Subscribe to our RSS Feed

လူ့အခွင့်အရေးတန်းတူရရေးလို့သာအော်နေပြီး လူသားအချင်းချင်း ခွဲခြားဆက်ဆံနေတဲ့ ဇာဂနာ

မကြာသေးခင်က ထောင်ကလွတ်လာတဲ့ လူပျက်ဇာဂနာ တစ်ယောက် ထောင်တကာလှည့်ပြီး ထောင်ကျ နေသူတွေကို ထောင်ဝင်စာ လိုက်တွေ့နေတာဟာ ထောင်ကိုသံယောဇဉ် မပြတ်လို့ ပဲလား၊ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်နေတာပဲလား ဆိုတာတော့ ဇာဂနာကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဇာဂနာဟာ ထောင်ဝင်စာတွေ လိုက်တွေ့နေပေမဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေအားလုံးကို မဟုတ်ဘဲ သူနဲ့ ပါတနာကျရာ လူတွေကိုပဲ ထောက်ပံ့ပစ္စည်းတွေ ပေးနေတာလို့သိရပါတယ်။

ဇာဂနာ သွားရောက်ခဲ့တဲ့ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ ထောင်သားရဲ့ အဒေါ်က"ဇာဂနာ က ထောင်ကျနေသူတွေကို ပစ္စည်းတွေ လိုက်ပေးနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲတာကလည်းသူနဲ့ နီးစပ်ရာ နီးစပ်ရာ ကိုပဲပေးတာပါ။ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ပဲပေးတာလို့တော့ ပြောကြတာပဲ။ ကျွန်မတူလေး ကနိုင်ငံရေး အကျဉ်းသား မဟုတ်လို့ လား တော့မသိဘူး အဲတာ တွေ မရပါဘူး"

နောက် တစ်ဦးကမူ" ဇာဂနာက လူ့အခွင့်အရေးအတွက်ဆိုပြီးသာ လုပ်နေတာပါ။တကယ်တော့ သူ့အခွင့် အရေးတွက် လုပ်နေတာ။ ထောင်ကျနေတာချင်း အတူတူ ကျန်တဲ့လူကျ ဘာလို့မထောက်ပံ့လဲ။ ကျန်တဲ့ အကျဉ်းသားလည်း လူပဲလေ။ လူ့အခွင့်အရေး တန်းတူဆိုပြီး ဘာလို့ ကျန်တဲ့ထောင်သားတွေကျ မပေးရတာလဲ"

နောက် အကျဉ်းကျခံနေရသူတစ်ဦးရဲ့ အစ်ကိုဖြစ်သူက " ဇာဂနာ က လှူတာတောင် အခွင့်အရေးကြည့်လှူ တာဗျ။ သူ့လို အမှုတွေနဲ့ ထောင်ကျနေတဲ့ လူတွေကိုပဲ သူကလှူတာ။ ကျန်တဲ့လူကျ လူမဟုတ်တဲ့အတိုင်း လှူတာတွေ မရပါဘူးဗျာ။ သူ့လိုလူတွေပဲ သူကလှူတော့ ဟိုလူတွေပြန်လွတ်လာရင် သူ့ဘက်ကိုစည်းရုံး ပြီးသား ဖြစ်တာပေါ့ဗျာ။ ဒါပါပဲ လူ့အခွင့်အရေးလို့ အော်နေပြီး လုပ်နေတာတွေက ကိုယ့်အခွင့်အရေး အတွက်ဖြစ်နေတယ်ဗျာ။"

နောက်ဒေသခံတစ်ဦးက"ကိုဇာဂနာ လှူတာတော့ ၀မ်းသာပါတယ်။ဒါပေမဲ့ သူက ထောင်ကျနေတဲ့ လူတွေချင်းတူတူ နိုင်ငံရေးအကျဉ်းသားတွေမှ ရွေးလှူတယ်ဆိုတော့ ဒါဘာသဘောလဲ။ ကျန်တဲ့လူတွေက သူ့အတွက် အရေးမပါလို့လား။ သူ့အတွက် အသုံးမ၀င်လို့လား။ ဒီလိုတော့ မခွဲခြားသင့်ပါဘူး။ အားလုံးက လူတွေပဲလေ ထောင်ကျနေတဲ့ သူအချင်းချင်း လှူတာမရတဲ့ အကျဉ်းသားတွေလဲ ဘာပဲဖြစ်ဖြစ် လိုချင်ရှာမှာပေါ့။ တချို့ ဆင်းရဲလို့ ထောင်ဝင်စာ မတွေ့နိုင်တဲ့ အကျဉ်းသားတွေ ရှိတယ်လေ။ ဒီလိုခွဲခြားခံရ တော့ သူတို့လဲ ဘယ်စိတ်ကောင်းပါ့မလဲ။"

