Subscribe to our RSS Feed

အတိုက်အခံ အင်အားစုများရဲ့ ငွေကြေးအရှုတ်တော်ပုံများကို ဆက်လက်ဖွင့်ချမည်

ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရဲ့ ငွေကြေး အရှုပ်တော်ပုံ ကိစ္စ နဲ့ ပတ်သက်လို့ DVB က စာနယ်ဇင်းရှင်းတမ်းအဖြစ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကိစ္စတွေဟာ ပြည်တွင်းက သတင်းထောက်တွေ၊ ထိုင်းနိုင်ငံ အခြေစိုက် ချင်းမိုင်က သတင်းထောက်တွေနဲ့ မပတ်သက်တဲ့အတွက် ရုပ်သံနဲ့ သတင်းလွှင့်ချက်တွေကို ပုံမှန်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လောလောဆယ် အရှုပ်ထုပ်ကို ရှင်းနေချိန်၊ စုံစမ်းစစ်ဆေးနေချိန်မှာ DVB ရဲ့ စီမံခန့်ခွဲမှုအပိုင်းနဲ့ ပတ်သက်လို့ တာဝန် အရှိဆုံး လူတွေဖြစ်တဲ့ ကိုခင်မောင်ဝင်းနဲ့ ကိုအေးချမ်းနိုင်တို့ နုတ်ထွက်ပြီး လောလောဆယ် စီမံခန့်ခွဲမှု အပိုင်းကို ဦးဟန်ညောင်ရွှေက တာဝန်ယူထားပါတယ်။

DVB လိုသတင်းဌာနတစ်ခုကတောင် ငွေကြေးအလွဲသုံးစားမှုရှိတယ်ဆိုရင် ကျန်တဲ့ အဖွဲ့ တွေ ဘယ်လောက်တောင်ဆိုးလိုက်မလဲဆိုတာ သုံးသပ်နိုင်ပါတယ်။ ဥပမာ နိုင်ငံရေးကို အကြောင်းပြပြီး ငွေတောင်းတဲ့အဖွဲ့ တွေ...NCUB/NCGUB/FDB/ AAPP/ FTUB စတဲ့ ထိုင်းအခြေစိုက်အဖွဲ့ တွေဟာ လွန်ခဲ့တဲ့ ၁ဝ-နှစ်ကျော်ကတည်းက နာမည်အမျိုးမျိုး ခေါင်းစဉ်အမျိုးအမျိုးနဲ့  ပြည်ပအန်ဂျီအိုတွေကနေ တောင်းစားလာတာ ကြာပါပြီ။ အဲဒီမှာ အဆိုးဆုံးက ပြည်တွင်းယူဂျီလုပ်ငန်းအတွက် သုံးတဲ့ငွေပဲဖြစ်ပါတယ်။ စာရင်းဇယားကို ဘယ်လို ရှင်းရမှန်းတောင်မသိကြပါဘူး။ အစိုးရကို ခိုးတယ်လို့ အမြဲ စွပ်စွဲနေကြတာ သူတို့ဖြစ်ပြီး စွပ်စွဲနေတဲ့ ပြည်ပ အတိုက်အခံတွေအားလုံးကလည်း သူခိုးကြီးတွေ ဖြစ်ပါတယ်။ ပြည်တွင်းက အတိုက်အခံတွေကလည်း အမျိုးမျိုး လိမ်စားကြပြန်ပါတယ်။

ဦးဟန်ညောင်ရွှေဟာ တော်လှန်ရေးစားဖားကြီးတစ်ကောင်ဆိုတာ အစောကတည်းက အားလုံးသိပြီးဖြစ်ကြပါတယ်။ တချိန်လုံး ဂွင် ပဲ ချောင်းနေသူဖြစ်ပါတယ်။ ငွေပဲမဲတဲ့လူပါ။ ဘယ်ရောက်သွားလဲ National Reconcilation Program-NRP ၊ ဘယ်လောက်အောင်မြင်ခဲ့လဲ။ သူ့ ကြောင့်အမျိုးသားသင့်မြတ်ရေးရပြီလား။ ဘယ်မှာလဲ ရှင်းတမ်း။ EBO ဆိုက ရလိုက်တဲ့ငွေ နဲ တာမဟုတ်ပါဘူး။ ဝက်ဆိုက်မှာ ကြည့်လို့ရပါတယ်။ အခု ဒီဗွီဘီ က CEO ဖြစ်သွားပြန်ပါပြီ။ လစာဘယ်လောက်ရလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဦးဟန်ညောင်ရွှေတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ NLD က သက်ကျားအို ကြီးတွေအနေနဲ့ အခုလိုမျိုး အသက်ကြီးပြီး နိုင်ငံရေးကို စိတ်ဝင်စားတာက ထူးဆန်းပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငွေကြေး အထောက်အပံ့သာ မရကြည့်ပါလား။ ဒီလူတွေ ဘယ်တော့မှ မလုပ်တော့ပါဘူး။

