Subscribe to our RSS Feed

ကချင်သောင်းကျန်းသူ KIO, KIA မှ ဒေါ်အောင်ဆန်းစုကြည် ကို မထီမဲ့မြင်ပြုမှု နှင့် မြန်မာပြည်သူများအပေါ် ကြမ်းကြုပ်မှု

ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ မှ တံတား ၁၅ စင်းကျော် ဗုံးထောင်ဖျက်ဆီးမှု၊ ရေအားလျှပ်စစ် လုပ်ငန်းများနှင့် ဆက်သွယ်ရေးလုပ်ငန်းများကို နှောက်ယှက်ဖျက်ဆီးမှု အပြင် အပြစ်မဲ့ ကချင် ပြည်သူများအား စစ်ပြေးဒုက္ခသည် ဖြစ်အောင် လုပ်ဆောင်နေမှုများ ရပ်တန့်ရန်အတွက် အစိုးရဖက်မှ ပြည်နယ်တာဝန်ရှိသူများနှင့် ကေအိုင်အေ တို့ ဆွေးနွေးနေစဉ်မှာပဲ ယခုလ ၂ ရက် အင်္ဂါနေ့ ညနေ ပိုင်း ၅ နာရီ မိနစ် ၂၀ လောက်မှာ ကေအိုင်အေ က အစိုးရ ဝန်ထမ်း ကားတစ်စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ရဲ တပ်ဖွဲ့ဝင် တွေ အပါအဝင် လူ ၈ ဦး သေဆုံးခဲ့ ပါတယ်။

မိုးမောက်မြို့နယ် ဆန်ဂန်ရွာ အနီး လမ်း ပေါ်မှာ တာပိန် ရေအားလျှပ်စစ် စက်ရုံ အတွင်း က ထွက်လာ တဲ့ ကားတစီး ဟာ ကေအိုင်အို က ထောင်ထားတဲ့ မိုင်း ကြောင့် ကားပေါက်ကွဲ ပျက်စီး သွား ပြီး ကားပေါ်ပါ လူ ၈ ဦး စလုံး သေဆုံး သွားပါတယ်။ သေဆုံးသွားတဲ့ သူတွေထဲမှာ ပြည်သူ့ရဲတပ်ဖွဲ့ က ဒုရဲအုပ် တဦးလည်း ပါဝင် ပါတယ်။

ကချင်လွတ်မြောက်ရေး လက်နက်ကိုင် တပ်ဖွဲ့ နဲ့ အစိုးရ ကိုယ်စားလှယ် တွေကြား ကချင် ဒေသ အတွင်း အပစ် အခတ်ရပ်စဲရေး နဲ့ ပတ်သက်ပြီး ဆွေးနွေး မှု တွေကို တနင်္လာနေ့နှင့် အင်္ဂါနေ့တွေက ပြုလုပ် ခဲ့ပါတယ်။

ပြီးခဲ့တဲ့
၂၀၁၁ ခုနှစ် ဇူလိုင်လ (၂၈) ရက် နေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်မှ ကေအိုင်အေ အပါအဝင် တိုင်းရင်းသား သောင်းကျန်းသူအားလုံးနှင့် အစိုးရ ကို အပစ်အခတ်ရပ်စဲရေးအတွက်ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာထဲမှာ သူပြောနေကျ ဗမာ နိုင်ငံကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုပြီး ရေးသားထားတဲ့အပြင် မြန်မာနိုင်ငံတော်အနေဖြင့် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ်ဖွဲ့စည်း ထား ကြောင်း၊ အားလုံးသည် နှစ်ပရိစ္ဆေဒ များစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင် ခဲ့ကြသော ညီအစ်ကို မောင်နှမများ ဖြစ်ကြ ကြောင်း၊ တိုင်းရင်းသား လူမျိုးစုများ အားလုံး ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးသည် အလွန် အရေးကြီးကြောင်း ၊ ရှမ်း၊ ကရင် နှင့် မွန် စသည့် ပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိ သောကြောင့် သေကြေဆုံးရှုံး ပျက်စီးမှုများ ဝမ်းနည်းဘွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုး ကြီးမားသည့် နိုင်ငံပိုင် အဆောက်အဦများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်း ပျက်စီးမှုများ ကြုံတွေ့နေရ ကြောင်း၊ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေကြ သည့်အပြင် အိမ်နီးချင်း နိုင်ငံများကိုပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ် ရှိနေကြောင်း စသည်ဖြင့် ရေးသားထားပေသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ ပို့ပြီးလို့ ၅ ရက်အကြာမှာပဲ ကေအိုင်အေ ရဲ့ မိုင်းကြောင့် လူ ၈ ဦး သေဆုံးမှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီတော့ ကေအိုင်အေ ရဲ့ လုပ်ရက်က လူအများ လေးစားချစ်ခင် နေသော ဒေါ်အောင်ဆန်းစုကြည်ကို ငပေါကြီးဖြစ်အောင် လုပ်သလို ဖြစ်နေပါတယ်။


