Subscribe to our RSS Feed

ပြည်ပရောက်သူများ ပြန်လာနိုင်ကြောင်း သမ္မတကြီးပြောသော်လည်း မပြန်ချင်သဖြင့် အကြောင်းအမျိုးမျိုးပြကြ

"အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားများကိုလည်း ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန် သွားတာမရှိဘူးဆိုရင် အချိန်မရွေးပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားပေးမှာဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်တဲ့ ပြစ်မှုခံယူဖို့ ပြန်လာမယ်ဆိုရင်တောင် ကျွန်တော်တို့ သဘောထားကြီးစွာနဲ့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ရိုးသားတဲ့ စိတ်ရင်းစေတနာရှိသူတိုင်းဟာ ကိုယ့်နိုင်ငံကို ချစ်ကြပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေလိုကြပါတယ်။ " ဆိုပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က သြဂုတ်လ ၁၇ ရက်နေ့ မိန်းခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးက
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာများ ပြန်လာနိုင်ကြောင်း ပြောခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာများက ပြန်မလာချင်တာကြောင့် အကြောင်းအမျိုးမျိုး ပြနေကြပြန်ပါတယ်။

အစိုးရအဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်ပြီး ဝရမ်းပြေးဖြစ်နေသူများကိုတောင် သဘောထားကြီးစဉ်းစားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်ပရောက် မြန်မာအများစုက မပြန်ချင်တာကြောင့် အကြောင်းတွေ အမျိုးမျိုး ပြနေကြတယ် လို့ ဝေဖန်သူတွေက ပြောပါတယ်။

ပြည်ပရောက် အတိုက်အခံများအနေနဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးခိုလုံခွင့်ရဖို့ အပြင်းအထန် ကြိုးစားခဲ့ရကြောင်း၊ နိုင်ငံရေးနဲ့ ပါတ်သက်ဖူးသူများကလည်း နိုင်ငံရေးနဲ့ပါတ်သက်ဖူးတာကြောင့် ပြန်သွားရင် အစိုးရက ဖမ်းမှာပဲ လို့ အကြောင်းပြကာ ရောက်ရာအရပ်မှာပဲ ဇိမ်ကျကျနေချင်ကြကြောင်း။ ပြည်ပရောက်နိုင်ငံရေးနဲ့ပါတ်သက်သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လောက် အရေးပါသူ မရှိကြောင်း။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဒေါ်အောင်ဆန်းစုကြည်ထက် အရေးပါတယ်ထင်နေကြကြောင်း၊ အခုလက်ရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်လုံးကိုတောင် နိုင်ငံရေးခရီးစဉ်တွေ သွားခွင့်၊ မိန်းခွန်းတွေ ပြောခွင့် ပေးထားတာကို အားလုံးသိနိုင်ကြောင်း။ ဒါက မြန်မာနိုင်ငံကို မပြန်ချင်တာကြောင့် အကြောင်းပြချက် သက်သက်သာဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦးက ဆိုပါတယ်။

"ရီတော့ ရီရတယ်ပြ... တချို့ကပြောကြတယ် သူတို့ကနိုင်ငံရေးသမားကြီးတွေပေါ့.. ပြန်သွားရင်အဖမ်းခံရမယ်ပေါ့...။ ကျွန်တော်မေးချင်လိုက်တာဗျ... နိုင်ငံရေးမှာ ခင်ဗျားတို့က ဘယ်လောက်များအရေးပါနေလို့တုန်းလို့...။

