Subscribe to our RSS Feed

နိုင်ငံတော် သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အရေးပေါ် ဆွေးနွေးခဲ့ရတဲ့ အကြောင်းအရင်း

ဒီနေ့၊ ၁၉ ရက်နေ့ နေပြည်တော်မှာ စတင်ပြုလုပ်မယ့် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကို တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက တရားဝင် ဖိတ်ကြားခဲ့ပြီးဖြစ်ပါတယ်။ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့တုန်းကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ဖိတ်စာ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ပါ့မလား၊ မဖိတ်ဘဲနေမလားဆိုတဲ့ ဝေဖန်မှု လေကန်တာတွေ အများအပြား ရှိခဲ့ပေမယ့် အစိုးရဖက်က ဒေါ်အောင်ဆန်းစုကြည်ကို လူရာသွင်းခဲ့ပါတယ်။ မမျှော်လင့်ဘဲ ဖိတ်စာရောက်လာချိန်မှာတော့ ဒေါ်ဆန်းစုကြည်ကို အကြပ်ရိုက်စေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက နေ့စဉ်နဲ့အမျှ ကျဉ်လည် ကျက်စားနေတဲ့ ပတ်ဝင်းကျင် တွင်းမှာပဲ ရှင်သန်နိုင်သူတစ်ဦးပါ။ ဘာမှန်းညာမှန်းမသိ ထောက်ခံသူတွေကို၊ ကိုယ်ပြောသမျှ လက်ခုတ်တီးသူ လူဗြိန်းတွေနဲ့ပဲ နေခဲ့ရသူဖြစ်ပါတယ်။ အခုတော့ အစည်းအဝေးကလည်း နိုင်ငံတကာအဆင့်အစည်းအဝေးဖြစ်တဲ့ အပြင် တက်ရောက်သူတွေက ဒေါ်အောင်ဆန်းစုကြည် နေ့စဉ်ဆက်ဆံနေနေတဲ့ လူဗြိန်းတွေလို တစ်ယောက်မှ မပါဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သတိထားမိသွားပါတယ်။ ဒါကြောင့် အစည်းအဝေးကို သွားဖို့မသွားဖို့ စဉ်းစားချိန်မှာ ဦးနောက်ခြောက်ခဲ့ပြီး အစည်းအဝေးခန်းတွင်း ပရိတ်သက်နဲ့ လူအများရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောနေကျစကားအတိုင်း ပွင့်လင်းမြင်သာပြီး သမ္မတအပါအဝင် အစိုးရအဖွဲ့နဲ့ တွေ့ဖို့ ဒူးတုန်လာပါတယ်။ ဒါကြောင့် ကူလီကူမာနည်းနဲ့ ဘယ်လို ခိုးချောင်ခိုးဝှက်နည်းကိုသုံးကာ အစည်းအဝေးကို နောက်ဖေးပေါက်က တက်ရမလား၊ သမ္မတအိမ်ကို နောက်ဖေးပေါက်က ခိုးဝင်ရမလား စဉ်းစားရပါတယ်။ NLD ဘက်က ပြောခွင့်ရ ဦးအုန်းကြိုင် ကို မနေ့က မေးမြန်းချိန်မှာတာ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ဖိတ်စာ လက်ခံရရှိတာကို အတည်ပြုပေမဲ့ တက်မတက် ဆုံးဖြတ်ချက်ကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။

“နေပြည်တော်မှာ ကျင်းပဖို့ရှိတဲ့ နိုင်ငံတော် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားရေးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၊ အဲဒီဆွေးနွေးပွဲကို ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ ဦးစီး ကော်မတီက မနေ့က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်စာ လာပေးပါတယ်။ ဖိတ်စာ လက်ခံရရှိပါတယ်။ ဆွေးနွေးပွဲ တက်မယ်၊ မတက်ဘူး၊ ကျနော်တို့ကို ဘာမှ မပြောသေးပါဘူး။ ကျနော်တို့ ဘာမှ မပြောနိုင်သေးပါဘူး။”

ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ဘယ်သူနဲ့မှ မတိုင်ပင်ပဲ ကြိတ်ကြံနေတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ သတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လေ့လာသူအနေနဲ့ တက်ရောက်ဖွယ် ရှိတယ်လို့ ထင်ကြေးပေးနေတာကြောင့် သွားမတတ်ရင်တော့ ပိုးစိုးပက်စက် ဝေဖန်ခံရမှာ ကျိန်းသေပါပဲ။ အစိုးရအဖွဲ့ကို ဒေါ်စုနဲ့တွေ့ဆုံဖို့ ဆန္ဒပြသူတွေအနေနဲ့ ဒေါ်စုကို အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ ပြန်ပြီး ဆန္ဒပြရမလိုဖြစ်တော့မှာပါ။

