Subscribe to our RSS Feed

ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ပါ... မပါဝင်ရင်တော့ ဆက်လက်တိုက်ခိုက်မည် ဟု ပြောကြား


နိုင်ငံငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့နှင့် ပူးပေါင်းမပါဝင်ပါက ဆက်လက်ပြီးတိုက်ခိုက်ခံနေရအုံးမှာ ဖြစ်ကြောင်း ကို စစ်ပွဲများရပ်စဲရေး၊ လွတ်လပ်စွာ သဘောထားကွဲလွဲရေး နှင့် ဒီမိုကရေစီ အရေး ဆိုတဲ့ စကားတွေကို အမြဲပြောတတ်တဲ့ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တာလီဘန်တွေကို ပြောကြားလိုက်ပါတယ်။

ဟီလာရီကလင်တန်ဟာ သမ္မတအိုဘားမားရဲ့ အားအကိုးရဆုံး ဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာကွဲလွဲခွင့်ရရေးနဲ့၊ ဒီမိုကရေစီအရေးအပြင် အစိုးရရဲ့ လက်နက်ကိုင်တိုက်ခိုက် မှုတွေကိုပါ အပြစ် တင်နေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာ အမေရိကန်ရဲ့ သြဇာမခံတဲ့ အစိုးရတွေကို လက်နက်ကိုင်ပြီး အစိုးရဆန့်ကျင်သူတွေကို မတိုက်ခိုက်ဖို့ အပြစ်တင်နေချိန်မှာ တခြားတစ်ဖက်မှာတော့ အမေရိကန်နဲ့ အဆင်ပြေတဲ့ အစိုးရတွေဖက်ကလိုက်ပြီး အစိုးရဆန့်ကျင်သူတွေကို လက်နက်ချဖို့နဲ့ လက်နက်မချရင် ဆက်တိုက်မယ်ဖြစ်ကြောင်းတွေကို အာဏာရှင်ဆန်စွာ ပြောဆိုလျှက် ရှိပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စိုးရိမ်ကြောင်း မပြောခဲ့ကြပါဘူး။ ဘန်ကီမွန်း၊ ကင်တင်းနား၊ မစ်ရှဲ နဲ့ ဂျွန်မက်ကိန်းတို့လည်း စိုးရိမ်ဖို့ မေ့နေကြပါတယ်။


တစ်ချိန်က ဦးနေဝင်း ပြောခဲ့တဲ့ ဆူဆူပူပူလုပ်ရင် တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုချက်ကို မြန်မာအတိုက်အခံတွေက ဝေဖန်ခဲ့ကြပေမယ့် အခု ဟီလာရီကလင်တင်ပြောတဲ့ အစိုးရနဲ့မပူးပေါင်းရင် ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်မယ် ဆိုတဲ့စကားကိုတော့ မသိချင်ဟန်ဆောင်ပြီး အမေရိကန်ကို ဘုရားလို ကိုးကွယ်နေကြတုန်းပဲဖြစ်ပါတယ်။

မြန်မာအစိုးရကို ထိုးစစ်တွေရပ်ဖို့ ဆိုပြီး မြန်မာပြည်တွင်းက အစိုးရဆန့်ကျင်သူတွေရာ၊ ပြည်ပက အစိုးရ ဆန့်ကျင်သူ တွေအပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မကြာခဏ ပြောကြားခဲ့ပေမယ့်။ ဟီလာရီကလင်တန်ရဲ့ ထိုးစစ်တွေ ဆက်လုပ်ဖို့ ပြောကြားချက်ကိုတော့ အားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကုလသမ္မဂ္ဂအစည်းအဝေးမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အာဏာရှင်ဆန်မှု၊ နိုင်ငံငယ်တွေကို ရန်တိုက်ပေးမှု၊ ကမ္ဘာကြီးကို စစ်တွေဖြစ်အောင် လုပ်ဆောင်မှုတွေကြောင့် အပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာဖဂန်နစ္စတန်မှာ ရောက်နေပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က သမ္မတ ဟာမစ် ခါဇိုင်း ၊ တခြား အာဖဂန် အရာရှိ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရအတိုက်အခံအဖွဲ့အစည်းတွေနဲ့ လူထုခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။

အာဖဂန် နစ်စတန်မှာ အမေရိကန်တပ်တွေ ထားရှိပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော် ကြာမြင့်ပြီဖြစ်ပြီး ၂ဝ၁၅ ထိ အမေရိကန် တပ်တွေကို ထားရှိအုံးမှာ ဖြစ်ပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်