Subscribe to our RSS Feed

ကံရာဇာငယ်ရဲ့ ခုခံချေပချက်



b41714
ကျွန်တော် စာရေးတဲ့ အလုပ်ကိုပဲ ပြန်လည်ဇောက်ချ လုပ်နေတာ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ ဆယ်နှစ် ရှိသွားပြီ။ စာဖတ်တယ်၊ စာရေးတယ်၊ တရားမှတ်တယ်။ သစ်ပင်စိုက်တယ်။ သည်လိုနဲ့ အချိန်တွေ ကုန်သွားတာပဲ။ အချိန်တွေ မြန်မြန်ကုန်သွားပါစေလို့ ဆုမတောင်းမိပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အချိန်တွေ မြန်မြန် ကုန်သွားစေချင်နေတယ်။ အချိန်တွေ ကုန်သွားစေချင်တယ် ဆိုတော့ တစ်ခုခုကို မျှော်နေသလိုလည်း ဖြစ်နေတယ်။ မျှော်နေသလားလို့ မေးရင်လည်း တိတိကျကျ ဘာကိုမှ မျှော်နေတာ မဟုတ်ဘူးလို့ ဖြေရမှာပဲ။
စာတွေပဲ ဖိရေးနေတော့ တွေးချိန် သိပ်မရှိဘူး။ ဟိုအလျင်တုန်းက သီးသီးသန့်သန့် တွေးချိန်တွေ ရှိခဲ့ဖူးတယ်။ တွေးတာရယ်၊ တရားမှတ်တာရယ်က လွဲပြီး ဘာမှမလုပ်ဖြစ်တဲ့ အချိန်တွေပေါ့။ အခု တစ်ခါတစ်လေ အဲသလို
တွေးချိန်တွေ ပေါပေါများများ ရှိချင်လိုက်တာ။ ဒါပေမယ့် မရှိတော့ဘူး။
တွေးတာကိုပဲ အလုပ်တစ်ခု အဖြစ် လုပ်နေခဲ့ရချိန်များက ကျွန်တော့် အတွေးတွေထဲ ၀င်လာခဲ့ဖူးတဲ့ အကြောင်းအရာတွေ အများကြီးပဲ။ အထူးသဖြင့် ရာဇ၀င်ထဲက ဇာတ်ကောင်တွေ ကျွန်တော့်အတွေးထဲ ၀င်လာခဲ့ကြတယ်။
ကျွန်တော်နဲ့ သူတို့ အချေအတင် ဆွေးနွေး ငြင်းခုံကြတယ်။ တွေးချိန်တွေ ကုန်လွန်ပြီး ရေးချိန်ရောက်လို့ ရေးမယ်လုပ်တော့ သည်ပုံသဏ္ဌာန်မျိုးကို ဆရာချစ်ဦးညိုတို့ ရေးဖူးခဲ့ပြီဆိုတာ သိရတယ်။ ကျွန်တော် စာနဲ့ပေနဲ့ ဝေးနေရတဲ့ နှစ်ကာလများမှာ ဆရာချစ်က ရေးခဲ့တာကိုး။ ကျွန်တော် လုံးဝ မသိခဲ့ဘူး။ နောက်မှ သမိုင်းထဲက ဇာတ်ကောင်တချို့နဲ့ ဆရာချစ်ဦးညို ဆွေးနွေးဟန် အရေးအသားတွေ ရှာဖတ်ကြည့်တော့ သိပ်ကောင်းတာပဲ။ သိပ်တော်တာပဲလို့ ချီးကျူးမိတယ်။
ကျွန်တော် စာတွေပြန်ရေးနေတာ ဆယ်နှစ်နီးပါး ကြာသွားပြီးတော့ တစ်ညသ၌ မီးမလာလို့ မှောင်ထဲထိုင် ငိုင်နေတုန်း ကျွန်တော့်မိတ်ဆွေဟောင်း ရာဇ၀င်ထဲက ဇာတ်ကောင်တစ်ကောင် ၀င်ချလာပြန်တယ်။ လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်ကာလက သူနဲ့ ဆွေးနွေးငြင်း ခုံခဲ့တာတွေကို စာရေးလို့ ရတဲ့အချိန်ကျရင် စာပြန်ရေးမယ်လို့ ကျွန်တော်က ကတိပေးခဲ့ပြီး ခုထိ ဘာကြောင့် မရေးသေးလဲလို့ အပြစ်တင်တယ်။