နိုင်ငံတကာမှ ရှိတဲ့လူတွေက ဒီလိုမျိုး ရှေ့ ဆက်တိုးလို့ မရအောင် လုပ်သင့်ပါတယ်။ မြန်မာအတိုက်အခံအားလုံး လိင်ကိစ္စနဲ့ ငွေကြောင့်ပဲ အားလုံးပျက်စီးရပါတယ်။ အခု ဒီဗွီဘီက ကိုမျိုမင်းအောင်ဆိုတာက မဲ့ဆောက်ကို စရောက်ကတည်းက ကွန်ပြူတာနဲ့  ဆိုင်ကယ်အသစ်နဲ့ပါ။ အေအေပီပီအဖွဲ့ ဝင် တစ်ဦး ဖြစ်ပါတယ်။ လက်တော့ကို ဘယ်သူမှ မကိုင်နိုင်တဲ့အချိန်မှာ သူကလက်တော့နဲ့ ဘန်ကောက်က Dentention Center အခု သူတို့ လင်မယားပါလာသေးတယ်။ အမှန်တော့ နိုင်ငံရေးအကျဉ်းသားဆိုပြီး လိမ်စားနေ သူတစ်ဦးပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းဆိုသူတွေကို ယောင်မှားပြီး အထင်ကို မကြီးကြပါနဲ့။ ထောင်ထဲမှာ ငတ်နေတုန်း က ပုံစံတွေက တမျိုး။ သူတောင်းစား ထမင်းဝတော့ေ-ာက်ကြီးေ-ာက်ကျယ်လုပ်ပြီး နိုင်ငံရေးကို ဘန်းပြပြီး အသားကုန်ခိုးကြပါတော့တယ်။ အခု ဒီဗွီဘီက ၂ဝ၁ဝ-ခုနှစ် စာရင်းရှင်းတမ်းမှာတောင် မြန်မာငွေသိန်းသုံးထောင်ဆိုရင် ဒီဗွီဘီစထောင်ကတည်းက ဘတ်လိုက်တဲ့ငွေ ဘယ်လောက်ရှိမလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။

နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ထောင်ကျနေတာပဲ ကောင်းပါတယ်။ ထောင်ထဲကနေ ထွက်မလာသင့်ပါဘူး။ နိုင်ငံအတွက်လည်း အကျိုးပြုမယ့်လူတွေ မဟုတ်သလို ပြည်သူအတွက်လည်း ဘာမှမလုပ်နိုင်ကြသူတွေပါ။ ဒါကြောင့် အခု ထောင်ကျနေတဲ့ အကျဉ်းသားတွေ လွတ်လာမှာကို စိုးရိမ်မိပါတယ်။ ထောင်ထဲက အခု အကျဉ်းသားတွေသာ လွတ်လာရင် အချင်းချင်း စားခွက်လုပြီး ဒီထက်ဆိုးတဲ့ ပြဿနာတွေ ထွက်လာအုံးမှာ အသေအချာပါပဲ။

