Subscribe to our RSS Feed

တိဘက်သို့လက်နက် ခဲယမ်းများ ရောင်းချပေးနေသူ ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ယူနန်ပြည်နယ်တွင်တရုတ်အစိုးရကဖမ်းမိ (ပေးစာ-၃၅)


ပေကျင်း အောက်တိုဘာ၂၁

တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့ကြိုးစားနေတဲ့ တိဗက်လွတ်မြောက်ရေး တပ်ဖွဲ့တွေထံ လက်နက်ခဲယမ်းနဲ့မိုင်းတွေ ရောင်းချနေတဲ့ အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံယူနန်ပြည်နယ် မှာ မနေ့ကဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေဟာ ယူနန်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ကချင်လူမျိုးစုတွေဖြစ်ပါတယ်။သူတို့တွေကို တရုတ်ထောက်လှမ်းရေးတပ်ဖွဲ့တွေကအသေးစိတ် စစ်ဆေး နေတယ်လို့ဆင်ဟွာသတင်းဌာနမှာဖော်ပြထားပါတယ်။

လက်နက်တွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော်၊ (KIA) စစ်ရုံးချုပ်တည်ရှိတဲ့ လိုင်ဇာ လက်နက် စက်ရုံကနေထုတ်လုပ်တဲ့လက်နက်ခဲယမ်းတွေဖြစ်ပါတယ်။KIA တပ်မတော်အနေနဲ့ လိုင်ဇာမှာ လက်နက်စက်ရုံတွေတည်ထောင်ထားပါတယ်။နည်းပညာပိုင်းအနေနဲ့ တရုတ်ပညာရှင်နှစ်ဦးနဲ့ထိုင်ဝမ်က နည်းပညာတွေနဲ့တည်ဆောက်ထားပေမဲ့လက်နက်တွေကအဆင့်သိပ်မမြင့်လှပါဘူး။ သူတို့ KIA တပ်ဖွဲ့မှာ လေယာဉ်ပစ်လက်နက်တွေလဲ ထုတ်လုပ်နေနိုင်ပြီလို့ ဖမ်းမိတဲ့ ကချင်လူမျိုးတွေရဲ့ထွက်ဆိုချက်ထဲမှာပါရှိ ပါတယ်။

KIA တပ်ဖွဲ့တွေအနေနဲ့ ငွေကြေးအခက်အခဲနဲ့ ရိက္ခာမလုံလောက်မှုတွေ တွေ့ကြုံနေရတဲ့အတွက် ရိက္ခာဝယ်ယူဖို့ ငွေကြေးရှာဖွေရာမှာ လက်နက်ခဲယမ်းရောင်းဝယ်ခြင်းလုပ်ငန်းလဲပါဝင်နေပါတယ်။ KIA တပ်တောဟာ မြန်မာအစိုးရနဲ့ မသင့်မမြတ်ဖြစ်ပြီးတဲ့အချိန်ကစပြီး အစိုးရရဲ့ကူညီမှုမရတော့ဘဲသီးခြားရပ် တည်ပြီး အစိုးရတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်နေပါတယ်။အဲဒီအချိန်ကစလို့ လက်နက်ခဲယမ်းတွေကို အိန္ဒိယနယ်စပ်ကတော်လှန်ရေးအဖွဲ့အစည်းတွေကို ရောင်းချပေးနေခဲ့တာဖြစ်ပါတယ်။

တိဗက်လွတ်မြောက်ရေးတပ်ဖွဲ့တွေကိုလဲ ၂၀၀၉ခုနှစ်ကထဲက လက်နက်ခဲယမ်းတွေရောင်းချ ပေးနေတာဖြစ်ပါတယ်။အခုဖမ်းဆီးရမိတဲ့ သူ(၁၇)ဦးမှာ KIAတပ်ဖွဲ့ဝင် (၁၀)ဦးပါရှိပြီး ကျန်တဲ့သူတွေက ယူနန်ပြည်နယ်ထဲမှာနေထိုင်တဲ့ကချင်လူမျိုးစုတွေဖြစ်တယ်လို့ဆိုပါတယ်။ အရင်တုန်းက မူးယစ်ဆေးဝါး တွေကိုတရုတ်ဘက်ကနေထိုင်းနဲ့အနောက်နိုင်ငံတွေအထိပို့ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန် မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအဖွဲ့တွေကနေ စောင့်ကြည့်ခြင်းနေတဲ့အတွက် မူးယစ်ဆေးဝါးကိုထင်ထင် ပေါ်ပေါ်မလုပ်တော့ဘဲ လက်နက်ခဲယမ်းရောင်းဝယ်တဲ့အလုပ်ကိုသာတွင်တွင်ကျယ်ကျယ်လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့ KIA တပ်ဖွဲ့တွေကို စောင့်ကြည့်နေတာမို့ အခုလိုမျိုးလက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခြင်းပဲဖြစ်ပါတယ်။KIAတပ်ဖွဲ့တွေကမြန်မာနဲ့တရုတ်တို့ဖက်စပ်လုပ်ကိုင်တဲ့ဧရာဝတီမြစ်ဆုံ ရေကာတာ ကိစ္စမှာဖျက်ဆီးနှောင့်ယှက်မှုတွေရှိနေတဲ့အတွက်တရုတ်ဘက်ကအခုလိုမျိုးစောင့်ကြည့်နေခြင်းဖြစ်ပါတယ် အသေးစိတ်သတင်းအချက်အလက်တွေကိုဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြ ထားပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်