Subscribe to our RSS Feed

ယုံကြည်ချက်ကြောင့် ဆန္ဒပြခဲ့ကြသူများအား ချွင်းချက်မရှိ လွှတ်ပေးရေးအတွက် အကျွမ်းကျင်ဆုံးဖြစ်သည့် မြန်မာအတိုက်အခံများမှ ဦးဆောင်တောင်းဆိုသင့်

ဗြိတိန်နိုင်ငံမှာ ရဲက ၂၉ နှစ်အရွယ် ကလေးတစ်ယောက် အဖေကို ရဲက သေနက်ဖြင့် ရက်ရက်စက်စက် ပစ်သတ်ခဲ့မှုအပေါ် မဖြင့်သင့်ဘူးဟူသည့် ယုံကြည်ချက်ဖြင့် ကျောင်းသားတွေ က ဆန္ဒပြခဲ့ကြပါတယ်။ ဗြိတိန်အစိုးရ တာဝန်ရှိသူများက ရဲဝန်ထမ်း ပစ်သတ်ခဲ့သည့် ကိစ္စအတွက် တစ်စုံတစ်ရာဖြေရှင်းချက် မပေးသည့်အပြင် ဆန္ဒပြကျောင်းသားများကို ရဲအင်အားတွေ ထပ်တိုးချထားပြီး ဖမ်းဆီးခြင်းတွေ၊ ရိုက်နှပ်ခြင်းတွေ နဲ့ တုန့်ပြန်ခဲ့ကြပါတယ်။ ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ထရီဇာမေ က ဆူပူလုယက်မှု တွေ ဖြစ်ခဲ့တဲ့ အရပ်တွေ က လမ်းမတွေ မှာ လုံခြုံရေး အတွက် ရဲ ဝန်ထမ်း တွေ ကို ထပ်တိုး ပြီး ချထားမယ် လို့ ပြောလိုက် ပါတယ်။

အရင် ပုံမှန် အချိန် တွေတုန်းက စနေ နဲ့ တနင်္ဂနွေ လို အလုပ် ပိတ်ရက် တွေ ကျရင် လန်ဒန် က လမ်းမ တွေ အပေါ်မှာ ရဲ အရေ အတွက် ၂၅၀၀ ချထားလေ့ ရှိပေမယ့် အခုဆိုရင် ရဲ တပ်ဖွဲ့ဝင် ပေါင်း ၁၆၀၀၀ ချထားမယ် လို့ လန်ဒန် က ထိပ်တန်း ရဲ အရာရှိကြီး တဦး က ပြောပါတယ်။

အခုဆိုရင် အင်္ဂလန် က ယုံကြည်ချက်ကြောင့် အကျဉ်း ခံနေရသူပေါင်း ၁၅၀၀ ကျော်အဖမ်းခံ ထားရပြီး ဒီ အထဲ က လူ ၁၀၀၀ လောက် က လန်ဒန် မှာ ဖမ်းထားတဲ့ သူတွေပါ။ သူတို့ကို ပြစ်ဒဏ် ချရင် အရင် အလားတူ အပြစ်မျိုး ပြစ်ဒဏ်ပေး တာ ထက် ပိုပြင်းထန် တဲ့ အရေးယူမှု ကို လုပ်မယ် လို့ လည်း သိရ ပါတယ်။ ဒီနေ့ထိလည်း ဗွီဒီုယို ကင်မယာများကို ပြန်ကြည့်ပြီး ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသား လူငယ်များကို အိမ်တိုင်ရာရောက် ဖမ်းဆီးနေတုန်းဖြစ်တယ်လို့ ဘီဘီစီ က ပြောပါတယ်။

ကျောင်းသားတွေကို ဖမ်းဆီးသည့်အပေါ် မှာ ကျွမ်းကျင်သူများအနေဖြင့် သဘောထား အမျိုးမျိုးကွဲပြားလျှက်ရှိပါတယ်။ ကျောင်းသားတွေက သူပုန်တွေ၊ သခိုးတွေမဟုတ်ပဲ ယုံကြည်ချက်ကြောင့် ဆန္ဒပြခဲ့ကြသူများသာ ဖြစ်သောကြောင့် မဖမ်းသင့်ကြောင်း ဝေဖန်ကြသူတွေလည်းရှိပါတယ်။