အလုပ်ရုံ ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်မယ့်အပြင် အစိုးရ အာဏာပိုင်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ၀န်ကြီးတွေ၊ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေနဲ့ နိုင်ငံခြား သံတမန် တချို့ကိုလည်း ဖိတ်ကြားထားတာဖြစ်ပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ၃ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် စီးပွားဖွံ့ဖြိုးရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ဒါ ပထမဆုံး အကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး အမျိုးသား စီမံကိန်း ၀န်ကြီးဌာနက အဓိက ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။

ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ ၃၇ ပါတီကိုလည်း ဖိတ်ကြားထားပြီး တပါတီလျှင် ၃ ဦးစီ တက်ရောက်ခွင့် ပြုထားသလို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဝန်ကြီး နှစ်ဦးစီနှင့် စီးပွားရေး လုပ်ငန်းရှင် ၃ ဦးစီ အထိ တက်ရောက်ရန်လည်း ညွှန်ကြားထားပါတယ်။သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒ ဖော်ဆောင်ဖို့ လက်တွေ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်မယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ယူဆထားပါကြတယ်။

နေပြည်တော်တွင်ပြုလုပ်သော အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် လာရောက်ခေါ်ဆောင်သော ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့်အတူ နံနက်ကိုးနာရီခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးခွန်သာမြင့်လိုက်ပါသွားပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ကြိတ်ကြံနေလဲဆိုတာ ဦးခွန်သာမြင့် မသိခဲ့ရပါဘူး။

အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် ရဲမှူးကြီးကိုယ်တိုင် သွားရောက်ခေါ်ယူစေကာ အဆင့်တန်းရှိရှိ အစည်းအဝေး တက်စေခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အစည်းအဝေးကို မတက်ပဲ စည်းမဲ့ကမ်းမဲ့ သမ္မတအိမ်မှာ နှစ်ယောက်တည်းတွေ့ဖို့ အတင်းဇွတ် တောင်းဆိုခဲ့ပါတယ်။

အစည်းအဝေးသွားရန် ပြင်ဆင်နေသော နိုင်ငံတော် သမ္မတကြီးကတော့ တွေ့ခွင့်တောင်း တာ မတွေ့ပြန်ရင် နိုင်ငံတကာကို ငိုပြနေအုန်းမှာ စိုးရီမ်လို့ထင်ပါတယ် တွေ့ခွင့်ပေးလိုက်ပါတယ်။ အခုပဲ အစည်းအဝေးခန်းမှာ လူသိရှင်ကြား ပွင့်လင်းမြင်သာ တွေ့ဆုံဆွေးနွေးရမယ့် ကိစ္စကို ချက်ချင်း နှစ်ကိုယ်ကြားပဲ တွေ့ချင်နေတာနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေက မနှစ်မြို့ခဲ့ကြပါဘူး။ အထူးသဖြင့် သတင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ဖို့၊ အရာရာပွင့်ပွင့်လင်းလင်း ရှိဖို့ အမြဲ လျှောက်နေနေတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေ မေးရင် ဘာမှသေချာမပြော၊ နိုင်ငံခြားက လူတွေလာမေးမှ အကုန်ပြောတတ်တာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်မိကြောင်း ပြောပါတယ်။

"အဲ့လိုကြီးတော့ ရုတ်ပျက်တာပေါ့ဗျာ.. အားလုံးက အတူတွေ့ဖို့စောင့်နေတယ်.. တစ်ယောက်ပြောတာ အားလုံးကြားရတယ်.. ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရှိတာပေါ့... ခုတော့ ဒေါ်အောင်ဆန်းစုကြည်က မရိုးသားဘူးဆိုတာ သိသာနေတယ်... သူ့ကို အစည်းအဝေးတက်ဖို့ ပြောဖို့ အများကြီး အစိုးရက လုပ်ပေးထားတာပဲ.. သူပြောချင်တာ ပြောနိုင်တယ်.. ဒါပေမယ်.. ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ဘယ်တော့ မပြောဘူး... လူရှေ့သူရှေ့ သူပြောနေတာတွေ ဆိုတာတွေက စကားလုံးအဆီအနှစ် တန်ဖိုးရှိတာ တစ်ခုမှ မပါဘူး... အပေါစားစည်းရုံးမှုနဲ့ ပရိတ်သက် ကြားချင်တဲ့စကားတွေ၊ ပရိတ်သက်ထောက်ခံမယ့်စကားတွေ ပြောနေတာပဲရှိတာ.. အဲဒီပရိတ်သက်အတွက် အကျိုးရှိတာ ဘာမှ မရှိဘူး..." လို့ သတင်းထောက် တစ်ဦးက ဝေဖန်သွားပါတယ်။