ကျွန်တော်က သူ့ကို ရုတ်တရက် မမှတ်မိဘူး။ ကောင်းကင်ရောင်အောက်မှာ ကြည့်ရတာက ''Asoka'' (အသောက)ဇာတ်ကားထဲက ဇာတ်လိုက်လိုလိုပုံမျိုး ကုလားချော ချောတဲ့ လူငယ်လူရွယ်တစ်ယောက် အဖြစ် မြင်တွေ့ရတယ်။
''ခင်ဗျား ဘယ်သူလဲ ပြောဦးမှပေါ့''
ကျွန်တော်က မေးလိုက်တော့
''ကံရာဇာငယ်လေဗျာ၊ သံတိုင်တွေနောက်မှာ ခင်ဗျား စံမြန်းနေတုန်းက ခင်ဗျားဆီ ကျုပ်လာခဲ့ဖူးတယ်။ စောဒက တက်ဖူးတယ်။ မှတ်မိတယ် မဟုတ်လား''
''အင်း . . . မှတ်မိသလိုလိုပဲ ဒါနဲ့ ကံရာဇာဆိုတဲ့ နာမည်က တကောင်းခေတ်ကနော်။ ဒါပေမယ့် အခု ကျုပ်တို့ ၂၀ ရာစု၊ ၂၁ ရာစုမှာ ကံရာဇာ ဆိုပြီး နာမည်တွေ မှည့်နေကြတာ ခင်ဗျားသိရဲ့လား။ ကိုကိုကံရာဇာဆိုတာ ရှိတယ်ဗျ''
''နှစ် ၁၀၀၀ ကျော်တဲ့အထိ ကျုပ်တို့ နာမည်တွေ မတိမ်ကောတာဟာ ၀မ်းသာစရာ ကောင်းသေးဗျာ။ ဒါပေမယ့် ကျုပ်ပြောချင်တာက ကျုပ်ကံရာဇာငယ်အကြောင်း ခင်ဗျားတို့ ရာဇ၀င် ဆရာတွေ မကောင်းရေးခဲ့ကြတာကို
ဖြေရှင်းပေးဖို့ပဲဗျ''
''သမိုင်းဆိုတာ ကမ္ပည်းတင်ပြီးသားပဲဗျာ။ သမိုင်းတွင်ပြီးသားကို ခင်ဗျားက ဘယ်လို ပြင်ချင်သေးလို့လဲ''
''ကျုပ်က နာမည်ပျက်ရတဲ့ လူဗျ။ ကျုပ်ဘက်က ခုခံချေပခွင့်တော့ ရှိရမှာပေါ့။ အခု ခင်ဗျားတို့ ရာဇာဝင်ကျမ်းတွေက ကံရာဇာငယ်ဟာ ကံရာဇာကြီးနဲ့ အလှူမဏ္ဍပ် ပြိုင်ဆောက်ရာမှာ လူလည်ကျပြီး အနိုင်ယူသွားတယ်လို့ မရေးရုံ တစ်မည်ပဲ။ ကျုပ်က တစ်ပတ်ရိုက်ပြီး အနိုင်ယူတယ် ဆိုတဲ့ အဓိပ္ပာယ်ထွက်အောင် ရေးခဲ့ကြတယ် မဟုတ်လား။''
''ဘယ်လို ရေးခဲ့ကြတယ်ဆိုတာ ဖတ်ဖူးလို့လားဗျ''
''ဖတ်ဖူးရုံမကဘူး။ အလွတ်တောင်ရနေပြီ။ နားထောင်။ ကျုပ်ရွတ်ပြမယ်။ တကောင်းပြည်တွင် အဘိရာဇာမင်း ကံကုန်သောအခါ သားတော် ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့သည် တကောင်းပြည် ထီးနန်း အတွက် လက်ရုံး စစ်ထိုးရန် ပြင်ကြသည်။ ထိုအခါ အမတ်ပညာရှိတို့က အရှင့်သားတို့သည် လက်ရုံးစစ်ကို မထိုးကြပါကုန်လင့်။ ကုသိုလ်စစ်ကိုသာ ထိုးကြပါလေဟု နားတော် လျှောက်ကြလေသည်။ ကုသိုလ်စစ် ဆိုသည်ကား အဘယ်နည်းဟု