Subscribe to our RSS Feed

အရေးကြီး သွေးကွဲကြစို့

အရေးကြီး သွေးနီး ဆိုတဲ့ စကား မြန်မာစာပေမှာ ရှိခဲ့ပေမယ့် မြန်မာအတိုက်အခံတွေအတွက်ကတော့ အရေးကြီးချိန်တိုရင် အားလုံးက ကိုယ်လွတ်ရုန်းပြေးကြပါတယ်။ နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ - DVB သတင်းဌာနတွင် မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ ခန့် တန်ဖိုးရှိသည့် အမေရိကန်ဒေါ်လာ သုံးသိန်း ငွေစာရင်းကွာဟာမှုကြောင့် ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့နှစ်ဦးကအုပ်ချုပ် ရေးရာထူးများမှာ ယာယီ နှုတ်ထွက်ထားပြီး အမှု မှန်ပေါ်ပေါက်ရန်အတွက် နော်ဝေရဲဌာနမှအမှုဖွင့် စစ်ဆေးနေကြောင်း DVB က ထုတ်လွှင့်သွားပါတယ်။ ငွေးကြေးအရှုတ်အထုတ်တွေနဲ့ ဖြုတ်ထုတ်ရှင်း လုပ်နေချိန်မှာပဲ VJ အဖွဲ့က DVB မှ ထပ်ပြီး ခွဲထွက်သွားပြန်ပါတယ်။ မြန်မာအတိုက်အခံ အင်အားစုတွေ အနေနဲ့ အခုလို မျိုး ငွေးကြေးအရှုတ်အထုတ် ပြဿနာတွေ အမြဲလိုလို ဖြစ်နေတတ်ပြီး ပြဿနာဖြစ်လာတိုင်းမှာ ကိုယ်လွတ်ရုန်းပြီး တစ်ခြားတစ်ယောက်ကို ချောက်တွန်းတက်ပါတယ်။ ပြီးခဲ့တဲ့ မလေးရှား NLD-LA မှာ ဖြစ်တဲ့ ငွေးကြေးကိစ္စတုန်းကလည်းပဲ လက်တွဲဖော်အချင်းချင်း ချောက်တွန်းမှု ဖြစ်ခဲ့ပါတယ်။ အခု DVB ရဲ့ သိန်း သုံးထောင် ကျော် ကို လည်း ခိုးယူသူတွေက ရာထူးကြီးပိုင်းတွေ ဖြစ်ပြီး စွပ်စွဲခံရသူတွေက ချောက်တွန်းခံရသူတွေသာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ အခြေအနေမကောင်းချိန်မှာ VJ အဖွဲ့ကတော့ ကိုယ်လွတ်ရုန်းပြီး ထွက်သွားပါပြီ။ VJ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကတော့





2 comments:

ပြည်သူတွေဆီက အခွန်အခတွေ ကောက်ပြီး
အလွဲသုံးစားလုပ်တဲ့ DVB အား ရှုံ့ချကြ

တိုင်းပြည်ရောင်းစားတဲ့အာဏာရူးသခိုးကြီးတွေဆီက အရိုးအရင်းကိုက်ပြီး ပြည်သူတွေကို လိမ်ညာလှည့်ဖျားနေတဲ့ ရုရှားဗိုလ်ပြုတ် ကြံ့ဖွတ်များအား ဝိုင်းဝန်းဖင်ချကြ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်