ဒါ့အပြင် "ကျွန်တော်တို့တွေ မေးရင်လည်း ဝေ့လည်ကြောင်ပတ်နဲ့ လိုရင်းမရောက်ဘူး လျှောက်ပြောနေတာ... အသက်တမျှ အရေးကြီးနေတာကြီးမို့ မပြောနိုင်သလိုလိုနဲ့.. နိုင်ငံခြားက တစ်ယောက်ယောက် သူ့အိမ်မှာ သွားမေးလိုက်ရင်တော့ ဘယ်လောက်အရေးကြီးကြီး အကုန်ပြောတယ်.... ဘယ်လိုနားလည်ရမှန်းကိုမသိဘူး..." လို့ အဲဒီ သတင်းထောက်ကပဲ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရက်တွေက အဆင့်အတန်းမရှိပဲတာတွေ၊ အစည်းအဝေးတက်ဖို့စောင့်နေတဲ့ အဖွဲ့အစည်းတွေးပေါင်းဆုံက အရေးပါတဲ့ ပုဂ္ဂိုလ်ပေါင်းဆုံအပေါ်မှာ အားနာမှု ကိုယ်ချင်းစာမှု မရှိတာတွေနဲ့ ပတ်သက်ပြီးတော့လည်း မကျေနပ်ကြကြောင်း ကို အလုပ်ရုံအစည်းအဝေးတွင်း သတင်းယူနေသူ သတင်းထောက်တစ်ဦးက ပြောပါတယ်။

"ဒီဖက်မှာ စောင့်နေကြတာ အကြာကြီးပဲ တစ်နာရီလောက်ရှိတယ်ဗျ... လုံးဝ အားနာမှုမရှိဘူး... ကျွန်တော်တို့ သတင်းသမားတွေကို နဲနဲလေးမှ လေးစားမှုမရှိဘူး... သတင်းသမားတွေကို ထားပါအုံး တခြားအဖွဲ့အစည်းပေါင်းဆုံက ပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းရှင်ကြီးတွေကိုတော့ လေးစားသင့်၊ အားနာသင့် တာပေါ့ဗျာ.... သူ့ကို တက်ခွင့်မပေးထားတာလဲ မဟုတ်ဘူး...။ ေ
ဒ်ါအောင်ဆန်းစုကြည်ကို စည်းကမ်းရှိစေချင်ပါတယ်၊ အဆင့်တန်းရှိစေချင်ပါတယ်...။ လူသားချင်းစာနာတတ်တဲ့စိတ်နဲ့ ကိုယ်ချင်းစာတတ်တဲ့စိတ်ရှိစေချင်ပါတယ်... မြန်မာချင်းအတူတူ လူသားချင်းအတူတူကို အခွင့်ထူးခံရမှ ကျေနပ်တဲ့ သူ့ရဲ့ မကောင်းတဲ့ အတွင်းစိတ်ကြီးကို ကျွန်တော်တို့ ရှုံ့ချပါတယ်...။ " လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ရက်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ သတင်းသမားတစ်ဦးက ဆိုပါတယ်။ သူ့လိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နားမလည်နိုင်တဲ့ အဆင့်တန်းမဲ့တဲ့လုပ်ရက်နဲ့ပတ်သက်ပြီး မကျေနပ်သူ အများအပြားရှိတယ်လို့လဲ သိရပါတယ်။

ဥပတိရုပ်နှင့် စိတ်ဓာတ်နှင့်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်

ဒါအပြင် မနက်ဖြန် အစည်းအဝေးနဲ့ နောက်ရက်အစည်းအဝေးများအပါအဝင် နောက်ထပ် အခြားအရေးပါတဲ့အစည်းအဝေးများကိုလည်း ဒေါ်အောင်ဆန်းစုကြည် စည်းပျက်ကမ်းပျက်၊ အားမနားပါးမနာ ဝင်ရောက်နှောက်ယှက်မှာကို စိုးရိမ်နေကြပြီး နောက်နောင် အစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်လျှင် တက်ဖို့ရန် ဝန်လေးနေကြကြောင်း လုပ်ငန်းရှင်များနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

27 comments:

ဟုတ်ရဲ့လားကွယ် ဒါမျိုးဆိုရင်တော့မကောင်းဘူးပေါ့ စိတ်ပျက်မိတယ်ဗျာ...

