားဟောင်းများ နားလည်ဖို့လိုပါတယ်။ ၈၈ ကျောင်းသားတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေ ကို အားပေးထောက်ခံနေတဲ့ နိုင်ငံကြီးက ကျောင်းလည်းအခွင့်အရေးတွေ၊ နိုင်ငံသား အခွင့်အရေးတွေ မသိတော့ပဲ အကုန် ဖမ်းစီးရိုက်နှပ်နေပါပြီ။


ညဦး ပိုင်း တွင် ငြိမ်းချမ်းစွာ ဆန္ဒ ပြ မှု သည် တွစ်တာ နှင် ဖေ့ဘွတ် လှုံဆော်မှု များ ကြောင့် ပိုမို အား ကောင်းလာ ပြီး နော် တရားမျှ တမှု ရှိရန် တောင်း ဆို နေ စဉ် ရဲစခန်း က တုတ်တုတ် မျှ မလှုပ် သော ကြောင့် အများ ထက် ပိုမို တက်ကြွသူ တစ် ဦး စ နှစ် ဦးစ က ရဲကားများ ကို မီးတင် ရှို့ ရာမှ လူထု အုံ ကြွမှု အားကောင်း လာခြင်း ဖြစ်သည်။

လန်ဒန် မြို့ ခံ များ ၏ တွစ်တာ များ တွင် မူ ဗြိတိသျှ ထောက်လှမ်းရေး များ က ယခု ကဲ့ သို့  အဓိကရုဏ်း ဖြစ်စေရန် လမ်းလွှဲ ခဲ့ ခြင်း ဖြစ် သည် ဟု ဆို သည်။

တော်တင်ဟမ် မြို့  အလက်ဇန္ဒ ဟစ်ဂင် ဘလောက် တွင် မူ မနက် ဖြန် တွင် တော် တင် ဟမ် အထွေထွေ သပိတ် စရန် နှိုးဆော် ထား သည်။ လူထု ၏ အားကောင်းစွာ အုံကြွ မှု ကြောင့် ရဲ တပ် ဖွဲ့  ၀င် ကိုး ဦး ဒဏ် ရာ ရရှိ သည်။ ဌာနေ လွှတ်တော် အမတ် ကမူ တည်ငြိမ် အေးချမ်း ကြရန် ပန်ကြား ခဲ့ သည်။

ထပ်မံ ရရှိသည့် သတင်းများအရ ပြင်းထန်သည့် လူထု အုံကြွမှု ကြောင့် တော်တင်ဟမ် ရဲတပ် ဖွဲ့  ၀င် ၂၆ ဦး မဆို စလောက် ဒဏ်ရာများ ရရှိ သွားပြီး ဆန္ဒပြသူ ၄၆ ဦးကို ဖမ်းဆီး ထိမ်း သိမ်း ထား သည် ဟု သိရသည်။ ၂၀၁၂ ခုနှစ်တွင် အိုလံပစ်ပစ် ပွဲကို အင်္ဂလန် က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ရာ လန်ဒန် နှင့် အခြား မြို့ များ တွင် ကျင်းပမည် ဖြစ်သည်။




ဗြိတိန် နိုင်ငံ က လန်ဒန် နဲ့ တခြားမြို့ တခိျု့ မှာ လူအုပ်ဖွဲ့ သောင်းကျန်းနေမှုတွေ ကြောင့် ၃ရက် ကြာ မငြိမ် မသက် ဖြစ်နေ ခဲ့ပြီးတဲ့ နောက် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ဥပဒေ စိုးမိုး မှု ပြန်ရပြီး တည်ငြိမ်မှု ပြန် ရရှိအောင် လိုအပ်တဲ့ နည်းလမ်း မှန် သမျှ လုပ်ဆောင် သွား မယ်လို့ ပြောကြား လိုက်ပါတယ်။


ဒီပြဿနာကို ဖြေရှင်းဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က လွှတ်တော်ကို ခေါ်ယူထားပါတယ်။ လမ်းမတွေပေါ်မှာလည်း ရဲအင်အားကို ၃ ဆနီးပါး တိုးပြီး ချထားပါတယ်။

ဆန္ဒပြပွဲတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီး အခွင့်အရေးသမားတွေက လုပ်တဲ့ ဆန္ဒပြပွဲ ဖြစ်သလို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဒုတိယ၀န်ကြီးချုပ် နစ်ခ် ကလက်ဂ် (Nick Clegg) က ပြောပါတယ်။


