"ဒီလိုလူတွေကို နိုင်ငံရေးလှုပ်ရှားမှု့တိုင်းမှာတွေ့နိုင်တယ်။ သူတို့ကို အုပ်ပျော်လို့လည်း ခေါ်တယ်။ လူတွေအုပ်စုလိုက် စုရုံးစုရုံးလုပ်နေရင် သူ့စိတ်ကအလိုလိုပျော်လာတယ်။ ပါဝင်လှုပ်ရှားလာတယ်။ တချို့  သူတွေခေါ်တာက ဒီလိုလူမျိုး ကို ၁၀၉-၁၁၀ လို့ခေါ်တယ်။ အလုပ်မယ်မယ်ရမရှိ၊ အားနေတော့အပျင်းပြေနိုင်ငံရေးလုပ်သူများအဖြစ် ရောက်သွားတယ်။ အုပ်စုမရှိတဲ့အခါမှာ ဒီလူတွေဟာ နိုင်ငံရေးမလုပ်တက်တော့တာကိုတွေ့ရတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အုပ်စုရှိမှမဟုတ်ဘူး။ တစ်ယောက် တည်းလည်း လုပ်လို့ရတယ်။ အပျင်းပြေနိုင်ငံရေးလုပ်သူတွေများလာတဲ့အခါ ကောက်ရိုးမီးလိုပဲ ခဏလေး ငြိမ်းသွားတယ်။
ပြည်ပမှာဖြစ်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုတာကလည်း အုပ်ပျော်တွေများလာပြီး လေကန်သလိုဖြစ်လာနေပြီ။ ထိထိရောက်ရောက်မရှိသလို ဖြစ်နေတယ်။ တခုခုလုပ်ပြီးရင် စကားများ၊ ရန်ဖြစ်ပြီး ရှေ့ ဆက်လုပ်ဖို့ ရပ်တန့်သွား တာကိုသတိထားမိတယ်။ ဥပမာ- ၈၈၈၈ လေးလုံးအခန်းအနား၊ ဒေါ်စုမွေးနေ့ စတဲ့နိုင်ငံရေးအခန်းအနားလုပ် တာဟာ နောက်ပိုင်းကျတော့ ပါတီပွဲပေးသလိုမျိုး ဖြစ်လာခဲ့တယ်။
နောက်တခု ညီလာခံ။ အမေရိကမှာ ခဏခဏ ကြားရတယ်။ ဖို့ဝိန်း ညီလာခံ။ စစ်အာဏာရှင် ဖျက်သိမ်းရေးညီလာခံ။ ဟို..ညီလာခံ။ ဒီ...ညီလာခံ။ လူတွေနဲ့ ဆုံးဖြက်ချက်ချတယ်။ လူအများကြီးနဲ့ ဟို..ကော်မတီ ၊ ဒီ...ကော်မတီဖွဲ့တယ်။ နောက်ဆုံးညီလာခံရဲ့ ရလာဒ်က လူတွေစုံပြီး၊ ကော်မတီဖွဲ့စည်းရေး အဆင့်လောက်နဲ့ရပ်တန့်သွားတာများတယ်။
ကော်မတီရဲ့ သက်တမ်၊ ကော်မတီရဲ့ အောင်မြင်မှု့ကိုတိုင်းတာတဲ့ပေတံ၊ တာဝန်ခံမှု၊ စနစ်တကျရုံးအဖွဲ့၊ လူအားငွေအားတွေကို မတွေ့ခဲ့ရသေးဘူး။ အလုပ်အားတဲ့အချိန်မှာ နိုင်ငံရေးကိုအပျင်းပြေ၊ အမြည်းလုပ် သလိုတွေဖြစ်လာနေတယ်။ လူစုံပါတီပွဲမှာ ပွားမယ်၊ ပြီးရင်သောက်မယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ လူအထင်မကြီးတော့ပဲ၊ လူသစ်တွေရဲ့ ပူးပေါင်းပါဝင်မှုအားနည်းလားတယ်။ ဒါဟာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ ဒါဟာ ပါတီပွဲပေးတာသာဖြစ်တယ်။ ရှင်းလင်းပြတ်သားတဲ့ စီမံကိန်းလည်းမရှိဘူး။ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို မြင်နိုင်ရမယ်။ အခုလိုမျိုးနိုင်ငံရေးလုပ်ရှားမှုဟာ ကတယ်တန်းတော့ အရမ်းရိုးတယ်၊ ရှယ်မဖြစ်သေးဘူး။" လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်ဟောင်းတစ်ဦး က ပြောပါတယ်။