အဆင့်တန်းကိုမရှိဘူး
ဗိုလ်ချုပ်သမီးတဲ့
နိုင်ငံခြားမှာ အနှစ် ၃၀ နေပြီး ယဉ်ကျေးမှုပျက်ဆီးနေပြီ

ဒီတစ်ခုတော့ ဒေါ်အောင်ဆန်းစုကြည် တကယ်မှားပါတယ်ရှင်

အဲဒီအဖွားကြီးကိုတော့ သည်းခံနားလည်ပေးလိုက်ကြပါဗျာ
သူပါရင် ဘာသာရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ် ပျက်မယ်ဆိုတာ အစကတည်းက သာဓကတွေ ရှိနေပြီးသားပဲ

(သူပါရင် ဘာသာရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ် ပျက်မယ်ဆိုတာ အစကတည်းက သာဓကတွေ ရှိနေပြီးသားပဲ)...

ဟုတ်ရဲ.လား သောက်ပြောကတော့ (ငါလည်းမလျှော့) ဒါဖြင့်လဲ အနှစ်၂၀ကျော် ထောင်ချထားပြီး ဒေါ်စုကို အခုမှ သမတ ကိုယ်တိုင် ဘာကြောင့် ဖိတ်ကြား ဆွေးနွေးနေတာလဲ။
ဗိုလ်ချုပ်တွေ တိုင်းပြည်ကောင်းအောင် မလုပ်တတ် ခိုးပဲခိုးတတ် လို. တိုင်းပြည်ဘဏ္ဍာ ခါလီဖြစ်နေတာလေ...

ခုတော့ မရှူနိုင်မကယ်နိုင် ဖြစ်နေလို. ဖိတ်ရတယ် ဆိုတာ သေချာပါတယ်
ယနေ. သမတကြီး(တိမ်းတိန်) ပြောတာဖတ်တတ်ရင် ဖတ်ကြည့် လိုက်..
Thein Sein Says Burma Facing Hardship
http://www.irrawaddy.org/article.php?art_id=21922&Submit=Submit


It was the first time the president publicly acknowledged that the country faces economic hardship.
Average income per person is one of the lowest in the world after years of state control of economy and international sanctions.

>>အိုပါး (ခေတ္တကိုရီးယား)

(သူပါရင် ဘာသာရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ် ပျက်မယ်ဆိုတာ အစကတည်းက သာဓကတွေ ရှိနေပြီးသားပဲ)...

ဟုတ်ရဲ.လား သောက်ပြောကတော့ (ငါလည်းမလျှော့) ဒါဖြင့်လဲ အနှစ်၂၀ကျော် ထောင်ချထားပြီး ဒေါ်စုကို အခုမှ သမတ ကိုယ်တိုင် ဘာကြောင့် ဖိတ်ကြား ဆွေးနွေးနေတာလဲ။
ဗိုလ်ချုပ်တွေ တိုင်းပြည်ကောင်းအောင် မလုပ်တတ် ခိုးပဲခိုးတတ် လို. တိုင်းပြည်ဘဏ္ဍာ ခါလီဖြစ်နေတာလေ...

ခုတော့ မရှူနိုင်မကယ်နိုင် ဖြစ်နေလို. ဖိတ်ရတယ် ဆိုတာ သေချာပါတယ်
ယနေ. သမတကြီး(တိမ်းတိန်) ပြောတာဖတ်တတ်ရင် ဖတ်ကြည့် လိုက်..
Thein Sein Says Burma Facing Hardship
http://www.irrawaddy.org/article.php?art_id=21922&Submit=Submit


It was the first time the president publicly acknowledged that the country faces economic hardship.
Average income per person is one of the lowest in the world after years of state control of economy and international sanctions.