လွန်ခဲ့တဲ့ ၄ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်

အစိုးရအတိုက်အခံတွေထဲမှာ ခေါင်းဆောင်းဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် အစိုးရက မဖမ်းတဲ့အပြင် ခရီးစဉ် ဖြောင့်တန်းချောမွေ့ရေးအတွက်က လုံခြုံရေး လုပ်ပေးနေတာ... ခင်များတို့က ဒေါ်အောင်ဆန်းစုကြည် ထက်အရေးပါတယ်လို့များ ပြောချင်တာလား... လို့ မေးလိုက်ချင်ပါတယ်.. တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နာမည်ပြပြီး လုပ်စားနေကြသူတွေချည်းပဲ... နိုင်ငံရေးခိုလုံဖို့ဆိုတာ လွယ်တာမှမဟုတ်တာ.. UNHCR က မြန်မာအချင်းချင်းကို အမျိုးမျိုးကျစ်တယ်၊ စစ်တယ်ဗျ.. ၁၀ ကြိမ်လောက် အပယ်ခံပြီးမှ တစ်ကြိမ် ကံကောင်းလို့ပါသွားတဲ့လူတွေက ဘယ်လိုလုပ် ပြန်ချင်မှာတဲ့တုန်း... ပြီးတော့ သူတို့တွေက ဒီဖက်မှာ နေသားကျနေကြပြီ။ တစ်ဆွေလုံး တစ်မျိုးလုံးတောင် ခေါ်တဲ့လူတွေ ခေါ်နေပြီး ခေါ်ဖို့လုပ်နေတဲ့လူတွေ လုပ်နေကြပြီ... ဒီတော့ အစိုးရဖမ်းမှာကြောင့် မပြန်တာလို့အကြောင်းပြရတာပေါ့" လို့ ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ချောမွေ့ရေး တာဝန်ထမ်းဆောင်နေသည့် ယဉ်ထိန်းရဲ အရရှိတစ်ဦး

မြန်မာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က လွတ်မြောက်ခွင့်ပေးထားတာ ၁၀ လနီးပါးရှိပြီဖြစ်ပြီး နိုင်ငံရေးခရီးစဉ်များမှာတောင် အစိုးရက လုံခြုံရေးတွေ စီစဉ်ပေးနေပါတယ်။ အစိုးရကိုယ်စားလှယ်တွေနဲ့နလည်း တွေ့ဆုံခွင့်ပေးပြီး အရေးပါတဲ့ အစည်းအဝေးတွေမှာတောင် ဖိတ်ကြားထားတာတွေ ရှိပါတယ်။


နိုင်ငံခြားမှာ ပျော်ပါး စေားသောက်နေကြသည့် BDC အဖွဲ့သားများ

နိုင်ငံခြားရောက်မြန်မာတစ်ဦးကတော့ မီးပုံမှန် ပြန်လာမဲ့အချိန်၊ အင်တာနက်ကို ယူကျူ.အစရှိသည်များကို မပိတ်ပင်တော့တဲ့ အချိန် ၊ လမ်းတွေ ပြန်ကောင်းမဲ့အချိန် ၊ ဆေးရုံမှာ ပတ်တီး၊ ဂွမ်း စသည်များကို စရိတ်သက်သာစွာနဲ. အလွယ်တကူ အသုံးပြုနိုင်မဲ့အချိန် ၊ အတင်းအကျပ်၊ မထည့်မနေရ အလှူခံ မကောက်တော့မယ့် အချိန် ၊ ကိုယ်ပိုင်ကားကို လွတ်လပ်စွာ တရားဝင် ဝယ်စီးနိုင်မဲ့အချိန် ၊ ဖုန်းကဒ်ကို လမ်းဘေးဆိုင်တွင် လွယ်ကူသက်သာစွာ ဝယ်ယူနိုင်မယ့် အချိန် ၊ လစာ ကောင်းကောင်း ရတဲ့အချိန် ကျမှ မြန်မာနိုင်ငံကို ပြန်လာမယ် လို့ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားပြန် ပါရဂူဘွဲ့ရ ပညာရှင်တစ်ဦးက

"အဲ့လိုလူတွေက အများကြီးရှိတယ်... နိုင်ငံတော်အတွက် ဘာမှလုပ်မပေးတဲ့အပြင် နိုင်ငံတော်ဖက်က ပြည့်စုံမှ ပြန်လာမယ် ဆိုတာတွေပေါ့... ဒီလိုလူတွေ ထုနဲ့ဒေးရှိတယ်... နိုင်ငံတော်ထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်ကြတယ်... နိုင်ငံရဲ့ရှေ့ရေးကို လုံးဝ မကြည့်ဘူး၊ ကိုယ့်ရှေ့ရေးကိုကြည့်တယ်... ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် အလုပ်မလုပ်ပေးဘူး၊ သူများနိုင်ငံက နိုင်ငံသားတွေကို အလုပ်အကျွေးပြုတယ်... ပြည်သူတွေကို ကိုယ်ချင်းမစာဘူး... ဒါမျိုးစိတ်ရှိတဲ့လူတွေကတော့ ပြန်လာဖို့ ဘယ်လိုနားလည်အောင် ပြောပြော ပြန်လာမှာမဟုတ်ဘူး... သူတို့က အခွင့်ရေး သမားပဲလေ... သူတို့လိုချင်တဲ့ အခွင့်အရေးတွေကိုပြောထားတာပဲ.. " လို့ ဆိုပါတယ်။