ညီနောင်နှစ်ပါးက မေးကြရာ အလှူမဏ္ဍပ် နှစ်ဆောင်ကို တစ်ယောက် တစ်ဆောင်စီ ညဥ့်တွင်းချင်း ပြီးအောင် ဆောက်ကြပါ။ အလျင်ပြီးအောင် ဆောက်နိုင်သူသည် တကောင်းပြည် ထီးနန်းကို ဆက်ခံထိုက်သူ မည်ပါသည်။ ထိုသို့ ပြုခြင်းသည် ကုသိုလ်စစ်ထိုးခြင်း ဖြစ်ပါသည်ဟု လျှောက်ကြလေသည်။ ညီနောင်နှစ်ပါးလုံးလည်း ကောင်းပြီဟု ၀န်ခံ၍ အလှူမဏ္ဍပ် ဆောက်ကြလေသည်။ နောင်တော် ကံရာဇာကြီးသည် မိမိ၏ အလှူ မဏ္ဍပ်ကို သစ်ကြီးဝါးကြီးဖြင့် ဆောက်လုပ်၏။ ညီတော် ကံရာဇာငယ်သည် မိမိ၏ အလှူမဏ္ဍပ်ကို သက်ငယ်ဝါးငယ် တို့ဖြင့် ဆောက်၍ ဖျင်ဖြူပတ်ခြင်း၊ ထုံးဖွေးဖွေးသုတ်ခြင်း တို့ကို ပြုလေသည်။ နံနက်မိုးသောက်လတ်သော် ကံရာဇာကြီး၏ အလှူမဏ္ဍပ် အပြီးသို့ မရောက်ချေ။ ကံရာဇာငယ်၏ အလှူမဏ္ဍပ်သာလျှင် အပြီးသို့ ရောက်လေသည်။ ထို့ကြောင့် ကံရာဇာကြီးသည် အထက်စကား ကတိ ရှိသည့်အတိုင်း တကောင်းပြည် ထီးနန်းကို ကံရာဇာငယ်လက်သို့ အပ်၍ တကောင်းမြို့မှ ခွာလေသည် . . . တဲ့''
''အဲသလို ရေးထားတာ အချက်အလက် အရ မှန်တယ် မဟုတ်လားဗျ။ အမှားပါလို့လား''
''အမှားတော့ မပါဘူးပေါ့ဗျာ။ သို့သော်လည်းပဲ ကျုပ်က မရိုးမသား လုပ်သလိုလို ရိုးတိုးရိပ်တိတ် သဘောပါအောင် ရေးထားတာဗျ။ ခင်ဗျား သတင်းစာပညာ အကြောင်းတွေ ရေးနေတဲ့ လူပဲဗျာ။ မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့''
''အင်းလေ . . . သတင်းပဲရေးရေး၊ သမိုင်းပဲရေးရေး ပညာပါပါ ရေးတတ်ဖို့တော့ လိုတာပေါ့။ သမိုင်းဖြစ်ရပ် တစ်ခုကို ရေးတဲ့အခါ ဘက်မလိုက်ဘူး ဆိုပေမဲ့ အမှားနဲ့အမှန်ကို စာဖတ်ပရိသတ် ဝေခွဲနိုင်အောင် အစအနလေးတော့ ပေးတတ်ကြတာပဲ။ အဲဒီ အစအနပေါ်မှာ နောက်ထပ် အကျယ်ချဲ့ပြီး ဝေဖန် အကဲဖြတ်သူက အကဲဖြတ်တယ်။ ခင်ဗျားတို့ရဲ့ အဖြစ်အပျက်ကို ထင်ရှားတဲ့ ပညာရှင်ကြီး ဆရာဇော်ဂျီက သုံးသပ် ဝေဖန် ရေးသားခဲ့တာကို အတွေးအမြင်(စာစဉ် ၁၂) မှာ ထည့်ခဲ့ဖူးတယ်လေ။ ''သူတို့ညီနောင်နှင့် ကျွန်တော်''တဲ့။ စဉ်းစားစရာတွေ အများကြီး ပေးထားတယ်ဗျ''
''ဆရာဇော်ဂျီက လေးစားအပ်တဲ့ ပညာရှင်ကြီး ဆိုတာ ကျုပ်လက်ခံပါတယ်။ သို့ပေမယ့် ကာယကံရှင်ဘက်က ခုခံချေပတာကိုလည်း ခင်ဗျားတို့ မကြားသင့်ဘူးလား။ ဒီတော့ ကျုပ်ပြောမယ်။ ကျုပ်တို့ ပြိုင်ပွဲအကြောင်း
