Subscribe to our RSS Feed

ဘာလဲဟဲ့ စတုတ္ထမဏ္ဍိုင်

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင်မူ ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် ကန့်သက်ခဲ့ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် မရခဲ့တုန်းက မကျေမနပ် ဖြစ်ကြက သတင်းယူလိုဇောဖြင့် အဆိုပါလွှတ်တော်များကို တရားမျှတမှုမရှိသောလွှတ်တော် ၊ ၁၅ မိနစ်လွှတ်တော် ၊ တံခါးပိတ်လွှတ်တော် စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဆိုသလို အမည်တပ်ကာ ကန့်ကွက်ခဲ့ကြပါတယ်။

ဒီအထဲမှာ နာမည်ကျော်ပြည်ပမီဒီယာ များနှင့် မြန်မာ အတိုက်အခံဆိုသူများ၏ အသံက အကျယ်လောင်ဆုံး အစူးရှဆုံး ဖြစ်ခဲ့သည် ။ ပြည်တွင်းမီဒီယာများက အကြောင်းကြောင်းကိုထောက်၍ ပေါ်ပေါ်တင်တင် မဟုတ်သော်လည်း မချိတင်ကဲ ရေးသားဖေါ်ပြမှု များ ပြုလုပ်ခဲ့ကြပါတယ်။ တချို့ ဆိုရင် သေမလိုလိုတောင် ဖြစ်ခဲ့ကြပါသေးတယ်။

ယခုလ ၂၂ ရက်နေ့ပမှစတင်ကျင်းပသော ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များအား သတင်းတက်ရောက်ယူခွင့် ပြုခဲ့ရာ ပထမနေ့တွင် နိုင်ငံပိုင် မီဒီယာများမှ သတင်းထောက်များအပါဝင် သတင်းထောက် ၁၀၀ ခန့်ပင်ရှိခဲ့ရာ..အထူးပင်စည်ကား ခဲ့ပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယနေ့မှာပဲ သတင်းထောက် ၃ ပုံ ၁ ပုံခန့် လျော့ကျသွားလေသည် ၊ သို့ဖြစ်ပါ၍ ပြန်ကြားရေးမှ တာဝန်ရှိသူများက မပြန်ကြရန်နှင့် မစ္စတာကင်တားနားလွှတ်တော်သို့ လာရောက်မည်ဖြစ်ကြောင်း အသိပေးပြောကြားကာ မေတ္တာရပ်ခံတားမြစ်ယူရ သည်အထိ ပြန်ချင် သူများခဲ့ပါတယ်။

ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ပထမနေ့သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် ၃၂ ဦး တက်ရောက်သတင်းရယူခဲ့သော်လည်း စတုတ္ထနေ့(၂၅-၈-၂၀၁၁)ရက်တွင် သတင်းမီဒီယာ ၃ ခုသာ ကျန်ရှိပြီး တက်ရောက်သတင်းရယူခဲ့သည်ကို တွေ့ရပါတယ်။

အဲဒီ ၃ ခုကတော့ Eleven Media Group ၊ မြန်မာတိုင်းမ်နှင့် Envoy ဂျာနယ်တို့မှ သတင်းထောက်များဖြစ်ကြပါတယ်။ သတင်းမယူရလျှင်သေမလောက်ဖြစ်နေ ကုန်ကြသော နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် များ ကြက်ပျောက်ငှက်ပျောက် ဆိုသလို ပျောက် သွားကြကုန်လေတော့သည် ။ အလျှိုလျှို အိမ်ပြန်သွားကြကုန်တော့သည်။

