Subscribe to our RSS Feed

ဧရာဝတီကို ကယ်တင်ပါ


ဒီရက်ပိုင်းမှာ ခေတ်စားနေတဲ့ ဧရာဝတီ ကယ်တင်ရေး အကြောင်း ဟုတ်တာရော မဟုတ်တာတွကို ဖတ်ပြီး တချို့က လန့်ပြီး ပိုစ့်တင်ကာ ဘလော့ကို လူလာအောင်လုပ်ကြပါတယ်၊ တချို့က စိုးရိမ်ပြီး စာရွက်ပေါ်မှာ စိုးရိမ်မိကြောင်းတွေ ချရေးကြပါတယ်၊ ဧရာဝတီဖြစ် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က အလှူငွေကောက်တော့ တစ်ယောက်မှ မထည့်ကြပြန်ပါဘူး။

တကယ်တော့ သူတို့စိုးရိမ်နေတဲ့ ဧရာဝတီဖြစ်က အရင်ကလည်း ရေစီးနေတုန်း၊ ခုလည်း ရေစီးနေတုန်းပါ။ တကယ် စိုးရိမ်ရမယ့် အနေအထားရောက်နေတာက ဧရာဝတီ မြစ်မဟုတ်ပါဘူး။ ဧရာဝတီ သတင်းဌာနပါပဲ။

ဧရာဝတီ သတင်းဌာနဟာ နှစ်ပေါင်း ၂၀ နီးပါးလောက် ကနေဒါ၊ ချက်၊ ဒိန်းမက်၊ နော်ဝေ၊ ပိုလန်၊ ဆီဒင်၊ နယူးဇီလန်၊ ဂျာမနီ၊ နယ်သာလန် နဲ့ အမေရိကား တို့ဆီကလေ လက်ဖြန့်တောင်း အသနားခံရင်း အသက်ဆက်နေရသူပါ။ အခုတော့ ထောက်ပံ့ကြေးတွေ လျှော့ချခံရ၊ ဖြတ်တောက်ခံရလို့ ရပ်တည်နိင်ဖို့အခြေအနေ တော်တော်ဆိုးနေပါပြီ။ ဘယ်လောက်တောင် ဆိုးသလဲဆိုရင်တော့ ဧရာဝတီရဲ့ စာမျက်နှာတွေမှာ ရှိတဲ့ ကြော်ငြာတွေသာ ကြည့်ပါတော့။ ကြော်ငြာတွေကို အပေါ်မှာ တစ်ခု အောက်မှာ နှစ်ခု ထည့်ပြီး ဝင်ငွေရှာနေရပါတယ်။ ပိုစ့်တိုင်းမှာကို ထည့်ထားပြီး စာဖတ်သူတွေ မနှိပ် နှိပ်မိအောင် ကို စီမံထားရပါတယ်။

နှိပ်မိလိုက်တဲ့သူတွေကတော့ ဧရာဝတီသတင်းဌာန က လူတွေရဲ့ ထမင်းရှင်တွေပါပဲ။ အစိုးရတခြားအရာရှိတွေက ပြည်သူတွေ လုပ်စာ စားမစားတော့ မသိပါဘူး။ ဧရာဝတီနဲ့ ဒေါက်တာလွမ်းဆွေတို့ကတော့ အင်တာနက်သုံးသူ မြန်မာတွေရဲ့ လုပ်စာကို ထိုင်စားနေကြသူတွေဆိုတာကတော့ အမှန်တရားပါပဲ။

ဒါ့အပြင် ဧရာဝတီ သတင်းဌာနက ပေါ်ပေါ်တင်တင် တောင်းထားတာလည်း ရှိပါတယ်။ https://www.paypal.com/au/cgi-bin/webscr?cmd=_flow&SESSION=PulSMjXhMcEH8AzjMCRO9y3GJy83tMNNN67buk_rtl-OJoMMCJO3n-K44Me&dispatch=5885d80a13c0db1f8e263663d3faee8d1e83f46a36995b3856cef1e18897ad75 ဧရာဝတီရဲ့ စာမျက်နှာပေါ်မျာ မြင်သာအောင် တင်ထားပါတယ်။



