Subscribe to our RSS Feed

အပြန်အလှန် တရားစွဲ ရပ်စဲရေး အတွက် Myanmar Express မှ ဒေါ်အောင်ဆန်းစုကြည် တို့ မောင်နှမ သို့ အိပ်ဖွင့်ပေးစာ

ရွှေတောင်ကြားလမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်
အိတ်ဖွင့်ပေးစာ


၁။ ဦးအောင်ဆန်းဦး + ဒေါ်လဲ့လဲ့နွယ်သိန်း
၂။ (မိုက်ကယ် အဲရစ်) + ဒေါ်အောင်ဆန်းစုကြည်

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် သြဂုတ်လ (၁၂) ရက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ်ဖွဲ့စည်း ထားသော နိုင်ငံ ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား အားလုံးသည် နှစ်ပရိစ္ဆေဒ များစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင် ခဲ့ကြသော ညီအစ်ကို မောင်နှမများ ဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးစုများ အားလုံး ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးသည် အလွန် အရေးကြီးပါသည်။

ထို့အပြင် တိုင်းရင်းသား တစ်မျိုးနှင့် တစ်မျိုးကြား ချစ်ကြည်ရင်းနီး သွေးစည်းညီညွတ်ဖို့ထက် မောင်နှမချင်း ဆွေမျိုးရင်းခြာချင်း ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးမှာ အရေးအကြီးဆုံးပင်ဖြစ်သည်။ ယခုအခါ မိုက်ကယ် အဲရစ်၏ မိန်းမ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်လဲ့လဲ့နွယ်သိန်း ၏ အမျိုးသား ဦးအောင်ဆန်းဦး တို့အကြား ဒေါ်အောင်ဆန်းစုကြည်မှ ဘိုးဘွားအမွေ အပိုင်စီးသည့် ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်း ကြားသိ နေရပါသည်။ ယင်း ပဋိပက္ခ များကြောင့် ကျဆုံးသွားသည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်တို့လည်း တမလွန်ဘဝမှ စိတ်မချမ်းမြေ့ဖြစ်နေမည် မှာ သေချာသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းဆိုသည်မှာ မြန်မာတစ်နိုင်ငံလုံးရှိ လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်နေသာ မ တစ်ထောင် သားများကို ချစ်ကြည်ရင်းနီးပြီး သွေးစည်းစေတဲ့ ပင်လုံညီလာခံကို ဦးဆောင်ခဲ့သူဖြစ်ရာ ယင်း၏ မျိုးဆက် သား နှင့် သမီး က သွေးမစည်းပဲ ရန်ဖြစ် အမွေလုနေသည်မှာ စိတ်ပျက်ဖို့ ကောင်းပါသည်။ အထူးသဖြင့် စံနမူနှာပြ နေထိုင်ပြ သင့်သည့် မြန်မာ့အမျိုးသား ဖခင်ကြီး၏ သမီးက မြန်မာမဟုတ်တဲ့ နိုင်ငံခြားသားကို ယူ၊ မြန်မာမဟုတ်တဲ့ နိုင်ငံခြားမှာ အနှစ် ၃၀ ကျော်နေ၊ မြန်မာ စကားမပြောတတ်တဲ့ ကလေး နှစ်ယောက်မွေးပြီး မြန်မာအချင်းချင်းယူထားတဲ့ အစ်ကို ဖြစ်သူကို ရန်လိုနေခြင်းသည် လွန်စွာမှ မဖြစ်သင့်သည့်အပြင် နောင်လာမည့် မြန်မာမိန်းခလေးများက အတုယူပြီး လိုက်လုပ်ပါက အလွန် အန္တရာယ် ရှိနေပါသည်။

ယင်း အမွေလုပွဲ ပဋိပက္ခများနှင့် ပြဿနာများကို သူတပြန် ကိုယ်တပြန် အပြန်အလှန် ရုံးတင် အမှုဖွင့် မာနထား ဖြေရှင်းကြမည် ဆိုလျှင် နှစ်ဦးနှစ်ဘက် မောင်နှမချင်း ချစ်ကြည်ရင်းနှီးမှု ပျက်ပြားကာ အကျိုးဆုတ်ယုတ် မှုများသာ ဖြစ်ပေါ်ပါမည်။ အမျိုးသား ရင်ကြားစေ့ရေးမပြောနှင့် မောင်နှမ ရင်ကြားစေ့ရေးကိုပင် ဤနည်းဖြင့် တည်ဆောက်၍ မရနိုင်ပါ။ မိသားစု နည်းလမ်း ဖြစ်သော ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက် သွားကြရမည် ဖြစ်ပါသည်။ မောင်နှမချင်း ညှိနှိုင်း ဖြေရှင်း နိုင်ကြမှသာလျှင် ဗိုလ်ချုပ်၏ မျိုးဆက်တစ်ခုလုံး အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော မိသားစု သွေးစည်းညီညွတ်မှုကို ရရှိမည် ဖြစ်ပါသည်။ စစ်မှန်သော မိသားစုတွင်း ငြိမ်းချမ်းရေး ပြေလည်မှု မရရှိလျှင် အိမ်တွင်းမီး ဟူ၍ ကျယ်ပြန့် သွားနိုင်သည့် အန္တရာယ် ရှိတတ်ပါသည်။