" ပထမနေ့က ၁၀၀ လောက်လာပြီး ခုတော့ ၃ ယောက်တည်းကျန်တော့တယ်ဆိုတာက တော်တော်ရုတ်ပျက်ဆင်းပျက်ဖြစ်တာပေါ့ဗျာ။ မီဒီယာသမားတွေက အပြောနဲ့အလုပ်မညီဖြစ်တာပေါ့ .. ပြည်တွင်း ပြည်ပသတင်းထောက်တွေအနေနဲ့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်သတင်းရယူခွင့်ရတာ ပထမဆုံးအကြိမ် ဖြစ်လို့ ပထမဆုံးနေ့မှာ သတင်းမီဒီယာတွေစုံစုံညီညီလာရောက် သတင်းရယူကြတယ်။ ဒုတိယနေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana လာရောက်တဲ့အတွက် သတင်းထောက်အချို့ ရန်ကုန်ပြန်သွားပေမယ့်လည်း အတော်များများ ကျန်ရှိသတင်းရယူတာကို တွေ့ရသေးတယ်။ ဒါပေမယ့်လို့ တတိယနေ့နဲ့ စတုတ္ထနေ့မှာတော့ အကြာကြီးမထိုင်နိုင်တော့ဘူး။ အစတုန်းက ထူးထူးဆန်းဆန်းနဲ့ မတည်မငြိမ် အကွဲအပြဲတွေ ဖြစ်နေလို့ မီဒီယာသမားတွေကို မဝင်ခိုင်းတာထင်ပြီး အတင်းဝင်ချင်ကြတာ။ အခုတော့ အေးအေးဆေးဆေးနဲ့ ဆွေးနွေးစရာရှိတာကို အဆင့်တန်းရှိရှိဆွေးနွေးနေကြတာပဲဆိုတော့ ထင်ထားတာနဲ့ကွာနေတယ်။ ပြီးတော့ သတင်းစာနဲ့ သတင်းတွေထဲမှာလဲ ပြန်ပါလာမှာပဲလေ။ အဲဒီကျမှ ပြန်ဖတ်ပြီး ကိုယ့်ဘာကို စကားလုံးပြန်စီတော့ သက်သာတာပေါ့။ " လို့ မီဒီယာသမား တစ်ဦးက ပြောပါတယ်။

သတင်းသမားတွေကိုယ်တိုင်က သတင်းကို စိတ်မဝင်စားပဲ အတင်းကိုစိတ်ဝင်စားနေတယ်လို့ ဝေဖန်သူတွေလည်းရှိပါတယ်။ ပြည်ပအခြေစိုက် မီဒီယာတွေကို အတုခိုးတာလို့လည်း ပြောကြပါတယ်။ သြဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ တင်သွင်းတဲ့ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွေကို အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် ဆောင်ရွက်နေခြင်းများကို ထားရစ်ခဲ့ကြပါတယ်။

အဲဒီနေ့မှာပဲ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်တဲ့

(က) မြန်မာနိုင်ငံကုန်အမှတ်အသားဥပဒေ၊
(ခ) လယ် ယာထွက်ကုန် ဈေးကွက်များ အက်ဥပဒေ၊
(ဂ) ၁၉၄၇ခုနှစ် အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊
(ဃ) တင်းတောင်း ဆန်ပမဏ အက်ဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်သော
(က) The Myanmar Telegraph Act (1885)၊
(ခ) The Myanmar Post Office (1989)၊
(ဂ) The Myanmar Wireless Telegraphy (1933)

တို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတို့ကို တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်မှ လက်ခံဆောင်ရွက်နေခြင်းတို့ကို မျက်ကွယ်ပြုခဲ့ကြပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆ န္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ် တော်သို့ တင်သွင်းခဲ့ချိန်မှာ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည် ထို့အပြင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ကြရာ..

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၏ တင်ပြ ချက်ကို ပြည်ထောင်စုဝန်ကြီးအနေ ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံ ရေးနှင့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သ မ္မတအား မေတ္တာရပ်ခံကြောင်းကို နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင် ပြပေးသွားမည်ဟု ရှင်းလင်းဆွေး နွေးခဲ့ကြပါတယ်။

ယင်းကြောင့် အထွေထွေလွှတ် ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက် လက်ထုတ်ပြန်စေရေးအတွက် ပြည် သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ အား နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို မှတဆင့် မေတ္တာရပ်ခံကြောင်း အ တည်ပြုကြေညာခဲ့ပါတယ်။

လွှတ်တော်အမတ်အများစုအနိုင်ရထားသော ပြည်ခိုင်ဖြိုးပါတီ နှင့် ၂၅%သောတပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဘာလုပ်လုပ်ကန့်ကွက်နေမှာပါ ဘာမှအလုပ်ဖြစ်မယ့်လွှတ်တော်မဟုတ်ပါဘူး ဆိုသူများပင် အံ့အားသင့်သွားခဲ့ရပါတယ်။