ဧရာဝတီ မြစ်အတွက် တောင်းတယ်လို့တော့ မထင်ပါနဲံ့ သူတို့တွေ အားလုံး စားဖို့ သောက်ဖို့ တောင်းထားတာပါ။ ပြည်သူတွေ ဆီက တောင်းစား၊ ပြည်သူတွေ လုပ်စား စားသောက်နေရ ပေမယ့် ဧရာဝတီက ပြည်သူတွေအပေါ်မှာ သစ္စာမရှိခဲ့ပါဘူး။ ဥပမာ မေဆွိသေတဲ့ သတင်းလိုမျိုး ကောလဟာလ ပေါင်းများစွာကို အမြဲ လျှောက်လွှင့်နေခဲ့ပါတယ်။ ပြည်သူတွေကို မထီမဲ့မြင်ပြုလာတာတွေ များလာတာကြောင့် မကျေနပ်သူတွေလည်း များလာပါတယ်

"မျက်စိနောက်တယ်။ သိချင်တာက သတင်း။ ဖတ်ဖို့အတွက် တက်လိုက်တော့...တခါတည်း ပဲ...များပြီး၊ ရုပ်ရှင်မင်းသားလိုမျိုး အင်တာဗျူး။ ကိုယ့်လိုင်းကိုစွတ်တင်သလိုမျိုးဖြစ်ကုန်ပြီ။ ကြည့်လဲလုပ်ပါအုံး။ ကျနော်တို့သတင်းနဲ့စာပဲဖတ်ချင်ပါတယ်။ မျက်စိနောက်တဲ့အပြုအမှုကို Irrawaddy ကအယ်ဒီတာကြီးရှောင်ပါစေ။ ဆံရှည်ကိုယ်တော်ကို၊ ဆံရှည်ကိုယ်လေးကမေးတာ၊ ဗျူးတာ၊ ကိုယ်ပိုင်တဲ့ ၀က်ဆိုက်မှာတင်တာ ဘာမှမဖြစ်ဘူး။ ဖတ်တဲ့သူကျနော်က မျက်စိနောက်တယ်။ တော်တော်ပေါရက်လေတယ်။ Irrwaddy အယ်ဒီတာကြီး ကိုအောင်ဇော်ကိုပေါ်တင်ပြောသည်။ ကိုယ်ကိုလည်းအထင်တွေစွတ်မကြီးနဲ့အုံး။ အနူတောက လူချောတစ်ယောက်ပါ။ " လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် ဟောင်းတစ်ဦးက ဝေဖန်ထားပါတယ်။

တစ်ခါ သူကပဲ ဦးအောင်နိုင်ဦး ပြောခဲ့သည့် " မြန်မာပြည်၏ နိုင်ငံရေးပြဿနာများသည် ချက်ချင်းလက်ငင်း ဖြေရှင်းရန် လွယ်ကူသည့် ပြဿနာများမဟုတ်ကြောင်း၊ လက်တွေ့ ဆန်စွာ စဉ်းစားမည်ဆိုလျှင် ရွေးကောက်ပွဲကို လက်ခံ၍ တဖြည်းဖြည်းခြင်းသာ ဒီမိုကရေစီကို ပြောင်းယူရမည်ဖြစ်ကြောင်း " ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး "ကိုအောင်နိုင်ဦး နှင့် ဇင်းမယ်အခြေစိုက်ငပေါများ.... ကိုလည်းပြောစရာရှိသေးတယ်။ ကြောင်တောင်တောင်နဲ့ နိုင်ငံရေးလေ့လာသူများ... ဖစ်ကုန်ကြပီ။ ရွေးကောက်ပွဲဝင်ချင်ရင် ဗမာပြည်ပြန်ကြဗျာ...။ ချင်းမိုင်မှာမနေကြနဲ့။ ၀ိုင်းရိုက်ခံနေရအုံးမယ်။ေ-ာက်ရှုးတွေလိုပဲ။ ဟားဗက်တက္ကသိုလ်က တနှစ်တန် မာစတာဘွဲ့က လက်တွေ့မှာအသုံးမ၀င်ဘူးဆိုတာ အားလုံးသိတယ်။" တို့ ပြန်ပြောခဲပါတယ်။

