Subscribe to our RSS Feed

အမေရိကန် နဲ့ ဒီမိုကရေစီ နိုင်ငံကြီးများကို အတုယူပါ၊ လက်ရှိမြန်မာအစိုးရနဲ့ နှိုင်းယှဉ်ပါ



သင်တို့အားကျ ကြတဲ့ လက်ရှိ အမေရိကန် နဲ့ အနောက်နိုင်ငံတွေမှာ

အစိုးရက Freedom, Human rights, Democracy ဆိုတဲ့ စကားတွေကို အပ်ကြောင်းထပ်နေအောင်ပြောတယ်

ဒါပေမယ့်

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ငရုတ်ကောင်းရည်နဲ့ မျက်နှာပက်တယ်၊ အကြမ်းဖက်ဖြိုခွဲတယ်...

အပြစ်မဲ့တဲ့လူထုက ရဲတွေကို ဒူးထောက် ရှိခိုး ကြတယ်

ရဲတွေက ဖမ်းဆီးတယ်၊ လက်ကိုင်တုန်နဲ့ရိုက်တယ်၊ ခြေထောက်နဲ့ကန်တယ်

အစိုးရကတော့ ပြည်သူတွေ တောင်းဆိုတာကို လုပ်မပေးဘူး....

စကားလုံးအကြီးကြီးတွေ ဆက်ပြောနေတယ်

ဒါကို အပြောတခြား အလုပ်တခြား လို့ခေါ်တယ်



သင်တို့တွေ နေ့စဉ် အပြစ်တင်နေတဲ့ လက်ရှိ မြန်အစိုးရက

အမေရိကန်လို စကားလုံးအကြီးကြီးတွေ ခဏခဏမပြောဘူး၊

သူများနိုင်ငံတွေရဲ့ နိုင်ငံရေးတွေကို ဝင်စွက်ဖက်တာ မရှိဘူး

ဒါပေမယ့်

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ငရုတ်ကောင်းရည်နဲ့ မဖျန်းခဲ့ဘူး၊ အကြမ်းဖက် မဖြိုခွဲခဲ့ဘူး

ဆန္ဒပြသူတွေက ရဲတွေကို မထီမဲ့မြင်ပြုကြတယ်

ရဲတွေက မဖမ်းဘူး၊ တရွတ်တိုက်မဆွဲဘူး၊ လက်ကိုင်တုတ်နဲ့မရိုက်ဘူး၊ ခြေထောက်နဲ့ မကန်ဘူး

လက်ဖျားနဲ့တောင် မထိခဲ့ဘူး

အစိုးရကလည်း ဆန္ဒပြသူ ပြည်သူတွေရဲ့ သဘောအတိုင်း မြစ်ဆုံစီမံကိန်းကို ရပ်ပြီး လွှတ်ငြိမ်းချမ်းသာခွင့်တွေကို ထုတ်ပြန်နေတယ်.....။

ရုပ်မြင်သံကြားတွေ၊ ရေဒီယိုတွေကနေ အစိုးရက ပြည်သူကို ကြီးကြီးကျယ်ကျယ်တွေ အပတ်စဉ် တိုက်ရိုက်မပြောဘူး၊ အမေးအဖြေတွေ မလုပ်ဘူး။

ဒါကို ပါးစပ်နဲ့ လေလုံးမထွားဘူး၊ အလုပ်နဲ့သက်သေပြတယ်လို့ခေါ်တယ်။




Myanmar Express

3 comments:

http://2.bp.blogspot.com/-EmC09w5Sp7c/TpswHtOemdI/AAAAAAAAAF0/rMloZicR6Gw/s640/new+land.png

ဒါလဲ ဗြိတိသျှ လွှတ်တော်အမတ် တင်ထားတဲ့ ပို့ စ်ပါဗျာ။

အပေါ်က Anonymous ကလည်း
အမေရိကန်နဲ့ အနောက်နိုင်ငံကို ပြောတာကို
သူ့ပထွေးကို ပြောတာကျနေတာပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်