"မြန်မာပြည်သူအတွက် လုပ်ချင်ရင် လုပ်လို့ရတာတွေ အများကြီးရှိတယ်ဗျ.. သူတို့ကို ဘယ်သူကမှ အတင်းရိုက်ပြီး နိုင်ငံခြား မသွားခိုင်းဘူးလေ.. သူတို့ဘာသာ မရမက သွားကြတာ.. ပြန်လာရင် လည်းဘယ်သူကမှ ဘာမှမလုပ်ဘူး.. သူတို့ဘာသာ လျှောက်ပြီးအကြောင်းပြနေကြတာ" လို့ နာရေးကူညီမှုအသင်းမှ လုပ်အားပေးလူငယ်တစ်ဦးက ပြောပါတယ်။

နိုင်ငံခြားရောက် ပြန်မာတွေက နိုင်ငံကို စောင့်ရှောက်ဖို့၊ ပြည်သူတွေကိုစောင့်ရှောက်ဖို့ ဆိုတာတွေကို လုံးဝ မစဉ်းစားကြပါဘူး။ ယုတ်စွ အဆုံး ကိုယ့်အမျိုးဂုဏ်တောင် ကိုယ်မစောင့်ထိန်းတော့ပါဘူး။ တစ်ယောက်ပြီးတစ်ယောက် နိုင်ငံခြားသားတွေကို ယူနေကြတာ အားလုံးသိနေတာပါပဲ။ အစိုးရ မကောင်းလို့ နိုင်ငံခြားသားကို ယူကြတာမှ မဟုတ်ပဲ သူတို့သဘောနှင့်သဘောသာ ယူကြတာဖြစ်ကြောင်းကို စင်္ကာပူနိုင်ငံရောက် မြန်မာမိန်းခလေး တစ်ဦးဖြစ်သည့် မဝင့်က "ယူနေကြတာပဲလေ.. အများကြီး.. တစ်ယောက်ပြီးတစ်ယောက်ပဲ... လမ်းမှာဆိုတွေ့တွေ့နေရတယ်.. တစ်ချို့ဆိုရင် အိမ်ထောင်ရှိပြီးသား သူဌေးတွေနဲ့တောင် ယူကြတယ်.. မြန်မာမ အပျိုလေးတွေက ယူတာနော်.. အရမ်းအံ့သြဖို့ကောင်းတယ်... စလုံးမှာတင်မဟုတ်ပါဘူး... နိုင်ငံခြားရောက် မြန်မာအကုန်လုံး မြန်မာအချင်းချင်းဆိုရင် လမ်းတွေ့ရင်တောင် ဝေးဝေးရှောင်တယ်.. မြန်မာတွေပဲနေတဲ့ မြန်မာနိုင်ငံကို ပါးစပ်ကတော့ ပြန်ချင်တယ်ပေါ့... တကယ်တမ်းပြန်ခိုင်းတော့ ဘယ်သူမှ မပြန်ကြပါဘူး..." လို့ ပြောပါတယ်။


ဒီလူတွေကို ယူပြီး ဒီလိုနေတာ ဟာ အစိုးရကို မကျေနပ်လို့၊ ပြန်သွားရင်ဖမ်းမှာဆိုးလို့ ပါ
(သနားပါတယ် စိတ်ညစ်နေရှာတဲ့ မျက်နှာပဲ ပိန်တောင်ပိန်နေပြီ)


ဒါအပြင် မြန်မာလို့တောင် ပြောဖို့ ရှက်နေတဲ့သူတွေ ရှိကြောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့မခံယူပဲ ပျက်ဆီးနေတဲ့ မြန်မာတွေ ရှိကြောင်းကို " တချို့ကျတော့ မြန်မာချင်းတွေ့လို့ နှုတ်ဆက်ရင်တောင် သူက မြန်မာမဟုတ်ဘူးလို့ ပြောင်လိမ်ကြတယ်.. အသိသာကြီးကို.. ခဏခဏ ပဲ ကြုံဖူးတယ်... ပြီးတော့ Living Together နေကြတယ်လေ... အပြင်မှာလဲ နေကြတယ်၊ အွန်လိုင်းမှာလဲ ရည်းစားတွေ အများကြီးပဲ... အဲဒါ ယောက်ျားလေးတွေတင် မဟုတ်ဘူး မိန်းခလေးတွေလည်း အတူတူပဲ... ပြီးရင် အကျင့်မကောင်းတဲ့ ယောင်္ကျားလေးတွေက အတူနေပြီး ဗွီဒီယိုတွေ ရိုက်ထားကြပြီး အင်တာနက်ပေါ် တင်ကြပြန်တယ်... လူငယ်တွေရော လူကြီးရော.. အရမ်းကို ပျက်ဆီးနေကြပြီ..." လို့ မဝင့် က ဆက်ပြောပါတယ်...။ "