ဇာဂနာသည် ထောင်ဝင်စာများ အမှန်တကယ်လိုက်တွေ့ အလှူတော့လုပ်ပါ၏။ ဒါပေမဲ့ သူ့အတွက် ပေါ်ပြူလာ ဖြစ်အောင် ထောက်ခံမှုရအောင် နိုင်ငံရေးအကျဉ်းသား ဆိုသူတွေကိုသာလှူသည်။ ဒီလိုမှမဟုတ် မင်းတို့ ငါလှူတာတွေနဲ့ ထောင်ထဲမှာပဲ အေးအေးဆေးဆေးနေကြပါကွာ ဆိုတဲ့ အဓိပ္ပာယ် လားတော့မသိ။ ဘာလိုပင်ဖြစ်စေ ဇာဂနာသည် လူ့အခွင့်ရေးတန်းတူရရေးလို့သာ အော်နေပြောနေသည်။ သူ၏ အများအကျိုးအတွက် လုပ်ဆောင်မှုတွေက ဘာမှ မရှိ။ ပြည်သူတွေအတွက် အထောက်အကူမရ။ နိုင်ငံရေးအကျဉ်းသားမှ လူမဟုတ်။ ကျန်တဲ့လူတွေလည်း လူဖြစ်သည်။ အကူအညီလိုနေသော ထောက်ပံ့မှု လိုနေသောသူများ အပြင်တွင် အများကြီးရှိသည်။ လှူလို့ရသည်။ ပေးကမ်းထောက်ပံ့လို့ရသည်။ ဇာဂနာ၏ လုပ်ရပ်များသည် အခက်အခဲဖြစ်နေသူများကို အမှန်တကယ် ကူညီနေသော ပရဟိတ အဖွဲ့လောက်တောင် လူသားချင်းစာနာမှု မရှိ။ ထို့ကြောင့် ဇာဂနာ ဘယ်လောက်ပင် လူ့အခွင့်အရေးတန်းတူရရေး၊ ဒီမိုကရေစီရေး ဟုအော်နေပါစေ သူ့ရဲ့ လုပ်ရပ်များက လူအချင်းချင်းခွဲခြားမှု တန်းတူမထားရှိမှု မိမိနှင့်ပါတနာကျသူများသာ အခွင့်အရေးပေးမှု စသည်တို့ကို ထင်ထင်ရှားရှားဖော်ပြ နေသည်ကို ပြည်သူများ သိရှိနိုင်ရန် ရွှေမြန်မာမှ ထောက်ပြလိုက်ရပေသည်။

လူအခွင့်အရေးတန်းတူရရေးအတွက်ဆိုပြီး ထောင်သားအချင်းချင်းခွဲခြားပြီး
ထောက်ပံ့တဲ့ ဇာဂနာ

http://goldenmyanmarnews.blogspot.com/2011/10/blog-post_26.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

3 comments:

မျိုးဆက်သွေးရေးတဲ့ "လုပ်မစားတတ်တော့သူများနဲ့ လုပ်စားတတ်သူများ" http://padaukmyay.blogspot.com/2011/10/blog-post_26.html

((အခု ပြောင်းနေတာတွေ နောက်ကြောင်း ပြန်လှည့် သွားမှာကို စိုးရိမ်တဲ့သူတွေက အစိုးရဘက်မှာ သဘောထား တင်းမာသူတွေ ရှိနေပြီး သူတို့ကြောင့် အခု လုပ်နေတာ အကုန် ပြန်ပျက် သွားလိမ့်မယ်လို့ ပြောတယ်။
ဒါကလည်း စိုးရိမ်သင့်တဲ့ အချက်ပဲ။))...တဲ့


မျိုးဆက်သွေး ရေ- ခြိမ်းခြောက်လှချည့်လား။ လူသားစါးတဲ့ ဘီလူးကို သက်သတ်လွတ်စါးဖို. သင်နေတာပါ စိတ်ရှည်ကြပါလို. ဆိုခြင်တာလား-

((ဒီနေ့ ဒေါ်စုနဲ့ ဇာဂနာတို့က အာရပ် နွေဦးပုံစံက အလုပ် မဖြစ်တော့ဘူးလို့ ပြောတာကို နားမလည်နိုင်ဘူး။))
မောင်ရင် တို. အနှစ်၂၀ကျော် ပါယ်ပါယ် နယ်နယ် အပုပ်ချခဲ့ ထောင်ချ နှိပ်ကွပ်ခဲ့တဲ့ " ဒေါ်စုနဲ. ဇာဂနာ" တို.ရဲ. ပြောစကားကိုတောင် ရည်ညွှန်းနေရပြီ ဆိုတော့ ၊ အင်း ..မောင်ရင်တို. ခွက်ပျောက်ဖို. ရက်တွေ နီးလာတာ ထင်ရှားနေတယ်။

အနှစ်၂၀ကျော် တိုင်းပြည်ကိုပြည်ပထံ ရောင်းစါး လုပ်စါး လာခဲ့ကြတဲ့ လူကြီးဆိုသူတွေ လဲ လောလောဆယ်တော့ လူမြင်ကွင်းက ခဏပျောက် တွင်းအောင်း နေကြပုံထောက်တော့ အရင်က စါးကွက်တွေ နဲ.ဆက်စါးဖို. မလွယ်တော့ လို. ဆိုတာ "အာရပ်နွေဦး" ဖြစ်ရပ်နဲ. ဆက်စပ် တွေးကြည့်ရတာပေါ့ နော။