အခုနောက်ပိုင်းဆိုရင် အရည်အချင်းမရှိတဲ့ ဧရာဝတီက ပိုပြီးတောင် အခြေအနေဆိုးလာပါတယ်။ ပြည်သူတွေ ကြော်ညာကို နိပ်လိုက်လို့ရသမျှ ပိုက်ဆံတွေနဲ့ ၊ သနားလို့ ပေးလိုက်တဲ့ ပိုက်ဆံတွေကို စားသောက်မျိုဆို့ပြီး အပြင်မှာ သတင်းမရှာတော့ပဲ Facebook ပေါ်မှာ လှည့်ကာ သတင်းရှာကာ ပြန်တင်ရတဲ့ အနေအထား ဖြစ်နေပါပြီ။ ဧရာဝတီသတင်းဌာနဟာ ပြည်သူတွေဆီ သတင်းတွေ အလကားယူတင်ပြီး အခြားနိုင်ငံတွေကနေ ထောက်ပံ့ကြေးတောင်းတယ်၊ ပြည်သူတွေ သနားလို့ပေးတဲ့ ပေးစာကမ်းစာစားပြီး ပြည်သူတွေရဲ့ကောလာလတွေလွှင့်နေပါတယ်။ ဒီတော့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တပျက်ဆီးနေတဲ့ ဧရာဝတီ သတင်းဌာနကို ကယ်တင်ဖို့ အမြန်လိုအပ်ကြောင်း Myanmar Express မှ နှိုးဆော်လိုက်ရပါတယ်။



Myanmar Express

7 comments:

ဟုတ်လိုက်တာ... မှန်လိုက်တာ... တော်လိုက်တာ...

Dr. Chatgyi
www.drchatgyi.blogspot.com

ခုလို ကွန်းမန့်မှာ မရေးစဖူး အရေးထူးတာ တွေ့ရလို့ ဝမ်းသာပါတယ် မောင်လေးချက်ကြီး.. အစ်မတို့ ဒီမိုကရေစီဘက်တော်သားတွေက မောင်လေး ဘလော့ကို အမြဲ အားပေးလျှက်ပါ။ မောင်လေးချက်ကြီးဘလော့မှာ ကြိုက်တဲ့အချိန်ကြည့် အွန်လိုင်းပြနေတဲ့ လူအရေအတွက်က ရုရှားက လူအရေအတွက်ထက် တခြားနိုင်ငံတွေက အမြဲသာပါတယ်။

ဟုတ်လိုက်တာ မမရယ်..
မမက IQ အရမ်းမြင့်တာပဲ။
ချက်ကြီးဘလော့မှာ အွန်လိုင်းပြနေတဲ့ လူအရေအတွက်က ကျနော်တို့ ဆိုမာလီက အရေအတွက်ထက်လည်း တခြားနိုင်ငံတွေက အမြဲသာတယ်။

ဧရာဝတီ = ကယ်ပါ ကယ်ပါ
ဒေါက်တာလွဏ်းဆွေ = ကယ်ပါ ကယ်ပါ

ဧရာဝတီက ကောင်တွေနဲ့ ဒေါက်တာလွဏ်ဆွေတို့ဘလော့မှာ ရုရှားကစစ်ဗိုလ်တွေ သွားပြီး click တာတွေ ရှိတယ်။ counter မှာကြည့် ရုရှားက လူအရေအတွက် အများကြီး။ ဧရာဝတီနဲ့ ဒေါက်တာလွဏ်းဆွေကို လုပ်ကျွေးနေတဲ့ထဲမှာ ရုရှားက စစ်ဗိုလ်တွေ အများကြီးရှိတယ်။ စစ်ဗိုလ်တွေ လုပ်ကျွေးနေလို့ထမင်းစားနေရပြီး သောက်ကျေးဇူးမသိတတ်ရင်တော့ အပင်းဆို့သေကြမယ်။ သတိထား။

ဟုတ်လိုက်တာ မောင်လေးတို့ ရယ်..
မမကိုလည်း အားပေးသွားကြပါဦး

> နတ်ဆိုး <

ဒေါ်ငယ်နိုင်..ခင်များ comment ပေးတဲ့ ခေါင်းစဉ်မှားနေသလားလို့ ..
* ဧရာဝတီကို ကယ်တင်ပါ * ဆိုတဲ့ ခေါင်းစဉ်နဲ့ 
ပက်သက်ပီးအကိုယ့်အမြင်လေးကိုပြောရမှာလေ..
(နတ်ဆိုးဆိုတဲ့ မင်းကရောလို့ တော့လာမမေးပါနဲ့ ..
ခင်များကိုမြင်လို့ နဲနဲပြောစရာလေးဖြစ်သွားတာ..)
ကြည့်ကျဲ့ လဲလုပ်အုံးနော်..ဒေါ်ငယ်နိုင်ကြီး..မကြီးမငယ်နဲ့ 
ကြီးမှဝက်သက်ပေါက်တရ်ဖြစ်နေမယ်.. )
မှတ်ချက်။ ။တစ်ယောက်သောသူ(ငယ်နိုင်)ကိုသာကိုရည်ရွယ်၍တိုက်ခိုက်ပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်