ထိုသို့သောတစ်တိုင်းတစ်ပြည်လုံး ရှိအကြောင်းအမျိုးမျိုးကြောင့်အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျ ခံနေရသူများနှင့်ဆွေမျိုးသားချင်းများ ၀မ်းမြောက်ကြရမည့်သတင်းကြီးအပါအ၀င် တိုင်းပြည်အတွက် အရေးပါလှသော သတင်းများကို ထားရစ်ခဲ့ကာ အိမ်ပြန်သွားကြကုန်သော စတုတ္ထမဏ္ဍိုင်များနှင့်သာ ဤမြန်မာပြည်ကြီး ခရီးဆက်ရမည်ဆိုပါလျှင် အလွန်စိုးရိမ်စရာဖြစ်ကြောင်းကို ဒေါက်တာဆိပ်ဖွားက ပြောဆိုထားပါတယ်။

ဒီနေ့ မီဒီယာသမားတွေက ထင်တာကိုပဲရေးချင်ကြပြီး အရင်ရေးထားခဲ့တာတွေနဲ့ပတ်သက်လို့ တာဝန်မခံနိုင်ကြကြောင်းကို

"ပြောထားတဲ့ စကားတွေကို တာဝန်ယူသင့်တယ်ဗျာ.. အထူးသဖြင့် ကိုယ့်သတင်းဌာနက အရင်တုန်းက ပြောထားတာက တစ်မျိုး၊ ဒါပေမယ့် အခုဖြစ်နေတာက တစ်မျိုးဆိုရင် ဝန်ခံရဲရမယ်ဗျ... အရင်တုန်းက ပြောခဲ့တာတွေရှိတယ်လေ.. တံခါးပိတ်လွှတ်တော်၊ ၁၅ မိနစ်လွှတ်တော်၊ တပ်မတော်သား အမတ်တွေက ကျောက်ရုပ်တွေပေါ့... ခုတော့ သူတို့ပြောတဲ့အတိုင်း ဟုတ်မှ မဟုတ်တာ.. တံခါးတွေလည်းဖွင့်ထားတယ်.. ၁၅ မိနစ်လွှတ်တော်မဟုတ်တဲ့အပြင် ခဏနားချိန် ၁၅ မိနစ်တောင် မနည်းတောင်းနေရတယ်... တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျသူလွတ်မြောက်ရေးမှာ ထောက်ခံကြတယ် ဆိုတော့ မီဒီယာသမားတွေအနေနဲ့ သူတို့ထင်ထားတာတွေ မှားယွင်းကြောင်း ဝန်ခံသင့်တယ်ဗျ.. ကြီးကြီးကျယ်ကျယ်တွေပြောပြီး ရှက်တတ်သင့်တာပေါ့ဗျာ.." လို့ ဝါရင့် နိုင်ငံရေးသမားတစ်ဦးက ဆိုပါတယ်။





ပြည်တွင်းမီဒီယာတွေရော ပြည်ပမီဒီယာတွေရောက ပရိတ်သက်အကြိုက် အတင်းတွေကိုပဲ ရေးချင်နေကြပါတယ်။ သတင်းအစစ်အမှန်ကို စိတ်လည်းမဝင်စားသလို ရေးလည်းမရေးချင်ကြပါဘူး။ အထူးသဖြင့် အစိုးရမကောင်းကြောင်းကို ရေးချင်ကြပြီး အစိုးရရဲ့ ကောင်းကြောင်းမရေးချင်ရင်တောင် လက်ရှိတကယ့်အခြေအနေကို ရေးဖို့ ဝန်လေးနေကြပါတယ်။ ပြည်ပမီဒီယာအခြေဆိုက် မီဒီယာတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့အချင်းချင်း၊ သူတို့ရဲ့ မီဒီယာ ဌာနထဲမှာ အကွဲအပြဲတွေ ဖြစ်နေတာကိုတော့ ဘယ်သူမှ မသိအောင် ဖုံးထားပြီး အစိုးရကိုတော့ ထင်ကြေးတွေပေးကာ အတင်းကွဲပြဲခိုင်းနေကြပါတယ်။

အထူးသဖြင့် မလေးရှား NLD LA အတွင်းမှ အကွဲအပြဲများ၊ RFA က အင်ကြင်းနိုင်နဲ့ စိုင်းသိန်းဝင်း တို့ ဇတ်လမ်း၊ RFA က မဆုမွန်နဲ့ ဘုန်းကြီးတစ်ပါး နဲ့ ကိစ္စ၊ မိုးသွေးငယ်နဲ့ ငယ်နိုင်ရဲ့ အရှုတ်တော်ပုံ၊ DVB က ကိုထက်အောင်ကျော်တို့ကို ထုတ်လိုက်တဲ့ကိစ္စ နဲ့ ဧရာဝတီနဲ့ ဒိန်းမတ် သံရုံး ကိစ္စတွေကို မီဒီယာတွေမှာမတွေ့ကြောင်း၊ ဖြစ်ရပ်မှန်တွေနဲ့ အတွင်းရေးကြတော့ မတင်ကြောင်း၊ အစိုးရမကောင်းကြောင်း အတင်းတွေကိုသာ ပြောနေကြပြီး ငွေတွေလိမ်တောင်းနေကြောင်းနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်ဟောင်း တစ်ဦးက