ပြန်လေ့လာကြည့်ဗျာ။ ကျုပ်တို့ ညီနောင်ရဲ့ ပြဿနာကို လက်ရုံးရည်နဲ့ မရှင်းဘဲ နှလုံးရည်နဲ့ ရှင်းကြဖို့ သဘောတူခဲ့ကြတာဗျ။ ဉာဏ်ချင်းပြိုင်ကြရမှာ ရှင်းနေတာပဲဗျာ။ အလှူမဏ္ဍပ်ကို ညဥ့်တွင်းချင်းဆောက်ရတဲ့ ပြိုင်ပွဲနော်။
အလှူမဏ္ဍပ်ရဲ့ အရွယ်အစား ပမာဏကို ကြိုတင် သတ်မှတ်ထားတာ မရှိဘူး။သစ်ကြီးဝါးကြီးနဲ့ ဆောက်ရမှာလား၊ သစ်ငယ်ဝါးငယ်နဲ့ မဆောက်ရဘူးလား။ ဘာစည်းကမ်းမှ မရှိဘူး။ သတ်မှတ်ချက် နံပါတ်တစ်က အလှူမဏ္ဍပ် ဖြစ်ရမယ်။ နံပါတ်နှစ်က ညဥ့်တွင်းချင်း ပြီးရမယ် ဒါပဲ။ ကျုပ်က ပြိုင်ပွဲ စည်းကမ်းအတိုင်း လုပ်ခဲ့တာပါ။ ညဥ့်တွင်းချင်း မဏ္ဍပ် အပြီး ဆောက်မယ်ဆိုရင် ပြီးစီးနိုင်အောင် ဘယ်လို ဆောက်မလဲ ဆိုတဲ့ စိတ်ကူးစိတ်သန်း ရှိရမယ်။ ပြီးတော့ အဲသလို ထမြောက် အောင်မြင်အောင် ၀ိုင်းဝန်းပံ့ပိုးတဲ့ နောက်လိုက် အင်အား ရှိရမယ်။ ကျုပ်တို့ ညီအစ်ကိုရဲ့ ပြိုင်ပွဲဟာ ဉာဏ်ချင်း ပြိုင်တာရယ်။ နောက်လိုက် အင်အား ပြိုင်တာရယ်။ အဲဒါ အဓိကပဲဗျ။ ကျုပ်အနိုင်ရခဲ့တာဟာ နောင်လာ နောက်သားတွေ ဂုဏ်ယူစရာတောင် ဖြစ်ပါတယ်ဗျာ။ အဲဒီလို မစဉ်းစားတဲ့ စာရေးသူ တချို့က ကံရာဇာငယ် လုပ်ရပ်သည် မြန်မာလူမျိုးတို့၏ ပြီးစလွယ် လုပ်တတ်သည့် အကျင့်စရိုက်ကို အစပျိုးခဲ့ခြင်း ဖြစ်သည်လို့ အမနာပ ရေးခဲ့ဖူးတယ်ဗျ။ တကယ်ကတော့ မြန်မာလူမျိုးတွေ ဖြတ်ထိုးဉာဏ် ကောင်းတာဟာ ကျုပ်ဆီက လက်ဆင့်ကမ်း အမွေလို့တောင် ဆိုနိုင်ပါတယ်ဗျာ''
''အင်း . . . ခင်ဗျားဘက်က ရှင်းလင်းချက်ကလည်း အတော် ခိုင်လုံပါတယ်လေ။ ဒီအကြောင်းကို သည်တစ်ခါတော့ ကျုပ်ရေးဖြစ်အောင် ရေးလိုက်ပါ့မယ်။ ဒါတင်မကဘူး၊ ခင်ဗျားတို့ ညီအစ်ကိုဟာ သွေးထွက်သံယို မဖြစ်ကြဘဲ ကတိစကား အတိုင်း တည်တည်ကြည်ကြည် ဆောင်ရွက်ခဲ့ကြတာကို ကျုပ်သိပ်သဘောကျတယ်ဗျာ။ ''မြန်မာအစ တကောင်းက''လို့ ခံယူထားကြတာ ဆိုတော့ ကျုပ်တို့ မြန်မာတွေရဲ့ သမိုင်းအစမှာ ပြဿနာကို လက်ရုံးရည်နဲ့ မရှင်းဘဲ နှလုံးရည်နဲ့ ရှင်းခဲ့ကြတာဟာ ဂုဏ်ယူလောက်ပါပေတယ်ဗျာ''
ကံရာဇာငယ်ကို ကျွန်တော် ပြောတုန်းမှာပဲ မီးပြန်လင်းလာပါတယ်။ ကိုယ်တော်လေး ကံရာဇာငယ်ကိုတော့ မတွေ့ရတော့ပါ။

