Subscribe to our RSS Feed

ဒေါ်လာသူခိုးများစုဝေးရာ စတုတ္ထမဏ္ဍိုင် DVB


နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB ဒေါ်လာ သုံးသိန်းကျော် ပျောက်ဆုံးမှု ဖြစ်ခဲ့ပါတယ်။ ခိုးယူသူမှာ ၃ ဦး ဖြစ်ပြီး လောလောဆယ်တော့ ရုံးတင်ခံထားရပါတယ်။ ထိပ်တန်းခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ လက်ထောက် ညွန်ကြားရေးမှူး တို့လည်း ရာထူးမှ ဖယ်ရှားခံလိုက်ရပါတယ်။

ခိုးယူသူ သုံးယောက်မှာ ထိုင်းနိုင်ငံ မဲဆောက်က ဖြစ်ပါတယ်။ မဲဆောက်ရုံးကနေ နော်ဝေနိုင်ငံ အော်စလို ရုံးချုပ်ကို တင်တဲ့ စာရင်းမှာ သုံးသိန်းကျော်ကွာဟနေရာက စတင်ခဲ့တာဖြစ်ပါတယ်။ အမှုဆောင်ညွန်ကြားရေးမှုးနှစ်ဦးမရှိချိန်မှာ ဦးဟန်ညောင်ရွှေက ဦးဆောင် ညွှန်ကြားရေးရာထူးကို ခဏ ယူထားကြောင်း သိရပါတယ်။

DVB အပါအဝင် ပြည်ပအခြေဆိုက် သတင်းဌာနတွေမှာ ၈၈ ကျောင်းသားဟောင်းတွေ၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေ နဲ့ အစိုးရ အတိုက်အခံတွေက အများဆုံးနေရာယူထားကြတာဖြစ်ပြီး အခု ဒေါ်လာ သုံးသိန်း ပျော်ဆုံးမှုဟာ ဒီနှစ်မှ ဖြစ်တာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေဟာ ပြည်ပနိုင်ငံတွေဆီက ဒေါ်လာ အလှူခံတောင်းစားနေကြသူများဖြစ်ပြီး အခုလို ဒေါ်လာ ခိုးမစား သင့်ကြောင်းကို မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက အခုလိုပြောပါတယ်..

"ဒီ ပြည်ပအခြေဆိုက် သတင်းဌာနတွေဆိုတာ ဒီလိုပဲ နိုင်ငံခြားက ဒေါ်လာ တောင်းစားနေရတာလေ.. ခုတော့ တောင်းစားတဲ့ အဆင့်ကနေ ခိုးစားတဲ့ အဆင့်တောင် ရောက်ကုန်ပြီဆိုတော့ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်ဗျာ.. သူတို့တွေက နိုင်ငံအတွက်လုပ်တာလည်း မဟုတ်ဘူး၊ ဒီမိုကရေစီ အတွက်လုပ်တာ မဟုတ်ဘူး.. ဒေါ်လာလိုချင်လို့ လုပ်တယ်ဆိုတာကို သက်သေပြလိုက်သလိုပဲ.... ကိုယ့်ကို ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ ခွေးလိုပေါ့ဗျာ... နောက်ဆုံးတော့ သူတို့ကို ထမင်းကျွေးထားတဲ့ DVB လည်း သိက္ခာကျတယ် နောက်ဆို ဘယ်နိုင်ငံကမှ အလှူငွေထည့်မှာမဟုတ်တော့ဘူး... " လို့ပြောပါတယ်..

ဒါ့အပြင်
DVB အပါအဝင် ပြည်ပအခြေဆိုက် မီဒီယာများအနေနဲ့ သတင်းတွေထုတ်လွှင့်ရာမှာ လိမ်ညာမှုတွေလည်း ရှိပြီး ခု ခိုးယူမှုတွေပါ ဖြစ်နေတာဟာ သတင်းဌာနမှာ ရှိသူတွေရဲ့ သီလ သမာဓိ ဘယ်လောက်ချို့ယွင်းကြောင်း သက်သေဖြစ်တယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

"အရင်တုန်းကကတည်းက ပြည်ပမီဒီယာတွေရဲ့ ထုတ်လွှင့်မှုတွေက လိမ်ညာမှုတွေပါတယ် မုသာဝါဒါ ကို ကျူးလွန်းနေတယ်လို့ အားလုံးက သိနေကြတယ်ဗျ... အခုတော့ အဒိန္နာဒါနာ ကိုပါ ကျူးလွန်ပြန်တော့ ဘာ သီလ ဘာသမာဓိမှ မရှိတော့ဘူး၊ ကိုယ်ကျင့်တရားလည်း ပျက်နေပြီဆိုတာ သက်သေပြလိုက်တာပါပဲဗျာ... " လို့ သူက ဆက်ပြောပါတယ်။

ဒီခိုးမှုကြောင့် မြန်မာနိုင်ငံသားများအပေါ် ပြည်ပနိုင်ငံများမှ အထင်အမြင်သေးမှုတွေ တိုးပွားလာနိုင်ကြောင်း သုံးသပ်သူများလည်းရှိပါတယ်။ မဲဆောက်မှ DVB တာဝန်ခံ ဒေါ်လာ သူခိုး သုံးဦးကို ဒီလအတွင်း ရုံးတင်မှာ ဖြစ်ပြီး။ DVB ရဲ့ ဂရက်ကြောင့် တခြားသတင်းဌာနတွေက သတင်းထောက်တွေလည်း မျက်ခုံးလှုပ်နေရကြောင်း သိရပါတယ်။


Myanmar Express

4 comments:

ဒီမိုသူတောင်းစားလုပ်ရင် နည်းနည်းပဲရမယ်
ဒီမိုသူခိုးလုပ်တာ့ အထုတ်ကြီးလိုက်ရတာပေါ့
ဒီမိုကရေစီရဖို့ ခိုးရတာပါဗျာ

ဒီမိုသူခိုး တွေ မြန်မာပြည်အုပ် ချုပ်လို့ က ဒေါ်စုဘောင်းဘီတောင် ခိုးမယ်.ကောင်တွေ...မြန်မာအစိုးရလာတ် စားလောက်ကသနားတယ်...ဟဲဟဲ

ဘာဖြစ်လဲကွာ ခိုးတယ်ကွာ သူ့များ မယား လည်းနိုက်တယ်ကွာ မဟုတ်တာတွေလည်းပြောတယ် ကွာ
ဒါပေမဲ့ မင်းတို့လို ပင်ပင်ပန်းပန်းသေနက်ကိုင်ပီးတိုက်နေရတာမဟုတ်ဘူးကွ
အေးအေးဆေးဆေးပဲနေရတယ် လီးပေါ့ကွာ

မမိုက်ရိုင်းကြပါနဲ့ရှင်
ခိုးတာကို လူသိလို့ ကျွန်မတို့အတိုက်အခံတွေ သိက္ခာတစ်စက်မှမရှိအောင် ကျနေရတဲ့အထဲ
မိုက်ရိုင်းကြတာ လူသိပြီး ခွေးဖြစ်အောင် မလုပ်ကျပါနဲ့တော့ရှင်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်