Subscribe to our RSS Feed

ထောက်ခံလိုက်၊ မထောက်ခံလိုက် အလုပ်ခံနေရသည့် အခြေခံဥပဒေနှင့် ကယ်တော်မူပါ ဘန်ကီမွန်း

ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပြီး အမေကျော် ဒွေးဒေါ်လွန်းကာ NLD ရပ်တည်ရေးအတွက် ဘန်ကီမွန်း ကို တင်ပြမယ် ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ဘိုးဘွားရိပ်သာမှ သက်ကျားအိုများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဏ္ဍိုင်ပြုသည့် နိုင်ငံရေး လမ်းကြောင်းပေါ်မှ ဆောင်ရွက်စေလိုကြောင်း တရားဝင် နိုင်ငံရေးပါတီ တစ်ခုဖြစ်သော တစည ပါတီ (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ) က သတိပေး လိုက်သည်။

ယခင်တုန်းကတော့ လွှတ်တော် လုပ်ငန်းစဉ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ထွန်းရေး ခြေလှမ်းဟု အစိုးရက ထုတ်ပြန်ပြီး အခြေခံဥပဒေကိုထောက်ခံရန်နှင့် ယင်းအခြေခံဥပဒေအရ NLD ပါတီကို မှတ်ပုံတင်ရန် သတိပေးချိန်တွင် NLD က လက်မခံပဲ ၂ဝဝ၈ အခြေခံ ဥပဒေမှာ တဖက်သတ် ရေးဆွဲထားခြင်း ဖြစ်သည်ဟု ထောက်ပြကာ အစိုးရ၏ လမ်းပြမြေပုံ ကို ဆန့်ကျင်ခဲ့သည်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရော NLD ပါတီဝင်များကပါ ရှေ့တစ်မျိုးနောက်တစ်မျိုး စကားတွေ ပြောလာကြတော့သည်။

အခြေခံဥပဒေ ကို ဆန့်ကျင်သူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ဆန့်ကျင်သူများဖြစ်တော့မည်

၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ရေး နှင့် မထောက်ခံရေးတွေ သဲကြီးမဲကြီးလုပ်ခဲ့သော NLD ကလည်း အခုမှ ကြောက်ကြောက်လန့်လန့်နှင့် “ ဖွဲ့စည်းပုံ အခြေခံကို မဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးလမ်းကြောင်း အပေါ်မှာ လိုက်ပါ ဆောင်ရွက်ဖို့ဆိုတဲ့ဟာက ကျနော်တို့ ပါတီရဲ့ သဘောထားပဲ။ အဲဒီအတိုင်း လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ပါဆိုတဲ့ဟာကို ပြောတာပါ” ဟု ဦးဟန်ရွှေက ပြောခဲ့သည်။

“ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်သော်လည်းပဲ သူ့အနေနဲ့ လက်မခံဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်တာပေါ့လေ။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဖြစ်လာတဲ့ ရွေးကောက်ပွဲလည်း မဝင်ဘူးဆိုတဲ့ဟာနဲ့ ဖြစ်လာတာပေါ့ လေ” ဟု ဦးဟန်ရွှေက ပြောသည်။

သို့သော် အခြေခံဥပဒေကို အရင်တုန်းက လက်မခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြေငြာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံမှ အခြေခံဥပဒေ များကို အများကြီး လိုက်နာနေကြောင်း ထည့်သွင်း သွားပြန်သည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အခုတမျိုး တော်ကြာတစ်မျိုး ဖြစ်နေပြီး NLD ပါတီဝင်များကလည်း ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်ကာ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေရကြောင်း သိသာပေသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အရင်တုန်းက လက်မခံပဲ အခုလက်ခံသွားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပါတီရှိ အရေးပါသော လူများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောင်းလဲသွားတဲ့ သဘောထားကို မသိပဲ တုန့်ပြန်တာတွေလည်း တွေ့နေရပြန်သည်။

NLD အနေဖြင့် လူမှုရေးလုပ်ငန်းများလူတွင်ကျယ်လုပ်နေ၏။ နိုင်ငံရေးကိစ္စများကို ဥပဒေ ရေးရာအကိုးအကားများ ဖြင့် တရားရုံးတွင်ဆင်ခြေပေးသလိုလုပ်ခြင်းက လွန်စွာမှားယွင်းနေပေ၏။ အင်အယ်ဒီကိုယ်တိုင် လက်ခံမထားသော ၂၀၀၈ အခြေခံဥပဒေကို အထောက်အထားပြု၍ ဆင်ခြေပေးခြင်းက အင်အယ်ဒီ၏ ရပ်တည်ခွင့်အတွက် ၂၀၀၈ အခြေခံဥပဒေ၏ အဆုံးအမကို ခံယူသည့်သဘောသက်ရောက်နေပေ၏။ ကြေငြာချက်ကို ဖတ်ရခြင်းအားဖြင့် အရေးအသားနှင့် ကိုးကားချက်အား လုံးမှာ နိုင်ငံရေးကိုနား မလည်သော ရှေ.နေများ၏ လက်ချက်မှန်းသိသာလှပါသည်။

