Subscribe to our RSS Feed

ဆိုင်းဘုတ်လေးတော့ တည့်အောင် မှန်အောင် ကိုင်ကြပါဗျာ


ရှစ်လေးလုံးအထိန်းအမှတ် ဆန္ဒပြပွဲများ ဆုတောင်းပွဲများကို ကမ္ဘာအရပ်ရပ်မှ မြန်မာအတိုက်အခံများ ပုံစံအမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။ တချို့ကလည်း ဘုန်းကြီးတွေပင့်ပြီး ကျင်းပခဲ့ကြသလို တချို့ကလည်း ဘာမှမသိတဲ့ ကလေးတွေကို ခေါ်ပြီး ကျင်းပခဲ့ကြပါတယ်။ "ဖိတ်ထားတာတော့ အများကြီးပဲ.. ထမင်းလည်းကျွေးမယ်၊ ပိုက်ဆံလည်းပေးမယ် ပြောထားတာ.. ရှစ်လေးလုံး ၂၃ နှစ်ဆိုတော့ အများကြီးတောင် လာမယ်ထင်တာ.. တကယ်တန်းကျတော့ မလာကြဘူး... ၂၃ နှစ်တောင် ကြာပြီ ဘာမှ ထူးခြားအောင် မလုပ်နိုင်တာကြောင့် ရှက်လို့မလာကြတာလည်း ဖြစ်နိုင်တယ်" လို့ ဆန္ဒပြပွဲ ပြုလုပ်သူ ကမကထ တစ်ဦးက ပြောပါတယ်။

ဆိုးဝါး စိတ်ပျက်ဖို့ကောင်းတာ တစ်ခုကတော့ ၈ လေးလုံး ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြသူတွေထဲမှာ ဆန္ဒပြသူ ဒီမိုကရေစီဘက်တော်သား တစ်ယောက်က ဆိုင်းဘုတ်ကို ဇောက်ထိုးကြီးကိုင်ခဲ့တာပါပဲ။ ဆန္ဒပြသူတွေ ကိုင်ဆောင်ဖို့ ထုတ်ပေးထားတဲ့ ဆိုင်းဘုတ်ကို တစ်ယောက်တည်း ဇောက်ထိုးကြီးကိုင်ကာ ခန့်ခန့်ကြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ အဲဒီဓာတ်ပုံကိုလည်း AP သတင်းဌာနမှတဆင့် တကမ္ဘာလုံးသိအောင် ဖော်ပြထားပါတယ်။



ဖွတ်ဒေါင်းအလံကြီးကလည်း ဇောက်ထိုး၊ လူတွေကလည်း ဇောက်ထိုး၊ နိုင်ငံ မြေပုံနဲ့ သူတို့ကြိုက်လှပါပြီဆိုတဲ့ အလံလည်း ဇောက်ထိုးဖြစ်နေပြီ....
ရှစ်လေးလုံးကြောင့် အားလုံးဇောက်ထိုး ဖြစ်ကုန်တယ်လို့ပဲ ပြောချင်တာများလား

"ဒီလိုဆန္ဒပြပွဲမှာ ကမ္ဘာသိအောင် ဆိုင်းဘုတ်ဇောက်ထိုး ကိုင်ပြတာကြီးက သိပ်ကို ဆိုးရွားတဲ့ အဖြစ်ပျက်တစ်ခုပါ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်တီစုကလည်း စိတ်ဆိုးနေတယ်.. သူတို့လုပ်ပုံက အန်တီစုအပါအဝင် ၈၈ ကျောင်းသားအားလုံးကိုေ-ာက်ပေါကြီး တွေ ဖြစ်အောင် လုပ်လိုက်သလိုပဲ" လို့ NLD နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက Myanmar Express ကို ပြောပါတယ်။ အတည်ပြုနိုင်ဖို့အတွက် NLD ဒုဥက္ကဌ ဦးတင်ဦး ဆီကို ဖုန်းဆက်မေးခဲ့ပေမယ့် မျက်စိနာနေလို့ စကားမပြောနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ခုလို ကပျက်ကချော် လုပ်တာက ရှစ်လေးလုံးတုန်းက အသက်ပေးသွားသူတွေ အားလုံးကို စော်ကား ခြင်းဖြစ်ကြောင်းနဲ့ ဘန်ကောက်မှ နိုင်ငံရေးသူတောင်းများကို အလွန် စိတ်ပျက်မိကြောင်းကို အမေရိကားရောက် ရှစ်လေးလုံး ကျောင်းသား ဟောင်းတစ်ဦးက ပြောပါတယ်။ "ဒါ သက်သက်စော်ကားတာဗျ.. ဒီလို ကပျက်ကချော်လုပ်တာက အသက်ပေးသွားတဲ့ သူတွေအားလုံးကို စော်ကားတာပဲ.. ဘန်ကောက်က နိုင်ငံရေးသူတောင်း စားတွေ ဒါမျိုးဖောင်းတာ ခဏခဏ ရှိနေပြီ.. ခွပ်ဒေါင်းအလံကိုတောင် ဘယ်ဟာက အတည့်၊ ဘယ်ဟာက ဇောက်ထိုးမှန်းမသိပဲနဲ့ နိုင်ငံရေးဝင်လုပ်နေကြတာ အများကြီးပဲ.. တကယ်စိတ်ပျက်စရာကောင်းတယ်" လို့ သူက ဆက်ပြောပါတယ်။