ပြည်ပက ခေါင်းဆောင်တွေထဲမှာ နာမည်မပျက်ပဲ နေတဲ့လူဆိုလို့ တစ်ယောက်မှမရှိပါဘူး။ ကိုယ့်အကျိုးအတွက် ပြည်ပထွက်လာမှတော့ အားလုံးက ကိုယ့်အကျိုးအတွက်ပဲ အလုပ်လုပ်ကြတော့တာပါပဲ။ ကိုယ့်သားသမီးအနာဂါတ်နဲ့ ကိုယ့်မိသားစု ချမ်းသာဖို့ပဲ ခေါင်းထဲမှာ စဉ်းစားကြပါတယ်။ ပိုက်ဆံကို ဘယ်လိုလိမ်တောင်းရမလဲ ဆိုတာကို အမြဲ ကြံစည်နေပါတယ်။ ပြည်တွင်းမှာ မုန်တိုင်းတိုက်ချိန်၊ စစ်ဖြစ်ချိန် ဆိုရင် ပြည်ပအတိုက်အခံတွေ အားလုံး က အားရဝမ်းသာစွာနဲ့ ငွေတောင်းကြတော့တာပါပဲ။ ပြည်သူတွေရဲ့ လုပ်စာကို စားနေတယ် ဆိုတာ ပြည်ပ အတိုက်အခံတွေကမှ အစစ်ပါ။

အခုလည်း ထိုင်းနိုင်ငံမှာနေပြီး ပြည်တွင်းလုပ်ငန်းဆိုပြီး လိမ်စားနေတဲ့လူတွေ သတိထားကြည့်ကြပါ။ တနေ့ ကျရင် သူတို့ရဲ့ ခိုးယူမှုတွေ ထပ်ပြီး ပေါ်လာအုံးမှာ ဖြစ်ပါတယ်။ အခုလက်ရှိ အစိုးရ အတိုက်အခံတွေ အားလုံးနဲ့ ဒီမိုကရေစီဆိုတာနဲ့ လုံးဝ မထိုက်တန်ပါဘူး။

ပြည်တွင်းမှာနေပြီး တောင်းစားနေတဲ့ သူတောင်းစား တစ်ယောက်ကမှ ပြည်ပက အစိုးရဆန့်ကျင်သူတွေ အားလုံးထက် ဂုဏ်ရှိပါသေးတယ်။ ပြည်ပအတိုက်အခံတွေအနေနဲ့ အရည်အချင်းမရှိမှန်း၊ ငတ်လို့ ခိုးကြမှန်း နားလည်ပေမယ့် ကိုယ့်ဘာကို ခိုးတာကို သူများကို ခုတုံးလုပ်တာကိုတော့ လက်မခိုင်နိုင်ပါဘူး။

ဦးဟန်ညောင်ရွှေ ခေါ် စားဖားကြီး



ဦးစိန်ဝင်းနဲ့အစိုးရဟာ ယခင်တုန်းက ဇော်ဦး၊ ဦးစိုးပိုင်၊ ကိုမောင်မောင်၊ ဦးဟန်ညောင်ရွှေ၊ ကိုသောင်ထွန်း၊ ကိုနိုင်အောင်တို့ကို အမာခံထားပြီး နိုင်ငံတစ်ကာက ငွေကြေးတွေကို မအောင်မြင်ခဲ့တဲ့ ပရောဂျက်ပေါင်းများစွာနဲ့ တင်တောင်းပြီး ဒီမိုကရေစီအတွက်ရလာတဲ့ ငွေကြေးတွေကို စိတ်ရှည်လက်ရှည် ဖြုံးတည်းနေကြသူတွေ ဖြစ်ပါတယ်။ ကိုမောင်မောင်ကငွေရှာကောင်းခဲ့လို့ အမ်စီယူဘီမှာ အတွင်းရေးမှုး ဖြစ်သွားပြီးမှ ဦးစိန်ဝင်းတို့နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားကြတာပါ။ ကိုမောင်မောင်အတွင်းရေးမှုးလုပ်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ဟာလည်း အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အလုပ်သမားဝန်ကြီး ဦးလှဦး ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တစ်ခုပါ၊ တကယ်တော့ သူတို့အားလုံးဟာ အရင်တုန်းက အလွန်ချစ်ခင်ကြတဲ့ နိုင်ငံရေးမဟာမိတ်တွေပါဘဲ၊ နိုင်ငံတကာက ဒီမိုကရေစီကို ထောက်ခံတယ်ဆိုပြီး မဖြစ်စလောက် ထောက်ပံ့ပေးနေသည့် ဒေါ်လာနဲ့ယူရိုနောက်ကိုလိုက်ရင်း အရင်းအမြစ်နေရာချင်း တူနေလို့ ခွါပြဲခဲ့ကြတာဖြစ်ပါတယ်။