မောင်နှမ သားအချင်းချင်း အကြား ဖြစ်ပေါ်နေသော ဒေါ်အောင်ဆန်းစုကြည်မှ ဘိုးဘွားအမွေ အပိုင်စီးခြင်း ပြဿနာများကို တစ်ဦးနှင့်တစ်ဦး၊ တစ်မိသားစုနှင့် တစ်မိသား စု အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်လေးစားမှု တို့ဖြင့် ဖြေရှင်းကြမည် ဆိုလျှင် ပြေလည်မှု ရရှိကြပြီး မိသားစုကြီး ငြိမ်းချမ်း တည်ငြိမ်မည် ဖြစ်ပါသည်။ မိသားစုကြီး ချစ်ခင် ငြိမ်းချမ်း တည်ငြိမ်မှသာ နေထိုင်ရာ ရက်ကွက်လေးအတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သို့ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော ဦးအောင်ဆန်းဦး မိသားစု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ပတွင် မှီတင်းနေထိုင်ကြသော အလက်စန္နား အဲရစ် နှင့် ကမ်အဲရစ် တို့ အားလုံး၏ အကျိုးစီးပွား များကို ရှေးရှု၍ ယခု ဖြစ်ပွားနေသော ဒေါ်အောင်ဆန်းစုကြည်မှ ဘိုးဘွားအမွေ အပိုင်စီးမှု ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်း ကြပါရန်နှင့် အမြန်ဆုံး အပြန်အလှန် တရားစွဲ ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။

အပြန်အလှန် တရားစွဲ ရပ်စဲရေးနှင့် နောင်နှမချင်း ချစ်ခင်ကြည်နူး ကာ မိသားစုတွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်တော်တို့ Myanmar Express Group အနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင် ကြိုးပမ်းပေးရန် အသင့်ရှိပါသည်။

Myanmar Express Group

9 comments:

ကောင်းတယ်ဟေ့
Myanmar Express နဲ့တွေ့မှ ဒေါ်အောင်ဆန်းစုကြည်ရော နောက်မှီးဆွဲ အတိုက်အခံ ဝေလေလေတွေရော အကုန် သေတာပဲ

အန်တီစုနဲ့ တခြားနိုင်ငံရေးသမားတွေကို စော်ကားရေးသားတယ်၊ ပုဂ္ဂိုလ်ရေးရာတွေကို ဖွင့်ချတယ် လို့ တိုင်ကြားချက်များကြောင့် Myanmar Express (ခေါ်) dollar sar ရဲ့ facebook နဲ့ gmail account နှစ်ခုကို Blind Hackers များမှ ရရှိထားပြီးဖြစ်ပါတယ်။ Myanmar Express (ခေါ်) dollar sar သည် နာမည် သုံးလုံးဖြစ်ပြီး ရုရှားပြန်စစ်ဗိုလ်ဟောင်းတစ်ဦး​ ဖြစ်ပါတယ်။ ယခု လက်ရှိ စင်္ကာပူနဲ့ မလေးရှားတို့မှာ နေထိုင်ပြီး သတင်းတွေယူနေတာ တွေ့ရပါတယ်။ သူ့ရဲ့ အမျိုးသမီးနဲ့ ဗိုက်ထဲက ကလေးကို ငဲ့ညှာပြီး အပေးအယူ တချို့ကို လျှော့လျှော့ပေါ့ပေါ့ကမ်းလှမ်းထားပါတယ်။ Blind Hacker များက နိုင်ငံရေးသမားမဟုတ်တာကြောင့် နိုင်ငံရေးသမားတွေအပေါ် Myanmar Express ဘယ်လို စော်ကားထားလဲအသေအချာမသိပဲ တိုင်ကြားလို့သာ ကူညီပေးထားရတာဖြစ်ပါတယ်။ တစ်ပတ်စောင့်ကြည့်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေကို နောက်ထပ် စော်ကားပြီး မရေးရင် Facebook နဲ့ Gmail တွေ ပြန်ပေးမယ်လို့ပြောထားပါတယ်။

http://www.facebook.com/groups/145574375526598/

> နတ်ဆိုး <


အပေါ်ကလူ ဘာတွေလာရောင်းနေတာလဲဗျို့ ..ဝယ်ဘူး...ရှုး ရှုး...