ကေအိုင်အေ ၏ မထီမဲ့မြင်ပြုခြင်းကို ခံရသည့် ဒေါ်အောင်ဆန်းစုကြည်


ဒါ့အပြင် ICBL ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွင်းရှိ လက်နက်ကိုင်အားလုံး လူသတ်မိုင်းအသုံးပြုမှုအား ရပ်တန့်ပစ်သင့်သည်ဟု ပြောဆိုခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်တွင် ပြဌာန်းခဲ့သော မိုင်းအသုံးပြုမှုတားဆီးပိတ်ပင်ရေးသဘောတူစာချုပ်ကို ဒေါ်အောင်ဆန်းစုကြည်က (ICBL က ငြိမ်းချမ်းရေးဆုလက်ခံသည့် ပွဲသို့ ပေးပို့လာသော ဂုဏ်ပြုစကားတွင်) ထောက်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် မြေမြုပ်မိုင်းအသုံးပြုမှုတားမြစ်ပိတ်ပင်မှုအား အချိန်အခါသင့်သလို မြှင့်တင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်အစိုးရအား မြေမြုမိုင်းအသုံးပြုမှုအား တားမြစ်ရန်အတွက်တောင်းဆိုသော သမ္မတ အိုဘာမားထံသို့ပေးပို့သော တောင်းဆိုချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တခြား ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၁၅ ဦးနှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။

ပူးတွဲနိုဘယ်လ်ဆုရှင် ဂျိုဒီ ၀ီလီယံက ယနေ့ထုတ်ဖေါ်ပြောကြားရာတွင် " ဒေါ်အောင်ဆန်းစုကြည့်က ၁၉၉၇ ခုနှစ် မိုင်းအသုံးပြုမှု တားမြစ်ပိတ်ပင်ရေးသဘောစာချုပ်အပေါ် ဆက်လက်ထောက်ခံပြောကြားပေးနေတဲ့အတွက် ကျနော်တို့အားလုံး အလွန်ကို အားတက်မိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်တွေအားလုံး မြေမြုပ်မိုင်းအသုံးပြုနေတာတွေ ရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ဟာ အထူးတလယ် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သဘောတူစာချုပ် စတင်လက်မှတ် ရေးထိုးပြီးကတည်းက စဉ်ဆက်မပြတ်မိုင်းအသုံးပြုနေတဲ့ တခုတည်းသော တိုင်းပြည်ဟာ မြန်မာနိုင်ငံဖြစ်နေလို့ပါပဲ။" ဟုဆိုပါသည်။

" တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ မမြုပ်မိုင်းတွေကို အသုံးမပြုသင့်ပါဘူး။ " ဟု မြေမြုပ်မိုင်းတာဆီးပိတ်ပင်ရေးအဖွဲ့သို့ ပေးပို့လာသော သူမ၏ သတင်းစကားတွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

"မိမိရန်သူက စလုပ်လာမှာကို မစောင့်နေဘဲ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ စစ်ရေးလုပ်ငန်းတွေမှာ မြေမြုပ်မိုင်းအသုံးပြုမှုကို ရပ်တန့်ခြင်းကို စတင်ပါလို့ " ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်အားလုံးအား တွန်းအားပေးခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားသတိပေးပြီးနောက်ပိုင်း ၅ လ အကြာမှာ KIO ရဲ့ မိုင်းကြောင့် လူ ၈ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကေအိုင်အေ ရဲ့လုပ်ရက်တွေက ဘယ်သူ့စကားမှ လက်မခံပဲ ထင်ရာဆိုင်းနေသလို နိုဘယ်ငြိမ်းချမ်းရေးဆုရင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ လှောင်ပြောင် သလိုဖြစ်နေပါတယ်။