နိုင်ငံရေးနှင့်ဆိုင်သောပြသနာတစ်ရပ်ကို နိုင်ငံရေးနည်းဖြင့်မဖြေရှင်းပဲ တရားရုံးတွင် တရားစွဲသောနည်း ဖြင့် ကြိုးပမ်းမှုသည် အင်အယ်ဒီ၏ ၂၁ ရာစု တော်လှန်ရေးအတွေးအခေါ်တစ်ရပ်လားမပြောတတ်ပါ။ ဒေါ်အောင် ဆန်းစုကြည်ဒီပဲရင်းကိစ္စဖြင့် အဖမ်းခံရမှုအပေါ် ပြန်လွတ်ပေးရေးအတွက် အယူခံဝင်သည့် လုပ်ရပ်အပါအ ၀င် အင်အယ်ဒီ ရပ်တည်ခွင့်အတွက် တရားရုံးတွင် အရေးဆိုခြင်းများအား လုံးတို.မှာ နိုင်ငံရေးပြသနာအား တရားရေးပြသနာအဖြစ် ပြောင်းလဲစေခြင်းသက်သက်ဖြင့် မအောင်မြင်မှုကိုသာဖြစ်စေခဲ့၏။

တရားစွဲသည်ဆိုကတည်းက တရားရုံးအားအသိအမှတ်ပြုခြင်းဖြစ်၍ တရားသူကြီး၏ ဆုံးဖြတ်ချက်ကို နာခံ လိုက်ရန်သာလျှင်အကြောင်းရှိတော့သည်ကို ရှေ.နေများနားလည်ဖို.ကောင်းပါသည်။ တရားသူကြီးဘာဆုံး ဖြတ်မည်ကိုသိသိနှင့် တရားစွဲလိုက်သည့်အတွက် တရားစီရင်ရေးအဖွဲ.၏ ဆုံးဖြတ်ချက် သည်အစိုးရတစ်ရပ် ၏ဆုံးဖြတ်မှုမဟုတ်တော့သလိုဖြစ်စေခဲ့၏။ တရားသူကြီး၏ ဆုံဖြတ်ချက်မှန်ခြင်းမမှန်ခြင်းနှင့် တရားသူကြီး များ၏ နောက်ကွယ်၌ အာဏာပိုင်အဖွဲ.မှချုပ်ကိုင်ခြင်းရှိမရှိဆိုခြင်းမှာ တရားစွဲပြီးမှ ရသော နောင်တသာ လျှင်ဖြစ်၏။




၂၀၀၈ အခြေခံဥပဒေကို ထောက်ခံထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အသနားခံစာ


အထက်ပါ စာတွင် ဖော်ပြခဲ့သည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ထဲရေးဝန်ကြီးထံသို့ ၎င်းတို့မှာ ၂၀၀၈ အခြေခံဥပဒေ အတိုင်း တရားဝင် ရပ်တည်နေကြောင်း ဆိုခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အသနား ခံစာကို ပြည်ထဲရေးဝန်ကြီး မှ ဘာမှ အလေးထား တုန့်ပြန်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် NLD က ပါတီ အတွင်းမှ အဘိုးကြီးများကတော့ ပါတီ အဖျက်မခံရရေးအတွက် ကုလ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြရန် စီစဉ်နေသည်။

တစ်ခါ NLD ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဉာဏ်ဝင်းကတော့ NLD ပါတီအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံပဲနှင့် တရားဝင် ရပ်တည်ဆဲ ဖြစ်ကြောင်း ဆိုပြန်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံသည် မခံသည်နှင့် ပတ်သက်ပြီး NLD အတွင်း အဘိုးကြီးများနှင့် လူငယ်များ သဘေားထားတင်းမာက ရွေးကောက်ပွဲမတိုင်မှီ NLD နှစ်ခြမ်းကွဲခဲ့ရောင်းကြောင်း တစည ပါတီက ပြောခဲ့သည်။ NLD အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ မဝင်ခဲ့သည့် အတွက် ပါတီတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့သည်၊ ထို့ပြင် ပြုပြင်ပြောင်းလဲရေး အတွက် လွှတ်တော်ပြင်ပမှ ပြောဆိုခြင်းထက် လွှတ်တော်တွင်းမှ ပြောဆိုပါက ပိုမိုထိရောက် နိုင်သည်ဟုလည်း သတိပေးခဲ့သည်။

တစညက ဥပဒေနှင့် လွတ်နေသော NLD ကို ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းချိန်မှာ ကြားဖြတ် ရွေးကောက်ပွဲ လုပ်ရန် စီစဉ်နေချိန်နှင့် ဒေါ်အောင်ဆန်းစုကြည် မှ ပြည်ထဲရေးဝန်ကြီးဌာနက သို့ အသနားခံစာ ပို့ပြီးချိန် ဖြစ်သဖြင့် NLD အနေဖြင့် နောက်မကျသေးဟု ဆိုနိုင်ပြန်သည်။