"မီဒီယာတွေ၊ မီဒီယာတွေ တော်တော်လည်းတရားကျဖို့ကောင်းပါတယ်..။ အစိုးရရဲ့ မကောင်း သတင်းတွေကြတော့ ဟုတ်တာတွေရော မဟုတ်တာတွေရော ရရင်ရသလိုတင်ကြပြုကြ ဆွေးနွေးကြနဲ့။ ကိုယ့်အတွင်းထဲက ကိစ္စကြတော့ ရေငုံနှုတ်ပိတ်နဲ့နေကြပါတယ်။ ဒါလား ဘက်မလိုက်တဲ့မီဒီယာ။ မလေးရှား NLD LA ကိစ္စ၊ RFA က အင်ကြင်းနိုင်နဲ့ စိုင်းသိန်းဝင်း ကိစ္စ၊ RFA က မဆုမွန်နဲ့ ဘုန်းကြီးတစ်ပါးကိစ္စ၊ မိုးသွေးငယ်နဲ့ ငယ်နိုင်ရဲ့ အရှုတ်တော်ပုံ၊ DVB က ကိုထက်အောင်ကျော်တို့ကို ထုတ်လိုက်တဲ့ကိစ္စကို မီဒီယာတွေမှာမတွေ့ဘူး ။ DVB ရဲ့ အတွင်းရေးကြတော့ မတင်။ ကာယကံရှင်က ရေးမှဖတ်ရတယ်...။ FTUB က ဦးမောင်မောင်အာဏာရှင်ဆန်ဆန် လုပ်နေတဲ့အပေါက်ကိုလည်း မီဒီယာတွေမတင်ပြန်။ ဘယ်အလုပ်သမားကိုမှ ကိုယ်စားမပြုတဲ့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဆိုပြီး ငွေတွေလိမ်တောင်း၊ မိမိအာဏာရအောင်ငွေတွေနဲ့ဝယ်၊ အလုပ်ရှင်လို မိမိဝန်ထမ်းတွေကို ဖြုချင်သလိုဖြုတ်၊ တယ်လည်းဟုတ်ကြပါတယ်။ ဒီလောက်ဖြစ်နေတာကိုကြတဲ့ သတင်းတွေကိုတော့ BBC VOA RFA DVB Irrawaddy Mizzima သတင်းဌာနတွေမှာမတွေ့။ အင်း..သတင်းမဖြစ်လို့နေမှာပေါ့ဗျာ.။ Irrawaddy ရဲ့ ဒိန်းမတ်သံရုံးကိစ္စတုန်းကလည်း ဒီလိုပဲ။ သူများဆီကထွက်လာမှကြားရ..။ ကိုယ့်အချင်းချင်းဆိုပြီး မတင်တာလားမသိ။ ဒါဆိုရင်တော့ ဘယ်တရားပါ့မလဲဗျာ..။" လို့ပြောပါတယ်။




စတုတ္ထမဏ္ဍိုင် ဆိုပြီးရပ်တည်နေတဲ့ မီဒီယာသမားတွေအနေနဲ့ မီဒီယာသမားကောင်း ပြီသဖို့လိုပါတယ်။ အရှိကို အရှိအတိုင်းလက်ခံဖို့နဲ့ ပြောရဲဆိုရဲဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဖူးပါတယ်။ ဒါကြောင့် မီဒီယာ သမားအားလုံး သူများအတွင်းရေးနဲ့ အကွဲအပြဲတွေကို မလွှတ်စတမ်း တင်နိုင်ကြသလို ထိန်ချန်ထားတဲ့ ကိုယ့်ဘက်က အကွဲ့အပြဲတွေကိုလည်း တင်နိုင်ပါမှသာ ဒီနေ့အချိန်မှာ တဖြည်းဖြည်း သိက္ခာကျဆင်းလာတဲ့ စတုတ္ထမဏ္ဍိုင် (သို့မဟုတ်)ေ-ာက်သုံးမကျ မဏ္ဍိုင် ဆိုတဲ့ မီဒီယာသမားတွေရဲ့ ဘဝကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။


