Subscribe to our RSS Feed

ဒေါ်စုမှ ညီညွတ်ကြဖို့ ပြောသော်လည်း စင်္ကာပူရောက်မြန်မာများ မညီညွတ်နိုင်ကြသေး (ပေးစာ - ၃၁)


၂၆-၀၉-၂၀၁၁ Singapore နိုင်ငံတွင် လိမ်လည်မှုတစ်ခုဖြစ်ပွါးခဲ့သည်။ ဖြစ်စဉ်မှာ Shwe Thadar Pte.Ltd. (111 North Bridge Rd #04-45A, Peninsula Plsza, Singapore 179098) ၏ပိုင်ရှင်ဖြစ်သူ စံဦး (၂၆ နှစ်) Passport No.863028၊ Employment Pass FIN No.G0648722Q ကိုင်ဆောင်သူသည် မြန်မာသံရုံးတွင် Passport သက်တမ်းတိုး၊ အခွန်ဆောင်၊ မှန်ကန်ကြောင်းထောက်ခံစာများကို ကိုယ်စားလှယ်လွှဲစာများနှင့်အတူ တရားဝင် တာဝန်ယူဆောင်ရွက်ပေးနေသူဖြစ်သည်။ အဆိုပါနေ့စွဲတွင် Passport စာအုပ် ၄၂ အုပ်၊ ကိုယ်စားလှယ်လွှဲစာများ၊ အခွန်ဆောင်ရန် ငွေကြေး (S$ 100,000) တစ်သိန်းနီးပါးနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားသည်။ အဆိုပါနေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနု (သပြေနု) မှ၊ အခွန်ဆောင်ရန်အပ်နှံထားသော စာအုပ်များကို ပြန်လည်ရယူရန် တယ်လီဖုန်းဖြင့် ဆက်သွယ်တောင်းယူရာတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။ ထို့ကြောင့် ၄င်းရှိနိုင်သည်ဟု သတင်းရရှိသော "မိုး" PP အခွန်ဆောင်၊ သက်တမ်းတိုး အကျိုးဆောင်အိမ် (BLK-27, #05-186 Lorong 6, Toa Payoh, S310027) သို့ လိုက်လံရှာဖွေရာ တရားခံအားမတွေ့ရပဲ မိခင်ဖြစ်သူ ဒေါ်သဒ္ဒါဖြူနှင့်သာတွေ့ဆုံခဲ့ရသည်။ ဒေါ်သဒ္ဒါဖြူကို စစ်ဆေးမေးမြန်းရာ သားဖြစ်သူ စံဦးသည် ငွေများနှင့်ထွက်ပြေးသွားကြောင်း၊ သူမ၏ နိုင်ငံကူးလက်မှတ်ကိုပါ ပေါင်နှံထားကြောင်းသိရသည်။ ၄င်း၏သားဖြစ်သူ စံဦး၏လုပ်ဆောင်ချက်များသည် သူမနှင့်မည်သို့မျှမသက်ဆိုင်ကြောင်း၊ မည်သို့မျှလုပ်ဆောင်မပေးနိုင်ကြောင်း၊ နိုင်ငံကူးလက်မှတ်များမှာ စံဦး၏ Employer ဖြစ်သူ မအေးမာ (ASK AMYA Travels and Tours Pte.Ltd) ထံတွင် အပ်နှံထားကြောင်းဝန်ခံပြောဆိုသည်။ အထက်ပါဝန်ခံချက်အရ မအေးမာ၏ နေအိမ် (Blk-113, Braddle Rd, Lorong 1) တွင် PP (passport) စာအုပ်များကို လိုက်လံသိမ်းဆည်းရာ၊ စာအုပ်များနှင့်အတူ ဖမ်းဆီးရရှိသည်။ သိမ်းဆည်းရရှိသော စာအုပ်များကို ဒေါ်သန်းသန်းနု (သပြေနု) မှ သက်ဆိုင်ရာကာယကံရှင်များအား ၂၇-၀၉-၂၀၁၁ မှစပြီး ပြန်လည်ပေးအပ်လျက်ရှိရာ အချို့သောဆက်ဆိုင်သူများမှာ ယနေ့တိုင် လာရောက်ယူဆောင်ခြင်းမရှိသေးပါ။ တရားခံ စံဦးမှာလည်း ယနေ့တိုင် လွတ်မြောက်ဆဲဖြစ်သည်။

(DVB နဲ့ မြန်မာအတိုက်အခံတွေကိုများ အားကျလေရော့သလား.. ဒါမှ မဟုတ် အဖွဲ့ဝင်တွေများလား)

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်