နိုင်ငံကိုစွန့်ခွာပြီး ပြည်ပမှာ အလုပ်အကျွေးပြုနေသူအများစုမှာ စင်္ကာပူနိုင်ငံမှာဖြစ်ပြီး ထိုင်း၊ မလေးရှား နဲ့ ဂျပန်နိုင်ငံတွေ မှာ လည်း အများကြီးရှိပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေ အများဆုံးလုပ်တဲ့အလုပ်ကတော့ အိမ်ပေါ်၊ သန့်ရှင်းရေး၊ စားပွဲထိုး နဲ့ တခြား အလုပ်ကြမ်းတွေ များပါတယ်။


"မြန်မာအစိုးရအနေနဲ့ ပြည်နှင်ဒဏ်ပေးထားတဲ့လူ တစ်ယောက်မှမရှိဘူး... အပြစ်ရှိတဲ့လူတွေက ကိုယ်လုပ်ထားတဲ့အပြစ်ကိုယ် ပြန်ခံ ရမှာ ကြောက်လို့ နိုင်ငံခြား ထွက်ပြေးတာပဲရှိတယ်" လို့ ရဲ တပ်သားတစ်ယောက်က ပြောပါတယ်။

UNHCR အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကနေ အခုချိန်အထိ ဒုက္ခသည် အမည်ခံပြီး မြန်မာနိုင်ငံမှာ မနေချင်ပဲ နိုင်ငံခြားမှာ အခြေချပြီး နေထိုင်ဖို့ ကိုယ့်သဘောနဲ့ကိုယ် လာရောက်လျှောက်ထားသူပေါင်း
၇၀,၀၀၀ ကျော်ကို တတိယနိုင်ငံတွေ ပို့ပးခဲ့ရပါတယ်။



အစိုးရကို မကျေနပ်လို့ ဘောင်းဘီရှည်ဝတ် ဆံပင်ဂုတ်ဝဲထားပြီး ဘဝမေ့နေတဲ့ ငယ်နိုင်


မီးတို့က ဒုက္ခသည်ပါ..
အစိုးရကို မကျေနပ်လို့ ဘောင်းဘီတိုပဲဝတ်တယ်


10 comments:

ဒေါ်အောင်ဆန်းစုကြည်တောင် အမေသေမှ မပြန်ချင် ပြန်ချင်ပြန်လာတာ
ခုခေတ်နိုင်ငံခြားရောက်နေတဲ့လူတွေက ဒေါ်စုထက် လိမ်မာအုံးမှာလား

မပြန်ဘူးမပြန်ဘူး
မြန်မာနိုင်ငံပြန်ရောက်ရင် လစ်ဗင်းတူဂဲသား နေချင်တိုင်းနေလို့မရမှာဆိုးလို့

ကိုဒေါ်လာစားကြီးများ ပေးသော ကွန့်မန့် များကို ဖက်ချင်ပါတယ် တစ်ယောက်မှ မပေးကြတော့ဘူးလားးးးးးးးးးးးးးး))))))))))))))))

ပြန်မလာနဲ့
ပြန်လာလည်း ဘာမှနိုင်ငံနဲ့လူထုကို အကျိုးပြုမဲ့လူတွေမဟုတ်ဘူး

ဦးအောင်ုကီးပြောတာပဲ
စစ်တပ်ကိုစိတ်နဲတောင်မပြစ်မှားနဲ့။
ဦးနေ၀င်းပြောတာပဲ
စစ်တပ်ဆိုတာပစ်ရင်မှန်အောင်ပစ်တယ်
မိုးပေါ်ထောင်ပြီး..ဖောက်တာ..မပါဘူး။
သမ္မတုကီးဦးသိန်းစိန်ကပြောတာပဲ
“ပြန်လာပါ.. ပြန်လာကြပါ”တဲ့
ဘယ်ဟာ အမှန်လဲဟင်??