"ဒီကျောင်းသားတွေက လူဆိုးတွေမဟုတ်ပါဘူး.. သူခိုးဓါပြတွေ မဟုတ်သလို၊ သူပုန်တွေလည်း မဟုတ်ပါဘူး.. သူတို့ဟာ ယုံကြည်ချက်ကြောင့် ဆန္ဒပြနေကြသူတွေပါ .. အခုဆိုရင် ဖမ်းထားတာ ၂၀၀၀ နီးပါးရှိပြီး.. အိမ်တိုင်ရာရောက် လိုက်ဖမ်းနေတုန်းဆိုတာ ကြားရလို့ အလွန်စိုးရိမ်မိပါတယ်... ဒီလို ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံနေရတဲ့ ကျောင်းသားလူငယ်တွေအားလုံး ချွင်းချက်မရှိ ပြန်လွတ်ဖို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံးက တောင်းဆိုသင့်တယ်.. လိုအပ်ရင် ကုလသမ္မက အထူးစုံစမ်း ကော်မရှင် ထိ တင်ပြသင့်တယ်" လို့ ဝါရင့် အကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။ "ဒါမျိုးတွေ ကို အမြဲ ငိုပြ တောင်းဆိုတတ်တဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက လုပ်နေကြဖြစ်လို့ ပိုမိုကျွမ်းကျင်ပြီး အတွေ့အကြုံရှိပြီးသားဖြစ်တယ်.. ဒါကြောင့် ဒီကိစ္စကို တခြားနိုင်ငံတွေက မတောင်းဆိုရင်တောင် မြန်မာ့အရေးလှုပ်ရှားသူတွေက ဦးစီးတောင်းဆိုသင့်တယ်" လို့ သူက ဆက်ပြောပါတယ်။


ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦးကို ရဲက ရိုက်နှပ်ဖမ်းစီးသွားစဉ်

ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦးအား လက်နက်သုံး အနိုင်ကျင့်နေသည့် ဗြိတိန်ရဲ


ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ဗြိတိန် ကျောင်းသားတစ်ဦး အား ရဲတပ်ဖွဲ့ဝင် လေးဦးမှ တရွတ်တိုက် ဆွဲခေါ်သွားစဉ်


ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး အား ရဲ သုံးဦးမှ လက်ပြန်ချိုးပြီး ခေါ်ဆောင်သွားစဉ်


ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦးအား ရဲအရာရှိ တစ်ဦးမှ လည်ပင်းညှစ် သတ်နေပုံ


ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားများကို ဗြိတိန် အာဏာရှင်အစိုးရမှ အာဏာတည်မြဲရေးအတွက် အင်အားသုံး နှိုမ်နှင်းစဉ်


ခေါင်းတွေ၊ လက်တွေမှာ သွေးတွေ ထွက်နေသည့် ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး

တိရစ္ဆာန်တစ်ကောင်လို ညှင်းပန်းခံနေရသည့် ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး


ပြည်သူအားလုံးရှေ့မှာ ဖိနိပ်ခံနေရသည့် ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး


တစ်ကိုယ်လုံး သွေးများထွက်ကာ လဲနေသည့် ရဲတွေကြားမှ ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦး


ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသားတစ်ဦးအား အီရက်မှ လူအစုလိုက် အပြုံလိုက် သတ်ခဲ့သူ တစ်ဦးပမာ ရဲများက ဆက်ဆံစဉ်

လန်ဒန် မှာ ပြီးခဲ့တဲ့ စနေနေ့ ည က စပြီး ဆူပူလုယက်မှု တွေ ဖြစ်ခဲ့ပြီး နောက်ထပ် ၄ ရက် ဆက်တိုက် လန်ဒန် နေရာ တော်တော်များများ နဲ့ အင်္ဂလန် က အချို့ မြို့ တွေ ကို ပံျ့နှံ့ သွားခဲ့ ပါတယ်။ ပျက်ဆီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု အများအပြားရှိခဲ့ပေမယ့် ကုလသမဂ္ဂနဲ့ အနောက်အုတ်စုမှ တစ်စုံတရာ ပြောဆိုခြင်း မရှိခဲ့ကြပါဘူး။

ဒါမျိုးနေရာတွေမှာ အကျွမ်းကျင်ဆုံးဖြစ်သည့် မြန်မာအတိုက်အခံများ

ဗြိတိန်နိုင်ငံရှိ ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ ကျောင်းသား ၂၀၀၀ နီးပါးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငှတ်လွှတ်ပွဲကျင်းပဖို့လို



Myanmar Express

1 comments:

အပေါ်အ ချောက်ကြီး ဖင်ခံချင်လို့ ခိခိ ဆိုပီးညုနေပီ...ဟားဟားဟား.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်