အမ်စီယူဘီရော အမ်စီဂျီယူဘီရော နိုင်ငံရေးအရအားနည်းချက်ရှိနေတာ အမှန်ပါဘဲ၊ လူကနည်းပြီး တပ်ပေါင်းစုတွေများလာတာရယ်၊ မျောက်သစ်ကိုင်းကူးသလို ဟိုရောက်လိုက်ဒီရောက်လိုက်၊ ပရောဂျက်ရအောင်ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့တွေကို အားရှိလာအောင် ပေါင်းပြီးတပ်ပေါင်းစုထဲက တပ်ပေါင်းစုငယ်တွေပြန်ပေါ်လာ စသည်ဖြစ်ရှုပ်ထွေးနေကြပါတယ်၊ ဘယ်သူမပြု မိမိမှုဆိုသလို မိမိတို့အားလုံးမှာတာဝန်ရှိသလို ဦးဆောင်ဖွဲ့စည်းတဲ့သူတွေဟာလည်း နိုင်ငံရေးအရ ပိုပြီးတာဝန်ရှိပါတယ်၊ ငွေရှာပေးနိုင်တယ်ဆိုပြီး နိုင်ငံရေးအရအားနည်းချက်ရှိနေသူကို အမ်စီယူဘီမှာ အထွေထွေအတွင်းရေးမှုး နေရာပေးတာတွေ၊ လူမှုရေးဖေါက်ပြန်မှုနှင့် ကျောင်းသားတပ်မတော်မှာဖြစ်ခဲ့တဲ့ ကချင်လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးမှာ ဗဟိုကော်မီတီတစ်ယောက် အနေနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ လူမျိုးတွေကို ပူပူနွေးနွေး တပ်ပေါင်းစုကလေးမှာ ဥက္ကဌအဖြစ်တင်မြှောက်ထားတာတွေဟာ အင်မတန်မှ အကျည်းတန်တဲ့ ငွေရှာ နေရာယူနိုင်ငံရေးဖြစ်လာပါတယ်။

နိုင်ငံရေးမှာ သန့်သန့်စင်စင်ခေါင်းဆောင်တွေကို ရှာဖွေတင်မြှောက်ပေး ရန်လိုသလို သန့်သန့်စင်စင် ခေါင်းဆောင်တွေကိုရဘို့ရန် အလွန်ပင်ခက်ခဲပြီး အခုချိန်မှာဆိုရင် လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ငွေရှာနေရာယူနိုင်ငံရေးကို ဆက်လက်ကျင့်သုံးပါက အဲဒီခေါင်းဆောင်တွေဟာ ငွေရှာတာတွေနဲ့အချိန်ကုန်ပြီး ဘာမှမလုပ်နိုင်ဘဲ ငွေရှာရေးပေါ်လစီကို ဦးစားပေးမိမှာမို့ မှန်ကန်တဲ့တိုက်ပွဲဝင်လမ်းကြောင်းကို လျှောက်နိုင်မှာမဟုတ်ပါဘူး။ စေ့စပ်ရေးကိုအရေခြုံပြီး လူကြားကောင်းအောင် နိုင်ငံရေးအကျဉ်းသမားတွေအမြန်ဆုံးလွှတ်ပေးပါ တောင်းဆိုယုံနဲ့တော့ နိုင်ငံတကာကလည်းတာဝန်ကျေပေးတဲ့ နိုင်ငံရေးသနားကြေး၊ စာနာကြေးလေး လောက်တော့ ဆက်ရနေကြဦးမှာပါ၊ တော်လှန်ရေးဆိုတာလည်းဖြစ်မလာ လက်နက်တွေဗုံးတွေလည်း ဖြစ်မလာဘူးဆိုရင်တော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ “ရရင်ရ မရင်ချ” ရမဲ့အချိန်အခါမှာ အမ်ဂျီအိုတွေက မဖြစ်စလောက်ပေးတဲ့ငွေကြေး တွေဟာ ဒီမိုကရေစီအရေးအတွက်တော့ အဆိပ်အတောက်တွေပဲ ဖြစ်နေပါတယ်။

