Subscribe to our RSS Feed

တိုင်းရင်းသားရင်ကြားစေ့ရေး မပူပါနဲ့ မောင်နှမတွေ ရင်ကြားစေ့အောင် လုပ်ပါအုံး အန်တီစု

အတိုက်အခံတွေရဲ့ အားကိုးရာ အမေစုခေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး တို့ရဲ့ အိမ်မြေပိုင်ဆိုင်တဲ့ အမှုနဲ့ပတ်သက်ပြီး တရားရုံးတော်မှာ မကြာခင်မှာ အမိန့်ချတော့မှာ ဖြစ်ပါတယ်။ ဒေါ်စု တစ်ယောက် ယခင်တပ်မတော် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပိုင်း ဒုတိယပင်လုံညီလာခံ ဆိုပြီး တိုင်းရင်းသားတွေ အားလုံးရင်ကြားစေ့ ပူးပေါင်း ဆောင်ရွက်ဖို့ တကြော်ကြော် အော်ခဲ့တာ သိကြမှာပါ။


အခု ဒီလို တရားရုံးမှာ မောင်နှမနှစ်ယောက် အမွေကိစ္စအတွက် မောင်နှမတွေပီပီ ရင်ကြားမစေ့နိုင်၊မစည်းလုံး မချစ်ခင်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် တိုင်ကြား တရားစွဲဆိုကြတဲ့ သတင်းတွေကြားရတော့ တိုင်းရင်းသားတွေအားလုံး ရင်ကြားစေ့ ဖို့ ဒုတိယပင်လုံညီလာခံ လုပ်ပြီး ကြိုးပမ်းမယ်လို့ ဒေါ်စု တစ်ယောက် ပြည်တွင်း ပြည်ပ မီဒီယာတွေ အပေါ် တက်အော်ခဲ့တာကို ပြန်မြင်ပြီး ရယ်ချင်မိပါတယ်။ မောင်နှမနှစ်ယောက်တောင် အချင်းချင်း မညီညွတ် မစည်းလုံးနိုင်ဘဲ ကျန်တဲ့သူတွေ စည်းလုံးကြဖို့ဒေါ်စုက ဘယ်လိုများဆောင်ရွက်ပေးနိုင်မှာလဲ။ အရာရာကို အုပ်စိုးချယ်လှယ်ချင်တဲ့ ပြည်ပနိုင်ငံက ငြိမ်းချမ်းရေးနိုဗယ်ဆုကြီး ပေးအပ် ချီးမြှင့်တာခံရတဲ့ ဒေါ်စုတစ်ယောက် ဘာငြိမ်းရေးတွေ လုပ်လို့ အဲဆုတွေရခဲ့တယ် မသိပေမဲ့လောလောဆယ်မှာတော့ မောင်နှမနှစ်ယောက်ကြားတောင် ငြိမ်းချမ်းအောင် မလုပ်နိုင်တာ ဒီအမှုကိစ္စက ပြောပြနေသလိုပါပဲ။ ဒီလို မောင်နှမနှစ်ယောက်ကြားမှာ တောင် မပြေမလည် ဖြစ်နေတာ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးဆိုပြီး ဘယ်လို စွမ်းဆောင်ရည်နဲ့လုပ်ဆောင်မှာပါလဲ။တကယ်တမ်းတော့ ကျွန်တော်တို့တိုင်းရင်းသား ညီအစ်ကိုတွေကြားမှာ စည်းလုံးညီညွတ်မှု ဆိုတာ ယခင်တည်းက ရှိပြီးသားပါ။ အကြောင်းအမျိုးမျိုးကြောင့် မပြေလည်နိုင်တဲ့ အနည်းစုတိုင်းရင်းသားတွေနဲ့ လည်း ပြေလည်အောင် လက်ရှိ သမ္မတကြီးဦးဆောင်တဲ့ နိုင်ငံတော်အစိုးရကလည်း ကြိုးပမ်း ဆောင်ရွက်နေတာကိုသိကြမှာပါ။ အဲအတွက်တိုင်းရင်းသားတွေအရေးဒေါ်စုတစ်ယောက် စိုးရိမ် ပူပန်နေစရာမလိုပါဘူး။ ဒေါ်စု စိုးရိမ်ပူပန်ရမှာက အမှုကို တရားရုံးက ဘယ်လို အမိန့်ချမလဲဆိုတာပါပဲ။အမှုပြီးဆုံးတဲ့ အခါမှာလည်း ဘယ်သူပဲနိုင်သည်ဖြစ်စေ ရှုံးသည် ဖြစ်စေ မောင်နှမနှစ်ယောက်ကြား အမျက်ရှစရာ ရန်ငြိုးဒေါသမရှိဘဲ စည်းစည်းလုံးလုံး ရှိဖို့ မောင်နှမရင်ကြားစေ့ရေးကို လုပ်ဆောင်ရမှာပါ။ ဒါကြောင့်မို့ တိုင်းရင်းသားရင်ကြား စေ့ရေး မပူပါနဲ့ မောင်နှမတွေရင်ကြားစေ့အောင် လုပ်ပါအုံး အန်တီစုရေလို့ ရွှေမြန်မာ ကနေ တိုက်တွန်းလိုက်ချင်ပါတယ်။


ငယ်စဉ်အခါက မောင်နှမများချစ်ချစ်ခင်ခင်


http://goldenmyanmarnews.blogspot.com/
မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

6 comments:

စောက်ရူးတွေ အသစ်တင်စရာမရှိတော့ အဟောင်းတွေထဲ တလယ်လယ်ဖြစ်ကုန်ပြီ

ကိုယ့်မိန်းမအပတ်ဘဲ ကိုယ်ထိန်းစမ်းကွာ ။

မအေလိုး လူပါးဝလှချည်လား
မင်းမအေ စောက်ဖုတ်ကို မင်းဘာသာထိန်းပါလား
ငါ့မိန်းမဟာ ငါပိုင်ပြီးသား ၊ မအေလိုး စစ်ဗိုလ်စုတ်တွေ စောက်ဆင့်တဇက်မှ မရှိဘုး

အဟောင်းပြန်တင်ထားတာလားတော့မသိဘူးဗျာ
ဖတ်လို့တော့ကောင်းတယ်
ကျွန်တော်တို့တော့ မအားလို့အမြဲမလာဖြစ်ဘူး
အမြဲတမ်းလာအားပေးနေတဲ့လူတွေကတော့
အသစ်လားအဟောင်းလား သိမှာဗျာ
ဒိုင်ခံအားပေတဲ့ ပရိတ်သက်တွေရှိတာကောင်းတယ်ဗျာ

ကိုယ့်ဘာသာ ကိုယ်ပြန်ဆဲ ကိုယ်ဘာသာ ကိုယ်ပြန်ဆော်
သူများနာမည်ရေးလိုက် ကိုယ်ကိုကိုယ့် နွားလုပ်လိုက် ရီရတယ်
(ငါ့ဘလော့ဂ် လူစည်တယ်ပေါ့)
ကလေးပေါကြီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်