မောင်ဝံသ

5 comments:

ဒို့ Myanmarexpress က ကိုကြီးကျော်တို့ကတော့တယ်လဲလက်သွက်ခြေသွက်ပါလားမိုးသီးစော်ကြီးကိုတောင် ဝိုင်းအားပေးအုန်းမယ်ဆိုပဲဗျ Ķ¥áŴĶ¥áŴ5 said...မိုးသီး ပေးတောင်ပေးနိုင်ရဲ့လားမသိဘူး မနိုင်တော့ရင်လဲ ကျုပ်တို့ Myanmarexpress က ဖိုက်တာတွေဆီသာပို့လိုက်ဆရာရေ့ .. တဲ့ http://drchatgyi.blogspot.com/2011/08/blog-post_16.html#comments :)

ပွန်ဆိုက်ဆိုရင်တော့ ကောင်းတယ်ဗျာ
ပင်တိုင်မင်းသမီးကြီးက မာမီဆု ပေါ့
ဝမ်းဆက်တွေ ဝတ်ပြီး လန်းချင်တဲ့မိန်းမကြီး ပန်းထွက်တာတွေ တင်ပေးပါဗျာ

အပေါ်က စောက်ရူးလေး တိုးနန္ဒ - မင်းအမေကို ကျပ်ပြေးက တပ်ရေးဗိုလ်ကြီး ဈေးနောက်မှ ဒိုင်လျှိုလေး ဝိုက်လိုက်တဲ့ မူဗွီလေး ဟန်းဖုန်းနဲ့ရိုက်ထားတာရှိတယ်ဆို အဲ့ဒါလေး တင်လိုက်ပါလား ဒါမှမဟုတ် မင်းကို ငါဖင်လိုးပေးနေတဲ့ မူဗွီလေး အသစ်ရိုက်ချင်လားပြော

It is yellowish and i don't wanna to open this web site again.We love nonbias writing.

အပေါ်ကဆောင်းပါးနဲ့ အောက်က comment တွေနဲ့က တစ်ခြားစီ ဖြစ်နေပြီ။ ရန်ဖြစ်ချင်ရင် အခြားနေရာ သွားကြ ဗျာ။ ဖတ်လို့ကောင်းတဲ့ ၀တ္တုလေး အရသာပျက်သွားမှာ စိုးလို့ပါ။ ဒီဝတ္တုအရ ကံရာဇာငယ်ရဲ့ လုပ်ရပ် မှန်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်