မြန်မာစားဖါးတွေနဲ့ အမ်ဂျီအိုစားဖါးတွေပေါင်းပြီး၊ အမေရိကားနဲ့ဥရောပမှာခြေရှုပ်နေကြပါတယ်၊ မဟာဗျူဟာဆွေးနွေးပွဲ လုပ်တယ်ဆိုပြီး ကိုနိုင်အောင်ကနေ သူသြဇာညောင်းတဲ့သူတွေကို ဥရောပကို အပျော်ခရီးထွက်သလိုလက်ရွေးစင်ခေါ်ယူသွားပြီး ဆွေးနွေးပွဲ တွေကိုလုပ်ပါတယ်။ ထွက်လာတဲ့ ရလဒ်က ခပ်ပျော့ပျော့လေးရယ်၊ ငွေတောင်းလို့ကောင်းရုံလေးပါဘဲ။

ဦးစိန်ဝင်းဦးဆောင်တဲ့အစိုးရမျိုးက လွှဲမှားနေတဲ့ပေါ်လစီကို ကျင့်သုံးနေတယ်လို့ လူအများက ယုံကြည်ကြပါတယ်။ မြန်မာပြည်ဒီမိုကရေစီရရှိအောင် ဘယ်လိုမှစွမ်းဆောင်နိုင်မှာမဟုတ်တဲ့ အသနားခံပေါ်လစီကို အမြဲတန်းကိုင်ဆွဲထားတဲ့ ဦးစိန်ဝင်း ဦးဆောင်တဲ့ အစိုးရမျိုးကို ဘယ်သူကမှ မထောက်ခံကြပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်လည်း ဦးစိန်ဝင်းနဲ့ အတူတူပဲဖြစ်ပါတယ်။

မြန်မာပြည်သူအားလုံးကို ပြောချင်တာကတော့ ဒီထက်ရှုတ်ထွေးတဲ့ ငွေကြွေးအရှုတ်တော်ပုံတွေ၊ လိင်ကိစ္စအရှုတ်တော်ပုံတွေ အများကြီး မြန်မာအတိုက်အခံလောကမှာ ရှိပါသေးတယ်။ မြန်မာလူထုအနေနဲ့ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်း ဆိုတာတွေကို တစ်ခုမှ မယုံကြပါနဲ့၊ ပြည်တွင်းက အစိုးရဆန့်ကျင်သူတွေကိုလည်း သတိထားကြပါ။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့လူတွေကတော့ အဆိုးဆုံးပဲ ဖြစ်ပါတယ်။ အခြေအနေပေးရင် Myanmar Express မှ ထပ်ပြီး ဖွင့်ချပြပါအုံးမယ်။

7 comments:

Myanmar Express
မင်းတို့ဘယ်သူတွေလဲ၊ ဘယ်ကလဲဆိုတာ ငါတို့သိတယ်
မင်းတို့လည်းတစ်ချိန်တုန်းက ဒီအလုပ်တွေကို အတူလုပ်ခဲ့တာပဲ
နောက်မှ မင်းဘာမင်း မကျေနပ်လို့ထွက်သွားတာ
အခုမှ ဝါးလုံးရှည်နဲ့ရမ်းပြီးတော့ အကုန်သိမ်းကြုံးမပြောနဲ့

DVB ထက် ဆိုးတဲ့ နေရာတွေရှိသေးတယ်ဗျို့
ပြောတော့မပြောတော့ဘူး

ဒီမိုကရေစီလို့ နေ့တိုင်းအော်နေပြီး
လွတ်လွတ်လပ်လပ်ကို ခိုးနေကြပါလား

အေး အဲ့ဒါပေါ့ကွာ ဗမာပြည်သားတွေသခိုးဖြစ်တာ သခိုးတိုင်းပြည် သူခိုးအုပ်ချုပ်တဲ့ အောက်မှာနေရတော့ ခိုးရဝှက်ရတဲ့အရသာကို သိပြီး ခိုးကုန်ကြတာပေါ့

ဟုတ်ပါ့ဗျာ
ဦးဟန်ညောင်ရွှေလို သူခိုးတွေကို အုပ်ချုပ်ခိုင်းမှာတော့ ခိုးနေကြအုံးမှာပဲ

ဟဲဟဲ.... တိုးဇော်လတ်ကြီး ၇ှက်ရမ်းရမ်းနေပြီ.....

ချက်ကြီးဆိုပြီး ဝင်ဝင်ဟောင်နေတဲ့ ဘန်ကောက်က မျိုးဟန်ထွန်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်