အကြမ်းဖက်မှုကို လက်မခံသည့် ဒေါ်အောင်ဆန်းစုကြည်


ကချင်သောင်းကျန်းသူများကြောင့် ဒုက္ခရောက်နေသည့် ကချင် ဒုက္ခသည်များ






နိုင်ငံတော်သမ္မတ ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် က တော့ တဖက်နဲ့ တဖက် တိုက်ခိုက် နေ ကြမယ့် အစား ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်း က ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။



Myanmar Express

2 comments:

အပြစ်အခတ်ရပ်စဲဖို့ အိပ်ဖွင့်ပေးစာပို့အပြီး ငါးရက်အကြာမှာ ခုလို လုပ်တာက အမေစုကို စောက်ပေါကြီးလုံးလုံးဖြစ်အောင်လုပ်တာပဲ

မာမီစုရယ်..ခင်ဗျားမသေခင် ခင်ဗျားရဲ့ NLD ကိုပဲ ဟိုခွဲထွက်..ဒီခွဲထွက်မဖြစ်အောင် စုစည်းနိုင်အောင်ကြိုးစားစမ်းပါဦး.. တိုင်းရင်းသားအရးဆိုတာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုတာ ပြန်လေ့လာဦး. (ခင်ဗျားပထွေးနိုင်ငံမှာ အဲရစ်နဲ့ စည်းစိမ်ရစ်မူးနေတုန်း တိုင်းပြည်အကြောင်းအဆက်ပြတ်နေပြီဗျ. အဲဒီ့အချိန်တုန်းကတော့ မန္တလေးထိုးမုန့်တို့ ရှုးရှဲလက်ဖက်တို့ မြန်မာမုန့်ဟင်းခါးတို့ စားဖို့တောင် သတိ၇မှာမဟုတ်ဘူး. )မူလတန်းအဆင့်လောက်က မြန်မာ့သမိုင်းစာအုပ်ဖတ်ပြီး ဆရာကြီးလေသံဝင်လုပ်လို့မရဘူး. တိုင်းရင်းသားတွေရဲ့ အသက်ရှုသံတွေ ရင်ခုန်သံတွေ ထမင်းတစ်နပ်စားရဖို့ ရုန်းကန်ရတာတွေကို ခင်ဗျားသူတို့ရင်ဘတ်ထဲအရင် ၀င်ကြည့်လိုက်ဦး.. သူများတိုင်းရင်းသားဆိုလို့ လိုက်တိုင်းရင်းသားလုပ်မနေနဲ့ ၈၈တုန်းကလို ဖောရှောမရတော့ဘူး.. ၈၈တုန်းကလို မြန်မာပြည်မဟုတ်တော့ဘူး. လူတိုင်းကို မင်းကိုနိုင်တို့လို အရူးတွေကြီးပဲ ထင်မနေနဲ့ .. ကျုပ်တို့ ဗိုလ်ချုပ်သွေးမှာ ခင်ဗျားလို လူတစ်ယောက်ပါလာတာနဲ့တင် မြန်မာ့သမိုင်းကို ကန်ထုတ်ပစ်ချင်လောက်အောင်ကို ရှက်ရွံ့နေပြီဗျ.. ကျုပ်လိုအတွေးနဲ့ generation တွေ မြန်မာ့လူ့အဖွဲ့အစည်းမှာရှိနေပြီဆိုတာ ခင်ဗျားနားလည်ထား. ပေါတောတောလုပ်မနေနဲ့ . သူများမြောက်ပေးတိုင်းလုပ်နေရင် ခင်ဗျား "မြောက်မ" ဖြစ်နေမယ် (ကျုပ်တို့ရှေ့ ကိုးရို့ကားယားလာလုပ်ရင်တော့ ဆေးလိပ်တိုနဲ့ စောင့်ထိုးခံရမယ်)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်