အခုဖြစ်နေတဲ့ အဓိကရုဏ်းတွေဟာ နှစ် တော်တော်များများအတွင်း ဗြိတိန်က မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေထဲမှာ အဆိုးဝါးဆုံးပါပဲ။

ရာဇဝတ်မှု ကျူးလွန်နေသူတွေ ကို ရပ်တန်းက ရပ်အောင် လုပ်သွားရမယ်၊ ရဲ အရေအတွက် နောက်ထပ် တသောင်း ကို လန်ဒန် က လမ်း တွေ ပေါ်မှာ ပိုချထား မယ် ၊ ရဲ တွေ ရဲ့ အရေးယူ ဆောင် ရွက်မှု ကို လည်း ပို မြှင့်မယ်၊ အဖမ်းအဆီးတွေ ကို ပိုလုပ်မယ် လို့ လည်း သူ က ဆိုပါတယ်။

အခုလို ရဲအင်အား တိုးချ တာကြောင့် လန်ဒန် မှာ ချ ထားတဲ့ ရဲ အရေ အတွက် က တသောင်း ခြောက်ထောင် အထိ ရှိသွားပါပြီ။

ဗြိတိန်အစိုးရအနေနဲ့ ပြည်သူတွေနဲ့ ကျောင်းသားတွေအပေါ် ပြန်လည် တုန့်ပြန်မှုက အလွန်းပြင်းထန်လွန်းပါတယ်။ တွေ့ဆုံဆွေးနွေးဖို့လုံးဝ မရှိပဲ ရဲအင်းမားတွေ ၃ ဆ ကျော် တိုးချထားတာတွေ၊ ဆန္ဒပြသူတွေကို လုံးဝ လက်မခံနိုင်ဘူး ပြောကာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မှုတွေက လူသားဆန်မှု မရှိပါဘူး။ အာဏာရှင် ဆန်လွန်းနေပါတယ်။ ဘန်ကီမွန်း နှင့် အိုဘားမားအပါအဝင် အခြား နော်ဝေ၊ အော်စတြေးလျှနှင့် အနောက်နိုင်ငံများမှ အစိုးရများ သတင်းစာဖတ်ဖို့လိုပြီး စိုးရိမ်သင့်ပြီဖြစ်ပါတယ်။



ဒီလိုဖြစ်တော့ ခင်ဗျားတို့လဲ ဒီလိုလုပ်ရတာပဲမဟုတ်လား


မီးတွေ ဒီလောက်လောင်နေတာ ဗြိတိန်မီးသတ်တွေက ၅ မနစ်လောက်ပဲ ဖျန်းပြီး ပြန်သွားကြလို့များလား

ကျောင်းသားတွေက အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ မီးရှို့တာ က မှန်ကန်တဲ့လုပ်ရပ် ဟုတ်/မဟုတ် သိကြပြီလား...

ဤသို့ လန်ဒန်မြို့လယ်ခေါင်တွင် မီးဟုန်းဟုန်း တောက်လောင်နေ သော်လည်း အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂတို့က မစိုးရိမ်ကြသေး


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) ဟာ အီတလီမှာ သွားရောက်ပြီး အနားယူနေတာကို ဖြတ်တောက်ပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ ဆူပူ အုံကြွမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လန်ဒန်မြို့ကို ရေးကြီးသုတ်ပြာ ဆိုသလို ပြန်လာ ခဲ့ရကြောင်းလဲသိရပါတယ် ။

မြို့တော်တစ်ခွင် မီးဟုန်းဟုန်း တောက်လောင်နေသော်လည်း အီတလီတွင် အပန်းဖြေမပျက်သည့် ဒေးဗစ်ကင်မရွန်း

အခုချိန်ထိတော့ လူပေါင်း ၂၁၅ ယောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားပေမယ့် ဒီထက် ၃ ဆလောက်ပိုလိမ့်မယ်လို့ ဒေသခံတွေကပြောကြားပါတယ် ။ရဲအရာ ရှိ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ယောက်ကတော့ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတုန်းမှာပဲ ကားတွေနဲ့ တက်ကြိတ်တာကို ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