ထို့အပြင်
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားအဖွဲ့ချုပ် ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်သင့်ကြောင်းနှင့် လက်တွေ့ကျသည့် လမ်းကြောင်းကို ရွေးချယ်သင့်ကြောင်း သတိပေးခဲ့သည်။

“ ၉ဝ ရွေးကောက်ပွဲ ရလဒ်ဆိုပြီး အလုပ်မဖြစ်တဲ့ ဟာချည်းကို ဆုပ်ကိုင်ပြီးတော့ သွားနေတဲ့ နိုင်ငံရေးကနေပြီးတော့ အခု အလုပ်ဖြစ်တဲ့ လက်တွေ့ဘဝထဲကနေ သွားလို့ရတဲ့ နိုင်ငံရေးကို ပယ်ထားတဲ့ ကိစ္စကတော့ အားလုံးအတွက် နစ်နာတာပေါ့ဗျာ” ဟု ပါတီခေါင်းဆောင် ဦးအေးလွင်က ပြောသည်။

ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ၏ ယခုရပ်တည်ချက်များနှင့် လုပ်ဆောင်ချက်များကို တခြား နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးကျွမ်းကျင်သူများက မှားယွင်းနေကြောင်း သိကာ သတိပေးနေသော်လည်း NLD မှ သက်ကြားအိုများနှင့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စကောလောက်မှ စောက်မနက်သည့် ဦးနောက်ဖြင့် လွယ်တာကို ခက်အောင်လုပ်ကာ ပြည်တွင်းရှိ မြန်မာများ၏ ဝေဖန်အကြံပေးသမျှကို နားပိတ်ပြီး ဘန်ကီးမွန်း နဲ့ အနောက်နိုင်ငံတွေ ဆီမှာပဲ ငိုခြင်းချ အသနားခံချင်နေကြောင်း သိသာနေပေသည်။

အဘတို့က အရင်ကတည်းက ကောင်းကောင်မရပ်နိုင်တော့ ရပ်တည်ဖို့ ဘန်ကီမွန်း ကို အသနားခံရတာပေါ့



Myanmar Express

3 comments:

အမတန် အဆင့်တန်းမြင့်တဲ့ ဘလောဂါကြီးခင်ဗျား
ကျနော်ဘလော့ဂ်က all ကားလေးတွေလဲ လာ Share ပေးပါဦး.. ခေါင်းစဉ်ကိုတော့ ဒီမိုကရေစီကို ခပ်နာနာလေး နှိပ်ကွက်ပြီး (မဆိုင် ဆိုင်ဆိုင်) ခါတိုင်းလိုပဲပေးပေါ့။ ဘယ်သူ ဘာပြောပြောဂရုစိုက်စရာမလိုပါဘူး။ မကြိုက်တဲ့ ကော်မန့် တွေ ဖျက်ပစ်ယုံပဲ။

လေးစားစွာဖြင့်
မီဒီယာကို မီဒီယာဖြင့်တိုက်ပွဲဝင်နေတဲ့
ရဲဘော် Dr Chatgyi
www.drchatgyi.blogspot.com

လေးစားတယ်ချက်ကြီးရာ

ဘယ်မှာမှမရေးပဲ ခုမှ ရေးတာတွေ့ဖူးလို့ မောင်လေး ချက်ကြီး အစစ်လား တော့မသိဘူး။ myanmar express ကို မကျေနပ်လို့ ဒီမိုကရေစီဘက်တော်သားတွေက သူများနာမည်နဲ့လာအော်တာလည်း ဖြစ်နိုင်တယ်။ ဒီမိုကရေစီဘက်တော်သားတွေက အဲဒီအကျင့်ဆိုးလေးတော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မောင်လေးချက်ကြီး ကို ခုလိုတွေ့ရတာ ဝမ်းသာပါတယ်။ အစ်မ တို့ဒီမိုကရေစီဘက်တော်သားတွေက မောင်လေးချက်ကြီးရဲ့ ဘလော့ကို အမြဲအားပေးနေကြပါ။ ရုရှားက စစ်ဗိုလ်တွေထက် အများကြီး ပိုပြီးအားပေးပါတယ်။ မောင်လေးချက်ကြီးဘလော့ရဲ့ counter မှာ ကြည့်ပါ.. တခြားနိုင်ငံတွေရဲ့ အွန်လိုင်းရှိနေတဲ့လူဦးရေက ရုရှား က လူဦးရေထက် အမြဲ သာနေပါတယ်။ အဲဒါ နိုင်ငံတကာရောက်နေတဲ့ ဒီမိုကရေစီ ဘက်တော်သား ယောက်ျားလေး၊ မိန်းမလေး အားလုံးက အားပေးလို့ပေါ့။ ဆက်ပြီးအားပေးနေပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်