စောက်ကျိုးနဲဖြစ်မှဖြစ်ရလေ အခုမှဖိတ်လို့ဆိုပြီး စိတ်ဆိုးပြနေနဲ့ စုကြည်အောက်မွေးဆွဲတွေကလည်းတမှောင့်

အန်တီစုက ရှေ့ကတရားဝင် ပွင့်လင်းမြင်သာတဲ့ဆွေးနွေးပွဲကို မတက်ပဲ နောက်ပေါက်ကနေ သမ္မတအိမ်ထဲ ဝင်ပြေးတယ် ဆိုတာ သူ့အကြောင်းမသိကြာလို့ အထူးဆန်းဖြစ်နေတာပါဗျာ
နိုင်ငံခြားမှာ အနှစ် ၃၀ ကျော်နေလာတာပါဆိုမှ
နောက်ပေါက် မှ နောက်ပေါက် ဖြစ်နေတာ အဆန်းလားဗျ

ကုလားဘုန်းကြီးကစင်ပေါ်ကဟစ်ဟော့သီချင်းဖွင့်ပေးပြီး၊ အဆိပ်ထုတ်ကျရအောင်ဆိုပြီးကခိုင်း၊ အောက်ကအဘိုးကြီး၊အဖွားကြီးဆွေရော၊ မကြီးအကြီးတွေရော၊ အောက်ကကကြ၊ ဦးနှောက်မရှိတဲ့ဓမ္မရန္တရယ်ကဦးဆောင်၊ နောက်က ဦးနှောက်မရှိတဲ့ဝေလေလေတွေကဘာပြောပြောလိုက်လုပ်ကြည့် ပြီး ဒါတကယ့်ဖြစ်ရပ်ဘဲဆိုပြီး ဘုရားရှင်လက်ထက် ထဲကဘုရားလိုလူ့ ကောင်းကျိုးသက်သက်လုပ်ခဲ့တဲ့သူမျိုးကိုတောင် တကောက်ကောက်စွတ်စွဲ၊ နှောက်ယှက်ခဲ့တဲ့ ဒေ၀ဒတ်လိုမျိုးကရှိနေတော့... အင်း မြန်မာအိတ်စပရက်နဲ့ နောက်လိုက်တွေ ဒေါ်စုကိုမနာလိုဝန်တိုကြီးပြီးအကောင်းမမြင်နိုင်တာမဆန်းပါဘူး..နားလည်ပေးနိုင်ပါတယ်..

တိုင်းရင်းသားညီအကိုများ
သိပ်ပြီးတော့ဈေးတွေဆစ်မနေကြပါနဲ့၊
အစိုးရကငြိမ်းချမ်းရေးမခေါ်ခင်ကတစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ခေါ်ပါ၊
ခေါ်ပြန်တော့လည်းတစ်မျုးပြောကြပြန်တယ်၊
တိုင်းရင်းသားတွေကိုရိုးသားတယ်လို့ထင်ထားတယ်၊
အခုတစ်မျိုးအခုတစ်မျိုးမလုပ်ပါနဲ့၊
ငြိမ်းချမ်းရေးလိုချင်ပါတယ်လို့ပါးစပ်ကပြောမနေနဲ့လက်တွေ့ပြကြပါ၊
ဒီမိုကရေစီရရင်ငတ်ကုန်မှာစိုးလို့၊ကန့်လန်တိုက်နေတဲ့သူတွေလိုမလုပ်ကြပါနဲ့၊
ရုတ်ဆိုးပါတယ်၊ငြိမ်းချမ်းရေးလိုချင်လည်ဝင်လာပါ၊မလာချင်လည်းရှင်းရှင်ပြောပြီး
အပြတ်တိုက်ကြမယ်၊မလိမ့်တစ်ပတ်တော့မလုပ်ကြပါနဲ့၊

ဒေါ်လာစားရေ၊
မင်းတို့နှယ် အောက်တန်းကျလိုက်လေကွာ။ အောက်မှာ မင်းတို့ တင်ထားတဲ့ ဓာတ်ပုံနံပါတ် (၄) ဟာ လံကြုတ်ကြီးပါလား။ ဖိုတိုရှော့ပ်လို ဆော့်ဖ်ဝဲသုံးပြီး အစွမ်းပြထားတာ မဟုတ်လား။ အဲဒီထဲက ဘုန်းကြီးက မြန်မာဘုန်းကြီးဝတ်ရုံမဟုတ်ဘူး၊ ဒလိုင်လားမားနဲ့ အတော်ဆင်တယ်။ ကျောင်းအခင်းအကျင်းကိုကြည့်၊ ဒါလဲ မြန်မာဘုန်းကြီးကျောင်းမဟုတ်ဘူး။ မင်းကွာ၊ အောက်တန်းကျလိုက်တာ။
ဒေါ်စု နိုင်ငံခြားသားနဲ့ အကြောင်းပါသွားတာ ငါလဲ ရင်နာခဲ့သူတွေထဲက တစ်ဦးပါ။ ဒါပေမဲ့ အားလုံးဟာ ဖြစ်သွားခဲ့ပြီးပြီ။ တရားမျှတတဲ့ ဝေဖန်ရေးကို ကြိုဆိုပေမဲ့ မင်းဝေဖန်ပုံမျိုးကတော့ကွာ အဆင့်မရှိဘူးကွာ။သတင်းလွတ်လပ်ခွင့် မရတဲ့နိုင်ငံမှာ ရေးချင်သလို ရေးနိုင်လို့ ရေးနေတာကလွဲရင် မင်းဟာ တကယ့် စာနယ်ဇင်းသမားလဲ မဟုတ်ဘူး ဒါပါပဲကွာ။