Myanmar Express

8 comments:

အင်းပေါ့ လေ အစောတုန်းကတော့  လေတလုံးမိုးတလုံးနဲ့  လွတ်လပ်ခွင့် ၇တော့ မယ်ဆိုတော့ သူတို့ ပဲ။နောက်တော့ လည်းဒုံးရင်းက ဒုံးရင်းပါပဲ ။မြန်မာနိုင်ငံက စတုတ္ထမဏ္ဍိုင် ကိုတော့  နည်းနည်းမေးခွန်းထုတ်ဖို့ လိုလာပါပြီ...........။

@ မာစတာချက်ကြီး
သူငယ်ချင်းမင်းပြောနေလဲအပိုပဲဒီကောင်တွေကစောက်လုပ်မှမလုပ်ချင်တာမြန်မာနိုင်ငံကိုဘာလို့ပြန်လာမှာလဲဒီကောင်တွေစိတ်ထဲမှာနိုင်ငံသားစိတ်ဆိုတာလဲမရှိတော့ဘူးအခုချက်ချင်းဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ကြည့်ပါလားသူတို့အကောင်းပြောမယ်မင်းမထင်နဲ့ကွဒီလိုပဲဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေမှာပဲဘာစောက်လုပ်မှမလုပ်ချင်လို့တောင်းစားနေတဲ့ကောင်တွေကိုသွားပြောမနေနဲ့ကွာမင်းပြောနေလဲဒီကောင်တွေကကျွဲပါးစောင်းတီးဖြစ်မှာဘာမှနားလည်မှာမဟုတ်ဘူး

အပေါ်ကောင် မင်းပြောတာ လုံးဝမှန်တယ် ဘာလို့လဲဆိုတော့ အလံဟောင်းတုန်းကလည်း အလံမပြောင်းလို့ အလံ ဟောင်းကို မီးရှို့တယ် အလံပြောင်းတော့ကြလည်း အလံသစ်ကိုမီးရှို့ တယ် အလံဟောင်းကို တောင်းတတယ် ဗိုလ်ချုပ်ကြီးခင်ညွှန် တာဝန်ထမ်းဆောင်နေတုန်းက သူတို့ပဲ အမျိုးအမျိုးဆဲကြတယ် သူလည်း အကျယ်ချုပ်ကျသွားရော ဘဘကြီးခင်ညွှန်တွေနဲ့ ဖြစ်သွားပြန်ရော ခုလည်း မင်းပြောသလို အောင်ဆန်းစုကြည် တက်လာလည်း အဲဒီကောင်တွေ ပြောနေကြဦးမှာပဲး)))))))))))))))))))))))၀၀၀
အော်အော် ဘ၀သံသရာ ဒေါ်လာ သံသရာ တော်တော်လေးလည်ပါလားး))))))

ဘယ်သူက ဘဘကြီးခင်ညွှန့် လုပ်လို့ လဲ။ အာဏာရှင်နဲ့  နောက်လိုက်တွေ အားလုံး အမြဲတမ်း ဘောပဲ။

မင်းဘာသာရေး မင်းဘာသာထောက်ခံ ရှေံ့သွားနောက်လိုက်ကို ညီနေတာပဲ။

Anonymous said...

((မင်းဘာသာရေး မင်းဘာသာထောက်ခံ ရှေံ့သွားနောက်လိုက်ကို ညီနေတာပဲ။တဲ့ ))....စောက်ရုးစကားလာမပြောနဲ့ အဲလိုရေးဖို့လည်း အချိန်လည်း အကုန်မခံနိင်ဘူး သိပ်လည်းစိတ်မ၀င်စားဘူး မင်းတို့လို့ ရေးလို့ ပိုက်ဆံရရင်လည်းတော်သေးတယ် .အရာရာကိုမင်းတို့ စိတ်နဲ့ မနိုင်းနဲ့ ဟုတ်ပီလား

IC = International Copy .. ရွှေငွေနဲ့ ဂုဏ်တွေ ဘာညာတွေ မရှိလည်း ကော်ပီဆိုနိုင်ပါတယ် တသက်လုံး http://www.youtube.com/watch?v=eXT9V8RY_1I&feature=youtu.be

ရင်းလေးစရာပါပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်