အလားတူဖြစ်စဉ်မျိုးတွေ ခဏခဏ ဖြစ်ခဲ့ဖူးပြီး အသိသာဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို တောင် မှားပေါင်းပြီး ဆန္ဒပြဖူးသူတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံစစဉ်က အားကိုးတကြီးနဲ့ လွတ်လာရင် ထူးခြားမလား ဆိုပြီး လွတ်ဖို့ ဆန္ဒပြသူများထဲမှာ တစ်ယောက်က ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အောင်ဆန်းဆန်းကြည် လို့ ပေါင်းပြီး ဆိုင်းဘုတ်ကို ကိုင်ကာ ဆန္ဒပြခဲ့ဖူးပါတယ်။ ဒီဖြစ်စဉ်ကို ရိုက်တာ သတင်းဌာနကဆင့် တကမ္ဘာလုံး သိတုန်းကလည်း အကျယ်ချုပ်ထဲမှာ နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အတော် စိတ်ခုခဲ့ရဖူးပါတယ်။

ဘယ်တုန်းက နာမည်ပြောင်းလိုက်တာပါလိမ့်.. ကင်မွန်းတပ်လေးတော့ လုပ်သင့်တယ်..

"ဆန္ဒပြတယ်ဆိုတာ ဓာတ်ပုံပဲ အဖတ်တင်တာမဟုတ်လားဗျာ.. ဒီတော့ ခဏတာအတွင်း ဓာတ်ပုံအရိုက်ခံချိန်မှာ ဆန္ဒပြသူတွေ အနေနဲ့ အသေအချာတော့ ပြင်သင့်တာပေါ့.. ခုတော့ ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်းမသိ၊ ကိုယ်ကိုယ်တိုင်က အမြင်မတည့်တော့ ဓာတ်ပုံတွေက တလွဲတွေ ထွက်တာပေါ့.. ဆန္ဒပြသူတွေ အနေနဲ့ ပိုက်ဆံရပြီးရော ဆိုတဲ့ စိတ်နဲ့ မပြကြပဲ ရတဲ့ပိုက်ဆံနဲ့ ထိုက်တန်အောင် အသေအချာလေး စီစဉ်သင့်တယ်" လို့ ဆန္ဒပြသူ တစ်ဦးက ပြောဆိုပါတယ်။

6 comments:

ဒီမိုကရေကရေစီ ဘက်တော်သားတွေကတော့ လုပ်လိုက်ရင် စောက်တလွဲ

ငါတို့ကိုလည်းရမ်းအပြစ်မတင်ပါနဲ့ကွာ၊ငါတိုဘဝတွေကိုလည်းနားလည်ပေးပါအုန်း၊
ဒီပွဲလေးမြန်မြန်ပြီးမှအောင်ပွဲခံဖို့၊အရက်လည်းပြေးဝယ်ရအုန်းမယ်၊နေ့စားခလည်းပြေးထုတ်ရအုန်းမယ်၊
နားလည်ပေးပါအုန်းဗျာ၊အရာအားလုံးအပြစ်ဘဲမတင်ပါနဲ့၊နောက်ကျရင်ဘဏ်ဏရေးမှုးကဘုန်းသွားအုန်းမယ်၊
ဆန္ဒပြပေးဖို့ကအဓိကမဟုတ်လား၊ပြပေးတယ်လေ၊မနေ့ကပွဲအတွက်ဒီနေ့စားရင်းတွေရှင်းတော့ကျွန်တော်တို့
အဖွဲ့မှာထချတော့မလိုနီးပါးစာရင်းတွေရှင်းလိုက်ရသေးတယ်၊တော်သေးလို့ကျွန်တ်ာနေ့စားခအထုတ်မြန်ပေလို့ဗျို့၊
နောက်လူတွေမရဘူးတောင်ကြားတယ်၊တ်ာပြီဗျာဒါသူများကိစ်စတွေပါ၊ဒါပေမဲ့ကျွနတော်တို့ဘဝတွေတော့နားလည်ပေးပါဗျာ၊အရမ်းလျှောက်မဖွပါနဲ့

ကို express ရေ.. လန်ဒန် ဆန္ဒပြပွဲအကြောင်း တင်ပေးပါ အုံး.. ဒုတိယ၀န်ကြီးချုပ်ကတော့ ဆန္ဒပြ သမားတွေကို အခွင့်အရေးသမားတွေ ဆိုပြီး ဖမ်းချုပ် နေပြီ.. ဒီကောင်တွေလည်း ခုမှ သိလားမသိဘူး.. ဆန္ဒပြ တဲ့သူတွေထဲမှာ အခွင့်ရေးသမားတွေ..ဆူပူသောင်းကျန်း သူတွေပါတယ်ဆိုတာ.. ခုတော့ကိုယ်တိုင်တွေ့ပြီ..

အော် နာမည်တောင်မသိပဲ ဒို့အရေးလုပ်ချင်တရ်.... ဟိဟိ ရီတော့ရီရသား.... နောက်ကွယ်ကနေအော်ရင်ဘယ်လောက်... မျက်နာပြရဲရင်ဘယ်လောက်ဆိုပြီး ပေးထားတာနဲ့တူတရ်...

အခုမှပြန်ပြီး ပွဲပြန်လုပ်မှာ မှာဆိုတော့ အယောင်ယောင် အမှားမှားတွေ ဖြစ်ကုန်တာပေါ့၊ အင်း..........ဒါပေမဲ့လည်း အ၇င်ကတည်းက ယောင်ဝါးဝါးပါပဲလေ

NLD မှာက ပညာတတ်တွေ မ၇ှိသလောက်ပဲ. ခုလဲကြည့်လေ အတည့်လား ဇောက်ထိုးလား မကြည့်တတ်ဘူး..ဘယ်ကြည့်ုတတ်ပါ့မလဲ.. ပညာမတတ်ဘူးလေ . NLD ဆိုတာတောင် ဘာလဲ မသိတဲ့ NLD အဖွဲ့ဝင်တွေက ၇ှိသေးတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်