ဟော်ဗျာ
ဒုက္ခပဲ
ဒလိုင်လားမားနဲ့ ဒေါ်စုတို့ ဖယောင်းရုပ်ထုလုပ်နေပါတယ်ဆိုမှ
ဒလိုင်လားမားနဲ့ တူတယ် ဖိုတိုရှော့ဆိုပဲ
သူများကိုပြောချင်တာက များနေတယ် ကိုယ်လာကိုယ်လေ့လာမှုကမရှိဘူး
အသက်က သေခါနီးနေပြီ

သွေးပျက်သွားပြီလား။ ဖြေလေကွာ ကျွန်လား ကြေးစားလားလို့ ။
ဒါမဟုတ် နွားလား

မောင်ညွန့် ငပေါကြီးရေ ရီရတယ်ဟေ့ ဗြဲ

ခုလို ကွန်းမင့်ဘောက်မှာ မရေးစဖူး အရေးထူးတာ တွေ့ရလို့ ဝမ်းသာပါတယ် မောင်လေးချက်ကြီး.. အစ်မတို့ ဒီမိုကရေစီဘက်တော်သားတွေက မောင်လေး ဘလော့ကို အမြဲ အားပေးလျှက်ပါ။ မောင်လေးချက်ကြီးဘလော့မှာ ကြိုက်တဲ့အချိန်ကြည့် အွန်လိုင်းပြနေတဲ့ လူအရေအတွက်က ရုရှားက လူအရေအတွက်ထက် တခြားနိုင်ငံတွေက အမြဲသာပါတယ်။ ပြီးတော့ မောင်လေးချက်ကြီး ပြောတာကို အစ်မလက်ခံပါတယ် ကိုယ့်အဖေထက်ကြီးတဲ့လူကို ရိုင်းရိုင်းစိုင်းစိုင်း လုံးဝမပြောသင့်ဘူး။ ဦးသန်းရွှေ အသက် ၇၀ ကျော် အပေါ် မိုက်ရိုင်းထားတဲ့ ဒီမိုကရေစီဘက်တော်သားတွေကိုလည်း ဆုံးမပေးပါအုံး။ အားလုံးက မောင်လေးချက်ကြီးရဲ့ ပရိတ်သက်တွေချည်းဆိုတော့ မောင်လေးပြောတာ လက်ခံကြမှာပါ။

အော် မောင်ညွန့်မောင်ညွန့်

ဒီလောက် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတောင် မမြင်ဖူးပဲ
သူ့ကိုယ်သူ အချက်အလက်နဲ့ ဝေဖန်သူတဲ့

ဒလိုင်လားမား ဖယောင်းရုပ်ပါဆိုမှ
ဒလိုင်လားမားနဲ့အတော်ဆင်တယ်။ ကျောင်းအခင်းအကျင်းကိုကြည့်၊ဒါလဲ မြန်မာဘုန်းကြီးကျောင်းမဟုတ်ဘူး။ တဲ့...

ဓာတ်ပုံတောင် အစစ်မှန်းအတုမှန်း မသိသေးပဲ
ဆော့်ဖ်ဝဲသုံးပြီး အစွမ်းပြထားတာ မဟုတ်လား တဲ့

အတော်သနားစရာကောင်းတဲ့လူပါလား
ဒီအသိပညာ ဒီအတွေအခေါ်နဲ့များ အန်တီစုကို ကန့်ကွက်တယ် တဲ့