ဟုတ်ကဲ့ ပြန်ခြင်ပါတယ် သို.သော် ဒါမျိုးတွေ ဘယ်တော့အဆုံးသတ်မှာလဲ ... Human Rights Abuses at Gas Pipeline

ပထမဆုံး ထွက်လာရတာလဲ ဒါတွေကြောင့်ပါ နိုင်ငံရေးကြောင့် မဟုတ်ပါဘူး။ ခုလဲ ဆက်တွေ.နေရအုံးမယ် ဆိုရင် ဘယ်လိုလုပ်ကိုင် စါးသောက်ကြရ မှာလဲ ?

Land confiscations and other human rights violations have been reported in northern Shan State during the last few weeks since the start of the Shwe pipeline project to export gas and oil to China.
http://www.irrawaddy.org/article.php?art_id=21916

ဟုတ်ကဲ့ ပြန်ခြင်ပါတယ် သို.သော် ဒါမျိုးတွေ ဘယ်တော့အဆုံးသတ်မှာလဲ

Human Rights Abuses at Gas Pipeline to China...
http://www.irrawaddy.org/article.php?art_id=21916

ပထမဆုံး ထွက်လာရတာလဲ ဒါတွေကြောင့်ပါ နိုင်ငံရေးကြောင့် မဟုတ်ပါဘူး။ ခုလဲ ဆက်တွေ.နေရအုံးမယ် ဆိုရင် ဘယ်လိုလုပ်ကိုင် စါးသောက်ကြရ မှာလဲ ?

Land confiscations and other human rights violations have been reported in northern Shan State during the last few weeks ,
since the start of the Shwe pipeline project to export gas and oil to China.

http://www.irrawaddy.org/article.php?art_id=21916

သွားချင်လွန်းလို. မြန်မာနိုင်ငံက သိန်းပေါင်းများစွာ အကုန်ခံ ပြီး ဒုက္ခသည် အဖြစ်ခံ ယူပြီး သွားထားရတာ။ တကယ် အစစ်အမှန် ဒုက္ခသည်တွေကို မ ဆိုလိုပါ။ မလေးဗီဇာက ရဖို.ခက်တော့ စင်ကာပူကို အလာပြ မလေးဗီဇာလျှောက် ရတော့ သွား ပြီးအို ပြီး ယူအင်try တစ်ချို.ကတော့ un card လေးကိုင်ပြီး စလုံးမှာအလုပ်လုပ်။ ယူအင်ကခေါ်တော့လည်း ခွင့် ယူပြီးသွားလိုက်။ တစ်ချို. ကလည်း ကဒ်လေးရပြီဆိုတော့ မြန်မာပြည် ပြန် သူနဲ. တွဲလုပ် ထားတဲ့ လူက un interview ဆိုရင် လှမ်းခေါ် လိုက်နဲ. ဟန်ကိုကျလို.။ unhcr ရဲ. ဒုက္ခသည်က မြန်မာနိုင်ငံမှာနေပြီး မလေးနဲ. အကူးအသန်းလုပ်ပြီးဒုက္ခသည် ဖြစ်နေတာ လည်းတွေ. ဘူးပါရဲ.။ ဘယ်သူတစ်ယောက်ကမှ သူ.ကို ဒုက္ခ မပေး ပါဘူး၊ စိတ်ချလက်ချြ့ပန်လာခဲ့ ပါ။

ပြန်လာမှာပါ.....

သမ္မတကြီးခင်ဗျာ ဒီလိုလူတွေကိုခေါ်စရာလုံးဝမလိုပါ သူ့အတတ်သူစူးသောနေတွင် ခွေးပြေးဝက်ပြေးပြန်လာကြမည်မှာ မုတ်ချဖြစ်ပါသည်။ လက်ရှိတွင်လည်း ပြည်ပြေးများ မိမိနေရာရာရန်
ခွေးတိုးဝက်ဝန် လုပ်ဆောင်နေကြသည်မှာမျက်မြင်ပါ။
ဥပမာ ။ ။မာမာအေး။စိုးသူ။လားရှိုသိန်းကြာင်။သီးလေးသီး ဆိုသောသူများဖြစ်ပါတယ် ။စိတ်ညစ်စရာ ပေါက်လွတ်ပဲစားများအား နိုင်ငံတော်ဒုက္ခရောက်စဉ် အေးအတူပူအမျှနေထိုင်ခဲ့သောတိုင်းရင်းသားများ မျက်နှာကိုထောရှုသောအားဖြင့် တင်ပြအပ်ပါတယ်။ရောက်နေသော ကြောင်သူတော်ပြည်ပြေးများကြောင့်တောင်တော်တော်စိတ်ညစ်စရာကောင်းနေပါပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်