စနေ နေ့ က လန်ဒန် မြို့ တော်တင်ဟမ် အရပ်မှာ ဖြစ်ပွား ခဲ့တဲ့ နွေရာသီ အားလပ်ရက် အီတလီ နိုင်ငံ မှာ သွားရောက် အပန်း ဖြေဖို့  စီစဉ် ထား တဲ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် က နိုင်ငံ ကို ပြန်လာ ပြီး အခြေအနေ တွေ ပြန်တည် ငြိမ်အောင် သူကိုယ်တိုင် ကိုင် တွယ် မယ် လို့  ဆိုပါတယ်။

နိုင်ငံ တ၀ှမ်း ထိ ဆက်လက် ပြန့် သွား မယ် လို့ ယူဆရ တဲ့ ဒီ အရေး အခင်း ကို စကော့တလန် ယာဒ် ရဲ တပ်ဖွဲ့  ကိုယ်တိုင် ကိုင် တွယ် ဖို့  ခက်ခဲ နေတယ် လို့ ဆိုပါတယ်။ ဒီလူထု အုံကြွမှု တွေ ဟာ တွစ်တာ နဲ့  ဖေ့ဘွတ် တို့  ကြောင့် ပိုမို အားကောင်းလာ ပြီး လန်ဒန် မြို့ လယ် နဲ့  အန်ဖီး အရပ် မှာ ဆို ရင် ဆယ် ကျော် သက် တွေ က အကျီ်အနက်ရောင် တွေ ၀တ် လက်နက် တွေ ကိုင် ဆောင် ပြီး အင်အား ပြကြတယ် လို့  ဆိုပါတယ်။



နိုင်ငံကြီးသားတွေတဲ့လား......


ဗြိတိန်အစိုးရကတော့ ဆန္ဒပြပွဲတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီး အခွင့်အရေးသမားတွေက လုပ်တဲ့ ဆန္ဒပြပွဲ ဖြစ်သလို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဒုတိယ၀န်ကြီးချုပ် နစ်ခ် ကလက်ဂ် (Nick Clegg) က ဆန္ဒပြသူတွေကို ဆူပူသောင်းကျန်းသူတွေလို့ အမည်တပ်ပြီးအပြစ်ဖို့ ပြောဆိုလိုက်ပါတယ်။

၈ လေးလုံး ၂၃ နှစ်ပြည့်များ လုပ်နေသလား ထင်မှတ်မှားရ


လန်ဒန်မြို့ မြောက်ပိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု မရှိတဲ့ အခြေအနေ၊ အလုပ်လက်မဲ့ဦးရေ များပြီး လူမှုဖူလုံရေး အစီအစဉ်တွေ လျှော့ချခံနေရတာတွေအပေါ် မကျေနပ်မှုတွေ ကြီးထွားနေတာကြောင့် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာလို့ လန်ဒန်မြို့ခံတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲတွေဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က ဆင်းရဲသားရပ်ကွက် တခုမှာ စနေညပိုင်းက အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာမှစတင်ခဲ့တာဖြစ်ပြီး ဗြိတိသျှ ရဲတပ်ဖွဲ့ဝင်တွေရော ဆန္ဒပြသူတွေပါ ဒဏ်ရာရသွားကြပြီး လူတချို့ အဖမ်းခံခဲ့ရပါတယ်။

ကြာသပတေးနေ့က ရဲရဲ့ ပစ်ခတ်မှုနဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားရတဲ့ ဖြစ်ရပ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတာက အစောပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာအစိုးရရဲ့ ကိုင်တွယ်ပုံညံ့ဖင်းတာကြောင့် အကြမ်းဖက်မှုတွေ ပါလာတဲ့အထိ ဖြစ်ပေါ်တာဖြစ်တယ်လို့ ဝေဖန်သူတွေလဲ ၇ှိနေကြောင်း သတင်းရရှိပါတယ် ။








အခြေအနေအရပ်ရပ်က အလွန်ကြောက်စရာ ကောင်းပြီး အလွန်စိုးရိမ်စရာဖြစ်ပါတယ်။ ဘန်ကီမွန်းနှင့် အိုဘားမားတို့ မစိုးရိမ်နိုင်ပေမယ့် ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဗြိတိန်အာဏာရှင် အစိုးရ၏ လက်နက်ကိုင်ပြီး ကျောင်းသားများကို ဖမ်းစီးနိမ်နှင်းနေခြင်းနှင့်ပတ်သက်လို့ Myanmar Express အဖွဲ့သားများမှ အလွန်အင်မတန် စိုးရိမ်မိကြောင်း ပါ ခင်များ.......။




Myanmar Express

7 comments:

ကျောင်းသားတွေက အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ မီးရှို့တာ က မှန်ကန်တဲ့လုပ်ရပ် ဟုတ်/မဟုတ် သိကြပြီလား...