လမင်းကို ခွေးအောင်သလိုဖြစ်နေပါပြီ

အစိုးရ နဲ့ အတိုက်အခံ တယောကနဲ့ တယောက်မယုံကြည်ကြ လို့ နားလည်မှုတွေ တည်ဆောက်နေတဲ့ အချိန်မှာ ဒီလိုဘဲ တယောက်နဲ့ တယောက် တိုက်ခိုက်နေကြတော့မှာလားဗျာ...
ညီညီညွတ်ညွတ်နဲ့ ယုံကြည်မှုတွေ တည်ဆောက်ကြပြီး နိုင်ငံတိုးတက်အောင် ဝိုင်းကြိုးစားကြရင် မကောင်းဘူးလားဗျာ....
Myanmar Empress က လူတွေလည်း မြန်မာပြည်ကို တိုးတတ်စေချင်ကြမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်...
ဒီလို post မျိုးကိုဖြစ်နိုင်ရင် မတင်တာ ပိုကောင်းပါတယ်...
နိုင်ငံက ခေါင်းဆောင်တွေ သူတို့ ဟာသူတို့ လုပ်နေတဲ့ ကိတ်စ ကို ကျွန်တော်တို့ အပြင်လူတွေက သေသေချာချာမသိဘဲ အစောကြီး မဝေဖန်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်...

ဟုတ်ပါပေါ့
အစိုးရကို အပုတ်ချဝေဖန်နေတဲ့ အတိုက်အခံတိုဲ့ စာမျက်နှာပေါင်းများစွာ ကို အရင်ဖျက်သင့်တာပေါ့

ဒေါက်တာလှိုင်မြင့်(မုံရွာ)က ကျုပ် ။ ကျုပ်က ဒီဝက်ဆိုဒ်ကိုဝင်မဖတ်ဘူး ။ တခြားနံမည်တူရှိတဲ့ လှိုင်မြင့်တွေဆိုရင်လဲ (ရန်ကုန်)လို့ တုခုခု ခွဲခြားရေးပါ ။ လှိုင်မြင့်(မုံရွာ)ကတော့ တယောက်ဘဲရှိတယ်။

တဆက်ထဲ ဒီဝက်ဆိုဒ်ရဲ့  ဦးသန့် စကားလေးကို ဦးသန့် သားသမီးတွေ မြေးတွေ ကို အရင်လိုက်နာခိုင်းစေချင်ပါတယ် ။

လှိုင်မြင့် (မုံရွာ)

မုံရွာလှိုင်မြင့်ရေ
ဒီစကားက ဦးသန့် ပြောခဲ့တဲ့စကားတွေထဲက အမှန်ဆုံးနဲ့ အမှတ်သားသင့်ဆုံးစကားပါ
ဦးသန့်ရဲ့အရည်အချင်းနဲ့ ဦးသန့် အတွေးအခေါ်ကိုလေးစားတာနဲ့ သူ့စကားကို လက်ခံတာက သူ့သမီးတွေရဲ့နေပုံ နဲ့မဆိုင်ဘူး
သူ့သားသမီးမကောင်းတိုင်းသာ သူ့စကားတွေ အလကားဖြစ်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း စကားတွေပါအလကားဖြစ်ကုန်မယ်
သဘောပေါက်လား
မတုံးစမ်းပါနဲ့ကွာ

To... Myanmar Express: : ဒေါ်စုနဲ. အတိုက်အခံတွေက စစ်အစိုးရနဲ. စစ်တပ်တင်ထားသော အစိုးရကို နိုင်ငံ့အရေး မျက်နှာချင်းဆိုင် တွေ.ဆုံဆွေးနွေး ညှိနှိုင်းဖို. . .တောင်းဆိုလာတာ အနှစ် ၂၀ ကျော်ခဲ့ပါပြီ ယနေ. ထိုတောင်းဆိုချက် စတင်အကောင်အထည် ပေါ်ပီဖြစ်လို. အလေးအနက် ၀မ်းသာကြိုဆိုပါတယ်။ ဒါဟာ တိုင်းပြည်လူမျိုး ကောင်းဖို.လမ်းစမို. ကိုယ့်ဖက်က လိုက်လျောရတာကို ဖုံးကွယ်လိုလို. အရှက်ပြေ မှေးမှိန်သေးသိမ်အောင်လုပ် ကာကွယ် အပုတ်ချနေသော... "ငမိုက်သား ဒေါ်လာစါးဆိုသူ" နဲ. အပေါင်းပါများ ကို ပြောခြင်တာက.. "မင်းတို.လို ခွေးလေးခုန် လို. ဖုန်မထ ပါဘူးကွာ"... လို. ။
(အတိုက်အခံ ဆန်.ကျင်ရေး ဆောင်းပါးလေးတွေ သတင်းစါထဲ ရေးပြီး ထမင်းဖိုး တယ်လီဖုန်းပါမစ်
ရောင်းစါးလာခဲ့သူများ... ခွက်ပျောက်တော့မည် .. ခွိခွိ