ဗိုလ်ချုပ်ရဲ့မျိုးဆက်သွေး အောင်ဆန်းဦး ရထားတဲ့ တရုတ်မကြီးကလဲ အဖိုးတန်လိုက်တာ နိုင်ငံခြားသား (American, German, Chinese) လေးယောက် နဲ. ညားပြီးသားကြီး- အောင်ဆန်းဦး အေ ကိုက်နေအုံးမယ်၊ တရားကျတယ်

အနာပေါ်ဒုတ်ကျ
တီကောင်ဆားတို့
နာသာခံခက်
အိုးမလုံ အုံပွင့်
ဘုရားမှတ်လို့ကိုးကွယ်ပါတယ် ဖွတ်ထွက်မှတောင်ပို့မှန်းသိ

ပုံ
နွားညွန့်ဦး
မျောက်မလင်အဖွဲ့ချုပ်
လှည်းကျိုးထမ်းကျေးရွာ
အများသုံးအိမ်သာနိုင်ငံ

http://www.facebook.com/groups/145574375526598/

အန်တီစုနဲ့ တခြားနိုင်ငံရေးသမားတွေကို စော်ကားရေးသားတယ်၊ ပုဂ္ဂိုလ်ရေးရာတွေကို ဖွင့်ချတယ် လို့ တိုင်ကြားချက်များကြောင့် Myanmar Express (ခေါ်) dollar sar ရဲ့ facebook နဲ့ gmail account နှစ်ခုကို Blind Hackers များမှ ရရှိထားပြီးဖြစ်ပါတယ်။ Myanmar Express (ခေါ်) dollar sar သည် နာမည် သုံးလုံးဖြစ်ပြီး ရုရှားပြန်စစ်ဗိုလ်ဟောင်းတစ်ဦး​ ဖြစ်ပါတယ်။ ယခု လက်ရှိ စင်္ကာပူနဲ့ မလေးရှားတို့မှာ နေထိုင်ပြီး သတင်းတွေယူနေတာ တွေ့ရပါတယ်။ သူ့ရဲ့ အမျိုးသမီးနဲ့ ဗိုက်ထဲက ကလေးကို ငဲ့ညှာပြီး အပေးအယူ တချို့ကို လျှော့လျှော့ပေါ့ပေါ့ကမ်းလှမ်းထားပါတယ်။ Blind Hacker များက နိုင်ငံရေးသမားမဟုတ်တာကြောင့် နိုင်ငံရေးသမားတွေအပေါ် Myanmar Express ဘယ်လို စော်ကားထားလဲအသေအချာမသိပဲ တိုင်ကြားလို့သာ ကူညီပေးထားရတာဖြစ်ပါတယ်။ တစ်ပတ်စောင့်ကြည့်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေကို နောက်ထပ် စော်ကားပြီး မရေးရင် Facebook နဲ့ Gmail တွေ ပြန်ပေးမယ်လို့ပြောထားပါတယ်။

အေး အေး blind hackers တွေ ၊ ငါ့အီးမေးလည်း ဟက်စမ်းပါဦး ။

realrealreal.reals@gmail.com

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူများကို ချစ်ခင်စည်းလုံး ညီညွတ်ဖို့ထက် ကိုယ့်မောင်နှမချင်း မတည့်တာကို တည့်အောင်အရင်လုပ်သင့်တယ်


မှန်တယ်
အတိုက်အခံတွေ အနာပေါ်ဒုတ်ကျ ဖြစ်ကုန်ကြပြီ

(ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူများကို ချစ်ခင်စည်းလုံး ညီညွတ်ဖို့ထက် ကိုယ့်မောင်နှမချင်း မတည့်တာကို တည့်အောင်အရင်လုပ်သင့်တယ်)

မှန်တာပေါ့.... အစ်ကိုကြီး(ယူအစ်နိုင်ငံသား) ဖြစ်သူကတော့ (အမေကြီးကားတိုက်) က အိမ်ကြီးကြီးမှာနေ - ပုဂံညောင်ဦးက သိန်းပေါင်းရှစ်ထောင်တန် အိမ်ကြီး စိတ်တိုင်းကျ ဆောက်ပြီးတော့ ကိုယ့်နှမအငယ်ဆုံး မုဆိုးမကိုတော့ ယခု နေတဲ့အိမ်ပေါ်က ဆင်းသွားရအောင် တရားစွဲလုပ်နေတာ -
အတော်မိုက်ရိုင်းတဲ့ အရက်သမားကြီး ပီသပါပေတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်