ပုံဖျက်တာ တော်တဲ့ မြန်မာမသူတော် စစ်ထောက်လှမ်းရေးတွေ ခုထိ လိမ်ကြတုံး - ၈-၈-၈၈ မျက်မြင်သက်သေတွေ မသေကြသေးဘူး ဟကောင်ရေ ။ မနေ.တနေ.ကမှလူဖြစ်လာတဲ့ စစ်လောက်လန်းတွေ ထ ကျယ်မနေနဲ့ ။
မင်းတို. လိမ်တယ် ဆိုတာ မင်းတို.ဆရာကြီးတွေ ဖြစ်တဲ့ KGB, CIA, Israel ထောက်လှမ်းရေးတွေ အိပ်ပျော်နေသလောက်ပဲ ရှိတာပါ ။ ဟားဟားဟား..။

စစ်လောက်လန်းများသို့  ....
မင်းတို.စစ်အာဏာ ရှင်တွေ လက်နက်နဲ. အာဏာ မသိမ်းမှီ မြန်မာပြည်ဟာ မြင့်မြတ်တဲ့ မြန်မာခေါင်းဆောင် တွေကြောင့် ကွန်မြူနစ်ရော အနောက်အုပ်စုကပါ ဘယ်လို လေးစါးခံခဲ့ရတယ် ဆိုတာ မသိသေးရင် ကြည့်လိုက် ဟောဒီမှာ ....

http://www.youtube.com/watch?feature=player_embedded&v=F1iMZeK4aH0

ဗြိတိန်အတွက် မစိုးရိမ်ပေမယ့်

မြန်မာကျောင်းသားတွေ အဆောက်အအုံတွေ မီးရှို့ပြီး ဖျက်ဆီးတုန်းက ကျောင်းသားတွေ ကို အကောင်းမြင်ပြီး၊ ဗြိတိန်သားတွေ ကို အစိုးရက အင်အားသုံး ပစ်ခတ်နိမ်နှင်းနေတာကိုတော့ သူတို့ပထွေး အင်္ဂလန် အစိုးရအပေါ် အကောင်းမြင်နေခြင်းကို အလွန်ပဲစိုးရိမ်မိပါတယ်ဗျာ

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို ရဲက ၂၉ နှစ်အရွယ်ကလေး အဖေ တစ်ယောက်ကို ပစ်သတ်လိုက်တာကို koko ဆိုတဲ့ကောင် မသိလိုက်ဘူးလား အသိဘူး.. အဲလို ဘာမှမသိ လိုက်ပဲ နောက်ကျနေလို့လည်း ၂၃ နှစ်လုံး ဘာမှဖြစ်မလာတာ

အင်္ဂလန် ကျောင်းသာတွေကို ကျေးဇူးတင်ပါတယ်..၈၈၈နှစ်ပတ်လည်ကို မြန်မာတွေကိုယ်စား ကြီးကျယ်ခန်းနား စွာလုပ်ပေးလို့.. အင်္ဂလန်ရောက်မြန်မာတွေတောင် မလုပ်လိုက်ရဘူး...ကျောင်းသားအရွယ်လူငယ်တွေ ဘာကြောင့်ဒီလိုဖြစ်လဲ..ကျောင်းလစာတွေတိုးလို့..အလုပ် အကိုင်ရှားပါးလို့..ကုန်ဈေးနှုန်းတွေကြီးမြင့်လို့.. အဲဒါတွေအစိုးရက မဖြေရှင်းပေးနိုင်ရင် ဂျွန်မက်ကိန်း ပြောသလို အာရပ်လှိုင်းရောက်လာမှာပဲ..

har har ha.... very happy to see England riot .It is bad return according to "Karma".Next one is "America" .All of these happening because of high-profile corruption around the world especially in Developed giant countries .Today world is Coorporate culture world .So, there are too much differeces between poor and rich .Then,these giants are bully to other small countries for their own interests .Clap clap clap!!!! Cheers !!!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်