To... Myanmar Express:
ဒေါ်စုနဲ. အတိုက်အခံတွေက စစ်အစိုးရနဲ. စစ်တပ်တင်ထားသော အစိုးရကို နိုင်ငံ့အရေး မျက်နှာချင်းဆိုင် တွေ.ဆုံဆွေးနွေး ညှိနှိုင်းဖို. . .တောင်းဆိုလာတာ အနှစ် ၂၀ ကျော်ခဲ့ပါပြီ ယနေ. ထိုတောင်းဆိုချက် စတင်အကောင်အထည် ပေါ်ပီဖြစ်လို. အလေးအနက် ၀မ်းသာကြိုဆိုပါတယ်။
ဒါဟာ တိုင်းပြည်လူမျိုး ကောင်းဖို.လမ်းစမို. စစ်ခေါင်းဆောင်တွေ ဖက်က လိုက်လျောရတာကို အရှက်ပြေ အဖတ်ဆည်ခြင်တော့
မှေးမှိန် သေးသိမ်အောင်လုပ်၊ တွေ.ဆုံရခြင်း အကြောင်းရင်း မှန်ကိုဖုံးကွယ် အပုတ်ချနေသော ... "ငမိုက်သား ဒေါ်လာစါးဆိုသူ" နဲ. အပေါင်းပါများ ကို ပြောခြင်တာက..

"မင်းတို.လို ခွေးလေးခုန် လို. ဖုန်မထ ပါဘူးကွာ"... လို. ။

(အတိုက်အခံ ဆန်.ကျင်ရေး ဆောင်းပါးလေးတွေ သတင်းစါထဲ ရေးပြီး ထမင်းဖိုး တယ်လီဖုန်းပါမစ်
ရောင်းစါးလာခဲ့သူများ... ခွက်ပျောက်တော့မည် .. ခွိခွိ

Please remove Myanmar from your blog name, Myanmar people are not sub-standard people like you. I want to know who are your parent and why they never teach you to behave properly. I also want to ask you it is what you learn in DSA?

လူလိုသိတတ်ကြတဲ့ သူတိုင်းဟာ.. ဒီလိုစာမျိုးတွေ မရေးကြပါဘူး...၊ ဒီလို စာတွေကို ကြည့်ချင်းအားဖြင့်
ဒီလူဟာ.. လူနဲ့တူနေပေမယ့် တကယ့် လူစိတ်ရှိတဲ့ လူ မဟုတ်ဘူး... ၊ ခွေး ထက် မိုက်တွင်းနက်နေသူသာဖြစ်တယ်..။

ကျော်နိုင် said...

ဟော်ဗျာ
ဒုက္ခပဲ
ဒလိုင်လားမားနဲ့ ဒေါ်စုတို့ ဖယောင်းရုပ်ထုလုပ်နေပါတယ်ဆိုမှ
ဒလိုင်လားမားနဲ့ တူတယ် ဖိုတိုရှော့ဆိုပဲ
သူများကိုပြောချင်တာက များနေတယ် ကိုယ်လာကိုယ်လေ့လာမှုကမရှိဘူး
အသက်က သေခါနီးနေပြီ
Fucking hell kyaw naing, everybody know it is the scene for the movie "the Lady" what the hell are you? U show know ur standard.

အားလုံးအရူးတွေ..........

အပေါ်ကမေးထားတဲ့ကောင် ဒို့တာဝန်အရေး (၃)ပါး ကိုမင်းမသိဘူးနဲ့တူတယ်.....

ရှင်းရှင်းပြောမယ်ကွာ...ဖြုတ်ဦးဏှောက်လောက်နဲ့ နိုင်ငံရေးစကားလာမပြောနဲ့...

မင်းတို့ကောင်တွေက တောမီးလောင်မှ
တောကြောင်လက်ခမောင်းခတ် လို့ရတဲ့ အချိန်ကို စောင့်နေကြတဲ့ စောက်ရူး ဒီမိုကရေစီသမားတွေ...

မင်းတို့ဖြစ်ချင်တာတွေ...တစ်နေ့နေ့ (မင်းတို့သေမဲ့နေ့)တော့...ဖြစ်လာကြမှာပေါ့ကွာ...စောင့်နေကြ.....စောင့်နေကြ.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်