သိပ်လဲမကြောက်ကြ- မချောက်ကြပါနဲ. လေ-
တိုင်းပြည်လူထုအတွက် positive result လိုခြင်ရင် လွယ်ပါတယ်၊
ထောင်ထဲ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေး၊
ပြည်တွင်း တိုင်းရင်းသားတွေ အားလုံး နဲ. အပစ်ရပ် ငြိမ်းချမ်းရေးယူ ညှိနှိုင်း၊ အတိုက်အခံတွေနဲ. ဆွေးနွေး အပေးအယူလုပ်၊ ပြည်သူ.ဖက်ကို မျက်နှာမူပြီး ပြတ်ပြတ်သားသား လုပ်သင့်တာလုပ်။

မြန်မာတွေ အခြင်းခြင်းပဲဟာ- လူကိုလူလိုမြင်ရင် လူလို လေးစါးတတ်ရင် လက်ရှိ ပြသနာတွေအားလုံး တဖြေးဖြေးပြေလည် သွားမှာပါ။

ဘုရာေးဟာလဲ ရှိပါ့ "အမှန်တရားကလွဲရင် ဘယ်ဟာမှ ကြာရှည် မတည်မြဲဘူး" တဲ့။

သိသိကြီးနဲ. မဆလ/နအဖ လို ဆက်မိုက် ကြလို.ကတော့ "ဆဒမ်ဟူစိမ်နဲ. ဂဒါဖီ" တို.က သင်တို.ကို လက်ကမ်း ကြိုဆိုနေကြ ပါလိမ်.မယ်။

စွယ်စုံရ အနုပညာရှင် ဇာဂနာနှင့် တွေ့ဆုံခြင်း

ပိတောက်မြေ ။ http://padaukmyay.blogspot.com/2011/10/blog-post_27.html

လူမြင်ကွင်းမှ ကာလ အတန်ကြာ ပျောက်ကွယ်နေတဲ့ သူတစ်ဦး သီတင်းကျွတ် လပြည့်နေ့မှာ ထွက်ပေါ် လာပါတယ်။ သူကတော့ သူ့ဘဝ သက်တမ်း တလျှောက်မှာ ထောင်လေးကြိမ် ကျဖူးတဲ့ အနုပညာရှင် ဦးသူရ(ခ) ဇာဂနာပဲ ဖြစ်ပါတယ်။ အခုလို ထောင်သွင်း အကျဉ်းချခံရရာမှ ပြန်လည် လွတ်မြောက် လာတဲ့ စွယ်စုံရ အနုပညာရှင် ဇာဂနာနဲ့ အင်တာဗျူးဖို့ သူ့ရဲ့ နေအိမ်ကို ရောက်ခဲ့ပါတယ်။

အနုပညာရှင် ဇာဂနာက ထောင်ကနေ ထွက်လာပြီး နောက်ပိုင်းမှာတော့ ထူးထူးခြားခြား ပျော်ရွှင်မှု မရှိဘူးလို့ စဆိုပါတယ်။ သူနဲ့ တွေ့တဲ့ အချိန်မှာတော့ ထောင်ထဲမှာ
နေခဲ့ရတဲ့ အခြေအနေတွေ၊ အပြင်ကို ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ လတ်တလော လှုပ်ရှားမှု စတာတွေကို မြန်မာပိုစ့် သတင်းဂျာနယ်က
တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

ဇာဂနာ - ဒီလိုဗျ၊ ကျွန်တော် ထောင်ကျတာ လေးခါဖြစ်နေပြီ၊ တကယ်တော့ ထောင်ကနေ ထွက်ရတာ ပျော်စရာပါ။ တကယ်လည်း ပျော်သင့်ပါတယ်။ ဒါပေမယ့် အဲဒီနေ့က မပျော်နိုင်ပါဘူး။ မပျော်နိုင်ရခြင်းကလည်း ကျွန်တော့် သူငယ်ချင်းတွေ ထောင်ထဲမှာ အများကြီး ရှိတယ်။ မြစ်ကြီးနားထောင်မှာ ကျွန်တော် အပါအဝင် လွတ်လာတာက သုံးယောက်၊ ကျန်ခဲ့တာ ၁၄ ယောက်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်….။ အဲဒီလူတွေ မလွတ်သေးသမျှ ကျွန်တော် မပျော်နိုင်ဘူး။

( ဆက်ဖတ်ပါလားဗျို. ) ပိတောက်မြေ ။ http://padaukmyay.blogspot.com/2011/10/blog-post_27.html

စွယ်စုံရ ဆိုတဲ့ စာလုံးကို ဘက်စုံထူးချွန်ပြီး အရမ်းတော်တဲ့လူတွေမှာ သုံးတာလေ... ခု ဇာဂနာက ဘာမှလည်း မတတ်၊ ဘာမှလည်း မသိဘူး.. ပါးစပ်ထဲရှိတာတွေ လျှောက်ပြောနေတာ...

http://myanmarexpress.blogspot.com/2011/10/blog-post_23.html

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်