ဒီဓာတ်ပုံအထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် Myanmar Express မှ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ၁၀၉-၁၁၀ တွေ အများကြီးရှိကြောင်း ၊ ဘာမှအကျိုးမရှိတဲ့ အလုပ် တွေ လုပ်ရင်း အချိန်ဖြုန်းနေရကြောင်း၊ ဒီစိတ်ဓာတ် ဒီလုပ်ရက် ဒီအချိန်ဖြုန်းမှုတွေကို လုပ်နေသူများနဲ့ အားပေးနေသူများအနေဖြင့် အမြင်မှန် အမြန်ဆုံးမရပါက မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် ME အဖွဲ့ မှ စိုးရိမ်ရပါကြောင်း သတိပေးလိုက်ပါသည်။
8 comments:
ဒေါ်စုကိုသာမန်ပြည်သူတစ်အနေနဲ့သွာလာတာကိုမြင်ချင်ပါတယ်၊
အနားမှာရှိတဲ့လူငယ်လုံခြုံရေးတွေကြောင့်ဒေါ်စုကိုမမုန်းချင်ပါဘူး၊
ပဲခူးမြို့ကိုလာစဉ်မှာအလွန်အကဲပါလွန်းလှပါသည်၊
ဒေါ်စုကိုအပြင်မှာမမြင်ဘူးလို့စပ်စုမိတဲ့ကျွန်တော်တို့မြို့သား
တွေကိုချိုသာစွာမပြောဟောင်ပုံများကြောင့်တစ်ချို့ပြည်သူများသည်
နှာခေါင်းရှုံ့သွားကြပါသည်၊ကျွန်တော်မှာအထောက်အထားပုံများရှိပါသည်၊မဖြစ်စေလိုပါ၊
ကျွန်တော်များလူငယ်များခင်ဗျာ၊ကျွန်တော်တိုလူငယ်များသည်ဝေလေလေလုပ်ခြင်း
အကျင့်မပါသွားစေလိုပါ၊ကိုယ့်ဘဝအတွက်ကိုယ့်အကျိုးလုပ်ချိန်တန်ပါပြီ၊
လှေကားထစ်များအဖြစ်ဘဝကိုအသေမခံကြပါနဲ့ခင်ဗျား၊
ဘယ်နိုင်ငံမှာမှ မတွေ့ဖူးဘူး
အဲ့လောက်ကြီးလည်း မလိုပါဘူးကွာ
မြန်မာတွေကိုက ဗိုလ်ချုပ်ပြောသလိုပဲ တလွဲဆံပင်ကောင်းနေကြတာ
ဒေါ်စုက သာယာနေတာကြောင့်လည်းပါတယ်
ဆရာတိုးနန္ဒရေ အလကားနေရင်း "ဂျေ" ဝင်မနေပါနဲ့ဗျာ ခင်ဗျားအဖေအမေညီအကိုမောင်နှမတွေရှိရင်တောင်မေးကြည့်ပါ လူထုက ဒေါ်စုကိုချစ်နေတာ အဲ့ဒီအထဲခင်ဗျား မိသားစုထဲကတောင်ပါချင်ပါနေအုန်းမယ် ကြည်ညိုနေတဲ့အထဲနော် ခင်ဗျားအတွင်းစိတ်ကတောင် ဒေါ်စုကို အားပေးနေအုန်းမှာမညာပါနဲ့ဗျာ
> နတ်ဆိုး <
ဒေါ်စု ကိုကြည်ညိုတယ်ဆိုတော့..သူကမယ်သီလရှင်လဲမဟုတ်..
Ko net soe.you are right.i am agree with you the one above you mentioned.
စောက်တလွဲရေးမနေပါနဲ.။အောင်ဆန်းစုကြည်ဆိုတဲ.နိုင်ငံခြားသားမယား
ကတိုင်းပြည်အတွက်ဘာလုပ်ပေးနိုင်မှာလည်း။ ဒီပုံတွေမမြင်ခင်ကတဲက
အာဏာရူးမမှန်းသိတယ်။ ဂျွန်ရက်တောနဲ.တညအိပ်တာလည်းသိတယ်။
ဒေါ်စု လို့ မသုံးပါနဲ့ဗျာ...အာဇာနည်သူရဲကောင်းကြီးရဲ့ မိခင်ကို ထိခိုက်လို့ပါ...ရွက်ကြမ်းရေကျို အဖွားကြီးကို ခေါ်ချင်ရင် Mrs Aris
လို့ ခေါ်ကြပါလား...ဗိုလ်ချုပ် အမေ အစား ရင်နာလွန်းလို့ပါ....
ကျန်ဘုရားဖူးတွေ အနှောက်အယှက် ဖြစ်အောင်တော့ အခုလိုကာထား လို့ရပါတယ်။ ဒါပေမယ့် သံသရာဘေး ကိုတော့ ဒီလိုမျိုးကာထားလို့ မရပါ။ ကာသူတွေပါ အစစ်ပါ ရတော့မှာပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်